မင်္ဂလာပါ…. ကျွန်တေ်ာကောင်းကောင်းပါ . . .
သင်အခုမှဓာတ်ပုံစရိုက်တဲ့သူဆိုရင်တောင် Raw နဲ့ရိုက်တာကောင်းတယ်မကောင်းဘူးဆိုတာကို ကြားဘူးမှာပါ။ ဒါဆိုဘာလို့ RAW ကအရေးကြီးတာလဲ ဘာလို့RAW နဲ့ရိုက်သင့်တာလဲဆိုတော့ကာ… RAW ဆိုတာကိုအရင်ရှင်းပြမယ် RAW ဆိုတာကင်မရာကနေဖမ်းယူလိုက်တဲ့ပုံရိပ်ကို သိမ်းဆည်းပေးတဲ့ File format တခုပါပဲ။ သိမ်းဆည်းလိုက်တဲ့ Data တွေကို အသေမသိမ်းဆည်းလိုက်ပဲ လိုအပ်သလိုပြုပြင်ယူလို့ရအောင်လုပ်ပေးထားပါတယ်။
အခုခေတ် DSLR အများစုက RAW ရိုက်လို့ရပါတယ်။ RAW နဲ့ရိုက်ရင်အသေချာဆုံးရမယ့်အားသာချက်က ဖိုင်ကွာလတီကောင်းကောင်းရမယ် ဆန်းဆက်အမိုက်စားကြီးကိုရိုက်လိုက်တယ်ကွန်ပိုဇေးရှင်းလဲကောင်းတယ်ကိုယ်ကလဲကြိုက်ပီ ရှဲဒိုးလေးနဲနဲပြန်ခေါ်ထုတ်ချင်တယ် RAW ကအသင့်ပါပဲ… RAW နဲ့ရိုက်ခဲ့ရင်သင့်စိတ်ကြိုက်အလင်းအမှောင် WB တွေကို တခြား format တွေမှာထက်ပိုပီးပြုပြင်လို့ရပါတယ်။
ပုံရိပ်တခုကိုဖြူရာကမဲသွားဖို့Gradient အဆင့်ဆင့်ဖြတ်သန်းရပါတယ် အဆင့်များလေလေကာလာညက်လေလေဖြစ်ပါလိမ့်မယ်။အထူးသဖြင့်အဖြူမဲပုံတွေမှာပိုသိသာပါတယ်။ JPEG Format မှာ အဲ့အဆင့် စုစုပေါင်း ၂၅၆ဆင့်ပဲပါပေမယ့် RAW ကတော့ ၄၀၉၆ကနေ ၁၆၃၈၄ဆင့်ထိပါဝင်ပါတယ်။ ဘယ်ဟာပုံပိုချောမလဲပြောစရာလိုမယ်မထင်ပါဘူး.အဲ့အဆင့်များလို့လဲပုံတွေကဆိုက်က JPEG ထက်ပိုကြီးလာပါတယ်။ RAW ရဲ့များပြားလှတဲ့အဆင့်တွေကြောင့် Exposure တွေ Fill Light Recovery တွေ Contrast တွေ Brightness တွေကို ကိုယ့်စိတ်တိုင်းကျချိန်ညှိလာနိုင်တော့တာပေါ့။ အကယ်ရျ် ကိုယ်က Under Exposed ပုံတွေရိုက်လာမိရင်တောင်ပြန်ကယ်လို့ရနိုင်ပါတယ်။ RAW နဲ့ပြင်တာမို့ ပုံရဲ့ကွာလတီကျသွားမှာကိုစိတ်ပူစရာမလိုပါဘူး။ WB ကိုလဲ JPEG မှာလိုအသေမဟုတ်ပဲချိန်ညှိလို့ရပါတယ်။
ကောင်းမွန်တဲ့ကာလာအတွဲအစပ် WB တွေကသင့်ပုံအတွက်အရေးပါမှာပါ။ အကယ်ရျ် Noise တွေရှိခဲ့မယ်ဆိုရင်တောင် RAW ကနေ လျှော့ Process လုပ်ရင်းလျှော့ချလို့ရပါတယ်။ RAW ဖိုင်ရှိနေသရျ် အသစ်အသစ် Style တွေ Editing တွေကိုလုပ်နေလို့ရတာပါပဲ။
RAW နဲ့ဘာလို့ရိုက်သင့်လဲဆိုတေ့ာ WB တွေ Color Space တွေ Color Balance တွေကိုထိန်းချုပ်နိုင်မှာမို့ပါပဲ… အဲ့လိုထိန်းချုပ်နိုင်လေလေ Quality မြင့်မြင့်ပုံတွေကိုထုတ်ပေးနိုင်လေပဲလေ။ အခုခေတ်ဆိုရင်ဖုန်းတော်တော်များများကတောင် RAW ကိုပေးရိုက်လာကြပီ။ သူ့မှာအားနည်းချက်တခုက File Size ကြီးတာပဲလေ။ ဒါပေမယ့်File Size ကြီးတယ်ဆိုတာကွာလတီပိုကောင်းတယ်ဆိုတာကိုရည်ညွှန်းတယ်ဆိုတာမမေ့ပါနဲ့။ နောက်တခုက JPEG ကနေ RAW ထုတ်လို့မရပေမယ့် RAW ကနေ JPEG ကိုထုတ်ပေးလို့ရတယ်ခင်ဗျ။
မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ။
အားလုံးပုံအမိုက်စားကြီးတွေတူတူဖန်တီးကြရအောင်ဗျာ . .