မင်္ဂလာပါ ကျွန်တော် ၂၀၁၆ ကတင်ခဲ့တာလေးပါ
ကျွန်တော် ကျောင်းပီးသွားတော့ စာအုပ်တွေသိမ်းတယ် ပီးတော့အဆိုင်းမန့်စာရွက်တွေသိမ်းတယ်အဲ့မှာ ကျွန်တေ်ာသင်ရတဲ့ဘာသာရပ်တခုက text book လေးပြန်လှန်ကြည့်မိတယ် ။ ပီးတော့ Dr. Lisa ပြောတဲ့ စကားလေးတခု ” မင်းကျောင်းမှာသင်ရတာကို လက်တွေ့တကယ့်ဘ၀မှာသုံးကြည့် နေရာချထားကြည့်ဆိုတာလေး ။ အဲ့အဆိုင်းမန့်လေးကိုပြန်လှန်ကြည့်နေရင်းနဲ့ တွေ့လိုက်မိတာလေးတခု ကျွန်တေ်ာလဲ ဓာတ်ပုံလောက နဲ့ ချိန်ထိုးကြည့်မိတယ် တကယ်မှန်နေတာမို့ ကျွန်တော်ဒါလေးရေးဖြစ်တယ် ။ Daniel Gold man ဆိုတဲ့ပုဂ္ဂိုလ်က model တခုတင်ပြခဲ့တယ် အချက် ၅ ဆင့်ပါတယ်။ အလုပ်ခွင် ဝါသနာ တခုခုမှာ စိတ်လှုပ်ရှားခံစားတက်တဲ့ ဥာဏ်ရည်က အရေးပါတဲ့ ပင်ကိုစွမ်းရည်တခုဆိုတာပါပဲ။ အဲ့ အချက်၅ ချက်က
၁။ မိမိကိုယ်မိမိ သိမြင်သတိရှိခြင်း ( self awareness )
၂။ မိမိကိုယ်မိမိ ကွပ်ကဲထိန်းချူ ပ်နိုင်ခြင်း ( self regulation )
၃။ စေ့ဆော်မှု ရှိခြင်း ( Motivation )
၄။ စိတ်ထပ် ခံစားနိုင်ခြင်း ( Empathy ) နဲ့
၅။ လူမှု့ဆက်ဆံရေးကျွမ်းကျင်ခြင်း ( Social Skill ) ဆိုတာတွေပဲဗျ ဒီအချက် ၅ ချက်ရှိရင် ဓာတ်ပုံ ဆရာကောင်းတစ်ယောက်ဖြစ်လာနိုင်တယ်ဗျ။ ။ ကျောင်းစာအုပ်ကိုဖတ်ရတာလဲအရသာတမျိူ းပဲ ကောင်းလေစွ ။ ကဲစမယ်ဗျာ
၁။ မိမိကိုယ်မိမိ သိမြင်သတိရှိခြင်း
မိမိကိုယ်မိမိ သိမြင်သတိရှိခြင်းဆိုတာကဗျာ လတ်တလော ကိုယ်ဘာတွေခံစားနေရတယ် ဘာတွေ ဆုံးဖြတ်ချက်ချလိုက်တယ် အဲ့ဆုံးဖြတ်ချက်ရဲ့ ရလာဒ်တွေ ပီးတော့အကဲဖြတ်မှုတွေ ပေါ့ဗျာ ပီးတော့ ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်နေတာလဲဆိုတာသိတာ။ ဓာတ်ပုံလောကမှာ တကယ်ဓာတ်ပုံကိုရိုက်တဲ့သူထက်ဖန်တီးသူဖြစ်ချင်လာပီဆိုရင် ဒီ ကိစ္စက အရေးကြီးတယ်ဗျ ကိုယ်က ဘာကိုရိုက်ချင်နေတာလဲ ဘာကို ဖန်တီးချင်နေတာလဲ ဘာကိုဖော်ပြချင်နေတာလဲ ဆိုတာတွေပေါ့ဗျာ ။ ဓာတ်ပုံတခုကို Edit လုပ်ရင်းမွေးဖွားတဲ့အခါ အရမ်း သိသာတယ်ဗျ။
၂။ မိမိကိုယ်မိမိ ကွပ်ကဲထိန်းချုပ်မှု
မိမိကိုယ်မိမိကွပ်ကဲထိန်းချုပ်တယ်ဆိုတာကဗျာ ကိုယ်လုပ်နေတဲ့အလုပ်ကို ဒါမှမဟုတ် ကိုယ့်မှာလက်ရှိရှိနေတဲ့အနေအထားကို အနှောက်အယှက်ဖြစ်စေတာထက် အထောက်အပံ့့ဖြစ်စေဖိုကိုယ့်စိတ်ကို ထိန်းချုပ်တာကိုပြောချင်တာဗျ။ ကိုယ်တာ၀န်ယူထားတာကိုမပျက်မကွက်အောင်စောင့်ထိန်းတာတွေ ကိုယ့်ဟာကိုစိတ်ကျေနပ်အောင်လုပ်တာတွေကိုဆိုလိုချင်တာ။ ဥပမာဗျာ နေ၀င်ချိန်ဆန်းဆက်သွားဖမ်းတယ်ဗျာ တိမ်တွေကလဲလှ နေ၀င်ချိန်ကလဲ ရှယ်ကိုယ့်မှာလဲဂီယာအစုံပါတယ် ထရိုင်ပေါ့လဲ ထောင်ပီးပီ ကင်မရာလဲတင်ပီးပီ ဗျူး ဖိုင်နာက နေပဲ ကွန်ပိုဇေးရှင်းချ ဆက်တင်ပြင်ဆင်ဖို့ပဲကျန်တဲ့အချိန်မှာ ညီလေးညီလေး ကင်မရာအခွန်ဆောင်ပါဆိုရင် ဝုန်းဒိုင်းမဆောင်ဘူးဗျာ မပေးဘူးဗျာ ဆိုလုပ်မလား ဒါမှမဟုတ် ကဲကဲမြန်မြန်ယူ မြန်မြန်ကြွ ဒီမှာ အချိန်နဲ့ ဓာတ်ပုံရိုက်ရတာလို့ပြောမလား ။ အဲ့မှာစိတ်တိုသွားလို့ချက်ချင်းထပြန်လာမယ်ဆိုရင် အဲ့နေ့ပုံလေးက မျက်စိထဲမှာပဲပါလာပီးကင်မရာထဲမှာပါလာတော့မှာမဟုတ်ဘူးလေ။ ဥပမာအဖြစ်ပြောတာပါ ။ ဟာ အကိုမတွေ့တာကြာပီ စကားအေးဆေးထိုင်ပြောရအောင်ဆိုတဲ့အလိုက်မသိတဲ့လူတွေလဲပါတယ်။ အဲ့လိုဆိုရင်ဘယ်လိုအေးအေးဆေးဆေးတုန့်ပြန်လိုက်မယ် ကိုယ့်ရဲ့ ဆန်းဆက်လေးတော့အပျက်မခံနိုင်ဘူးဆိုတဲ့စိတ်ထားမျိုး ကိုပြောတာ။
၃။စေ့ဆော်မှု
Motivation ကိုမြန်မာမှု ပြု ကြည့်တာ တွန်းအားဆိုလဲရတယ်ဗျ ။ ရည်မှန်းထားတဲ့အရာတခုခုကို ဖြစ်မြောက်ဖို့ ကိုယ့်ကိုယ်ကိုယ် စေ့ဆော်တာတွန်းအားပေးတာ ဒါမှတိုးတက်မှာကိုးဗျ ။ ကိုယ်စွမ်းကိုယ်စ နဲ့ တခုခုလုပ်နေရတာကိုကြိုက်တာ မျိုးကိုဆိုလိုချင်တာဗျ။ ဓာတ်ပုံဖန်တီးသူဖြစ်ချင်ရင် အမြဲမပြတ်လေ့လာနေသင့်တယ် ပီးတော့ ကိုယ့်ဟာကို စိတ်ကြိုက် ဖန်တီးကြည့်သင့်တယ်။ ပီးတော့ ကိုယ်ကိုယ်ကိုယ် သေသေချာချာတိုက်တိုက်တွန်းတွန်းအားပေးတာမျိုးကိုပြောချင်တာ။ အပြင်ကလာတဲ့စေ့ဆော်မှုဆိုတာလဲရှိသေးတယ် မိဘ တို့ ချစ်သူတို့ဆီကမျိုးပေါ့ ။ ဒါမှလဲဖန်တီးချင်စိတ်က အဓွန့်ရှည်နေမှာကိုးဗျ။
၄။ စိတ်ထပ်ခံစားနိုင်ခြင်း
Empathy ကို ဒစ်ရှင်နယ်ရီလှန်တာ သူတပါးခံစားချက်နားလည်ခြင်းလို့ပဲထွက်လာတယ် ဒီတော့ ကျွန်တော်က ပိုနားလည်လွယ်အောင် စိတ်ထပ်ခံစားနိုင်ခြင်းလို့ ထပ်ပီး ကွန့်တယ်။ ဟုတ်တယ်လေကိုယ့်စိတ်သူ့စိတ်ကို ထပ်ထူထပ်မျှ ခံစားတာမို့လေ။ ဓာတ်ပုံရိုက်ရင်လဲအဲ့အတိုင်းပဲ စိတ်နဲ့ထပ်တူထပ်မျှခံစားကြည့်ဖို့လိုတယ်ဗျ ။ ဘာတွေလွမ်းနေတာလဲ စိတ်တိုနေတာလား ပီးတော့ သူတို့ရှု့ထောင့်ကနေလဲ နေကြည့်ပီးခံစားကြည့်ရမယ်ဗျ ဒါမှ ကိုယ်က စူးစမ်းနေတာကို ဖော်ပြချင်တာ ဒါပေမယ့် ကိုယ်က စူးစမ်းတာလေးက ဘယ်လိုလေးလို့ မခံစားကြည့်ရင် သူ့ရဲ့စူးစမ်းတာလေးကိုမဖမ်းနိုင်တော့ဘူး ။ ပုံလေးကို လွမ်းလွမ်းဆွေးဆွေးလေးဖြစ်စေချင်တာ ဆိုရင် သူ့ရဲ့ အကြည့်အမှုအရာ စိတ်ခံစားချက်တကယ်လွမ်းလွမ်းဆွေးဆွေးးနဲ့ထပ်ပေးလိုက် ကိုတိုင်လွမ်းဆွေးဘူးမှသူလွမ်းဆွေးတယ်ဆိုတာဘယ်လိုဆိုပီးထွက်လာမယ်လေ။ ဖန်တီးသူ ဖြစ်ဖို့က ဒီအချက်ကလဲအရေးပါတယ်ဗျ ။
၅။ လူမှုဆက်ဆံရေး ကျွမ်းကျင်ခြင်း
ဒါကတော့ပြောစရာမလိုပါဘူးဗျာ တစ်သီးပုဂ္ဂလ ဓာတ်ပုံဆရာဆိုတာရှာမှရှားကိုဗျ။ အများနဲ့ဆက်ဆံရာမှာ စိတ်လှုပ်ရှားတာကို ကောင်းကောင်းထိန်းသိမ်းနိုင်ပီးတော့ ဆက်ဆံရေး အခြေအနေ ပီးတော့ information sharing ပေါ့ဗျာ အဲ့တာတွေက ဓာတ်ပုံဆရာတွေအတွက်အရေးပါတယ်ဗျ ။ တစ်ယောက်ထဲသွားရိုက်ရတာထက် နှစ်ယောက်သွားရိုက်ရင် အိုင်ဒီယာကောင်းတွေပိုထွက်တယ်ဗျ ။
ဒီ၅ချက် ရှိနေပီဆိုရင် သင်ဓာတ်ပုံဆရာကောင်းတစ်ယောက်ဖြစ်လာမှာပါ ။
မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ ။