Oscar Photography ဆိုတဲ့ ခြောက်ထောင့် ဆဠဂံ လေးရဲ့အဓိပ္ပါယ်။
==============================================
လိုဂို (Logo) ဆိုတာ logotype ဆိုတဲ့ ဂရိစကားရဲ့ အတိုကောက်ဖြစ်တယ်လို့ဖတ်ရှု့မှတ်သားဖူးပါတယ်။ သင်္ကေတ၊ အမှတ်အသား၊ အမှတ်တံဆိပ်လို့ အဓိပ္ပာယ် ရတဲ့ လိုဂိုကို စီးပွားရေးလုပ်ငန်းမှာ သာမက ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေးကျောင်းများနဲ့ အခြား လူမှုရေး အသင်းအဖွဲ့ တွေမှာလည်း လိုဂို ရှိကြပါတယ်။ ဥပမာ ကျွန်တော်တို့ KFC လို့ပြောလိုက်တာနဲ့ သူ့လိုဂိုနဲ့အတူ ကြက်ကြော်တွေပြေးမြင်ကြသလိုပေါ့ဗျာ။
ကျွန်တော့်ရဲ့လိုဂိုလေးကတော့
O ရယ် S ရယ် C ရယ် A ရယ် R ရယ် ခြောက်မြှောင့် ဆဠဂံ ရယ်ပေါင်းလိုက်တယ် ခြောက်ထောင့်ဆဠဂံ ဆိုတာက ကင်မရာ kit lens 18 – 55 mm မှာပါတဲ့ အပါချာ blade လေးတွေစုံလို့ပေါ်တာကို inspire ထားတာ ကိုယ် ဘယ်လိုလန့်နဲ့စခဲ့တယ်ဆိုတာအမြဲမမေ့အောင် ယူထားတာ O stands for original S stands for Superb C stands for creativity A stands for awesome R stands for Reborn .ပီးတော့အားလုံးပေါင်းပီး Oscar လို့ဖြစ်သွားတယ်မို့လား တကယ်တော့ Oscar ဆု ဆိုတာ အနုပညာထူးချွန်တဲ့သူတွေသာရတဲ့အရာတခုမို့အဲ့နာမည်ပေးခဲ့တာပါ စကားလုံးတွေတခုချင်း overlap ဖြစ်နေတယ်ဆိုတာက Oscar လို့ဆိုလိုက်တာနဲ့ အကုန်တသားထဲဖြစ်နေမယ်လို့ဆိုလိုချင်တာ အပေါ်က O ရယ် S ရယ် C ရယ် A ရယ် R ရယ်က ။ . မင်္ဂလာပါ ကျွန်တော် Oscar Photography ပါ ။ ကင်မရာစကိုင်တော့ Canon စကိုင်ခဲ့ရတာလဲပါတယ် ကိုယ်တိုင်ကအနီနဲ့အဖြူကိုကြိုက်တာလဲပါတယ် အဲ့တာကြောင့်လိုဂိုက နီဖြူဖြစ်နေတာ။ အနီရောင်ကိုရင့်ရင့်ယူထားတာက ရဲရင့်တက်ကြွတာကိုဖော်ပြချင်တာ ။ အနီရောင် ဆိုတာက မီးနဲ့ သွေးကိုကိုယ်စားပြုတယ်လို့လဲဆိုတယ် ခွန်အားတွေ ပါဝါတွေ ဆုံးဖြတ်ချက်ပြတ်သားတာတွေ ပီးတော့ Passion , desire နဲ့ Love တွေကို ကိုရည်ညွှန်းတယ်လေ ။ အနီဟာ စိတ်အားထက်သန်မှုများမယ်။ စိတ်မြန်ကိုယ်မြန် ရှိမယ်။ဒေါသထွက်လွယ်မယ်။လူမှုရေး ကိစ္စတွေမှာ တက်ကြွစွာ ဆောင်ရွက်တတ်တယ်။ အသစ်အဆန်းတွေအပေါ်မှာ အမြဲတမ်းစိတ်ဝင်စားမယ်။ တုန်းတိုက်ကျားကိုက် လုပ်ချင်တဲ့စိတ် ရှိတယ်။ဘဝမှာအမှားတွေကို သင်ခန်းစာယူပြီးရှေ့ဆက်တယ်။ အဖြူရောင်ကတော့သူ့ဟာသူနေပေမယ့် bold ဖြစ်တယ် strong ဖြစ်တယ် သူနဲ့တွဲတဲ့အရောင်တွေကိုထောင်ပံ့ပေးသလိုပဲ။ အနီရောင်ရဲ့ခွန်အားတွေကိုထောင်ပံ့ပေးဖို့ အဖြူကိုသုံးခဲ့ပါတယ်။ ကျွန်တေ်ာ့ဒီလိုဂိုလေးကို ကိုယ်တိုင်ပဲဆွဲခဲ့ပါတယ်။ ကျွန်တေ်ာ ဒီစာစုလေးကိုရေးရတဲ့အဓိက ရည်ရွယ်ချက်က လိုဂိုတခု ကိုယ့်ကိုယ် ရည်ညွှန်းတော့မယ် brand logo တခု လုပ်တော့မယ်ဆိုရင် ကိုယ့်အတွက် လေးလေးနက်နက်ဖြစ်နေဖို့လိုပါတယ်။ သူများဟိုလိုလေးလုပ်လို့ ကျွန်တေ်ာဒီလိုလေးလိုက်လုပ်တယ်ဆိုတာက သူများနဲ့တူတူတွေပဲဖြစ်နေမှာပါ။ အမှတ်တံဆိပ်တစ်ခုဆိုတာ လုပ်ငန်းတစ်ခုကို ကိုယ်စားပြု သတ်မှတ်ချက်၊ ဖော်ပြချက်၊ အမှတ်တံဆိပ်က တစ်စုတစ် စည်းတည်းပေးတဲ့တွေ့ကြုံခံစားရမှု စသဖြင့် အဓိပ္ပာယ်မျိုးစုံ ဖွင့်နိုင်ပါတယ်။ အမှတ်တံဆိပ် Brand တခုကနေ ကိုယ့်ကိုယ်ကိုယ်
သင့်မှာ ဘာရှိသလဲ
သင်ဘာလုပ်သလဲ
သင်ဘယ်လိုလုပ်သလဲ
သင်ဘယ်သူလဲ
သင်ဘာကြောင့်လုပ်လဲ စတာတွေကိုတွဲမြင်ကြမှာပါ။
ဒီနေရာမှာ အမှတ် တံဆိပ်မှာ ပါဝင်တဲ့ ကျိုး ကြောင်းဆီလျော်မှု (မြင်သာ သောအပိုင်း) နဲ့ စိတ်ခံစားမှု (မမြင်သာသောအပိုင်း) တို့ကို ခွဲခြားရှုမြင်နိုင်ဖို့ လိုပါတယ်။
ဓာတ်ပုံဆရာတစ်ယောက်မှာသူနုဲ့သက်ဆိုင်တဲ့ Logo အမှတ်တံဆိပ်ဆိုတာ အလွန်အရေးပါပါတယ်။ လူကိုမတွေ့ရင်တောင်မှ Logo ကို မြင်တာနဲ့ ဟာဒါဘယ်သူရိုက်တာဆိုတာ သိမြင်နိုင်စေသည်အထိ Logo ရဲ့ အရေးပါမှုက ကြောက်မက်ဖွယ်ကောင်းပါတယ်။
အထူးသဖြင့် Logo ဆိုတဲ့ ကိုယ်ပိုင်အမှတ်အသားဟာ ကိုယ့်စီးပွားရေးလုပ်ငန်းနဲ့ အတူ အမြဲတစေ ရှင်သန်နေမှာဖြစ်တဲ့အတွက် စတင်ပြုလုပ်တဲ့အချိန်ကတည်းက ပေါ့ပေါ့ဆဆ မလုပ်သင့်ပါ။
ဒီလိုဂိုက ကျွန်တော် ၂၀၁၂ ကတည်းကသုံးလာတာပါ ။ ကျွန်တော်အတွက် sentimental value အမြင့်ဆုံးရှိတယ်။ ကျွန်တော့်အတွက် Intangible asset ပဲ။ ဒီလိုဂိုလေးနဲ့ ကျွန်တေ်ာကခွဲမရပါဘူးအဲ့မှာပြောချင်တာက ။ တခုပါပဲ ကျွန်တေ်ာ့လိုဂိုကို နားမလည်ရင်လဲ Oscar လို့လောက်ပဲ ပြောပါ ။ တရုတ်စာလိုဟာတွေလေ တို့ အနီတုံးလေးလေတို့မလုပ်ပါနဲ့ ။ ကျွန်တော်မကြိုက်ပါ ။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ
မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ။