ကျွန်တေ်ာပြောပြချင်တဲ့ Histogram ဒါမှမဟုတ် Shadow Highlight

ခေတ်အဆက်ဆက်ပေါ့ဗျာကျွန်တော်တို့ ဓာတ်ပုံသမားတွေ ပုံဖော်ဖန်တီးမှူ တွေ လုပ်နေရင်းနဲ့ စိတ်ပူခဲ့ ရတာ Shadow Highlight ပါ။
ဖလင်ခေတ်တုန်းကလဲ ကင်မရာမော်ဒယ်အသစ်ထွက်တိုင်းကြော်ညာတယ်ပေါ့ ဗျာ Detail တွေကိုဘယ်လို shadow highlight တွေကိုဘယ်လိုဆိုပီး ။ တကယ်တော့ သူတို့ကြော်ညာတွေက မိန်းမတွေအတွက် ကော်စမက်တစ်တခုထွက် ရင် အသားအရေဘယ်လိုပိုလှမယ်ကြော်ညာသလိုပါပဲ


ကျွန်တေ်ာတို့သုံးတဲ့ shutter speed တွေ Aperture တွေ ISO တွေပေါ်မူတည်ပီး ကျွန်တေ်ာတို့ရဲ့ ပုံတွေဖန်တီးမှူ တွေဖြစ်လာတာပါ။
sensor ပေါ်ကိုအလင်းဘယ်လောက်များများဘယ်လိုsetting နဲ့ပေးလိုက်မယ်ဆိုတာပေါ့ ။

Lighting basics
ဘယ်ပုံမျိ ု းမှာမဆို အလင်းက အရာဝတ္ထု တခုပေါ်ကို တနည်းနည်းနဲ့ ကျရောက်ပီးတော့ shadow နဲ့ highlight ကိုဖန်တီးတယ်ခင်ဗျ ။ Highlight ဆိုတာက အလင်းများတဲ့ ဖြူသွားတဲ့နေရာတွေကို (pure white ) ဖြစ်သွားတဲ့နေရာတွေကို ခေါ်တာဖြစ်ပီး shadow က အရိပ်ကျတဲ့နေရာ မှောင်တဲ့နေရာတွေကိုခေါ်ပါတယ် . Highlight နဲ့ shadow ပေါင်းတော့မှာ အလင်းအမှောင်ခြားနားခြင်း contrast ကိုဖန်တီးပါတယ်။ အဲ့ဖန်တီးမူလေးကကျွန်တေ်ာတို့ပုံတွေကိုစိတ်ဝင်စားသထက်စိတ်ဝင်စားလာအောင်လုပ်တော့တာပဲဗျာ။ တခါတလေတော့တိုင်ပတ်တာပေါ့ ဥပမာ ကျွန်တေ်ာက မော်ဒယ်ရိုက်တယ် မော်ဒယ်ရဲ့မျက်နှာကြီးက Highlight တအားများပီး burn သွားတာပဲဖြစ်ဖြစ် အရိပ်ထဲတအားကျပီးမဲသွားတာပဲဖြစ်ဖြစ်က အဆင်မပြေဘူးလေ။ အဲ့တာကြောင့်အဲ့မှာ Histogram က စပီးအသုံးဝင်လာတာပါပဲဗျာ ။ ကျွန်တေ်ာတို့ကပုံတွေကို shadow နဲ့ highlight ကို balance ဖြစ်စေချင်ကြတယ်လေ။
Histogram က အရမ်းအသုံးဝင်တဲ့ tool တခုပါ DSLR တွေမှာ ပါတဲ့အမြဲလို လို နားလည်မှူ လွဲတဲ့ tool တခုဆိုလဲမမှားပါဘူး ။ histogram ဆိုတာက ကင်မရာမှာပါပီသားဖြစ်ပီး သင့်ဓာတ်ပုံတွေကို correct exposure ရအောင် ကူညီတဲ့အရာပါ။
How to read the Histogram

Histogram ကိုဆိုတာ က graph တခုပါပဲ ဘာကိုဖော်ပြသလဲဆိုတော့ ကျွန်တော်တို့ရိုက်တဲ့ဓာတ်ပုံမှာပါတဲ့ Pixels လေးတွေဘယ်လောက်လောက်အလင်းနဲ့ထိခဲ့တယ်ဆိုတာကိုပြပါတယ်။ Graph ကို အပိုင်းလေးတွေခွဲကြည့်မယ်ဆိုရင် ၃ ပိုင်းရှိပါတယ်
၁။ Shadow
၂။ Mid-tone (middle or 18% grey)
၃။ Highlight တွေပါ ။

Graph ရဲ့ ဘယ်ဘက်က shadow ဖြစ်ပါတယ် ညာဘက်ကတော့ highlight ပါ အလယ်ကတော့ Mid-tone ပါ
pixel တခုချင်းဆီရဲ့ graph မှာဖော်ပြဖို့ highest value က ၂၅၅ ပါ အနိုမ့်ဆုံးက သုည ( ၀ ) ပါ ။ သုညဆိုတာက လုံးဝအမဲ ၂၅၅ ဆိုတာက လုံးဝအဖြူပါ ။ ကြားထဲမှာခြားထားတာမရှိပဲအားလုံးကိုတူတူဖော်ပြလိုက်တော့ကျွန်တေ်ာတို့ကြည့်နေတဲ့ histogram ဆိုတာကြီးဖြစ်လာတာပေါ့ဗျာ။
ကျွန်တေ်ာတို့ ဟာ histogram ကြီးကိုကြည့်ပီး ငါ့ပုံဟာ over exposed လား under exposed လား ဆိုတာတွေခွဲခြားနိုင်မယ်။
Histogram ဆိုတာအကြောင်းကအများကြီးကျန်သေးတယ်ခင်ဗျ ပီးတော့ သူ့ကို photoshop တို့ lightroom တို့ photomatix တို့ နဲ့ပြန်ပြင်ပီဆိုရင် ပိုပီး သိရမယ် ပီးတော့ အကယ်ရျ် သင်ဟာ ဓာတ်ပုံကို JPEG နဲ့သာရိုက်နေခဲ့မယ်ဆိုရင်တော့ Histogram အကြောင်းကိုသိဖို့နဲ့သွားတယ် RAW နဲ့ရိုက်တယ်ဆိုရင်တော့ သင်အိုင်ဒီယာအသစ်တွေ Histogram အကြောင်းတွေပိုပိုပီးနားလည်လာမှာပါ။ ပီးတော့ ကျွန်တေ်ာတို့အတွက်အကောင်းဆုံး EXPOSURE ဆိုတာက အလွယ်ပြောရင်ခေါင်းလောင်းလေးဗျာ Histogram မှာကြည့်ရင်ခေါင်းလောင်းလေးပေါ်နေတာကိုပြော ။ ဒါပေမယ့် ဒါကအခြေခံနောက် လုံး၀ ရှဲ ဒိုး ဟိုက်လိုက်ကစားပီးအမိုက်စားကြီးတွေဖန်တီးတဲ့ဓာတ်ပုံတွေလဲရှိတာမို့ ကျွန်တော်တို့ တူတူဆက်လေ့လာကြရအောင်ဗျာ …

မင်္ဂလာပါကျွန်တေ်ာကောင်းကောင်းပါ ။