ဓာတ်ပုံဆရာများတွင်ရှိသင့်သော ဂုဏ်ရည်များ

======================

(၁) သေချာတိကျခြင်း ( Accuracy )
ဘာကိုသေချာတိကျရမှာလဲဆိုတော့ ကင်မရာရဲ့ဆက်တင်တွေကိုတိတိကျကျနားလည်ရမယ် ကင်မရာရဲ့လုပ်နိုင်စွမ်းကိုနားလည်ရမယ်။ ကင်မရာကဘယ်လောက်ထိလိုက်ပေးနိုင်လဲဆိုတာကိုသိရမယ်။

(၂) လိုက်လျောညီထွေကျင့်ခြင်း ( Adaptability )
ခရီးတခုထွက်ရင် အဲ့အရပ်ဒေသမှာနေရထိုင်ရတာ ကိုယ့်အိမ်မှာလိုတော့ဇိမ်ကျမှာမဟုတ်ပါဘူး ။ ပီးတော့ ဒေသခံတွေနဲ့ မိတ်ဖွဲ ရင်းနှီးထားတာပိုကောင်းပါတယ်။

(၃) စွန့်စားစိတ်ရှိခြင်း ( Adventure )
တခါတလေ ပုံကောင်းရဖို့အတွက် တောင်စွန်းကရိုက်ရတာတွေ တိုက်စွန်းကရိုက်ရတာတွေလဲ ရှိပါတယ် စွန့်စားပါ အပင်ပန်းခံပါ ။

(၄) နှစ်သက်ဖွယ်ဖြစ်ခြင်း (Agreeableness )
ကိုယ်က သူ့ထက်ပိုသိတယ်တက်တယ်ဆိုပီးဘဝင်မမြင့်ပါနဲ့ ဖေ်ာရွေပါ ရင်းနှီးစဖွယ်နေပါ။

(၅) တိုးတက်ချင်စိတ်ရှိခြင်း ( Ami-biting )
ဓာတ်ပုံအနုပညာဆိုတာအဆုံးမရှိပါဘူး ဆက်လည်းတိုးတက်ဖွံဖြိုးနေဦးမှာပါ ဆက်လက်လေ့လာပါတိုးတက်လိုစိတ်ရှိပါ။ တိုးတက်ချင်စိတ်နဲ့ကိုလေ့လာအားထုတ်ပါ။

(၆) အကောင်းအမြတ်ကို သိမြင်ခြင်း (Appreciation of the Beautiful ) ဘယ်ဟာအကောင်းဘယ်ဟာအဆိုး ဘယ်ဟာကတော့ဘာစသဖြင့်လားလည်လာနိုင်အောင်အားထုတ်ပါ။ ဝတ်စလစ်ပုံမြင်တာနဲ့ ဒါကြီးက လွန်တယ်လို့တွေးတာထက် ဓာတ်ပုံဆရာရဲ့ဖန်တီးမုှကို အားပေးပါ။

(၇) သတိရှိခြင်း ( Caution )
အရာရာမှသတိရှိရှိလုပ်ကိုင်အားထုတ်ပါ ။ကင်မရာကို လွတ်ကျတယ်ဆိုတာ ဓာတ်ပုံဆရာတစ်ယောက်အတွက်တော့ သတိမရှိရာရောက်ပါတယ်။

(၈) ကြည်လင်ရွှင်ပြခြင်း ( Cheerfulness )
ဓာတ်ပုံရိုက်ရင်စိတ်ကြည်လင်စွာ ရိုက်ဖို့လိုပါတယ်။ စိတ်ရှုပ်ထွေးနေမယ် ဆိုရင်မရိုက်တာကပိုကောင်းပါတယ်။

(၉) သန့်ပြန့်စင်ကြယ်ခြင်း ( Cleanliness )
ကိုယ့်ကင်မရာကိုဘယ်လိုထိန်းသိမ်းလဲရိုက်ပီးပြန်လာရင် သန့်ရှင်းရေး လုပ်ရဲ့လားသေသေချာချာ နေရာတခုနဲ့ သိမ်းရှဲ့လား Drybox နဲ့ထားရဲ့လား။blower နဲ့သေသေချာချာဖုန်တွေသန့်ရှင်းရဲ့လား ဆိုတာမျိုးတွေ ။

(၁၀) စွဲမြဲစူးစိုက်ခြင်း (Concentration )
နောက်တခုကိုယ့်ကင်မရာမှာပါတဲ့ လန့်တွေ ဘော်ဒီတွေကိုအာရုံထားရမှာမဟုတ်ပါဘူး တကယ်ဓာတ်ပုံရိုက်ရင် သေသေချာချာစွဲမြဲစူးစိုက်ရမှာက အလင်းပါ ။ အလင်းရဲ့ပြောင်းလဲမုှတွေကို မျက်ချေမပျက်သိနေသင့်တယ်။ ပီးတော့ ကိုယ်ရိုက်မယ်ဆိုပီးသွားတဲ့အရာကိုပဲသေသေချာချာလုပ်သင့်တယ်။

(၁၁) ရောင့်ရဲတင်းတိမ်ခြင်း ( Contentment )
တချို့ ကင်မရာသမားတွေမှာရှိတယ် ကင်မရာပိုကောင်းးမှလန့်ကြီးပိုကောင်းမှဖြစ်မယ်ဆိုတဲ့စိတ်ထားတွေ။ တကယ်ကောအဆင်ပြေမှာလား ။ကျွန်တေ်ာကင်မရာ စကိုင်တုန်းက canon 600D 18-55 လေးနဲ့ကျွန်တေ်ာစိတ်ထဲမှာရှိတာက ပုံရိပ်ဖမ်းစက်တော့ရပီ ဘယ်လိုပုံရိုက်ဖမ်းမလဲဆိုတာငါနဲ့ပဲဆိုင်တယ်ဆိုပီးတော့ ။ ကင်မရာထက်ရိုက်နည်းတွေ ရိုက်ပုံတွေ ကွန်ပိုဇေးရှင်းတွေကိုဇောင်းပေးပီးလေ့လာဖြစ်ခဲ့တယ်။

(၁၂) ပူးပေါင်းဆောင်ရွက်ခြင်း ( Cooperation ) အသင်းအဖွဲ့နဲ့လုပ်ဆောင်စိတ်ရှိဖို့ကလဲအရေးကြီးသေးတယ်ဗျ။ တစ်သီးပုဂ္ဂလ ဓာတ်ပုံဆရာဆိုတာရှာမှရှားကိုဗျ။ အများနဲ့ဆက်ဆံရာမှာ စိတ်လှုပ်ရှားတာကို ကောင်းကောင်းထိန်းသိမ်းနိုင်ပီးတော့ ဆက်ဆံရေး အခြေအနေ ပီးတော့ information sharing ပေါ့ဗျာ အဲ့တာတွေက ဓာတ်ပုံဆရာတွေအတွက်အရေးပါတယ်ဗျ ။ တစ်ယောက်ထဲသွားရိုက်ရတာထက် နှစ်ယောက်သွားရိုက်ရင် အိုင်ဒီယာကောင်းတွေပိုထွက်တယ်ဗျ ။

(၁၃) ရဲရင့်သတ္တိရှိခြင်း ( Courage )
တကယ်ဓာတ်ပုံရိုက်မယ်ဆိုရင် အဖျက်တွေးတွေအများကြးိပေါ်လာတက်တယ် လမ်းလျောက်ရတာညောင်းတယ်ကစပီးတော့ ညဘက် ၂နာရီလောက်လယ်ကွင်းထဲမှာရိုက်တာထိပါတယ်။ တကယ်လုပ်မယ်လို့ဆုံးဖြတ်ပးီရင် တကယ်ရဲလုပ်မှဖြစ်မယ်။ စွန့်စားနိုင်ရမယ်။ အမြင့်ကြောက်စိတ်တွေကိုကျော်လွှားနိုင်ရမယ်။ ဒါမှလဲ ဖြစ်လာမှာကိုးဗျ။ Mental ရဲရင့်တာကအရေးပါတယ်ဗျ ။

(၁၄) ယဉ်ကျေးသိမ်မွေ့ခြင်း ( Courtesy )
ဒီအချက်ကိုပြောဖို့ ဥပမာတခုပြောပြချင်တယ်ဗျ ။ ကျွန်တေ်ာ အရင်တခါတုန်းက နေပြည်တေ်ာမှာဓာတ်ပုံသွားရိုက်တုန်းက ရုံးကြီးတခုကနေရိုက်တာပေါ့ဗျာ အဲ့မှာ ရုံးကြီးကလူက လာပီးမရိုက်ရဘာညာပြောတာပေါ့ဗျာ ကျွန်တေ်ာကတော့အေးဆေးပဲဟုတ်အကို ဒီမှာနေဝင်နေတာအရမ်းလှတယ်ဗျ အဲ့တာကြောင့်ရိုက်ချင်စိတ်ပေါ်လာလို့ရိုက်မနေတာဘာညာပြောတော့ အေးအေးဆိုပီးပီးသွားတယ် ။ နောက်တခါ အဲ့နေရာကို သူငယ်ချင်းတစ်ယောက်ကသွားရိုက်တော့ ကျွန်တော်မပါဘူး ပြေပြေလည်လည်မပြောတော့ သူတို့ လူကြီးရုံးခန်းကိုပါသွားတယ်လူကြီးကလဲရုံးဆင်ခါနီးဆိုတော့ ပြေပြေလည်လည်မပြောတော့စိတ်တိုတယ်နဲ့တူပါတယ်အော်တာငေါက်တာတွေဖြစ်ကုန်ရော ။ အဲ့တာကြောင့် ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ချင်ရင် ယဉ်ကျေးသိမ်မွှေ့ ဖို့ကလဲအရေးပါတယ်လေဗျာ ။

(၁၅) သိချင်တတ်ချင်စိတ်ရှိခြင်း ( Curiosity )
နောက်တခုက ကိုယ်သိလာတက်လာတွေနဲ့တင်မလုံလောက်ပဲ ထပ်ပီးထပ်ပီးလေ့လာနေတာကိုပြောတာပါ ။ ဓာတ်ပုံပညာကကျယ်ပြန့်လွန်းပါတယ် ။ အမြဲစဉ်ဆက်မပျက်လေ့လာနေမှတော်ရုံကျမှာပါ ။

(၁၆) စိတ်ဆုံးဖြတ်ခြင်း ( Decision )
ဒီနေ့ sunset ဖမ်းမယ် ဒီနေ့ ကြယ်ဖမ်းမယ်ဆုံးဖြတ်ပီးရင်အဲ့ဆုံးဖြတ်ချက်ကိုလိုက်နာတာမျိုး ဒါကိုဖြစ်အောင်လုပ်မယ်ဆိုရင် တကယ်လုပ်တာမျိုး ကိုဆိုလိုချင်တာဗျ ။ ပီးတော့ တကယ်သွားရိုက်ဖြစ်တာမျိုးပေါ့ဗျာ။

(၁၇) ဝတ္တရားကျေခြင်း ( Duty )
ဒါကတော့ ကတိတည်တာကိုလဲေြပြာချင်တာပါ ဘာလို့လဲဆိုတော့ ကာ တချို့ဓာတ်ပုံဆရာတွေဆိုပြောလေ့ရှိတယ် ပရီဝက်ဒင်ပုံလဲရိုက်ပီးသွားရော သားလေး ၁နှစ်ပြည့်မှ အဲ့ပုံတွေရတယ်ဆိုတာမျိုးကတော့တာဝန်ဝတ္တရားမကျေတာကိုပြတယ်လေ။ တကယ့်ရက်ချိန်းလေးကိုတိတိကျကျနဲ့အချိန်ကိုလေးလေးစားစား တာဝန်ကျေမှဖြစ်မှာပေါ့။

(၁၈) ကြိုးစားအားထုတ်ခြင်း ( Effort )
ကြိုးစားအားထုတ်တာမှာနှစ်ပိုင်းရှိတယ်တယ် စာတွေ့ကြိုးစားတာနဲ့လက်တွေ့ကြိုးစားတာ စာတွေ့ကြိုးစားတယ်ဆိုတာက အွန်လိုင်းတွေ စာအုပ်တွေ app တွေကနေတဆင့်ဒါကဒီလိုဒါကဒါဆိုတာတွေသင်ယူနေတာကိုပြောတာ လက်တွေ့ကြိုးစားတယ်ဆိုတာကလဲရှင်းပါတယ် သွားလေရာကင်မရာသယ်သွားပီး ဘောင်ခတ်တာကိုဆိုလိုတာပါ။

(၁၉) ယုံကြည်မှုရှိခြင်း ( Faith )
တချို့ နိုင်ငံခြားကပုံတွေ ကြည့်ပီးရင် စိတ်ဓာတ်တွေကျ Faith ပျောက်တာတွေဖြစ်ကုန်ရောတချို့ဆို ငါ့ကင်မရာကဘာလိုမို့ဘာမော်ဒယ်မို့ဆိုတာတွေဖြစ်ကုန်ရော တကယ်က အဲ့လိုမဖြစ်ပဲ တနေ့ငါလဲအဲ့လိုဖန်တီးနိုင်ရမယ်ဆိုပီးတော့ ဆက်လုပ်ရမှာ။ အဲ့လို Faith ရှိရမယ်လေ။

(၂၀) မိတ်ဖွဲ့စိတ်ရှိခြင်း ( Friendliness )
ဒါကတော့ပြောစရာမလိုပါဘူးဗျာ တစ်သီးပုဂ္ဂလ ဓာတ်ပုံဆရာဆိုတာရှာမှရှားကိုဗျ။ အများနဲ့ဆက်ဆံရာမှာ စိတ်လှုပ်ရှားတာကို ကောင်းကောင်းထိန်းသိမ်းနိုင်ပီးတော့ ဆက်ဆံရေး အခြေအနေ ပီးတော့ information sharing ပေါ့ဗျာ အဲ့တာတွေက ဓာတ်ပုံဆရာတွေအတွက်အရေးပါတယ်ဗျ ။ တစ်ယောက်ထဲသွားရိုက်ရတာထက် နှစ်ယောက်သွားရိုက်ရင် အိုင်ဒီယာကောင်းတွေပိုထွက်တယ်ဗျ ။

(၂၁) ပေးကမ်းစွန့်ကြဲခြင်း ( Generosity )
အကယ်ရျ်ကိုယ့်မှာ ကင်မရာပစ္စည်းတခုခု ဥပမာ Lens Caps တွေ Lens Pens တွေ ပီးတော့ တခြားတိုတိုထွာထွာတွေ ပိုနေတာတွေရှိရင် တခြားလိုနေတဲ့သူတွေ့ရင် ပေးကမ်းစွန့်ကျဲပါ။

(၂၂) ကျေးဇူးသိခြင်း ( Gratitude )
တခြားသူတဦးဦးကြောင့် Location ကောင်းကောင်းနဲ့ Landscape ပုံကောင်းဖြစ်ဖြစ် မော်ဒယ်စီစဉ်ပေးသူရှိတာကြောင့် မော်ဒယ်ပုံကောင်းလေးဖြစ်ဖြစ် ရခဲ့ပီဆိုရင် တခုတ်တရကျေးဇူးတင်ပါ။ အဲ့တာ အရမ်းအရေးကြီးပါတယ်။

(၂၃) ပျော်ရွှင်ခြင်း ( Happiness )
ဓာတ်ပုံဆရာတစ်ယောက်က ဓာတ်ပုံရိုက်ဖို့သွားမယ်ဆိုရင် Happy mode ကို On ထားဖို့လိုပါတယ် ။ စိတ်ကြည်လေလေ ဓာတ်ပုံရိုက်တာကပိုပီး စိတ်နှစ်ဝင်ပီး ပုံကောင်းတွေဖန်တီးနိုင်လေလေ။

(၂၄) ကူညီရိုင်းပင်းခြင်း ( Helpfulness )
Shoot တခုခုသွားရင်ပဲဖြစ်ဖြစ် အဖွဲ့နဲ့သွားရင် ပစ္စည်းကူသယ်တာ မျိုးကစပီးတော့ နောက် ဘဝတူဓာတ်ဆရာတွေကိုလဲ မေးလာတာတွေရှိခဲ့ရင်ကူညီပါ ။
ဒါလေးတွေကသေးသေးလေးတွေဆိုပေမယ့် အရေးပါပါတယ်။

(၂၅) ရိုးသားဖြောင့်မတ်ခြင်း ( Accuracy )
မသိရင်မသိဘူးသာပြောလိုက်ပါ ။ ကန်နွန်ပိုကောင်းလာနိတ်ကွန်ပိုကောင်းလားမေးလာခဲ့ရင် အွန်လိုင်းကလူတိုင်းဖတ်ဘူးတဲ့ရီဗျူ း တွေကို ပြန်ပြောပြမယ့်အစား မသိဘူးလို့ပဲပြောလိုက်ပါ။

(၂၆) နိမ့်ချစိတ်ရှိခြင်း ( Humility )
ကိုယ်က ဘာကြီးမို့ Fullframe မို့ ဘာလန့်ကြီးနဲ့မို့စိတ်တွေမဝင်ပါစေနဲ့ အေးဆေး ပေါင်းသင်းပါ ။ ဟို kit lens နဲ့ကောင်က ဘာညာဆိုတာတွေ ယောင်လို့တောင်မတွေးမိပါစေနဲ့ Kit lens နဲ့ အမိုက်စားတွေရိုက်ဖူးတဲ့သူတွေလဲရှိပါတယ်။

(၂၇) ရယ်ရွှင်မှုနားလည်ခြင်း ( Humor )
ဓာတ်ပုံဆရာတွေရှိသင့်တဲ့ဂုဏ်ရည်တွေထဲမှာ ဒါလဲပါသဗျ ရယ်ရယ်မောမောဓာတ်ဆရာတွေက ပိုပီးအောင်မြင်ကြသတဲ့ဗျာ ။

(၂၈) ဉာဏ်ကွန့်မြူးခြင်း (Imagination)
အရေးအကြီးတက အကြီးဆုံးပဲဗျ ကိုပိုင်စတိုင်တခုဖြစ်လာအောင်ဘာရိုက်ရိုက်ဘာကိုဘောင်ခတ်ခတ် ကိုယ်ပိုင်စတိုင်လေးဖြစ်လာအောင် ကွန့်ရမယ်ဗျ ။

(၂၉) လုံ့လဝီရိယကြီးခြင်း (Industry)
တချို့ဓတ်ဆရာတွေဆိုရှိတယ်ဗျ sunset ရိုက်ရင်ခေါ် sunrise ဆိုရင်မနိုးလို့မခေါ်နဲ့ဆိုတာအဲ့တာကတကယ်ဆိုရင်အဆင်မပြေဘူးခင်ဗျ။ လုံ့လရှိဖို့ကလဲအရေးပါသေးသကိုးဗျ။

(၃၀) တရားမျှတခြင်း ( Justice )
မိသားစုနဲ့ခရီးထွက်တယ် ကိုယ်ကချည်းဓာတ်ပုံရိုက်ချင်နေလို့ သူတို့ သွားချင်တာလုပ်ချင်တာလေးတွေကို မသိချင်ယောင်ဆောင်ထားမယ်ဆိုရင်အဆင်မပြေဘူးလေဗျာ မျှမျှတတပေါ့ဗျာ ကိုယ်လဲရိုက်သူတို့လဲပျော်ပစေ။ အကောင်းဆုံးအိုင်ဒီယာက သူတို့ကိုအရင်ရိုက်ပေးလိုက် အမှတ်တရ ပီးရင်ကိုယ်ရိုက်ချင်ရာရိုက်။

(၃၁) သနားကြင်နာခြင်း ( Kindness ) ဓာတ်ပုံဆာတွေအတွက်အကတော့ကြင်နာသနားမုှဆိုတာအရေးကြီးတဲ့အချက်တစ်ချက်ပါပဲ။ ကြီးသူကိုရိုသေ တန်းတူကိုလေးစား ငယ်သူကိုသနားဆိုတဲ့စကားလိုပဲပေါ့ဗျာယေဘုယျအားဖြင့်တော့ဗျာ သနားတာကြင်နာတာဆိုတာ ပုဂ္ဂလိက ပင်ကိုအရည်ချင်းဖြစ်ပေမယ့်လေ့ကျင့်ယူလို့ရပါတယ်ဗျာ။ ဓာတ်ပုံဆရာတွေရဲ့ပုံတွေကလဲ ဓာတ်ပုံဆရာတွေရဲ့စိတ်နေစိတ်ထားကိုရောင်ပြန်ဟတ်နေတယ်ဆိုတာသတိရပါ။

(၃၂) ခေါင်းဆောင်ခြင်း ( Leadership )
ကိုယ်ထက်ဓာတ်ဆရာအငယ်တွေကိုဥိးဆောင်ရပီဆိုရင်တော့ ကိုယ့်အဖွဲ့လေးရဲ့ ပန်းတိုင် ကြယ်ဖမ်းမယ်ဆိုကြယ် နေဝင်တာဖမ်းမယ်ဆိုနေဝင်တာပေါ့ဗျာ အဆင်ပြေပြေအောင်အောင်မြင်မြင်လျောက်လှမ်းနိုင်ဖို့အတွက် အစီအစဉ်လေးတွေချတာ မျိုးလေးပေါ့ဗျာ။

(၃၃) ချစ်ခင်မြတ်နိုးခြင်း ( Love )
သဘာဝကိုချစ်မြတ်နိုးတာ ဥပမာပြောရရင်ဗျာ ဆူးလေးမှာပန်းခြံကြီးတစ်ခြံလုပ်ပေးလိုက်တယ် လုပ်ပေးတဲ့လူတွေက လူတွေ အပန်းပြေပါစေတော့ အလှကိုခံစားကြပါစေတော့ဆိုပီးတော့ စိတ်ထားနဲ့ ပန်းပင်လှလှလေးတွေ မြက်ခင်းစိမ်းစိမ်းလေးတွေ ကိုလုပ်ပေးလိုက်တယ်။ အဲ့မှာပန်းပင်တွေကိုချစ်မြတ်နိုးသူတွေက တော့ လာမယ်အပန်းဖြေမယ် ကြည့်မယ်နားမယ် ပီးတော့မြက်ခင်းစိမ်းတွေကိုကြည့်ပီးစိတ်သာယာမှု ယူမယ် ဒါပေမယ့်အလှအပကိုချစ်မြတ်နိုးရကောင်းမှန်းမသိတဲ့သူတွေကတော့ ပန်းတွေခူးမယ် မြတ်ခင်းတွေပေါ်နင်းလျောက်မယ်မြက်ပင်တွေသေရင်သေနင်းမယ် အဲ့လိုလူတွေကြောင့်အဲပန်းခြံကြီးကအရုပ်ဆိုးသွားမယ် ဒါကြောင့်သဘာဝပတ်ဝန်းကျင်ကောလူဖန်တီးထားတဲ့ပတ်ဝန်းကျင်ရောကိုချစ်မြတ်နိုးဖို့လိုတယ်။

(၃၄) သစ္စာစောင့်ထိန်းခြင်း ( Loyalty )
သစ္စာစောင့်ထိန်းတယ်ဆိုတာမျိုးက ကိုယ့်အလုပ်ကို မဖောက်မပြန်မှန်ကန်စွာ ဆက်ဆံကျင့်ကြံပြောဆိုလုပ်ဆောင်တာကိုပြောချင်တာပါ။ အိုင်ဒီယာတွေကူးမရိုက်ပဲကိုယ့်ဟာကိုစဉ်းစားတာတွေကလဲ သစ္စာစောင့်သိခြင်းထဲမှာပါပါတယ်။

(၃၅) ဆုံးမနာယူခြင်း ( Obedience )
အချိန်နဲ့အမျှ လူတွေနဲ့တိုးတိုးပီးဆက်ဆံလာရမှာပါ အခွင့်အခါသင့်လို့ စီနီယာတွေကဆုံးမတာရှိခဲ့ရင်နာယူပါ သင်ယူပါ။

(၃၆) စနစ်စည်းကမ်းရှိခြင်း ( Orderliness )
အဝေးကြီးကြည့်စရာမလိုဘူးဗျ ဓာတ်ပုံဆရာတစ်ယောက်ကို သူ့ကင်မရာအိတ်ကိုကြည့်ရင် စည်းစနစ်ကျမကျတန်းသိနိုင်တယ်ဗျ ။ ပစ္စည်းတွေအရမ်းများများတကယ် စနစ်ကျကျထည့်တဲ့သူကထည့်တယ်ဗျ။

(၃၇) သည်းညည်းခံခြင်း ( Patience )
သည်းခံတယ်ဆိုတာကလည်း ဇွဲ လုံ့လ သတ္တိရှိတာတမျိုးပဲဗျ။ သည်းခံတာကလဲ ဓာတ်ပုံရိုက်တာမှာအရေးပါတယ်ဗျ သဘောကဗျာ ပုံကောင်မရမချင်းစောင့်ပီးဆက်ရိုက်တာမျိုးကိုပြောတာ။

(၃၈) ဇွဲကောင်းခြင်း ( Perseverance )
ဇွဲမကောင်းရင် ပုံကောင်းမရပါ ။ ဥပမာဗျာ wildlife ဓာတ်ဆရာတွေ ငှက်ပုံရိုက်တယ်ဆိုပါတော့ဗျာ ဟာဒီငှက်ကဆင်းမလာနိုင်ဘူးပြန်တော့မယ်ဆိုဘယ်လိုလုပ်ပုံကောင်းရမလဲဗျ ဓာတ်ဆရာကောင်းဖြစ်ဖို့ ဇွဲမဖြစ်မနေကောင်းမှရမယ်။ နောက်မှရိုက်လဲရပါတယ်ဆိုတဲ့ဆင်ခြေကဓာတ်လောကမှာတော့ အသုံးမဝင်ဘူးဗျ။

(၃၉) အချိန်မှန်ခြင်း ( Punctuality )
ကိုယ့်လူတွေနဲ့ချိန်းပီဆိုရင် ၁၅မိနစ်လောက်စောပါစေ။ အချိန်မှန်သင့်ပါတယ်။ ဓာတ်ပုံရိုက်တယ်ဆိုတာအလင်းရောင်အချိန်ပေါ်မူတည်ပီးတော့လုပ်ရတာမို့ပါ။ ချိန်းတဲ့အချိန်အတိအကျရောက်သွားပါစေ။

(၄၀) ကြံရည်ဖန်ရည်ရှိခြင်း ( Resourcefulness ) ဘာကြုံရင်ဘယ်လိုလုပ်လိုက်မယ်။ဘာနဲ့တွေ့ခဲ့ရင်ဘယ်လိုဖြေရှင်းလိုက်မယ်ဆိုတာလေးတွေကအသေးအဖွ့ဲဆိုပေမယ့် လိုအပ်တဲ့အရည်အချင်းတခုပဲဗျ။ ဥပမာဗျာ အိမ်က မိန်းမ မော်ဒယ်ပေးမရိုက်ဘူးဆိုရင် ဘယ်လိုအကြောင်းပြမလဲဆိုတာကလဲအရည်အချင်းတမျိုးပဲနော့ ။

(၄၁) ကိုယ်ထူကိုယ်ထလုပ်ခြင်း ( Self-reliance )
အဖော်ခေါ်မရလို့ ငါ့ကိုမခေါ်ကြလို့ဓာတ်ပုံမရိုက်ဖြစ်တာလို့ပြောတဲ့သူတွေအားကြီးတွေဘူးတယ် ကိုယ်တိုင်ကဝါသနာပါလို့ဓာတ်ဆရာဖြစ်လာပီးပီပဲလေ ဘယ်သူမှမပါလဲကိုယ့်ဟာကိုထွက်ရိုက်ပေါ့ ။

(၄၂) မြဲမြံခိုင်ခံ့သောစိတ်ရှိခြင်း ( Steadfastness )

ကျွန်တော်ဆို 600D လေးနဲ့စတယ် 60D လေးကိုတက်တယ် အခုလက်ရှိတော့ 6D နဲ့ရပ်နေတယ် 600D လေးနဲ့ရိုက်နေတုန်းလဲ ကျွန်တေ်ာဖန်တီးချင်စိတ်ကိုရှေ့တန်းပို့တယ် ကင်မရာနဲ့ရအောင်ရိုက်မယ်ဆိုပီးတော့ ။ ၆၀ဒီနဲ့လဲထို့နည်းတူပဲ။ တဖြေးဖြေးနဲ့ဖြစ်လာတာဗျ။ လက်မလျော့လိုက်ပါနဲ့လက်ထဲမှာရှိတာနဲ့အကောင်းဆုံးတောင့်ခံထားပါ။ အကောင်းဆုံးတွေလာပါလိမ့်မယ်။

(၄၃) ကောင်းဆိုးပိုင်းခြားနိုင်ခြင်း ( Tact )
ဆင်ခြင်တုံတရားလို့ပြောရင်လဲရတယ်။ ငါဒီလိုလုပ်လိုက်ရင်ကောင်းပါ့မလားဘာလားတွေးတာမျိုးပေါ့ဗျာ အခုခေတ်နာမည်ကြီး ပျော်ဘွယ်သားအေဇိုဆိုရင် ဓာတ်ဆရာတော်တော်များများနည်းလည်မယ်ထင်ပါတယ် ။လုပ်သင့်မလုပ်သင့်မခွဲခြားတော့တာပေါ့လေ။

(၄၄) ခြိုးခြံချွေတာခြင်း ( Thrift )
ကင်မရာဝယ်ဖို့ အင်္ကျီအသစ်မဝယ်တာ မုန့်ထွက်မစားတဲ့ကာလတွေကျွန်တော့်မှာရှိခဲ့ဘူးတယ်။ ဖေတာအသစ်လေးရဖို့ ကျောင်းမုန့်ဖိုးတွေကို ချွေတာပီးသုံးခဲ့ဘူးတယ်။ အဲ့လိုနဲ့မှ ပစ္စည်းလေးတွေရရလာတာဗျ။

(၄၅) ခွင့်လွှတ်ခြင်း ( Tolerance )
တခါတလေ တစ်စုံတစ်ယောက်ကြောင့်အကြောင်းကြောင်းကြောင့် မိမိကြောင့် ဓာတ်ပုံရိုက်ဖို့ကိစ္စတွေပျက်သွားတာရှိလာတက်ပါတယ်ခွင့်လွတ်လိုက်ပါ။ သူတပါးကိုခွင့်လွတ်သလိုမိမိကိုယ်မိမိလဲခွင့်လွတ်ပါ။နောက်အခွင့်အရေးတွေအများကြီးရှိပါသေးတယ်။ (၄၆) ပညာဉာဏ်ရှိခြင်း ( Wisdom ) ။ ။
များများလေ့လာပါ များများဖတ်ပါ များများမေးပါ။ လက်တွေ့လုပ်ပါ လက်တွေ့ရိုက်ပါ။ အဆက်အသွယ်အပြောအဆိုရှိပါစေ စီနီယာတွေနဲ့။

ဒီ၄၆ချက်ကို ခေါင်းစဉ်တွေချည်းကျွန်တေ်ာတွေ့ဘူးတယ်ခင်ဗျ။ ဖေ့ဘွတ်မှာ အောင်မြင်လိုသူတွေအတွက်အချက် ၄၆ ချက်ဆိုလားပဲ ။ မူရင်းရေးသူဘယ်သူလဲမသိပေမယ့် Credit ပေးပါတယ်ခေါင်းစဉ်လေးတွေအတွက်။ ကျွန်တော်ကတော့ Oscar မှူ ပြု ပီးတော့ ဓာတ်ပုံဆရာတွေအတွက် ၄၆ချက်အနေနဲ့ပြန်လုပ်လိုက်ပါတယ်ခင်ဗျာ။ ဓာတ်ပုံပညာမှာ ထူးချွန်ချင်တယ်ဆိုရင်အဲကစိတ်ကမနောကံပဲ စိတ်နဲ့ကြံစည်ရည်ရွယ်တာကို ပီးမှ ဝစီကံဖြစ်လာတယ် ကိုယ်အပေါင်းအသင်းဘော်ဒါတွေကိုငါဘယ်လိုထူးချွန်ချင်တာဆိုတာကိုစပြောပြတာကိုး။ နောက်ဆုံးက ကာယကံပါလာတယ် တကယ် လက်တွေ့လိုက်ရိုက်တာကိုပြောတာ။ လက်တွေ့လိုက်မရိုက်ပဲအွန်လိုင်းပေါ်တက်သူများရိုက်သမှနိုင်ငံခြားကပုံတွေကိုကြည့်ပီးသရေကျနေမယ့်အစားကိုယ့်ဟာကိုထွက်ရိုက်လိုက်တာကပိုတန်ဖိုးရှိပါတယ်။ တချို့ ကကျွန်တေ်ာ့ကိုမေးကြတယ် ထူးချွန်မုှဆိုတာ ပါရမီပါမှလား အတိတ်က ကံကောင်းလို့လားဆိုတာမျိုး ။ ပီးတော့ အခုလက်ရှိပစ္စုပ္ပန်ကံရဲ့ ကြိုးစားမှု နဲ့ကောမဖြစ်နိုင်ဘူးလားဆိုတာတွေဗျ။ တကယ်တမ်းပြောကြေးဆို အခုလက်ရှိပစ္စုပ္ပန်ကံရဲ့ကြိုးစားမှုနဲ့ဖြစ်လာတဲ့သူတွေကအများသားလားဗျ။ ဒီဓာတ်ပုံပညာမှာထူးချွန်လိုစိတ်ရှိလာရင် ဝီရိယကလဲနောက်ကသူ့အလိုလိုလိုက်လာသားဗျ။ ဝီရိယရှိလာရင်နောက်ထပ်ထပ်ကူရမှာက ဉာဏ်ဗျ အဲ့လိုနှစ်ခုပေါင်းပီဆိုရင်ထူးချွန်မှုကမဝေးတော့ပါဘူးဗျာ။
အားလုံးဓာတ်ပုံအမိုက်စားကြီးတွေဖန်တီးနိုင်ကြပါစေခင်ဗျာ။

မင်္ဂလာပါကျွန်တေ်ာကောင်းကောင်းပါခင်ဗျာ။