ကျွန်တော်ပြောပြချင်တဲ့ ကင်မရာ ပေါ်က Mode လေးတွေ

မင်္ဂလာပါခင်ဗျာ ။ ဘာလိုလိုနဲ့ ကျွန်တော်ကျောင်းလဲပီးသွားပီမို့နောက်ပိုင်း ဒီထက်ပိုပီးလေ့လာဖြစ်မယ်လို့ထင်တယ်ခင်ဗျ။ ကျွန်တော်ဟိုတလောက ကျွန်တော်ရေးခဲ့ဘူးတာလေးတွေကို သေသေချာချာပြန်ဖတ်ကြည့်မိတယ် ဒါပေမယ့် ဦးသိုက် (သူကြီး) ပြောမှသတိတရဖြစ်သွားတာက ကျွန်တေ်ာ Mode တွေအကြောင်းကို တခါမှမရေးဘူးသေးဘူးလာမေးရင်ပဲပြောပြောပြနေတာ ။ အခုလိုသတိပေးတဲ့အတွက်ဦးသိုက်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကဲစကြရအောင်ဗျာ ။ DSLR ကိုကိုင်လိုက်ပီဆိုရင် အပေါ်က အဝိုင်းလေးမှာ AV , TV , M , P စတာလေးတွေတွေ့ဘူးကြမယ်ဗျ။ အဲ့တာကျွန်တော်အခုပြောပြချင်တဲ့ mode လေးတွေပဲ ဗျ ။ အဲ့ mode လေးတွေက ဘယ် mode က ဘာကိုရိုက်လို့အဆင်ပြေတယ် ဘယ်mode ကတော့ဘယ်လိုဆိုတာကိုကျွန်တော်ဒီနုတ်လေးမှာရှင်းပြသွားမှာပါ။ အရင် AV TV M တွေမရှင်းခင် entry level , semi pro level တွေမှာပါတက်တဲ့ ဒီ လူမျက်နှာပုံလေး တောင်တန်းပုံလေး လူလေးပြေးနေတဲ့ပုံ ပီးတော့ လူလေးနဲ့ကြယ်လေးတစ်လုံးစတဲ့mode လေးတွေဘာလုပ်လဲဆိုတာ ရှင်းပြပါ့မယ်။

 

ဒီပုံမှာပြထားတဲ့အနီနဲ့ဟိုက်လိုက်လုပ်ထားတာလေးတွေကိုပြေတာပါ။ ကျွန်တေ်ာသူငယ်ချင်းတွေကို ဒီ mode တွေအကြောင်းရှင်းပြတိုင်း မေးကြတယ်ဘာလို့ဒါတွေသိထားဖို့လိုတာလဲဗျဆိုတဲ့မေးခွန်းလေးဗျ။ တချို့ကလဲ Manual mode ကြီးတောင်ပါပီးမှဒီ mode တွေကဘာလို့လဲဗျ အသုံးကောဝင်လို့လားဆိုတဲ့မေးခွန်းလေးတွေမေးကြတယ်ဗျ။ အင်းဗျဝင်တယ် ဗျ အကယ်ရျ် ကင်မရာကိုအခုမှ စလုံးရေစ လုပ်ပီးကိုင်တဲ့သူဆိုရင်အဆင်ပြေမယ်ခင်ဗျ။ ဒါပေမယ့် တကယ့်အလင်းဖမ်းသမားဖြစ်လာပီဆိုရင် ( ဓာတ်ပုံဖန်တီးသူ ) ဖြစ်လာပီဆိုရင်တော့ ဒီicon လေးတွေက အရေးမကြီးတော့သလောက်ပါပဲ။ ဒီ mode လေးတွေကဘယ်မှာအလုပ်ဖြစ်လဲဆိုတော့ကာ Portrait ရိုက်မယ်ဆိုရင် အဲ့ ဒီ mode လေးကိုလှည့်လိုက် ဒါဆို ကင်မရာ က လန့်ရဲ့ aperture အကျယ်ဆုံးကိုလုပ်ပေးလိမ့်မယ် လူပုံရိုက်ဖို့ကို။ Landscape အတွက်တောင်တန်းပုံ icon လေးကို ပြောင်းလိုက်မယ်ဆိုရင် ကင်မရာ က တပ်ထားတဲ့လန့်ရဲ့ aperture ကိုလိုသလောက်ကျဉ်းပေးလိမ့်မယ်။အဲ့လိုရှိတာပေါ့ဗျာ။ တကယ့် quality ရှိရှိ ပုံတွေဖန်တီးမယ် တကယ့် အလင်းဖမ်းသမားကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဒီ mode တွေကိုအားမကိုးပါနဲ့ လို့အကြံပြုပါရစေ။

ဒါဆိုကျန်တဲ့ Icon လေးတွေကကော ?

 

အခုအဝါနဲ့ ဟိုက်လိုက် ပြထားတဲ့ဟာလေးတွေက Creative mode လို့ခေါ်တယ်ဗျ ဘာလို့လဲဆိုတော့ ကိုယ်ကျွမ်းကျင်ရင်ကျွမ်းကျင်သလောက် ဖန်တီးမှုတွေလုပ်နိုင်တာမို့ပါ။ Canon မှာဆိုရင် Program, Aperture Priority, Shutter Priority, Manual Mode ပီးတော့ Bulb mode ဆိုပီးတော့ မြင်ရမယ်ဗျ။ ဒါပေမယ့် entry level body တွေမှာတော့ Manual ထိပဲပါတယ်ဗျ အဲ့တာကျ Bulb mode ကိုဘယ်လိုရှာလဲဆိုရင် ကင်မရာ ကနေ shutter speed ကိုကစားကြည့် စက္ကန့်၃၀ထိလှည့်ပီးလို့နောက်က နေ Bulb လို့ပေါ်လာရင် အဲ့တာ Bulb mode ပဲဗျ။ကျွန်တော်တို့ Canonကင်မရာတွေမှာဆိုရင် Canon က နဲနဲလေးကွန့်ထားတယ်ဗျ ။ P – Program , Av Aperture Priority ,Tv – Shutter Priority ဆိုပီးဖြစ်သွားတယ်ဗျ။တခြားကင်မရာ Brand ကိုင်နေတဲ့သူတွေအတွက်တော့ထူးဆန်းရင်ထူးဆန်းနေမယ်ဗျဒါပေမယ့်လုပ်ဆောင်တဲ့ function တွေက သိပ်မကွဲပါဘူး။

ကဲစကြစို့ဗျာ P mode ကစရမယ် ။

Mode လေးတွေ

Program Mode (P)

တကယ်တမ်းဓာတ်ပုံရိုက်သူဖြစ်လာရင် P mode ကိုလုံးဝသုံးချင်မှာမဟုတ်တော့ပါ တခုတော့ရှိတာပေါ့လေ အရေးပေါ်ရိုက်ရတာမျိုးဆိုရင်တော့ မှတ်တမ်းတင်ရုံလောက်ဆိုရင်တော့သုံးလို့ရပါတယ်။ ဘာလို့တုန်းဆိုတော့ ကိုယ်က ISO နဲ့ WB ကလွဲလို့ ကျန်တာတွေ သတ်မှတ်လို့မရလို့ပါပဲ။ သူက ကင်မရာကနေ Shutter speed နဲ့ Aperture value ကိုသတ်မှတ်ပေးတယ်ဗျာ ။တကယ်လို့ ဓာတ်ပုံပညာကိုတကယ့်ကိုစိတ်ပါလက်ပါ လေ့လာချင်တယ်ဖန်းတီးမုှတွေလုပ်ချင်တယ် အလင်းတွေဖမ်းချင်တယ်ဆိုတဲ့လူတွေအတွက်တော့ ဒီ shutter speed သတ်မှတ်လို့မရတာတွေ Aperture ကိုသတ်မှတ်ပေးလို့မရတာတွေက တော်တော်အနှောက်အယှက်ဖြစ်စေမှာပါ။ Apertureကိုထိန်းလို့မရမှာတေ့ DOF( Depth Of Field ) လဲချိန်ပေးလို့မရတဲ့သဘောပေါ့ဗျာ။

Aperture Priority Mode (“A” on most cameras, “Av” on Canon)

ကဲကျွန်တော်တို့ရဲ့တတိယမင်းသားကြီးအလှည့်ရောက်ပီ AV mode ပေါ့ဗျာ။ အကယ်ရျ်သင်က မော်ဒယ်ရိုက်တဲ့သူဆိုရင် ဒီ mode က ၉၅ ရာနှုန်းအလုပ်ဖြစ်မယ်ဗျ ဘာလို့တုန်းဆိုတော့ AV mode မှာက ရိုက်တဲ့သူက ကိုယ်သုံးချင်တဲ့ ISO နဲ့ F-stop(aperture value) ကို သတ်မှတ်ပေးရုံပဲ ကင်မရာက သူနဲ့လိုက်ဖက်မယ့် shutter speed ကိုလုပ်ပေးတယ်လေ အဲ့တော့မှ exposure မှန်မှန်ကန်ကန်ရတဲ့ ပုံလေးထွက်လာရောမို့လား။ AV mode က အရှိန်အဝါကြီးသဗျ ကျွန်တော်လဲ တော်တေ်ာရိုက်ခဲ့ဘူးတာမို့ပါ။ လွယ်လွယ်လေးရယ် ISO ဘယ်လောက်ထားမယ် Aperture ဘယ်လောက်ထားမယ်ဆိုတာလေးကစားပေးရုံနဲ့ ရှက်တာစပိကိုသတ်မှတ်ပေးတာဗျာဘယ်လောက်ရိုးရှင်းပီးသုံးရလွယ်သလဲ။ ကျွန်တေ်ာစကားစမြည်ပြောဘးူတယ် ဘုရားပေါ်ကဓတ်ပုံဆရာတွေနဲ့ အကိုတို့ဘာ mode တွေနဲ့ရိုက်လဲဗျ ဘာညာပေါ့ဗျာ တချို့က P mode တဲ့တချို့က A ဆိုတာလေးသုံးတယ်တဲ့ ရှေ့ကြည်နောက်ဝါးလား ရှေ့ကြည်နောက်ကြည်လား လိုသလိုရလို့တဲ့ဟာမို့ဗျလို့ပြောတယ်ဗျ။ အကယ်ရျ်ဗျာ သင်ကမင်္ဂလာဆောင်တခုရောက်နေတယ်ဖလက်လဲမဖွင့်ချင်ဘူး အလင်းလဲကောင်းကောင်းရချင်တယ်ဆိုရင် ကိုယ်တပ်ထားတဲ့လန့်ရဲ့ aperture ကို အကျယ်ဆုံးဖွင့်ပေးလိုက်ရုံပဲ F3.5 ကအကျယ်ဆုံးလားအဲ့ဆိုအဲကမှာထားလိုက် ပီးရင် ISO ကို နဲနဲလေးမြှင့်ပေးလိုက်ပီးရင်ဖိုးကပ်ဖြတ်ပီးရင်ရိုက်ရုံပဲ။ ဒါမှမဟုတ် နေပူကျဲတဲကြီးမှာမော်ဒယ်ရိုက်မှာလား ကိုယ်ဖြစ်စေချင်တဲ့အပါချာထားလိုက်ဦးကင်မရာက ရှက်တာစပိကိုသတ်မှတ်ပေးလိမ့်မယ် ဘယ်လောက်လွယ်ကူသလဲပြော။ DOF ကိုလဲကောင်းကောင်း control ရနေတယ်လေ။ အကယ်ရျ်သာ ကျွန်တော်နဲ့တူတူဓာတ်ပုံအခုမှစရိုက်တဲ့လူတစ်ယောက်အပြင်ထွက်မယ်ဆိုရင်သူ့ကို AV mode မှာထားပေးပီးရိုက်ခိုင်းမှာဗျ။ ဒါဆိုသူ့ကို Aperture ရဲ့လုပ်ဆောင်ပုံကိုကောင်းကောင်းရှင်းပြလို့ရသွားမယ်လေ။ အပါချာလုပ်ဆောင်ပုံကိုကောင်းကောင်းနားလည်လာတာလဲ ပုံကောင်းတွေထွက်လာဖို့လှေကားထစ်တခုပဲဗျ။

Shutter Priority Mode (“S” on most cameras, or “TV” on Canon cameras)

ကဲနောက်တခုဒုတိယမင်းသားကြီးဆီသွားရအောင်ဗျာ။ Shutter Priority ဆိုတာကြီးပေါ့ဗျာ Tv mode လို့လဲ canon မှာခေါ်သေးရဲ့ တခြားကင်မရာတွေမှာတော့ S ဆိုတာလေးနဲ့ပီးသွားတယ်။

ဒီကောင့်ကိုတော့ မော်ဒယ်ရိုက်တာတွေ Landscape ရိုက်တာတွေမှာသုံးကြတာမတွေ့ဘူးဘူးဗျ စောစောကပြောတဲ့ ဘုရားပေါ်ကလူတွေတောင်မသုံးကြဘူးဗျ။ ထူးတော့ထူးဆန်းတာပေါ့ဗျာ ။ ဒီကောင်ကဘယ်လိုအလုပ်လုပ်လဲဆိုေတော့ သင်က ကင်မရာရဲ့ ISO နဲ့ Shutter speed ကိုရွေးပေးရတာဗျ အပေါ်က AV နဲ့ပြောင်းပြန်ဗျ။ ဆိုပါတော့ဗျာ ဘောလုံးပွဲတပွဲဘေးမှာရိုက်တယ်ဆိုပါတော့ ကိုယ်ကကိုယ်ထိန်းနိုင်တဲ့ ရှတ်တာစပိကို တင်ထားလိုက် ကင်မရာ သူနဲ့လိုက်ဖက်မယ့် အပါချာကို ရွေးပေးလိမ့်မယ်။ ဒါပေမယ့်ဗျာ တကယ့် sport photographer သမားကြီးတွေရဲ့အင်တာဗျုးတွေလိုက်ဖတ်ကြည့်ဘူးတယ်တခါတလေတော့ဗျာ DOF က အရေးကြီးဆုံးမို့ AV နဲ့ရိုက်ပါတယ်ဆိုတဲ့ လူတွေလဲတွေ့ဘူးသဗျ ။ ဘယ်လိုပဲပြောပြောဗျာ Tv mode က သတင်းသမားတွေသုံးတယ် sport photographer တွေလဲသုံးတယ်ဗျ ။ဥပမာ panning ရိုက်မယ်ဆိုရင် အရမ်းအသုံးတည့်တယ်ဗျ။

Manual Mode (“M”)

နောက်ဆုံးမင်းသားကြီးကတော့ Pro တွေရဲ့လက်စွဲ Manual mode ပါ။ ကျွန်တော်ငယ်ငယ်တုန်းက ရေဆင်းမှာ ဆိုင်ကယ်စီးသင်တာပေါ့ဗျာ ပထမဦးဆုံးအကြိမ်အစီးသင်ပီးတော့နဲနဲ ပတ်မောင်းတက်သွားတဲ့အချိန် ကျွန်တော့်ရဲ့ပထမဦးဆုံးဆိုင်ကယ်စီးတာနော် ကျွန်တော်လက်ထဲမှာ ဆိုင်ကယ်လက်ကိုင်က တကယ့် ရုပ်ရှင်တွေထဲက ဆိုင်ကယ်ကြးီကိုင်ထားရတဲ့ဖီးလ်မျိုးဝင်လာတယ်။ ကျွန်တော် ဒီဆိုင်ကယ်ကိုထိန်းကြောင်းနေတာ ဂီယာချိန်းတာ ဘရိတ်ဖမ်းတာ ကွေ့တာ တွေအကုန်ငါလုပ်နေရတာပါလားဆိုတဲ့အသိက တကယ့်ကို ဖီးလ်တက်ချင်စရာပါ။(ပြောရင်းနဲ့ငယ်ဘဝကိုပြန်သတိရသွားသည်။) ကင်မရာက Manual mode လဲအဲ့လိုပါပဲ ကင်မရာကိုငါက မောင်းနှင်ခိုင်းစေနေတာပါလားဆိုတဲ့အသိက ဘာနဲ့မှမတူပါဘူး။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ဓာတ်ပုံရိုက်ထွက်ဘူးတယ် Manual နဲ့ရိုက်ရမှာကိုကြောက်နေတာတွေ့ဘူးတယ်ဗျ ဘာလို့လဲမေးတော့ ပုံကဘယ်ကောင်းမလဲကွ လို့ဖြေတယ်မှောင်နေလိုက် လင်းသွားလိုက်နဲ့ကွာလို့ဖြေတယ် ။အဲ့တာက တကယ်က Manual ကခက်လို့မဟုတ်ပဲ သူက Exposure triangle ကိုမကြေညက်သေးလို့ဖြစ်တာဗျ။

 

Manual mode. Aperture: f/14. Shutter speed: 30sec. ISO 100. Sigma 12-24mm F4 lens. Canon 60D camera.

ဒီအပေါ်ကပုံလေးကိုကျွန်တော် ရန်ကုန် ဘုရင့်နောင်တံတားမှာရိုက်ခဲ့တာပါ။ဒီလိုအခြေအနေမျိုးမှာဆိုရင်ဗျာ ဒီတံတားကြီးက လှူပ်ရမ်းနေတာမဟုတ်ဘူးလေ။ ပီးတော့ ဒီရှေ့ Fore Ground ဖြစ်တဲ့နေရာကကောပဲလေ။ တခုတည်းသောလှုပ်နေတာကရေတွေပဲလေ။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ကျွန်တော် Manual Mode ကိုပဲသုံးတယ် AV သုံးရင်လဲ ကိုယ်လိုချင်တဲ့ exposure နဲ့ရေတွေကဒီလိုဖြစ်ချင်မှဖြစ်မယ်လေ Tv သုံးရင်ကော လိုတဲ့ DOF ဘယ်ရမလဲလေအဲ့တော့ Manual ပေါ့ဗျာ။ ကျွန်တော် ISO 100 ထားလိုက်တယ်ဘာလို့တုန်းဆိုတော့ Noise မထစေချင်လို့။ ပီးတော့ အပါချာကို f14 မှာထားတဲ့အတွက် ကျွန်တေ်ာအလင်းဝင်ရောက်ချိန်( shutter speed ) ပိုနှေးဖို့လိုပီလေ sensor ပေါ်ကို အလင်းဝင်ရောက်ချိန်ကြာအောင်။ ပထမက ရှက်တာစပိကို ၁၅ စက္ကန့်တို့ဘာတို့နဲ့စမ်းကြည့်သေးတယ် ပီးမှ စက္ကန့်၃၀ ထားလိုက်တော့ ကျွန်တေ်ာလိုချင်တဲ့အလင်းကိုရတော့တာ။ အဓိကပြောချင်တာကဗျာ လောလောလောနဲ့ရိုက်ရတာမဟုတ်တဲ့ ဟာတွေ ဥပမာ Landscape တို့ Longexposure တို့ဆိုရင် M နဲ့ရိုက်ကိုရိုက်သင့်တယ်ဗျ။ ကျွန်တေ်ာအပေါ်ကပြောခဲ့သလိုဆိုင်ကယ်ကို ကိုယ့်ဟာကိုပထမဦးဆုံးစီးဖူးသွားရင်နောက်လဲ ဆက်တိုက်စီးချင်နေသလိုပဲ ကင်မရာကို Manual နဲ့ ရိုက်ဖူးသွားရင် ဒီ ISO ဒီ Shutter speed ဒီ aperture က ငါ သတ်မှတ်ပေးလိုက်တာပါလားဆိုတဲ့ဖီးလ်တက်ပီဆိုတာနဲ့ Manual ရိုက်ရတာ ဖီးလ်တက်လာလိမ့်မယ်ဗျ။

Mode Shutter Speed Aperture

P (programmed auto) Selected by camera Selected by camera

S (shutter-priority auto) Selected by photographer Selected by camera

A (aperture-priority auto) Selected by camera Selected by photographer

M (manual) Selected by photographer Selected by photographer

 

သူတို့ရဲ့အားနဲချက်လေးတွေကိုပြောရမယ်ဆိုရင်တော့ P mode က တကယ့်ပျင်းစရာကောင်းတဲ့ mode ပဲဗျ ISO နဲ့ WB ပဲ သတ်မှတ်လု့ိရမှတော့ဗျာ ဘယ်သူကကြိုက်မတုန်းဗျာ။ နောက်တခု S(Tv) ဆိုရင်လဲအဲ့အတိုင်းပဲ ရှက်တာစပိကို အိုင်အက်အိုကို့သတ်မှတ်ပေးရုံပဲဗျာကင်မရာ DOF ကိုချုပ်ကိုင်ထားတယ်။ ပီးတော့ AV ဆိုရင်လဲအဲ့အတိုင်းပဲ DOF ကို ဓာတ်ပုံဆရာက ချုပ်ထားလို့ရပေမယ့် ပြသနာက ကင်မရာရဲ့ ဘယ်လောက်အမြန်ဆုံးရိုက်နိုင်လဲဆိုတာက ပြသနာဖြစ်လာလိမ့်မယ်။ ဥပမာ canon 6D ဆိုရင် 1/4000sec အမြန်ဆုံးရိုက်နိုင်ပေမယ့် 5Dmark III ကတော့ 1/8000sec ရိုက်နိုင်တယ်လေ။ပီးတော့ ဒီ mode တွေအရမ်းမှီခိုလွန်းရင်လဲလူကအပျင်းကြီးသွားတက်တယ်ဗျ။ နောက်ဆုံးကတော့ M ပဲဗျ သူကတော့ ကျွန်တော်ပြောတဲ့ အားလုံးကို ကိုယ်တိုင်လမ်းညျွှန်မောင်းနှင်ရတာမို့တကယ်ဖီးလ်ပါဗျာ။

 

တချို့တွေကထင်ကြတယ် ကင်မရာမှာ M ကြီး ကိုသုံးမှ တကယ် Pro ဆိုတာမျိုးတွေ မဟုတ်ဘူးဗျ Professional Sport Photographer တွေလဲ သုံးကြတာပဲလေ Tv ကို မော်ဒယ်ရိုက်တဲ့ သူတွေလဲတခါတလေဆို Av သုံးကြတာပဲလေ။ ကားပြိုင်ပွဲတို့ဘာတို့လိုပွဲတွေမှာဆို ဆက်တင်ထိုင်ချိန်နေဖို့အချိန်မရတာမျိုးတွေမှာ Av Tv တွေသုံးကြမှာပဲလေ။ ဒါပေမယ့် သူတို့နဲ့ ဓာတ်ပုံပညာဆိုတာဘာဆိုတာကို ကောင်းကောင်းလေ့ကျင့်လို့ရတယ်ဗျ ကွန်ပိုဇေးရှင်းတွေလေ့ကျင့်လို့ရမယ် ပေါ့ထရိုတ်တွေလေ့ကျင့်လို့ရမယ်ဗျ။ဘယ်လိုပဲပြောပြောဗျာ ဓာတ်ပုံပညာကိုလေ့လာနေတဲ့သူတွေတော့ အသုံးတည့်မှာသေချာတယ်ဗျ ကျွန်တော်လဲ စကင်မရာကိုင်တုန်းက ဒီ Mode တွေကြောင့် ကွန်ပိုဇေးရှင်းအိုင်ဒီယာတွေတိုးတက်လာတာဗျ။ ဒီ Mode တခုချင်းစီက ကင်မရာကို မတူညီတဲ့မောင်းနှင်မှုတွေလုပ်တာဖြစ်ပေမယ့်ကင်မရာကို correct Exposure ရစေတာချင်းတော့တူတူပဲဗျ M မှအပပေါ့လေ ။ Mode တွေကိုကျွမ်းကျင်စွာကိုင်တွယ်ရင်းပုံအမိုက်စားကြီးတွေဖန်တီးနိုင်ကြပါစေခင်ဗျာ။

မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ ။