ကမ္ဘာသစ်တစ်ခုကိုမျှော်ကြည့်ခြင်း (သို.) Infrared Photography
ကျွန်တော် ကင်မရာရောင်းပါတယ် …. ဈေးသည်တစ်ယောက်အနေနဲ့ …. photography notes တွေ ရေးလေ့မရှိပါဘူး …. ဈေးပဲရောင်းပါတယ် …. ခုလဲရေးဖို.စိတ်ကူးမရှိပါဘူး … သူငယ်ချင်းတစ်ယောက် လေ့လာချင်တယ်ပြောလို. တစ်ခြားမသိသေးတဲ့လူတွေအတွက်လဲ ပိုးသွင်းရင်း … နဲနဲအာချောင် ဆေးထိုးပါရစေ …
အပေါ်မှာကမ္ဘာသစ်တစ်ခုကိုမျှော်ကြည့်ခြင်းလို. ခေါင်းစဉ်တပ်ထားပါတယ် … ဟိုတစ်နေ့က လူတွေရဲ.မျက်စေ.နဲ့ပါတ်သတ်လို. တစ်ကြိမ်ထဲမှာ dimension ၃ခုထက်ပိုမမြင်နိုင်ကြောင်းပြောခဲ့ပါသေးတယ် … ဒါတင်မကပါဘူး … လူမျက်စေ့နဲ့မမြင်နိုင်တဲ့အလင်းတွေ …spectrum တွေ … အရောင်တွေ အများကြီးရှိပါသေးတယ် … အဲ့ဒီအထဲက တစ်ခုအကြောင်းပြောမလို.ပါ ….. Infrared ခေါ် အနီအောက်ရောင်ခြည်ပါ … အဲ့ဒီသာမန်မျက်စေ့နဲ့မြင်နိုင်တဲ့ radiation ကို ၁၉ရာစုလောက်ကတည်းက ရှာဖွေတွေ.ရှိထားကြပါတယ် … အဲ့ဒီတုန်းက ကိုယ်ပူချိန်တိုင်းတာတို.ဘာတို.မှာလဲသူ့ကိုသုံးပါတယ် အရောင်ကိုကြည့်ပြီး အပူချိန်ကို အနီးစပ်ဆုံးပြောလို.ရလို.ပါ … infrared radiation အသုံးပြုပုံတဖြည်းဖြည်းကျယ်ပြန်.လာပြီး world war 1 မှာ militery အတွက်သုံးရင်း လူတွေဆီပြန့်နှံ.လာရင်း (ဓါတ်ဆရာအပေါင်း ဓါတ်ကြောင်အပေါင်းတို.ဆီ ပိုးတွေကူးဆက်လာခဲ့ပါတယ်) ….
စစ်ပွဲတွေမှာ camouflaged လုပ်ထားတဲ့ လက်နက်စက်ရုံတွေ သုံးပစ္စည်းတွေဟာ သစ်တောအရောင်တွေနဲ့တူအောင်လုပ်ထားလို. တစ်ဖက်ရန်သူကို သာမန်မမြင်ရနိုင်အောင်ကာကွယ်ထားနိုင်ပေမယ့် infrared ကတော့ ဖေါ်ထုတ်နိုင်ပါတယ် … နောက်ပြီး မြစ်ချောင်းတွေ ရေကန်တွေရှိတဲ့နေရာကိုလဲ အလွယ်တကူမြင်သာနိုင်ပါယ် …. ကျွန်တော်ကတော့ ရေတို. သစ်ပင်တို.ဟာ ကျွန်တော်တို. အနီးမှာရှိနေပေမယ့် IR နဲ.တွေ.တော့ ကမ္ဘာသစ်တစ်ခု ရောက်သွားသလို ခံစားရလို. IR ကမ္ဘာကို တော်တော်နှစ်သက်ရူးသွပ်ပါတယ် …. ခုနက WW1 ပြီးတော့ မှဓါတ်ဆရာတွေလက်ထဲကို IR ဖမ်းယူခြင်းကိစ္စ တော်တော်တွင်ကျယ်လာပါတယ် …. WW2 မတိုင်ခင်မှာ Hollywood ကဆရာတွေ တော်တော်တွင်တွင်ကျယ်ကျယ်သုံးလာကြတယ်လို. အဖေပြောဖူးပါတယ် …. အဲ့ဒီကမှနေပြီး ၁၉၆၀ခေါတ်မှာတော်တော်တွင်ကျယ်လာတယ် Artist တွေနယ်ပါယ်အစုံမှာသုံးလာကြတယ်တဲ့ .. အဲ့ဒီတုန်းကတော့ နည်းပညာသစ်မို.တော်တော်တန်ဘိုးကြီးပါတယ် …. ခုတော့ သက်သက်သာသာနဲ့ ကျွန်တော်တို.လက်ထဲရောက်လို.လာခဲ့ပါပြီ (ဒါတောင်သိပ်မသက်သာဘူး) …. ဘာပဲဖြစ်ဖြစ် ခံစားရတဲ့အရသာနဲ့တော်တော်တန်ပါတယ် landscape ရိုက်မလား သိပ်လှတယ် … portrait မှာတော့ လူ.အသားအရေလေးတွေ… ဆံပင်တွေ …. မျက်လုံးတွေဆိုတာ …. ဘာပြောကောင်းမလဲဗျာ … စကားနဲ့မပြောတတ်ဘူး ကြွတ်ရွနေသလိုပဲ အရမ်းလှတယ် …. ပြောရင်းဆိုရင်းတောင် feel တက်လာပြီ …. fine art nudes အကြောင်းတော့ထည့်မပြောတော့ဘူး တော်တော်ပြာလို.ပါ (ဒါပေမယ့် perfect image တွေရမှာတော့ အသေအချာပါဘဲ) …. မယုံရင်ကိုယ့်ဟာကိုယ်စမ်းရိုက်ဗျာ ….
အရင်ဖလင်နဲ့ရိုက်တုန်းက IRတလိပ်ကို စလုံး ၁၅ကျပ်လောက်ပေးရတယ် ရိုက်ပြီး သွားဆေးရင် အရမ်းရင်ခုန်စရာကောင်းတာ ခြေတွေလက်တွေတုန်တဲ့အထိပဲ … နောက်ပြီး ကိုယ်သွား ဆေးတဲ့ဆိုင်နဲ့လဲဆိုင်တာပေါ့ …သူတို.ကောင်းမှ ကိုယ်စိတ်ကျေနပ်နိုင်မှာပါ …. ဒီနေ.ခေါတ် lightroom တို.ဘာတို.ပေါ်လာတော့ click အနည်းငယ်နဲ.တင် IR တစ်ပုံကို ရိုက်ပြီးစပုံထက် အဆပြောင်းများစွာ ကောင်းအောင်ဖန်တီးနိုင်နေပါပြီ … ဘာပဲဖြစ်ဖြစ် ခုထိရင်ခုန်သံတွေမရပ်သေးပါဘူး …. ကဲ …. ကဲ ထားလိုက်တော့ အဲ့ဒါတွေ ..
အလင်းရဲ့ range ကို nm (nanometre)နဲ့တိုင်းတာ အားလုံးအသိပါ ..လူတွေကတော့ အလင်းကို 400nm လောက်ကနေ စမြင်ရပါတယ် 700nm ဝန်းကျင်ထိပေါ့ infrared ကတော့ 700-1200nm လောက်အတွင်းရှိပါတယ် ….. ဒီအလင်းကို သာမန် DSLR တို. digital camera တို.နဲ့ ဖမ်းယူလို.မရပါဘူး … သူ.အတွက် သီးသန့် ဖန်တီးယူရပါတယ် ယျေဘူယျတော့သာမန်အလင်းကို block လုပ်တဲ့နည်းနဲ့ဖမ်းယူပါတယ် ဥပမာ IR filter(လက်ရှိ စလုံးငွေ ၁၀၀၀န်းကျင်ခန့်ပေးရ) တပ်ရိုက်တယ်ပေါ့ ဒါပေမယ့် အားနည်းချက်တွေရှိပါတယ် အဓိကကတော့ အရမ်းမှောင်သွားတဲ့အတွက် မွန်းတည့်ချိန်အလင်းမျိုးမှာတောင် အလင်းတံခါးဖွင့်ချိန်ကြာမြင့်တဲ့အတွက် လက်နဲ့ရိုက်ဖို.မလွယ်ပါဘူး focus ဖမ်းရတာလဲကသီလင်န နိုင်ပါတယ် ဒေါက်နဲ့တောင်တော်တော်ကြိုးစားရပါတယ် အဲ့ဒီလိုအားနည်းချက်တွေကြောင့် လောလောဆယ်အကောင်းဆုံးကတော့ DSLR sensor ကို သာမန်အလင်းတွေမစုတ်ယူဘဲ IR ပဲ စုတ်ယူအောင် sensor ကို replace လုပ်လိုက် တဲ့နည်းပါပဲ … အဲ့လို modify လုပ်လိုက်တော့ IR တစ်ခုပဲရိုက်လို.ရတော့တာပေါ့ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်တန်ပါတယ် … ကျွန်တော့်မှာလဲ တစ်လုံးလုပ်ထားသေးတယ် …. အရင်တုန်းကတော့ singapore မှာ modify လုပ်လို.မရလို. Indonesia မှာလုပ်ကြတယ် …. ခုတော့ဒီမှာရနေပါပြီ … စလုံးငွေ ၂၀၀-၃၀၀လောက်ကုန်တာပေါ့ … ရန်ကုန်တော့မပြောတတ်ဘူး ….
အဲ့လိုလုပ်လိုက်တော့ငွေကုန်သော်လဲ အယားပြေရုံမက ရင်ခုန်စရာတွေဒုနဲ့ဒေး ကိုယ်တွေ.ပါပဲ … အကြိုက်ဆုံးကတော့ လက်နဲ့ကိုင်ပြီး တဗြောင်းဗြောင်းဆွဲလို.ရတာပါပဲ …. နေ.အလင်းလုံလောက်တဲ့ အချိန်ကတော့ အကောင်းဆုံးလို.ပြောလို.ရတာပေါ့ …. အဲ့ဒီတုန်းက ကင်မရာလေး အပ်ခါနီး ချီတုံချတုန်နဲ. လုပ်ပြီးသွားတော့တော်တော်ဆိုမှ တော်တော်ကျေနပ်ရပါတယ် …. နောက်ပြီး အားသာတာတစ်ခုက IRရိုက်ရင် ဈေးကြီးတဲ့lens သုံးဖို.မလိုပါဘူး သာမန် အပေါစား lens တစ်လုံးနဲ့တင် အကောင်းဆုံးပုံတွေ ဖန်တီးလို.ရပါတယ် … RAW နဲ့သာဆွဲဗျာ တစ်ပုံရိုက်ပြီး spectrum မတူတဲ့ပုံတွေ lightroom မှာ ချိန်လို.ရနေတော့ အရသာအမျိုးမျိုးခံစားလို.ရတာပေါ့ ….. ရိုက်နည်းကတော့ modify လုပ်ထားတဲ့ body နဲ့ဆို သာမန်ရိုက်သလိုရိုက်ရုံပါပဲ … lens မှာ filter တပ်ရိုက်ရင်တော့ အပေါ်ကပြောခဲ့သလို အားနည်းချက်တွေရှိနေမှာပါ ….
ND နောက်လိုက်နေကြတဲ့ကိုကိုမမတွေ IR နောက်ကို လိုက်ကြည့်ပါဦးလို. ကမ္ဘာသစ်ကနေဖိတ်ခေါ်ပါတယ် …. ငွေကုန်ဖို. ချောက်တွန်းတယ်ဆိုလဲတွန်းတယ်ပေါ့ဗျာ ….
ခင်မင်စွာဖြင့်
ထွန်းလတ်
ကျွန်တော့်အကိုကြီး ကိုထွန်းလတ်ရေးပေးထားတဲ့ ပိုစ့်လေးတခုပါအချိန်ကြာရင်အောက် ကိုရောက်ရောက်သွားမှာစိုးလို့ ကျွန်တော့်ပေ့မှာ ခွင့်ပြုချက်တောင်းပီးတင်လိုက်ရပါတယ်
မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ ။