မင်္ဂလာပါ ကျွန်တော်ပြောပြချင်တဲ့ မှော်ဆန်တဲ့ကောင်းကင် …

ကျွန်တော်အခုလိုတင်စားလိုက်တာအကြောင်းရှိပါတယ် ကျွန်တော်တို့သူငယ်ချင်းတွေ Senior တွေ က Landscape သမားတစ်ယောက်ဖြစ်လာပီဆိုရင် တခါတလေ Portrait သမားတွေတောင်မှ ကောင်းကင်အရောင်လှလှလေးတွေဖြစ်တာကိုလိုချင်ကြပါတယ် နောက်က နေဝင်ခါနီးလို့ ကောင်းကင်ကြီးခရမ်းရောင်ဖြစ်နေတာပုဇွန်ဆီရောင်ဖြစ်နေတာကိုနောက်ခံထားပီးတော့ ရှေ့ကသတို့သားနဲ့သတို့သမီးကို ဖလတ်supportပေးပီးတော့ light balance လုပ်ပီးရိုက် . .. မျက်စိထဲမှာမြင်တာနဲ့တင်တော်တော်မိုက်နေပီ 😀 ကျွန်တော်တို့ Landscape သမားတွေက အဓိက က အချိန်ကို ကြည့်ရပါတယ် မနက်လား နေ့လယ်လား ညနေလားစသဖြင့်ပေါ့ ပီးတော့တိမ်တွေရဲ့အနေအထား ရွှေ့လျှားမှု အကုန်လုံးကိုမျက်ချေမပျက်ကြည့်နေရပါတယ်… များသောအားဖြင့်တော့ နေထွက်တာရယ်နေဝင်တာရယ်ပေါ့ ဗျာ နေထွက်ချိန်နေဝင်ချိန်တွေမျာအလင်းဟာ soft ဖြစ်ပီးတော့ contrast က နဲတယ် ဒီအချိန်တွေမှာမိုက်တာ က အရောင်ပဲ အဝါလိမ္မော်အနီတွေပေါ့ မနက်ဆိုရင်အရင် အနီအရင်လာမယ် ပီးရင် လိမ္မော် ပီးရင်ဝါမယ် ပီးရင် လင်းသွားရော . . . golden hours တွေလို့ခေါ်တယ် ဒီလိုအရောင်အပြောင်းအလဲဖြစ်နေချိန်တွေကို . . . ဒီအချိန်ကြာမြင်တာလေးက နိုင်ငံပေါ်မူတည်ပီးတော့ကွာတယ်ခင်ဗျ http://www.golden-hour.com/ အခုဒီဝက်ဆိုက်လေးမှာ ကိုယ်နေတဲ့ နေရာပေါ်မူတည်ပီးတော့ ဘယ်အချိန်က Golden Hour လဲ ဘယ်အချိန်မှာနေကျမှာလဲ စသဖြင့်သွားကြည့်လို့ရပါတယ်ခင်ဗျာ . . . အကြံပေးချင်တာက Landscape နေဝင်နေထွက်ကိုသွားရိုက်မယ်ဆိုရင် အရင် နေရာကို Google earth ကနေဖြစ်ဖြစ်ခန့်မှန်းသွားပါ www.photoephemeris.com မှာ နေဝင်နေထွက်ချိန်အားလုံး ကိုကြည့်လို့ရပါတယ်ခင်ဗျာ . . .အဲ့ကနေကိုယ်ရှိနေတဲ့နေရာကနေဘယ်လောက်ဝေးဝေးသွားရမယ် ဘယ်လောက်ဝေးဝေး ဆိုတာတွေချိန်လို့ရတာပေါ့ဗျာ . . . ဒါမှ Perfect sunset တို့ perfect sunrise တို့ကိုမှီမှာမဟုတ်လားဗျာ. . . ပီးတော့ ရိုက်တဲ့ရာမှာလဲ အလင်းကို မျက်နှာမူပီးရိုက်မှာလား ဒါမှမဟုတ်အလင်းကို ကျောပေးပီးရိုက်မှာဆိုတာကရှိသေးတယ်:D ဘယ်လိုပဲရိုက်ရိုက် အဲ့မှာအသုံးဝင်တာကတော့ ND filter တွေပဲ ဘာလို့လဲဆိုတော့ ND Filter တွေသုံးပေးချင်းအားဖြင့် correct exposure ကိုရစေနိုင်တယ်လေဗျာ
ပီးတော့အရပ်မျက်နှာတွေကိုလဲ သေသေချာချာ မှတ်သွားဖို့လိုတယ် ကိုယ်က နေထွက်တာရိုက်မှာ နေရာယူတော့ အနောက်ဘက်ဆိုလဲအဆင်မပြေဘူးလေ . . . ဟုတ်ဘူးလား ဖုန်းနဲ့ဖြစ်ဖြစ် compass app တစ်ခုလောက်တော့ထည့်ထားသင့်တယ်ဗျ . . . ဖြစ်နိုင်ရင်တော့ ဖိုတိုရိုက်မယ့်နေရာကိုကြိုတင်သတ်မှတ်ပီးရင် အဲ့နေရာကို ၁နာရီလောက်ကြိုရောက်တာပိုကောင်းဗျ . . . အဲ့မှာ ရိုက်တဲ့အချိန်ရောက်ပီဆိုတာနဲ့ Shutter speed အမျိုးအမျိုး အပါချာအမျိုးမျိုးနဲ့ ရိုက်ကြည့်ပေတော့ဗျာ. . .

ဘာလို့အလင်းရောင်တွေမတူတဲ့အရောင်တွေကောင်းကင်မှာဖြစ်လာသလဲဆိုတော့ light scattering phenomenon ကြောင့်ပဲ လေထုထဲမှာရှိတဲ့ small practical လေးတွေက အလင်းဖြတ်သန်းလာတဲ့အချိန်မှာ မတူညီတဲ့ light travelling directions တွေကိုဖန်တီးတယ်အဲ့ လိုအလင်းက အဲ့ practical လေးတွေကိုဖြတ်ရတဲ့အချိန်မှာ အရောင်ထွက်လာတယ် အဓိကကတော့ ကောင်းကင်မှာကျွန်တော်တို့မြင်နိုင်တာ Blue နဲ့ Violet အဲ့အလင်းတွေက ပိုပို ပီးတော့ scattering ဖြစ်လာတော့ နောက်ဆုံးလုံးဝလင်းသွားတဲ့အချိန်မှာ ကျွန်တေ်ာတို့ အပြာရောင်ကောင်းကင်ကြီးကိုမြင်ရတဲ့အထိဆိုပါတော့ဗျာ. . .တခြားအနီတို့ အဝါတို့ လိမ္မော်တို့က Light scattering power နဲတော့ အဲ့လောက်ဆက်မမြင်ရတော့ဘူးပေါ့ဗျာ . . . ( အကယ်ရျ် အနီသာ light scattering power များခဲ့ရင် ကျွန်တေ်ာတို့ အနီရောင်ကောင်းကင်ကြီးနဲ့နေရမှာဗျ ) ကျွန်တော်တို့သိတဲ့အတိုင်းနေက အရှေ့ကထွက်တယ် အနောက်ကဝင်တယ်လေဗျာ. . ကျွန်တော်တို့မြင်ရတဲ့ Magic color တွေက ဘာလို့လဲဆိုရင် နေက ကျွန်တော်တို့ Horizontal တတန်းထဲဖြစ်သွားပီးတော့ ပိုမိုထူထပ်တဲ့ atmosphere ကိုဖြတ်သန်းလာရလို့ပဲ အဲ့တာကြောင့်အလင်းရောင်အမျိုး မျိုးကိုမြင်ရတာ. တိမ်တွေရှိနေပီဆိုရင်တော့ ကျွန်တော်တို့အတွက် Lucky day ပေါ့ဗျာ ဘာလို့လဲဆိုတော့ အလင်းရောင်ကွဲအမျိုးမျိုး ကို support ပေးမယ့်တိမ်တွေရှိနေပီမဟုတ်ပါလားဗျာ . . . ကျွန်တေ်ာတို့ Landscape တွေရိုက်ဖို့ လိုကိုလိုတာတွေက 😀 ND filter တွေ Graduate ကော solid ကောပါတယ်နော် . . . အဲ့လို ND grad ခံလိုက်တော့မှ ကောင်းကင်က exposure နဲ့ မြေပြင် exposure က မှန်မယ်မဟုတ်ပါလား 😀 ပီးတော့ အကယ်ရျ်လန့်မှာ focus to infinity မပါရင် manually focus လုပ်ပါ. . . နောက်တခုကတော့ ကင်မရာရှိတ်တာ shake ကိုရှောင်ရှားဖို့ ကေဘယ်ရီလစ် cable release သုံးပါဗျို့ . . . ပီးတော့ ဗျာ တော်တေ်ာများများက ရိုက်ရင် WB ကို auto ထားလိုက်တာများတယ် RAW နဲ့ရိုက်တာပဲနောက်မှပြန်ပြင်လို့ရတယ်ဘာညာပေါ့ဗျာ . . . ဒါပေမယ့် ကျွန်တော့်အတွေ့အကြုံအရတော့ WB ကို Daylight ထားတာပိုပီးပြင်လို့ကောင်းတယ်ခင်ဗျ. . . ဘာလို့တုန်းဆိုတော့ Daylight လုပ်ထားလိုက်ရင်ကင်မရာ က အရောင်တော်တေ်ာများများကိုလက်ခံထားလိုက်တယ်ခင်ဗျ shade တို့ ဘာတို့ထားမိရင် အဝါဘက်ပိုသွားတာမျိုးတို့ဘာတို့ရှိတယ်လေ AUTO ထားရင် တော့ အရောင်တော်တော်များများ LR မှာတောင်ပြန်ဆွဲထုတ်လို့မရအောင် ပိတ်ပစ်လိုက်တယ်ဗျို့ ပီးတေ့ာ ကျွန်တေ်ာရိုက်ရင် filter UV တို့ဘာတို့ကိုချွတ်ပစ်လိုက်တယ်. . .ပီးတော့ လန့်မှာပါတဲ့ IS system တွေကို ပိတ်ပစ်လိုက်တယ် ဘာလို့တုန်းဆိုတော့ ကျွန်တေ်ာက tripod ပေါ်မှာလဲတင်ထားသေးတယ် cable release လဲသုံးသေးတယ် အဲ့မှာကတည်းက Light ဝင်လာရာလမ်းကြောင်းက sensor ကိုတည့်နေပီပဲဗျ အဲ့တာကြောင့် IS ကိုပိတ်တယ် မဟုတ်ရင် တခါတလေ Blur ဖြစ်တာတွေရတက်တယ်ဗျ. . . ဘယ် sunrise ကိုရိုက်ရိုက် ဖြစ်နိုင်ရင် ISO ကို 100မှာပဲထားပါ. . . Mode အနေနဲ့ကတော့ ကလိရတာကြိုက်ရင် Manual နဲနဲ ကင်မရာကလဲကူဆို ရင် အပါချာက တော့ကိုယ်လိုသလို ကစား 😀 AV mode ပေါ့ဗျာ . . . အဲမေ့လို့ Metering mode ကလဲအရေးကြီးသဗျ ဖြစ်နိုင်ရင် center weighted သာထားကိုက အလင်းအများကြီးကို သိချင်တာမို့လား. . . ပီးတော့ ရိုက်ကြည့်ပေတော့ အကယ်ရျ် အပါချာလဲ ကစားထားတယ် ဒါတောင်နဲနဲလင်းနေသေးတယ်ဆိုရင် ကျွန်တေ်ာကစားနေကြ exposure ကို -1 -2 လုပ်ပီးဆော့ကြည့်ပေတော့ပေါ့ဗျာ . . . အဲ့လိုရိုက်ရင်းနဲ့ ကျွန်တော်ပြောတဲ့မှော်ဆန်တဲ့ကောင်းကင်တွေကိုဖမ်းယူနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ . . .

အားလုံးမင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ. . . LANDSCAPE ပုံအမိုက်စားကြီးတွေဖန်တီးနိုင်ကြပါစေခင်ဗျာ . . .

ဒီပုံလေးက နေဝင်ခါနီးအချိန် နေပြည်တော်ရေဆင်းဆည်မှာရိုက်ခဲ့တာပါခင်ဗျာ . . .

canon 600D
F7.1
ISO100
1/80sec
center weighted metering
18-55mm