If it makes you laugh,
if it makes you cry,
if it rips out your heart,
that’s a good picture.
အဲ့ဒီ့ Eddie Adams က အမေရိကန်လူမျိုးဖိုတိုဂရပ်ဖာတစ်ယောက်ဖြစ်ပီးတော့ သူက နိုင်ငံရေးသမားတွေ Celebrities တွေ နဲ့ စစ်ပွဲ ၁၃ ပွဲကို မှတ်တမ်းတင်ခဲ့တာနဲ့ပတ်သတ်ပီးနာမည်ကြီးကျော်ကြားတယ်။ ပီးတော့အမြင့်ဆုံး ဓာတ်ပုံသတင်းထောက်ဆု ( Pulitzer Prize ) ကို လဲ ၁၉၆၉ မှာရခဲ့တယ် ။
“Saigon Execution” လို့ခေါ်တဲ့ Adam ရဲ့ဆုရဓာတ်ပုံ
“There are no bad pictures; that’s just how your face looks sometimes.”
Abraham Lincoln
သူ့ကိုတော့ကျွန်တေ်ာအထူးတလည်မိတ်ဆက်စရာကိုမလိုပါဘူး အမေရိကားရဲ့ ၁၆ ယောက်မြောက် သမ္မတ အရှုံးများစွာထဲကလဲထခဲ့သူပေါ့ ။ သူ့ရဲ့ ဒီဆိုစကားလေးက ကျွန်တေ်ာ့အတွက်တော်တော်တန်ဖိုးရှိတယ်ဗျာ ။ တခါတလေ ကျွန်တေ်ာဖိုတိုရိုက်နေရင်းနဲ့ ငါ့မှာမှ ဟိုလန့်ကြီးမရှိတာ ဒီလန့်ကြီးမရှိတာ ဆိုပီး ဖြစ်လာတဲ့အချိန်မှာထွက်လာတဲ့ဖိုတိုတွေကိုကျွန်တော်သဘောမကျမိတော့ဘူး။အဲ့လိုအချိန်မှာ ဒီ quote လေးက တေ်ာ တော် စိတ်ဓာတ်ခွန်အားပေးတယ်လို့ပြောလို့ရတယ်ဗျာ ။
“Don’t pack up your camera until you’ve left the location.”
― Joe McNally
မင်းလက်ထဲမှာ ကင်မရာက အားလုံးဝမကုန်သရွေ့ မန်မိုရီကဒ်လဲ မပြည့်သရွေ့ ဆက်ရိုက်နေလို့ရတယ်လို့ဆိုလိုတာပါ။ ဥပမာကျွန်တေ်ာဆို ကင်မရာကိုလည်ပင်းမှာလွယ်ထားလိုက်တယ် မျက်စိထဲမှာ ရိုက်ချင်စရာတခုခုပေါ်လာရင် တန်းထိုးချိန်ပီးရိုက်ချပလိုက်တယ် 🙂 ။ Joe McNally ရဲ့စကားကကျွန်တေ်ာ့ကို သတိအမြဲပေးတယ် အချိန်မရွေး ရိုက်ကွက်ပေါ်လာနိုင်တယ်ဆိုတာကို။ အဲမေ့လို့ Joe McNally ဆိုတာက National Geographic Society မှာ ၁၉၈၇ ကတည်းက ဖိုတိုရိုက်ပေးတဲ့နေဲ့ အမေရိကန်လူမျိုးဖိုတိုဂရပ်ဖာကြီးဗျ ။ သူက portrait ကိုလဲ အရမ်းပိုင်နိုင်ပီး တစ်ပုံဆို တစ်ပုံ ရသမြောက်အောင်ဖန်တီးနိုင်တယ်ဗျ ။
Joe McNally ရဲ႕ ဖန္တီးမွဳ တခု
Elliott Erwitt ကပြောခဲ့ဘူးတယ် “To me, photography is an art of observation. It’s about finding something interesting in an ordinary place… I’ve found it has
little to do with the things you see and everything to do with the way
you see them.” .
ဒီစာလေးကိုဖတ်မိတော့ ကျွန်တေ်ာက ရိုက်တက်ခါစမို့လို့ စိတ်ထဲမှာငြင်းမိတယ် ဘာကိုသွားရိုက်ရမှာလဲလို့ အလင်းကလဲမကောင်း ဘာညာဘာညာနဲ့ပေါ့ ။ ဖြေးဖြေးချင်းနားလည်လာတဲ့အခါ ကျွန်တေ်ာ သူပြောချင်တာကိုသဘောပေါ့လာတယ်။ အမြင် ရှိဖို့ သူတိုက်တွန်းနေတာ ကွန်ပိုဇေးရှင်းတွေ လေ့ကျင့်ခိုင်းနေတာ perspective ကိုပိုပိုပီးနားလည်အောင်လုပ်ခိုင်းနေတာဆိုပီးတော့ ။ အခုထက်ထိသူပြောတဲ့စကားလေးကို သူငယ်ချင်းတွေ ကိုပြောမိတုန်းပဲ ။ Elliott က တကယ့်ကို professional advertising နဲ့ Documentary ဖိုတိုဂရပ်ဖာကြီးဗျ ။ သူရဲ့လက်ရာတွေနာမည်ကြီးတာက Black and white ဖိုတိုတွေဗျ သူက ဆက်တင်ထူးထူးခြားခြားတွေလုပ်ယူမနေတော့ပဲရှိတဲ့ဟာနဲ့အကောင်းဆုံးဖြစ်အောင်ရိုက်တက်တဲ့သူဗျ ။
Elliott ရဲ့လက်ရာတခု ။ Marilyn Monroe ရဲ့ပုံပါ ။ ဒီပုံလေးက အခုထိသမိုင်းတွင်နေလေရဲ့
“It’s about reacting to what you see, hopefully without
preconception. You can find pictures anywhere. It’s simply a matter of
noticing things and organising them. You just have to care about what’s
around you and have a concern with humanity and the human comedy.”
ဒါလေးလဲ Elliott ပြောခဲ့တာလေးပဲ ။ အရမ်းကိုတန်ဖိုးရှိပါတယ်။ ကျွန်တေ်ာ ဓာတ်ပုံပညာကို သင်တန်းတွေ ဆရာတွေဆီမှာ သင်ခဲ့ရတာမဟုတ်ပါဘူး ကျွန်တေ်ာ့ဟာကျွန်တော် စာအုပ်တွေ အင်တာနတ်တွေက ပဲ လေ့လာသင်ယူခဲ့ရတာမို့သူငယ်ချင်းတွေကို ဓာတ်ပုံရိုက်တဲ့သူဆိုတဲ့အဆင့်ကနေ ဓာတ်ပုံဖန်တီးသူဆိုတဲ့အဆင့်ကိုတက်နိုင်အောင် ကျွန်တော် ခွန်အားယူခဲ့ဘူးတဲ့ စာစုလေးတွေကို မှတ်မိသလောက်ပြန်ဖော်ပြတာပါ။
Anonymous – “If the work doesn’t speak for itself, I don’t care what the artist has to say.”
ဓာတ်ပုံက သူ့ဟာသူ ကျယ်ကျယ်လောင်လောင် ကျွန်တော်ကဘာပါလို့ပြောမနေသရွေ့ ကျွန်တော် အဲ့တာရဲ့ဖန်တီးသူ ဘယ်လိုတွေပြောပြော စိတ်ဝင်စားမှာမဟုတ်ပါ။
ဒီအမည်မသိ ပြောခဲ့တဲ့စကားလေးကို မြင်မိတော့သဘောကျမိတယ် ။ ဓာတ်ပုံကိုကြည့်လိုက်တာနဲ့ ရသ ကိုးပါးထဲက တခုခုမခံစားရဘူးဆိုရင် ဖန်တီးသူ ရေးထားတဲ့ စာကြွယ်တွေကို ကျွန်တော်ဆက်မကြည့်မိတာများတယ်။
“Life is a photograph, take your time to pause and enjoy it” – Felix Ireland
ကျွန်တေ်ာတို့ဓာတ်ပုံရိုက်တယ်ဆိုတာ တကယ်ကိုအချိန်ပေးရပါတယ် ။ အဆင့်ဆင့်ပါပဲ စပီး set up ကနေပီးတော့ နောက်ဆုံးရိုက်တဲ့အချိန်ထိ အချိန်တေ်ာတေ်ာပေးရပါတယ်။ တကယ်ရိုက်ပီဟေ့ဆိုရင်တချို့က စိတ်မရှည်ကြပါဘူး ပြန်မယ်တကဲကဲလုပ်ပါတော့တယ်။ ကျွန်တော်ပြောချင်တာက ခလုပ်နှိပ်ဖို့ အချိန်အများဆုံးယူပါ ။ သူက ဖက်ရှင်နဲ့ product ဖိုတိုဂရပ်ဖာပါ။ အိုင်ယာလန်လူမျိုးပါ ။
သူ့ရဲ ရင်သက်ရှု မောဖွယ် အလင်းအမှောင်ပေးပုံတချို့
“Which of my photographs is my favorite? The one I’m going to take tomorrow.”
Imogen Cunningham
Imogen Cunningham ကတော့ ရှင်းတယ်ပြတ်သားတယ် ဓာတ်ပုံဆရာတွေကို သတိပေးလက်တို့နေတဲ့ ဆိုစကားလေးတခုပါ မင်းရဲ့ဓာတ်ပုံဘယ်ပုံအကောင်းဆုံးလဲဆိုတော့ ကျွန်တေ်ာမနက်ဖြန်ထပ်ရိုက်မယ့်ဓာတ်ပုံတဲ့ ။ ဒီဓာတ်ပုံဆရာက အဖြူအမဲ still life တွေ ပန်းပုံတွေရိုက်ပီး တော့ တစ်ပုံဆိုတစ်ပုံဆိုသလောက် လှိုက် လှိုက်လဲလဲ ခံစားရအောင် ရသဖော်နိုင်ပါတယ်။ သူမလဲပဲ အမေရိကန်လူမျိုး ဖိုတိုဂရပ်ဖာဖြစ်ပီးတော့ သူ့ရဲ့အဓိကဖိုတိုဂရပ်ဖီတွေက botanical photography, nudes, and industrial landscapes တွေနဲ့ပတ်သတ်ပီးနာမည်ကြီးပါတယ်။
“Leaf Pattern” လို့ခေါ်တဲ့ သူမရိုက်ခဲ့တဲ့ဓာတ်ပုံလေး
မင်္ဂလာပါ ကျွန်တော် ကောင်းကောင်းပါ။ ကျွန်တေ်ာ ဒီ နုတ်လေးကိုရေးရတဲ့အဓိကရည်ရွယ်ချက်က ဓာတ်ပုံပညာကိုအခုမှစလေ့လာနေတဲ့သူတွေကို စိတ်ဓာတ်ခွန်အားပေးချင်တာပါပီးတော့လမ်းမပျောက်စေချင်တာပါ ။ ကမ္ဘာကြီးက အနုပညာတခုဆိုပါတော့အဲ့အနုပညာကို လူတွေဆီ ပို့ပေးနိုင်တာက ဓာတ်ပုံဆရာတွေပဲမဟုတ်လားဗျာ 🙂
ကျေးဇူးတင်ပါတယ်ခင်ဗျာ ( OSCAR PHOTOGRAPHY)
မင်္ဂလာပါ ကျွန်တော်ကောင်းကောင်းပါ ။