Light And Dark , Black and White , Highlight and Shadow ,
ဓာတ်ပုံ အနုပညာ လက်ရာတစ်ခုကို အပေါ်ယံဖတ်ရှုရင် အရောင်တွေကာလာအထားအသိုတွေဖွဲ့စည်းပုံတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ရုပ်သေပုံရိပ်တစ်ခုကို အမြင်အာရုံနဲ့ ပထမဆုံး ထိတွေ့သိမြင်ရပါလိမ့်မယ်။ အဲဒီ ရုပ်သေပုံရိပ်ထဲမှာ ပါဝင်တဲ့ စကားလုံးတွေကို ယေဘုယျသဘော အမျိုးအစား ခွဲကြည့်လိုက်ရင်တော့ အရပ်သုံး သာမန်ဓာတ်ပုံဆိုတာနဲ့ ဒီပုံလေးကဘယ်လိုရိုက်ခဲ့တာပါလိမ် အို ဒီကိုရင်လေးမျက်နာလေးက သူဘာကိုငေးနေတာလဲဆိုတာတွေပါလာတဲ့ အသွင်အပြင်ရော အနက်အဓိပ္ပာယ်ပါ ကွဲပြားခြားနားနေတဲ့ ဓာတ်ပုံအမျိုးအစား နှစ်မျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။
အရပ်သုံးဓာတ်ပုံဆိုတာကရှင်းပါတယ် နေ့စဉ်ရိုက်နေတဲ့ဆယ်ဖီလ်တွေ လုပ်ငန်းဆိုင်ရာဓာတ်ပုံတွေစသဖြင့်ပေါ့ ။ ဆိုလိုတာ လူအများ နေ့စဉ်လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ ပုံမှန် ရိုက်နေကြတာတွေကိုပြောတာပါ ။ ဘာကို ပြချင်လဲဆိုတာရှင်းပါတယ် ။ ဆယ်ဖီလ်ဆိုကိုယ်ကိုယ်ကိုယ်ပြချင်တာ လုပ်ငန်းဆိုင်ရာဆိုလဲရှင်းတယ် စက်ပစ္စည်းတွေ ရဲ့အခြေအနေ ဆောက်လုပ်ရေးဆိုလဲထို့နည်းလည်းကောင်းပေါ့။ဆိုလိုချင်တာကဗျာ အဓိပ္ပါယ် တခုပဲထွက်လေ့ရှိတာကိုပါ ဓာတ်ပုံကနေ ။
ကျွန်တေ်ာတို့ အဘိုးတွေခေတ်ပေါ့ ကျွန်တေ်ာ အဘိုးတို့ခေတ်ကပုံလေးတွေကိုပြန်ကြည့်မိတယ်အရမ်းကြိုက်တယ် ဆေးသားထူထူနဲ့ကူးထားတာလေးတွေ ပီးတော့ ဘေးဘောင်လေးတွေကို ပန်းကနုတ်လေးတွေဖြစ်အောင်ညှပ်ထားဖိထားတာလေးတွေ ဆေးသား ကူးထားတာလေးတွေ။ ဘာကင်မရာတွေသုံးခဲ့လဲမသိပေမယ့်အရမ်းမိုက်တယ်။ အလင်းအမှောင်အယူအဆတွေ ။ ဖလင်ဆေးဖလင်ကူးတာတွေအရမ်းမိုက်တယ်ဗျာ ။
အခုကကျွန်တေ်ာဘာလို့ ဒီ မိုနို (Mono) ဖိုတိုတွေက အရမ်းဆွဲဆောင်မူရှိသလဲ ဘာကြောင့်တခါတလေ Landscape တွေကိုတောင် Mono ပြောင်းသင့်လဲဆိုတာကိုအကြံပေးမို့ပါ။ B/Wရဲ့ဆွဲဆောင်မူလို့ပဲပြောမလား ရပါတယ် ။
Black-White Versatility (စွယ်စုံရ ဖြူမဲဓာတ်ပုံ)
BW ဖိုတိုတွေကို landscape ရိုက်ရာမှာပဲဖြစ်ဖြစ် Portrait ရိုက်ရာမှာပဲဖြစ်ဖြစ် still life ရိုက်ရာမှာပဲဖြစ်ဖြစ်သုံးကြပါတယ်။ Street photography ဆိုရင်တော့နာမည်ကြီးပေါ့ဗျာ။ Cityscape တွေရိုက်ရင်လဲဖြစ်တယ်။ Color Photography အတွက် lighting မကောင်းဘူးလု့ိ အော်နေရတဲ့အချိန်က BW အတွက်တော့ အေးဆေးလက်ပိုက်ပီးနေလို့ရတဲ့အနေအထားပါ။ ဘာလို့လဲဆိုတော့တိမ်တွေအရမ်းထူပီးမိုးတွေအုံ့နေရင် ကာလာဖိုတိုဂရပ်ဖီကပုံတွေကမကြွနိုင်တော့ပါဘူး ။ ဒါပေမယ့် BW မှာတော့ အသေမိုက်လာတယ်။
No Distractions ကြည့်သူကိုနှောက်ယှက်နေတဲ့ကာလာတွေမရှိတော့ဘူး
တခါတလေကျွန်တော်တို့ကမျက်စိထဲမှာမြင်တာနဲ့ ရိုက်လိုက်ပေမယ့် စိတ်ကူးထဲက လိုမြင်ကွင်းကရှင်းမနေဘူးလေ မျက်စိက အရောင်ထင်ရှားတာစူးရှတာတွေကိုအရင်မြင်တာမဟုတ်လား ကျွန်တေ်ာပြချင်တဲ့ အရာဝထ္တုက ကာလာအတောက်ကြီးမဟုတ်ရင်သွားပီ ။တခြားအရာတွေမြင်ပီးမှကျွန်တေ်ာတို့ပြတာကိုမြင်တော့မှာလေ။ ကျွန်တေ်ာတို့ ကာလာနဲ့ရိုက်ထားတာထက် BWနဲ့ရိုက်ထားတာဆို ရင် ကျွန်တော်တို့အာရုံက ကျွန်တေ်ာတို့ပြချင်တဲ့ subject ကို ပဲရွှေးပီးပြတော့မယ်။ အေးဆေးပဲပေါ့ ဓာတ်ပုံကသူ့ဟာသူရှင်းပြလိမ့်မယ်။
Subtlety of Tones သိမ်မွေ့နက်နဲ့တဲ့ ကာလာshades တွေ
ကျွန်တေ်ာတို့အခုခေတ်မှာ ကာလာဘယ်လောက်ထိပုံဖော်နိုင်တယ် ဘယ်လောက်ထိသိနိုင်တဲ့ sensor တွေ ဘယ်လောက်ကာလာတွေအထိ print ထုတ်နိုင်တဲ့ printer တွေ။ ပေါ်လာတယ် ဗျ ကျွန်တေ်ာဆို တခါတလေ Filter တွေအသုံးလွန်ပီး သဘာဝမကျနဲ့ ပုံတွေထွက်ထွက်လာတက်တယ်ဗျ။ ကျွန်တေ်ာတချိန်က BW ဆိုရင် ဖြူမည်းနှစ်ရောင်ထဲဗျာ ပုံဖော်ရတာခက်မှာပေါ့လို့ပြောခဲ့ဘူးတယ်ဒါပေမယ့်နောက်ကျတော့ အဲ့အဖြူမဲနှစ်ရောင်ကြားက shades တွေကို ပုံတစ်ပုံမှာခေါ်ထုတ်ရတာကျတော့အဲ့တာက လုံး၀ Challenge ဖြစ်သွားပီ။ အရမ်းမိုက်တယ်ဗျာ ။ Grey scale တွေအများကြီးပါအ ဖြူ ဆိုလုံးဝအဖြူလို့မသတ်မှတ်လိုက်ပါနဲ့ ။ အမဲဆိုလဲ လုံးဝအမဲမဟုတ်သေးတာတွေအများကြီးပါ။ အရမ်းမိုက်တဲ့ အနုပညာတခုပေါ့ဗျာ။
Strong Message
တခါတလေ BW ဖိုတိုတွေဖန်တီးလိုက်ရင် သူတို့က ကျွန်တော်တို့စကားပြောစရာမလိုပဲ အကုန်ပြောသွားတယ်ပီးတော့ ကျွန်တေ်ာတို့ပုံရဲ့ strong point ပေါ်မူတည်ပီးတော့ ပုံကအလိုလိုရှင်းပြတယ်ကြည့်တဲ့သူရဲ့ရင်ထဲကိုပါလိုက်ဝင်သွားတယ် ကြည့်သူကိုခံစားစေတယ် ။ တခါတလေ BW landscape ကြည့်ပီးရင်ထဲမှာလွမ်းသလိုလိုဆွေသလိုလိုဖြစ်လာဘူးလား ??? အဲ့တာကိုပြောတာပါ။ ဓာတ်ပုံတွေလဲစကားပြောပါတယ် ဒါပေမယ့်နားထောင်တက်ဖို့တော့လိုမယ်။
Black and white photos have a classy and exquisite feel about them. They have an aesthetic, artistic look that is hard to produce in color. They definitely look timeless!
It’ll help you take better photos ဖြူမဲတွေရိုက်ရင်းက သင့်ပုံတွေပိုကောင်းလာနိုင်ယ်
သင်ကာလာနဲ့ရိုက်နေတုန်းကတော့သင်ကအကုန်စဉ်းစားတယ်ဗျာ သစ်ပင်စိမ်းစိမ်းကြီးကိုညာဘက်ထောင့်မှာထား ကောင်မလေးထီးအနီနဲ့ ကိုလမ်းလျှောက်လာတာရိုက် ဘေးကကောင်းကင်အလွတ်အပြာကြီးမှာတိမ်ဖြူ ဖြူတွေနဲ့ အဲ့တာတွေသင်စဉ်းစားရတယ်မဟုတ်လား။ ဒါပေမယ့်သင့်ကင်မရာကို Mono မှာထားပီးရီုက်တဲ့အချိန်မှာတော့ သင့် ဟာအဲ့လို့မျိုး ကာလာတွေနေရာချနေတာထက် သင်ဟာ သင့်ပုံဖွဲ့စည်းတည်ဆောက်ပုံကို ပိုပီးအာရုံစိုက်လာ နိုင်တော့မယ် လေ ။ အလင်းအမှောင်တွေကလဲ ပိုပီးကြွတက်လာမယ်။ ကျွန်တော်ထင်တာတော့ BW ရိုက်ချင်းအားဖြင့် composition လက်တက်လာနိုင်တယ်ဆိုတာပါ ။
မင်္ဂလာပါ ကျွန်တေ်ာကောင်းကောင်းပါ ။