ကျွန်တော်နှင့် Photographic Triangle
မင်္ဂလာပါ
ကျွန်တေ်ာတို့ နည်းပည်ခေတ်ကြီးမှာ အခုဆိုရင်ကင်မရာတွေက နည်းပညာအရလဲလူတွေကိုပိုပိုပီး မှီခိုလာစေပါတယ်။ ကင်မရာပဲဖြစ်ဖြစ်ဖလင်ပဲဖြစ်ဖြစ် သင်သာခလုတ်နှိပ်လိုက်ပါ ကျန်တာကင်မရာရဲ့တာဝန်သာထားသဘောမျိုးတွေလဲတွေ့လာရပါတယ်။ သဘောက ဓာတ်ပုံရိုက်တဲ့သူတော်တော်များများက ချိန်လိုက် ပီး ရင်နှိပ်လိုက်ပဲဖြစ်လာတော့တာပေါ့ ။ အဲ့တာဆိုကင်မရာကဆုံးဖြတ်ဖန်တီးပေးတာဖြစ်သွားပီ လူကချိန်ပေးတာ compose လုပ်ပေးတာပဲရှိတော့မပေါ့ ။ ကျွန်တေ်ာအခုပြောပြချင်တာက ကင်မရာကြီးကိုမှီခိုနေမယ့်အစားကင်မရာဘယ်လိုအလုပ်လုပ်လဲဆိုတာကိုလေ့လာပီး ကိုယ်ပိုင် exposure ဖန်တီးမူတွေလုပ်ဖို့ပါ။
ကင်မရာကအကုန်လုပ်ပေးတာ လွယ်လွယ်ပြောရင် Program Mode ပေါ့ဗျာ အဲ့တာကရိုက်စအတွက်တော့ကောင်းလိမ့်မယ်ဒါပေမယ့် ရိုက်သားကျလာတာနဲ့ သင့်ရဲ့ စိတ်ကို ကစိတ်တိုင်းမကျဖြစ်လာပါမယ်။ အဲ့ မှာ The Photographic Triangle ကိုနားလည်ဖို့လိုလာတာပေါ့ဗျာ ။ Shutter ရယ် ISO ရယ် aperture တို့ရဲ့ ဆက်သွယ်ချက်လေးတွေပေါ့ဗျာ ။
ကင်မရာကိုဘယ်လို Manual exposure ထားမလဲ ဆိုတဲ့မေးခွန်းကြီးကဝုန်းကနဲပေါ်လာရောပေါ့ ဘယ်လိုထားမလဲဆိုတော့အလွယ်နည်းနဲ့ပြောရရင် ကင်မရာရဲ့အပေါ်မှာ Dial လေးပါတယ်အဝိုင်းလေး ပေါ့ဗျာ အဲ့မှာ Manufacture ပေါ်မူတည်ပီးတော့
အပေါ်မှာပါတဲ့သင်္ကေတလေးတွေကွာတယ်ခင်ဗျ ထားပါ M ကိုရှာပီး Manual ကိုသွားပါ။ ပီးရင် အိမ်ထဲမှာရှိတဲ့ တွေ့သမျှအရာတခုကိုထိုးချိန်ပါပီးရင် ISO ကို ၁၀၀ -၈၀၀ အတွင်းတခုခုထား ပီးရင် f ကို 5,6 မှာထား ပီးရင် ရှက်တာစပိကိုချိန် ကင်မရာထဲမှာပါတဲ့ exposure မီတာလေး ကို view finder လေးကကြည့် correct exposure လို့ပေါ်တဲကအထိပေါ့ပီးရင်ခလုတ်နှိပ်လိုက် ဒါဆို သင်ကိုတိုင် manual exposure ကိုချိန်လိုက်တာပဲပေါ့ အဲ့လောက်ကိုလွယ်ပါတယ် တကယ်ဘယ်လိုတွေ create လုပ်မလဲပဲ ခေါင်းစားတာ ။
Operating in manual exposure mode is empowering, so make a note of this memorable day!!!

The Photographic Triangle( ISO ရယ် aperture ရယ် shutter speed တို့ရဲ့ဆက်နွယ်ပုံ )
ကျွန်တေ်ာ အပေါ်ကလိုပြောထားလို့ F5.6 မှာပဲအသေထားရမယ်ဆိုတာမဟုတ်ဘူးနော်
ဆိုလိုတာက အလင်းနဲနဲနည်းနေတဲ့အချိန်ဆို aperture ကိုကျယ်ကျယ်ဖွင့်လို့ဆိုလိုတာ အရမ်းလမ်းရင်တော့ နဲနဲကျဉ်းလိုက်ကျယ်လိုက်ဆော့ကြည့်ရမှာပေါ့ဗျာ။ View finder ထဲမှာ correct exposure လို့ဖော်ပြတဲ့အထိပေါ့ဗျာ ။
A correct exposure is a simple combination of three important factors: aperture, shutter speed, and ISO . ဟိုးဖိုတိုတွေစရိုက်တဲ့ဖလင်ခေတ်ကတည်းက ဒီဟာတွေကလုံး ဝအခရာတွေပဲ ဖိုတိုတခုရဲ့ correct exposure မှာ ။ အခုကျွန်တော်တို့ က IT ခေတ်ကြီးထဲရောက်ပီဆိုတော့ Photographic Triangle လို့ပဲခေါ်ပါရစေဗျာ ။
သင် manual mode မှာ ကင်မရာပေါ်က wheel လေးကိုလှည့်လိုက်ရင် view finder ထဲမှာ နံပါလေးတွေပြောင်းသွားပီး exposure မီတာလေး ကတက်လာလိုက်ကျသွားလိုက်ဖြစ်တာမြင်ရမှာပါ ။ သင်တွေ့ရတဲ့နံပါတ်တွေ 1.4 / 1.8 /4 /5.6 /8 / 11 /16 /22 စတဲ့နံပါတ်တွေက F value (aperture value တွေပါ )
ဒီမှာတခုမှတ်ရမှာက aperture ကျယ်ကျယ်ဖွင့်လေလေ နံပါတ်သေးလေလေဆိုတာကိုပါ ။ Aperture နဲ့ DOF (depth of field ) ကိုနောက်မှသေသေချာချာရှင်းပြမယ်ဗျာ ကျွန်တော်အခုပြောနေတဲ့တြိဂံလေး လမ်းလွဲသွားမှာစိုးလို့။

ကဲစမယ်
Aperture (အလင်းတံခါး)
တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာက သူ့ရဲ့အလုပ်လုပ်ပုံက ကျွန်တေ်ာတို့ မျက်လုံးတွေနဲ့တူတာပါပဲဗျာ ။ အကယ်ရျ်ကျွန်တေ်ာတို့က အရမ်းလင်းတဲ့အလင်းကြီးတွေကိုကြည့်မယ်ဆိုကျွန်တော်တို့ကမျက်လုံးကိုမှေး ပီးရင်သူငယ်အိမ်က သေးသေးလေးဖြစ်ပီးမှကြည့်လို့ရတယ်လေဗျာ အဲ့သဘောတရားအတိုင်း သူအလုပ်လုပ်တယ်။ ပီးတော့ ကျွန်တော်တို့က F ကို aperture ကိုကစားတိုင်း နံပါတ်တခု ဆင်းတာဖြစ်စေ တက်တာဖြစ်စေ လန့်ထဲကိုဝင်ရောက်နေတဲ့လက်ရှိ အလင်းရဲ့ ထက်ဝက်ကိုပဲပေးဝင်တော့တယ်ခင်ဗျ။ ဥပမာဗျာ F4 ကနေ F5.6 ကိုပြောင်းလိုက်ရင် lens ကို F4 မှာရနေတဲ့အလင်းရဲ့ ထက်ဝက် ပဲဝင်တော့တယ်ဗျာ ။ အကယ်ရျ် F11 ကနေ F8 ကိုပြောင်းရင်တော့ အလင်းက နှစ်ဆဝင်တယ်ခင်ဗျ ။ အဲ့ဒီ halving ဒါမှမဟုတ် doubling ဖြစ်နေတဲ့အလင်းတွေကို FULL STOP လို့ခေါ်တယ်ခင်ဗျ။ ဒါကအရမ်းအရေးကြီးပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ခေတ်ကင်မရာတွေမှာ Stop တွေကို one third stop တွေအဖြစ် သတ်မှတ်လို့ရလာလို့ပါ ။ အခုဆိုရင် F4 , F4.5 , F5 , F5.6 ,F6.3 ,F7.1, F8,F9,F10,F11 etc (ပျင်းတယ်ဆက်ရေးတော့ဘူးများကြီးကျန်သေးတယ်)အ့လိုတွေထိဖြစ်လာတယ်ဗျာ ။
F4 တို့ F5.6 တို့လိုမျိုး ဘိုးအေ F point တွေကို original Fstop လို့ခေါ်ပီး နံံပါတ်အသစ်တွေဖြစ်တဲ့ F4.5 တို့ F5 တို့ကတော့ one-third တွေပေါ့ဗျာ ။

ကဲ အခုဒုတိယမင်းသားအလှည်ရောက်ပီ

Shutter Speed
Shutter speed အကြောင်းပြောမယ်ဆို ရင်တော့ ကင်မရာမော်ဒယ်ကိုလဲ ထည့်ပြောရတော့မယ် ဘာလို့လဲဆိုတော့ ကင်မရာ Manufacture ပေါ်မူတည်ပီးတော့ ဘယ်လောက် အမြန်ဆုံး ရှက်တာအလုပ်လုပ်ပေးနိုင်တယ်ဆိုတာကွဲသွားပါတယ်။ entry / semi pro / PRO ဆိုပီးကင်မရာဘော်ဒီတွေမှာအကြမ်းအဖြင်းအားဖြင့်ရှိပါတယ်။ မော်ဒယ်မြင့်တွေမှာ အမြန်ဆုံး 1/8000sec ကနေ အနှေးဆုံး 30 second ထိ ချလို့ရလာပါတယ်။ ရှတ်တာစပိကဘာကိုအဓိကလုပ်လဲဆိုတော့ သူက Lens aperture ကိုဖြတ်သန်းလာတဲ့အလင်းပမာဏဘယ်လောက်ကြာကြာ sensor ကိုပေးထိမယ်ဆိုတာကိုဆုံးဖြတ်ပေးတာပါ။ ကဲ View finder ထဲမှာပေါ်နေတဲ့ နံပါလေးတွေအကြောင်းပြောပြမယ်။ အထဲမှာ ၅၀၀လို့ပေါ်နေတယ်ဆိုပါတော့ဗျာ အဲ့တာဟာ friction တခုပဲ ၅၀၀ represent 1/500sec လေ။ ၅၀၀ကနေ ၂၅၀ ကိုပြောင်းလိုက်ဦးအဲ့တာလဲ 1/250sec ပဲလေ။ 1/125, 1/60, 1/30, 1/15, and so on။ ဒီလို1/30sec ကနေ 1/60sec ကိုပြောင်းတာဆိုတရင်ဆန်ဆာပေါ်အလင်း ခဏပဲရောက်စေတာ ပီးတော့ 1/60sec ကနေ 1/30sec ကိုပြောင်းတယ်ဆိုရင် ( ဆန်ဆာပေါ်အလင်းကြာကြာရောက်စေတာအဲ့လိုနံပါတ်ပြောင်းတာကို Full Stop shifting လို့ခေါ်တယ်။ ဒီအချက်ကလဲအရေးကြီးပြန်တာပဲဘာလို့လဲဆိုတော့ အခုခေတ်ကင်မရာတွေက One-third ထိ ချလို့ရလာတာကိုး speed to one-third stops: 1/500s, 1/400s, 1/320s, 1/250s, 1/200s, 1/160s, 1/125s, 1/100s, 1/80s, 1/60s, and so on. Camera manufacture တွေရဲ့ ကြိုးစားအားထုတ်မူ ဒီလို one third stop တွေ ဖန်တီးလာမူတွေဟာကျွန်တေ်ာတို့အတွက် perfect exposure ရဖိုပိုပိုဖန်တီးပေးလာတာတွေဖြစ်တယ်ဗျ။ ဒါပေမယ်သင်သတိထားမိလာမှာက သင်ဓာတ်ပုံရိုက်တာကြာလာလေလေသင် creation တွေလုပ်ချင်လေလေ perfect exposure ကို မေ့လာလေလေဖြစ်မယ်ဗျ ။

ကဲနောက်ဆုံးကျွန်တော်တို့ကင်မရာတွေရဲ့မင်းသားကြီးက
ISO

ISO သင်ပမဏဘယ်လောက်ကိုရွှေးထားတာပေါ်မူတည်ပီးတော့သင့်ရဲ့ shutter speed နဲ့ aperture ကိုတိုက်ရိုက်သက်ရောက်ပါတယ် (ဒါကြောင် ကြိဂံလိုပြောတာ)
အင်း ISO နဲလေပုံက ညက်လေပဲ ISO များလေ ဗြုတ်ထလေပဲ ။ အလွယ် ရှင်းပြရရင် ဘာနဲ့တူလဲဆိုတော့ လုပ်သားပျားလေးတွေလို့သတ်မှတ်လိုက်ဗျာ ။ ကျွန်တေ်ာက ISO 100 ထားရင် လုပ်သားပျားလေးတွေ၁၀၀ ရှိမယ်ဗျာ ISO 200 ထားရင် 200 ရှိမယ်ဗျာ အဲ့ပျားလေးတွေတာဝန်က lens ကိုဖြတ်ပီးဝင်လာတဲ့အလင်းတွေကိုစုပီးပုံဖော်ပေးဖို့။
ကဲစမ်းသပ်ချက်လေးတခုလုပ်ရအောင်ဗျာ ကျွန်တော်တို့နှစ်ယောက်ရှိမယ်ဗျာ ကင်မရာတစ်လုံးဆီနဲ့ aperture value တူတူပဲကို ထားပါတော့ F5.6 ကျွန်တော်က ISO 100 (လုပ်သားပျား100) သင်က ISO200 (လုပ်သားပျား200) ဘယ်သူဖိုတိုဖန်တီးတာအရင်ပီးမလဲ ??? သေချာပါတယ် လုပ်သားပျားများတဲ့ သူကအရင်ပီးမှာပေါ့ဟုတ်ဘူးလား ။ အဲ့တာ ISO အလုပ်လုပ်တဲ့ပုံပဲ ။ In very basic terms, ISO is the level of sensitivity of your camera to available light. The lower the ISO number, the less sensitive it is to the light, while a higher ISO number increases the sensitivity of your camera.
ISO 100 မှာတုန်း က လုပ်သားပျား၁၀၀ ဖိနှိပ်ထားတဲအလင်းတွေကို hard-pressed လုပ်ထားတယ်ပေါ့ အဲ့တော့ noise ကမြင်ရခဲတယ် ။ အကယ်ရျ် ISO 3200လောက်ကိုတင်လိုက်ပီဆိုရင်တော့ သိသိသာသာမြင်ရတော့မယ် noise တွေကို ။

ကျွန်တော်နားဦးမယ်ဗျာ ခါးတွေလဲညောင်းလှပီ grin emoticon

မင်္ဂလာပါကျွန်တေ်ာကောင်းကောင်း ပါ ။