မင်္ဂလာပါ ကျွန်တော်ကောင်းကောင်းပါ။
ကျွန်တော်တို့ ရဲ့ sportဆရာသမားတွေ wildlife သမားတွေမျှော်နေကြတဲ့ mirrorless crop frame cameraတွေကို Canon က မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီတခေါက်က နဲနဲကြမ်းတယ်ပြောရမယ် entry level mirrorless တွေထဲမှာ အဲ့လောက် spec ကြမ်းတာ canon ထဲမှာမတွေ့ရသေးဘူး။ မိတ်ဆက်လာပြန်တော့လဲ R7 နဲ R10 ဆိုပြီးမိတ်ဆက်လာတာ။ ကျွန်တော်တို့ အရင်က ဂဏန်း သုံးလုံးနဲ့နှစ်လုံးကင်မရာတွေ( 700D တို့ 70D တို့လိုမျိုး) တွေကိုတဖြည်းဖြည်း အစားထိုးသွားဖို့လုပ်တာမျိုးပါ။
ကျွန်တော်တို့ R10 အကြောင်းအရင်စပြောရအောင် ထွက်လာတာ R10 နဲ့ R7 ဆိုပေမယ့် R7 နဲနဲပိုမြင့်ပြီးအကိုကြီးလိုဖြစ်နေတာမို့ အငယ်R10 နဲ့စလိုက်ရအောင်။
Canon ကတော့ announce လုပ်ထားတာက ဒီတခေါက် sensor ကအရင်တကြိမ်တခါမှမသုံးဖူးသေးတဲ့နည်းပညာသစ်လို့လဲကြေငြာထားတယ်။ ဒါပေမယ့် Canon ကတခါတခါထုတ်ပြလိုက်တိုင်း industry leading technology တွေပါလာတက်တာတော့အမှန်ပါ။ အခု R10 မှာသုံးထားတာက 24MP APS-C CMOS sensor ကိုမှ R5 တို့ R6 တို့မှာပါတဲ့ နည်းပညာဖြစ်တဲ့ Dual Pixel Auto focus စနစ်ပါဝင်ပြီးဖြစ်ပါမယ်။
Shutter အနေနဲ့ဆိုရင် 23fps (တစ်စက္ကန့်ကို ၂၃ပုံ) နဲ့ mechanical shutter နဲ့ဆိုရင် 15fps ရမှာမို့ sport သမားတွေ wildlife photography သမားတွေ အကြိုက်ဖြစ်လာနိုင်ပါတယ်။ R5 နဲ့ R6 တုန်းက animal eye detection system ကလဲ အချဉ်မဟုတ်ခဲ့ဘူးလေ။ နောက်ပြီး Video အတွက်ဆိုရင်လဲ Oversampled 4K ဆိုရင် 30p (6Kနဲ့ရိုက်ပြီးပြန်ထုတ်ပေးတာ) နဲ့ Crop factor နဲ့ဆိုရင် 4K/60p ထိ ရိုက်နိုင်ဦးမှာပါ။ နောက်ပြီးရိုက်ကူးရာမှာလဲ True PQ HDR video တွေကို 10bit (10 bit သည်အချဉ်မဟုတ်) နဲ့ရိုက်နိုင်ဦးမှာပါ။ PQ HDR ဆိုတာကကျွန်တော်တို့ ဗီဒီယိုတွေရိုက်ကူးယူတဲ့အချိန်မှာ မှာ Dynamic Range ပိုမိုကောင်းမွန်စွာရိုက်ကူးနိုင်မှာဖြစ်ပြီး TV တွေ HDR Display ပါတဲ့ screen မှာ ကြည့်ရင်ပိုမိုကောင်းမွန်တာကိုသိစေနိုင်မှာပါ။ ဘာထူးခြားလဲဆိုတော့ ပိုပြီး realistic color တွေပိုပြီးမြင်ရမှာပါ။
နောက်ပြီးတော့ view finder ထဲမှာလဲ 2.36M Dot လေးတွေပါတဲ့ Viewfinder ပါဝင်ပါသေးတယ်။ ကျွန်တော်တို့ အကြိုက် Fully-articulating screen ကလဲ 1.04M dot နဲ့မို့ preview ကြည့်ချိန်မှာ ပုံရိပ်ပြတ်သားမှု ကစိတ်ပူစရာမလိုတော့ပါဘူး။ ဒါပေမယ့် အားမရတာက SD card slot က UHS-II တစ်ခုပဲပါတာပါ။ ကျွန်တော်တို့ entry level ကင်မရာလေးတွေ ထုံးစံအတိုင်း pop up flashလေးကလဲပါပါသေးတယ်။
ဈေးကွက်ထဲမှာသူနဲ့ပြိုင်ဘက်ဘာတွေရှိလဲ
ဈေးကွက်ထဲမှာ Sony a6400 တို့ Fuji X-S10 တို့တို့လို ပြိုင်ဘက်တွေရှိပါတယ်။ ပြိုင်ဘက်တွေထက် R10 ရဲ့အားသာချက်က ဘာတွေဖြစ်မလဲ ဆိုတော့….
Frame rate
R10 က အပေါ်မှာပြောခဲ့သလိုပဲ Max fps က e-shutter မှာဆိုရင် 23fps ပါ ကျန်တဲ့ပြိုင်ဘက်တွေဖြစ်တဲ့ Sony a6400 က အမြင့်ဆုံး 11fps ပဲရနိုင်တာဖြစ်ပြီးတော့ Fuji X-S10 ကတော့ 20fps ရတာမို့ R10 ကမြင့်တယ်ပြော ရမှာပါ။
Screen
Fully articulating screen က R10နဲ့ Fuji X-S10 မှာ 1.04M dot ဖြစ်ပြီးလက်ရည်တူဖြစ်ပါတယ်။ a6400 ကတော့ 0.9M dot နဲ့ အပေါ်အောက်လှန်တာပဲလုပ်လို့ရတာဖြစ်ပါတယ်၊
Video
ဗီဒီယိုကတော့ 4K/30p full with oversample ကိုတော့ R10 ရော Sony(ခရော့မှ30pရ မခရော့ရင် 24pပဲရ) ရော Fuji ရော ရနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် 4K/60p ကို 1.56x crop factor နဲ့ R10 ကထုတ်ပေးနိုင်တာဖြစ်လို့ FPS များများရိုက်ချင်တဲ့သူတွေကြိုက်ကြဦးမှာ လက်ခတ်မလွဲပါပဲ။နောက်ပြီး HDR PQ ကလဲပါသေးတော့ Dynamic range ကလဲရှယ်ပဲပေါ့ R10 က။
Body layout
ကျွန်တော်ခဏခဏပြောခဲ့သလိုပါပဲ Canon ရဲ့ gripping ကအရမ်းကို သိသာပါတယ်၊ တခြားတံဆိပ်တွေမရနိုင်တဲ့ gripping ကိုအခု R series တွေထွက်တဲ့အထိကို ထိန်းသိမ်းပေးထားတုန်းပါပဲ။ နောက်တခုက ကျွန်တော်တို့ SD ကဒ်ကို ဟိုးအရင် 1500D တို့ဘာတို့လို Battery ဘေးကနေထည့်ရတာပါ။ အဲ့တာကြောင့်လဲ SD cars slot က UHS-II တစ်ခုပဲဖြစ်ရတာပါ။ နောက်ပြီးကျွန်တော်လက်ရှိသုံးဖြစ်နေတဲ့ EOS M ရဲ့ Battery နဲ့တူတူပဲဖြစ်တဲ့ LP-E17 သုံးထားတာမို့ EOS M သုံးနေတဲ့သူတွေကတော့ ကွက်တိပါပဲ။
အားသာချက်တွေပြီးတော့ အားနဲချက်တွေပြောကြရအောင်။
Fuji X-S10 တောင် image stabilization ပါနေတဲ့အချိန်မှာ(ပါတော့ ဓာတ်ပုံရိုက်ရိုက် ဗီဒီယိုရိုက်ရိုက်ပိုပြီးအဆင်ပြေတယ်လေ) R10မှာ IS မပါလာဘူး ဒါကိုတော့သဘောမကျဘူး။ IS အကြောင်းပိုသိချင်ရင် ကျွန်တော်ရေးခဲ့ဘူးတဲ့ IS Post https://bit.ly/3POtwab ဒီမှာဖတ်လို့ရပါတယ်၊၊ နောက်ပြီး Mic အပေါက်ပါပေမယ့် Head phone အပေါက်မပါပြန်ဘူး ဒီလောက် 4K/60P ရနေမှာတော့ ဝယ်တဲ့သူတွေက Video shooting setup မှာသုံးချင်မှာပဲလေ။
တကယ်တမ်း Spec တွေကြည့်ပြီးပြောနေကြတာထက် တကယ့်လက်တွေ့မှာ ကင်မရာတွေရဲ့ AF စနစ်တွေ တကယ်ရိုက်ကူးနေချိန်မှာ တကယ်စကားပြောကြပါတယ်။ နောက်ပြီး အခု R10 ဈေးတန်းထဲမှာဆိုပိုသိသာတာပေါ့။ နောက်ပြီ RF mount စနစ်က နောက်ဆိုရင် canon က သူ့ရဲ့ Lens production ကို RF ဘက်ကိုအားစိုက်တော့မှာမို့ RF lens တွေဝယ် ထားရင်မမှားတော့ပါဘူး။ နောက်ပြီး Canon ရဲ့ ရိုးရှင်းတဲ့ interface ကလဲ အားသာချက်တွေထဲမှာပါဘာဦးမှာပါ။ အခုကြည့်ရတာက RF lens series တွေထဲမှာ Canon က ဈေးသက်သာတဲ့ RF lens တွေထပ်ထုတ်လာဦးမယ်ဆိုတာပါပဲ။ နောက်ပြီး R10 ကကျွန်တော်တို့ Digit ၃လုံး series တွေရဲ့ အစားထိုး ဖြစ်လာမှာလဲမလွဲသေချာနေဖြစ်ပါတယ်။
မင်္ဂလာပါ ကျွန်တော်ကောင်းကောင်းပါ။
hello