Landscape ရိုက်တော့မယ်ဆိုရင်တကယ်လိုတာဘာလဲ
ကင်မရာကို ကိုင်ပီးအပြင်ထွက်ပါပီတဲ့ ပစ္စည်းတွေအပြည့်ပဲထည့်ကင်မရာအိတ်ထဲကို ပီးရင်ရယ်ဒီလို့လူတွေကထင်တက်ကြတယ် တကယ်ကအဲ့လိုမဟုတ်ဘူး ဗျ။ ကင်မရာအိတ်ထဲကို ပစ္စည်းတွေအပြည့်ထည့်နေသလို လူရဲ့အတွေးထဲကိုလဲ ဖန်တီးချင်စိတ်အပြည့်ထည့်ထားဖို့လိုတယ်ဗျ။ ကင်မရာကို eye level ပဲထားရမယ်တို့ လူ့တစ်ရပ်ကျော်ပီးထားရမယ်တို့မရှိတော့ဘူး ။ တခုခုကို ဖန်တီးပြလိုက်ချင်စိတ် ကိုယ့်စိတ်မှာ ဒီနေရာလေးက သာယာတယ်ဆိုရင် ဘယ်လိုသာယာတယ်ဆိုတာကြည့်သူပါခံစားသွားရအောင်လေးလုပ်သင့်တယ်ဗျ။ အဲ့လိုဖန်တီးချင်စိတ်လေးယူသွားရင် ပုံတွေက ကိုယ့်အတွေးနဲ့ ကိုယ်ဖန်တီးတဲ့ ကိုယ်ပိုင်အတွေးလေးတွေပုံလေးတွေဖြစ်လာမယ်ဗျ။ လူတိုင်းရိုက်တဲ့နေရာတခုကို သွားမယ်ဆိုရှေ့လူတွေဘယ်လိုရိုက်သွားတယ်ဆိုတာကြည့်လို့ရပါတယ် ဒါပေမယ့် သူရိုက်သလိုကိုယ်လိုက်ရိုက်ဆိုတာတွေတော့မဖြစ်သင့်ဘူးဗျ။ ကိုယ်ခံစားရတာအလွမ်းအဆွေး ဒါမှဟုတ်ကိုယ်ရောက်ခဲ့တဲ့ပတ်ဝန်းကျင်ရဲ့ ဆန်းကျယ်မုှ့တွေကိုဖော်ပြဖို့လိုမယ်လေ ကိုယ်ရိုက်ခဲ့တဲ့ပုံက။
နေရာတခုကိုရောက်ရင် အခြေအနေမကောင်းဘူးဆိုလှည့်မပြန်ပါနဲ့
နေရာတခုကိုရောက်ရင် မိုးရွာလို့နေပူလို့စတာတွေပြောပီးတော့နေရာပြောင်းဖို့မပြင်ပါနဲ့ ။ ကိုယ်တကယ်ရိုက်မယ်ဆိုရိုက်ဖြစ်အောင်ရိုက်ပါ။ ကျွန်တော်ဓာတ်ပုံသွားရိုက်ရင်ခေါင်းမာတယ်ဘာညာအပြောခံရတယ် တကယ်က ခေါင်းမာတာမဟုတ်ဘူး ဒီနေရာက နေဝင်ခါနီးရင်လှလာမှာဆိုပီးစောင့်နေတာ။ တခါက အင်းယားကန်ဘောင်မှာမိုးတွင်းကြီး နေဝင်တာကိုသွားရိုက်ဖူးတယ် မိုးတွေကလဲ သဲသဲမဲမဲရွာတော့ အတူပါလာတဲ့ ဓာတ်ပုံဆရာ တစ်ယောက် က ပြန်ချင်တယ် ကျွန်တော်ကပြောတယ် ပြန်စရာမလိုဘူး စောင့်မယ်လို့ တကယ်လဲ မိုးတိတ်သွားရော အရမ်းလှတဲ့ ဆန်းဆက်တခုကို မြင်ရတော့တာပဲ ။ အမှတ်တရပါပဲ ။ အဲ့တာကြောင့် ကိုယ်ဓာတ်ပုံရိုက်ဖို့နေရာတခုကိုရောက်ပီးရင် စောင့်ပါ လှလာတဲ့အထိစောင့်ပါ ပုံကောင်းတွေရပါလိမ့်မယ်။
အလင်းသည်သာအဓိက
ဘယ်ဓာတ်ပုံအမျိုးအစားရိုက်ရိုက် Outdoor မှာရိုက်တယ်ဆိုရင်အလင်းက အခရာပါ။ Landscape ဆိုပိုပီးသိသာတယ်။ Landscape မှာနေပူမိုးရွာရှောင်လို့မရဘူးလေ ကိုယ်ရိုက်မယ့်နေရာမှာ ကိုယ်လိုချင်တဲ့အလင်းရောင်လာတဲ့အထိကိုစောင့်နေရသေးတယ်ပီးမှ ခလုပ်နှိပ်ရတာမို့လား ။တကယ့် ဆရာတွေဆိုရင် မိုးမလင်းခင်ကတည်းက ထရိုင်ပေါ့တွေသေသေချာချာဆင်ပီး နေထွက်စောင့်ရိုက်တာတွေ နေဝင် စောင့်ရိုက်တာတွေရှိတယ် သူတို့စောင့်ရိုက်ကြတယ်ဘာလို့လဲဆိုတော့ အလင်းရဲ့အကောင်းဆုံးအချိန်ကိုစောင့်ချင်ကြတာမို့ပါပဲ။ ပုဂံဘုရားနေဝင်ချိန်ဆိုရင် ဘုရားပေါ်မှာမှာ နိုင်ငံခြားသားဓာတ်ဆရာတွေ ထိုင်စောင့်နေတာတွေ့ဘူးမှာပေါ့ဗျာ။
Use the Foreground
ဘယ်တော့မဆို ရှေ့ Foreground ကို မေ့မထားနဲ့ဗျ Foreground မှာရှိတဲ့ အရာဝထ္ထုတခုခုကို မေ့မထားနဲ့ဗျ ထည့်ရိုက်ဗျ ပန်းလေးဆိုလဲပန်းလေး ကျောက်တုံးဆိုလဲကျောက်တုံး တခုခုပေါ့ဗျာ Seascape ရိုက်ရင်ပိုသိသာတယ် ။ အဲ့ Foreground လေးကြောင့် ပုံတွေက အငြိမ်လား အလှုပ်လားဆိုတာကိုခံစားစေသေးတယ်လေ။
အငြိမ်နဲ့အလှုပ်
တောင်ပေါ်ကနေရိုက်လိုက်တဲ့ပုံနဲ့ ပင်လယ်ကြီးကိုသွားရိုက်တဲ့ Longexposure ပုံတွေကတူမှာမဟုတ်ဘူး တောင်တွေကိုရိုက်လိုက်တာက ငြိမ်သက်မုှ့ကိုခံစားစေပီးတော့ ပင်လယ်ကိုရိုက်တဲ့ပုံမှာပါတဲ့လှိုင်းတွေကြောင့် အလှုပ်ကိုခံစားစေတယ်လေ။ အဲ့တာကြောင့်အလှုပ်လေးတွေရိုက် မှာလားကြိုစဉ်းစားပီးရိုက်တာ Edit လုပ်တဲ့အချိန်မှာလဲပိုပီး အသက်ဝင်စေတယ်လေ။
အမြဲတမ်း Wide Lens မသုံးနဲ့
Landscape ဆိုတာ Wide နဲ့မှပေါ့လို့တချို့ကတွေးကြတယ်မဟုတ်ဘူးဗျ အမြဲတမ်း Wide မဟုတ်လဲ ရိုက်လို့ရနေတာတွေအများကြီးပါ ဥပမာ ကိုယ်က Prime Lens ပဲပါတယ်ဆိုရင် အဲ့Prime နဲ့ရိုက်ကြည့်ဗျ Foreground လေးကိုသေသေချာချာ ကွန်ပိုဇေးရှင်းလေးချပီးရိုက်မယ်ဆိုရင်အိုကေပဲလေ။ တခါတလေ Tele နဲ့ ဟိုးအမြင့်တနေရာကနေ ရိုက်ရတာလဲအရသာပဲလေ။ အဲတခါတည်းပြောရရင်ဖေတာတွေအမြဲမသုံးနဲ့တခါတလေ ဖေတာမပါပဲရိုက်ကြည့်ပါဦးဗျ ရှယ်ပုံတွေရလိမ့်မယ်။ အမြဲတမ်းဖေတာနဲ့ဆိုကိုယ့်ပုံတွေကို ကြာရင်အီလာလိမ့်မယ်။
တိမ်တွေကိုမကြောက်နဲ့
တချို့ကရှိတယ် တိမ်တွေဖုံးသွားလို့ရိုက်လို့မရတော့ဘူး ဆိုပီးပြန်သွားခဲ့ဘူးတယ်ကျွန်တေ်ာဓာတ်ပုံရိုက်တက်ခါစက ပီးတော့မှ ပိုသိလာရတာက တိမ်တွေရှိလေလေ ပိုပီး ပုံကြွတဲ့ Dynamic Range များတဲ့ ပုံကိုဖန်တီးလို့ရတော့တယ်ဗျ။ ပီးတော့ တိမ်တွေထူလာတာလို့ မှောင်သွားတယ် အဆင်မပြေဘူးဆိုတာမဟုတ်ဘူးဗျ ။ ထိုင်စောင့်ကြည့်တိမ်တွေကို ။ အမျိုးမျိုးပြောင်းလဲနေတယ်တိမ်တွေက တချို့တိမ်တွေကြားက ဖြာဆင်းလာတဲ့အလင်းတန်းတွေ ။ ဒါမှမဟုတ် တိမ်ထူထူကြီးက ဘောင်ခတ်ပေးထားသလိုဖြစ်နေလို့ ကိုယ်ပြချင်တဲ့ scene က ပိုအသက်ဝင်သွားတာတွေရှိပါတယ် ။ ကောင်ကင်ဗြောင်ကြီးထက်တော့ တိမ်တွေရှိနေတဲ့ကောင်းကင်က ပိုမိုက်ပါတယ် ။ ပီးတော့ တိမ်တွေရှိတာကြောင့် Harsh ( အလင်းစူးအားပြင်း) တာတွေကိုရှောင်ပီးရိုက်လို့ရတာကြောင့် တခါတလေ Filter တောင်မလိုတော့ပဲရိုက်လို့ရပါတော့တယ်။
Gear တွေကိုအားမကိုးနဲ့
ပုံကောင်းတစ်ပုံဆိုတာ ကင်မရာကောင်းကောင်းကြောင့် ထွက်လာတာမဟုတ်ဘူး ဈေးဘယ်လောက်ပဲကြီးတဲ့ဒယ်အိုးနဲ့ပဲချက်ချက် အပေါ့အငန်အစပ်ကို သေသေချာချာအချိုးကျမထည့် အရင်အရသာမကောင်းသလိုပေါ့ဗျာ။ တကယ်ဟင်းချက်ကောင်းတဲ့သူက ဘယ်အိုးနဲ့ချက်ချက်ထည့်ရမယ့်အစပ်အဟပ် ကိုသိနေတော့စားကောင်းနေမှာပဲ ။ ဓာတ်ပုံဆရာတိုင်းတော့ သူ့ဟာနဲ့သူ Gear လိုအပ်ချက်ရှိတယ်ဆိုတာမှန်တယ် ဗျ Portrait သမားဆို Flash Landscape သမားဆို Tripod စသဖြင့်ပေါ့ဗျာ။ ဒါပေမယ့်ပုံကောင်းတစ်ပုံဆိုတာက ISO နိုင်တာတွေ Sharp ဖြစ်တာတွေ အရောင်မိုက်တာတွေနဲ့မဆိုင်ဘူးလေ ကိုယ့်ခေါင်းထဲမှာ ကိုယ့်အတွေးထဲမှာ ကိုယ့်အမြင်ထဲမှာမြင်လိုက်တဲ့ ပုံတခုကို အပြင်လောက မှာဖမ်းဆုပ်လို့ရအောင်ပြောင်းလဲပေးတဲ့ ကိရိယာတခုပဲဗျ ။ အမြင်တခုသာရှိပစေ 10MP လောက်ပဲပါတဲ့ဖုန်းကနေ 1DX M2 လောက်ထိသုံးပီးဖန်တီးလို့ရတယ်။
Landscape က လွယ်သလားခက်သလား ???
တကယ်မလွယ်ပါဘူး ကျွန်တော်တို့က ရှိနေပီးသားဖြစ်နေတဲ့တောင်တန်းကြီးတွေသစ်ပင်ကြီးတွေကို နေရာမှရွှေ့လို့မရတာ ။ ပြီးတော့နေကိုလဲကြာကြာလေးဝင်ပေးပါဖြေးဖြေးလေးဝင်ပေးပါလို့တောင်းဆိုလို့လဲမရဘူးလေ။ တကယ့် Landscape သမားတွေဆိုရင်သိတယ် နေဝင်ချိန်ကိုရိုက်နေတုန်းဝုန်းဆိုနေကအရမ်းမြန်မြန်ကြီးဝင်သွားတာမျိုးပေါ့ ။အဲ့တာတွေကြောင့် Landscape သမားတွေက ကင်မရာရဲ့လုပ်ဆောင်နိုင်စွမ်းတွေ လူရဲ့လုပ်ဆောင်နိုင်စွမ်းတွေဆိုပီး ရှိလာတယ်။ Landscape သွားရိုက်တဲ့ ဓာတ်ပုံဆရာတွေက ကျန်းမာသန်စွမ်းရပါတယ် တောင်တက်ရတာတွေ ဟိုးချောက်ထဲကရေတံခွန်တွေဆီဆင်းရတာမျိုးတွေရှိတာမို့ပါ။ ပီးတော့ ကိုယ့်မှာရှိတဲ့ Gear တွေရဲ့အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းတွေ ကိုလဲသိထားရပါတယ်။ ကျန်းမာရေးကတော့ဒေါင်ဒေါင်မြည်ပါပဲ ဒါပေမယ့် ဘာရိုက်လာရိုက်လာ ဂွမ်းနေရင်လဲမဖြစ်သေးဘူးလေဟုတ်တယ်မို့လား။ အမောခံနိုင်တာတွေ စိတ်ရှည်သည်းခံနိုင်တာတွေ composition ချဖို့ ခေါင်းသုံးနိုင်တာတွေကသာလျှင် Landscape သမားတွေကိုကွဲပြားသွားစေတာ။ အချုပ်က Landscape ဆိုတာ အပင်ပန်းဆုံးနဲ့ ခက်ခဲတဲ့ Photography field တခုပါ။
ကင်မရာသည်ကိုယ့်မျက်လုံးဖြစ်ပါစေ
ကျွန်တော်တို့ 2D နဲ့ 3D ကိုကွဲပြားမှရမယ်ဗျ ကျွန်တော်တို့မျက်လုံးက မြင်တဲ့အတိုင်း 3D ရုပ်လုံးကြွပုံတွေထွက်လာမှာမဟုတ်ဘူးဗျ ကင်မရာမြင်သလို Flat 2D နဲ့မြင်တက်အောင်စဉ်းစားရမယ်။ ကျွန်တော်တို့မျက်လုံးတွေက အရမ်းလင်းလင်းမှောင်မှောင် Detail တွေကိုမြင်ရတယ်။ ကင်မရာကကျတော့အဲ့လိုမဟုတ်ဘူးဆိုတာသတိရပီး ကြိုတင်ပြင်ဆင်သင့်တာပြင်ဆင်ရမယ် အရမ်းလင်းတယ်လား ကျွန်တော်တို့ မျက်မှန်တပ်သလို ကင်မရာကိုလဲ Filter တပ်ပေးပါ ။ မှောင်လာတယ်လား မျက်လုံးကို ပိုပြူးအောင်လုပ်သလို လန့့်ရဲ့ aperture ကိုလဲ ပိုပီးပြူးအောင်ပိုပီးကျယ်အောင်ဖွင့်ပေးလိုက်ပါ။ ကင်မရာသည်ကိုယ့်မျက်လုံးဖြစ်လာရင် ဓာတ်ပုံရိုက်ဖို့ တဝက်ရယ်ဒီဖြစ်လာပီပဲဆိုရမှာပေါ့။
ကြိုပီး မြင်ကြည့်ထားရမယ်
Landscape သမားတစ်ယောက်က ရိုက်ခါနီးမှာ ငါဘယ်လိုပုံလေး ရိုက်ချင်တယ် ဘယ်လိုပုံလေးထွက်လာတာဖြစ်စေချင်တာစသဖြင့်ကြိုတင်ပီးတော့စဉ်းစားထားရမယ်။ ဖေတာတွေသုံးမယ်ဆိုလဲ ငါ ဒီဖေတာသုံးလိုက်မယ်ဆိုရင်တော့ ဒီနားဒီနားတွေက ဒီလိုဖြစ်လာမှာ ပိုမိုက်လာမယ်ပိုဂွမ်းသွားနိုင်တယ်စသဖြင့် စိတ်နဲ့အရင်မြင်ကြည့်သင့်တယ်ဗျ။ ပင်လယ်မှာရိုက်တာနဲ့ တောင်ပေါ်မှာရိုက်တာ မတူသလိုကြိုမြင်ကြည့်ရမှာလဲမတူဘူးဗျ။ အခုခေတ်က Software 50% ဖြစ်လာတဲ့ခေတ်မို့လား အဲ့တာကြောင့် မရိုက်ခင်ကော ရိုက်နေချိန်မှာပါ ဘယ်လိုလေ လုပ်လိုက်မယ် ဘယ်အမှိုက်လေး ကိုဘယ် Tool နဲ့ဖယ်လိုက်မယ်လို့စဉ်းစားထားတာ တကယ့် Landscape ကောင်းတွေထွက်ဖို့အတွက် လမ်းစပါ။