သင်ကဘာတွေကိုရိုက်မယ့် ဓာတ်ပုံဆရာလဲ ??? သို့မဟုတ် သင်ကဘယ်လိုဓာတ်ဆရာလဲ???
ကျွန်တေ်ာ့ကိုတော်တော်များများ အကြံတောင်းကြတယ်။ အဲ့တာက သူတို့ဘယ် လန့်တွေထပ်ဝယ်ရမလဲ စုရမလဲဆိုတာမျိုးကိုပါ။ ကျွန်တော်ကလဲသူတို့ရဲ့ဘက်ဂျက် အသုံးချချင်တဲ့ရည်ရွယ်ချက်ပေါ်မူတည်ပြီး ရွေးချယ်ပေးပါတယ်။အခုဒီ ဆောင်းပါးလေးမှာပါမှာက ဘယ်ဟာတွေရိုက်မယ့်သူဆို ဘယ်လိုကင်မရာ လန့်လေးတွေရှိရင်အဆင်ပြေနိုင်မယ်ဆိုတာမျိုးပါ။ တခါတလေ တချို့ဓာတ်ဆရာတွေ မိန်းမ တွေကို နှပ်ချသလိုပေါ့ မိန်းမ ခရီးသွားရင်နင့်ကို ဓာတ်ပုံရိုက်ပေးဖို့ 1DX Mark II လောက်တော့လိုတယ်ဟာ ဖုန်းကမကောင်းဘူးလို့ဆိုလိုကြသူများမပါဘူးနော်။ အောက်မှာ ကျွန်တော်ရေးပေးမယ့် ဓာတ်ပုံဆရာအမျိုးအစားအားလုံးထဲကို အကြုံးဝင်ကောင်းဝင်နေနိုင်ပါတယ်။ ကျွန်တေ်ာက အခုရေးတာက General guide line တခုပဲမို့ အတိအကျ မှတ်ယူရမယ်လို့မဆိုလိုပါဘူး။ Landscape သမားကလဲ Landscape ဂီယာနဲ့ portrait ဂီယာတွဲစုနေရင် လိုရင်းကိုမရောက်သလိုပေါ့ဗျာ။
ကဲစလိုက်ရအောင်…
မိသားစု ဓာတ်ဆရာ
များသောအားဖြင့်ကျွန်တော်ကြုံဖူးတဲ့ မိသားစုဓာတ်ဆရာတွေက မိသားစုထဲက အငယ်တွေများပါတယ် မိသားစုကို ဖုန်းနဲ့ရိုက်ပေးလိုက် အကြီးတွေအမတွေကို ဒီဂျစ်တယ်လေးနဲ့ရိုက်ပေးနေရင်းက DSLR တစ်လုံး ဒါမှမဟုတ် Mirror less တစ်လုံးပိုင်ဆိုင်ရဖို့ အိမ်မက် ရှိသူပါ။ သူတို့တွေက စာအုပ်တွေ ဗီဒီယိုတွေကြည့်ရင်းကနေ Manual နဲ့မစိမ်းသူတွေဆိုရင်လဲမမှားပါဘူး ။ ဖြစ်နိုင်ရင် DSLR ကြီးဝုန်းခနဲ ခုန်တက်ချင်ကြသူတွေပါ။ သူတို့တွေနဲ့ ကိုက်တာက Entry level တစ်လုံးကိုအရင်ဝယ်ပြီး လေ့ကျင့်သင့်ပါတယ်။ ဖြစ်နိုင်ရင် ဓာတ်ပုံဆရာမိတ်ဆွေတွေဖွဲ့ထားပြီး သူတို့ကင်မရာကို ကိုင်ကိုင်ကြည့်ပြီး သင်ယူသင့်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် တကယ့်ဓာတ်ဆရာတစ်ယောက်ဖြစ်လာဖို့ အကောင်းဆုံးအလားအလာရှိသူတွေဆိုလဲမမှားပါဘူး။
တကယ့်ဓာတ်ဆရာဖြစ်လာဖို့လေ့ကျင့်ဖို့လိုတာက ကင်မရာနဲ့ ထက်သန်တဲ့စိတ်ပါ ။ ဘယ်လိုကင်မရာမျိုးနဲ့လေ့ကျင့်သင့်လဲမေးရင် good second hand pro ဒါမှမဟုတ် Digit ၂လုံးနဲ့ကင်မရာတွေကို စကိုင်သင့်ပါတယ်။ ဒါမှနောက် ကင်မရာအကြီးကြီးတွေချိန်းရင်လဲရယ်ဒီဖြစ်နေမှာပါ။ ဘတ်ဂျက်မနိုင်ဘူးဆိုရင်တော့ Digit 3 လုံးလောက်နဲ့စကိုင်ပေါ့။ အဲ့လို ကိုင်ရင်လဲဘော်ဒါတွေကိုမေး ဘာတံဆိပ်ကိုင်ကြလဲကိုမေး အများစုကိုင်တဲ့တံဆိပ်ပဲလိုက်ဝယ် ။ ဒါမှ ကိုယ်မဝယ်နိုင်သေးတဲ့လန့်တွေ ငှားသုံးလို့ရမယ်။
ဝါသနာရှင်အဆင့်
ဒီအဆင့်ကတော့နဲနဲ ပိုကြွမ်းလာပြီလို့ပြောရမယ် ပုံလေးတွေလဲ ကောင်းတာလေးတွေထွက်လာတယ်။ ရုံးပိတ်ရက်တွေအလုပ်အားရက်တွေကို လက်ချိုးရေပြီးတော့ ဓာတ်ပုံထွက်ရိုက်ဖို့ကို အားသန်နေမယ်။ ကင်မရာရဲ့ ISO တွေ အပါချာဘယ်လောက်ထိဖွင့်ချလိုရင်ဘယ်လိုဆိုတာတွေကို သိနားလည်နေပြီးဖြစ်နေမယ်။ နိုင်ငံတကာပြိုင်ပွဲတွေ ပြည်တွင်းပြိုင်ပွဲတွေကို တခါနှစ်ခါလောက် ဝိုင်ပြိုင်ကြည့်နေမိပြီးဖြစ်နေမယ်။ ဓာတ်ပုံ ရိုက်တာဘယ်သူမှမပါလဲ တစ်ယောက်ထဲရိုက်ဖြစ်နေမယ်။ ကင်မရာနဲ့ဆိုင်တဲ့ အင်္ကျီတွေ အသုံးအဆောင်တွေဆိုရင်မလိုလဲဝယ်မယ်။ ဈေးနှုန်း တွေကဘယ်လိုရှိလာမလဲ
ဒီလယ်ဗယ်ကိုရောက်လာရင် သိသာတယ် လန့်မျိုးစုံကိုဝယ်ချင်တယ် ဘော်ဒီနဲ့တပါတည်းပါလာတဲ့ Kit lens ကနေ third party lens တွေကိုပါဝယ်တာ။ ပြောရရင် ၂လုံးထက်မနည်းစုမိချိန်မျိုးပေါ့ ဒါပေမယ့် လန့်တွေကလောက်လောက်လားလား powerful ဖြစ်တာတွေမပါသေးဘူး။ ချဲ့ပြောရရင် IS မပါသေးတဲ့လန့်တွေမျိုးတို့ Aperture F4 ထက်သေးလို့မရတာတို့ variable apertureလန့်လိုဟာတွေစုမိလာတာမျိုး။ ပြောရရင် ဒီလယ်ဗယ်မှာ လန့်ဖိုးနဲ့ ဒေါ်လာ ၁၅၀၀ ကနေ ၃၀၀၀လောက်ထိ သုံးပြီးသွားကြပြီ။ တစ်ပတ်ရစ်ဈေးတွေနဲ့ဆိုပိုသက်သာတယ်။ ဘော်ဒီဖိုးဆိုရင် ဒေါ်လာ ၁၀၀၀ကနေ ၃၀၀၀လောက်ထိသုံးပြီးသားဖြစ်လာပြီ။ ဓာတ်ပုံဆရာဖြစ်ဖို့ဘယ်တုန်းကမှဈေးမပေါခဲ့ပါ။
Features ဘာတွေပါမလဲ။
ကင်မရာ entry level တွေမှာ များသောအားဖြင့် စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်နိုင်မှု့ကိုကန့်သတ်ထားတာမို့လို့ အရွယ်သေးသေးနဲ့ ပေါ့ပေါ့ပါးပါးလေးတွေဖြစ်တက်ပါတယ်။ ဒါပေမယ့်သေးတိုင်း မကောင်းတာမဟုတ်ပါဘူး Fuji တို့ Sony တို့ဆိုရင် အကောင်သေးသေးအဆိပ်ပြင်းပြင်းလေးတွေပါ။ ကင်မရာမှာ 8 megapixel နဲ့ 10 megapixel ပါပြီဆိုရင် ၁၆လက်မ ၂၀လက်မ ဆိုက်ပုံကြီးထုတ်လို့ရနေပြီမို့ အခု ခေတ် entry level လေးတွေက တော်တော်ကြီးလုံလောက်တယ်လို့ပြောရမှာပါ။ တခုတော့ရှိတာပေါ့လေ Megapixel များလေ ပုံကို cropping လုပ်နိုင်စွမ်းများလေလေဆိုတာကိုပါ။ နောက်တခုက ပိုက်ဆံစုပြီးတော့ ပိုမိုက်တဲ့ ဘော်ဒီတွေ လန့်တွေရလာဖို့စုတာကို ကင်မရာအသေးကိုင်နေကတည်းက စွဲစွဲမြဲမြဲလုပ်သင့်ပါတယ်။ ကိုယ်ကဝါသနာရှင်ပဲမို့လို့ မိသားစုပဲ ဓာတ်ပုံရိုက်ပေးတာမို့လို့ဆိုပြီး ကင်မရာ အမိုက်စားကြီးတွေမလိုဘူး လန့်အမိုက်စားကြီးတွေ မီးတွေမလိုဘူးဆိုတာမဟုတ်ပါဘူး။ ဉပမာဗျာ ကိုယ့်မိသားစုကို ခရီးတခုပို့မယ်ဆိုရင် ဒိုင်နာနဲ့ပို့ချင်တာလား၊ Express နဲ့ပို့ချင်တာလား၊ ကိုယ်ပိုင်ကားလေးနဲ့ပို့ချင်တာလား ဆိုတာမျိုးလိုပေါ့။ ကင်မရာကောင်းနဲ့ ကျွမ်းကျင်မှု့ပေါင်းလိုက်ရင် ပုံကောင်းတွေထွက်လာစမြဲပါ။
ဘာအရင်စစုမလဲ
တခါတည်း အတွဲလိုက် set လိုက်ဝယ်နိုင်တဲ့သူတွေက တော့ဆရာပေါ့ဗျာ ဒါပေမယ့် ကိုယ့်ဘက်ဂျက်က ဖြေးဖြေးစုရမှာမျိုးဆိုရင် အရင်ဆုံး Lens တွေကစစုပါ ကိုယ်က ဘယ် brand မှာ နေမယ်လို့ဆုံးဖြတ်ထားရင် အဲ့ brand ရဲ့ အကောင်းစားလန့်တွေကိုစုံစမ်းထားပါ ဉပမာ မရှိမဖြစ်လိုတဲ့ 70-200mm လိုဟာမျိုးပေါ့ ဝယ်ကိုဝယ်သင့်တဲ့ဟာဖြစ်တဲ့အတွက် သေသေချာချာစုဆောင်းပြီးရအောင်ဝယ်ပါ။ နောက်ပြီး ဘော်ဒီကိုလိုက်ပြီးအဆင့်မြှင့်ပါ။
ကဲချွေတာစုဆောင်း ငမွဲလောင်း (အဲလေ)ဓာတ်ဆရာအပေါင်း တို့ လန့်တွေစစုတာကနေပြီးစရမယ်။
တကယ်တော့ကင်မရာလန့်တွေဆိုတာ ကွာလတီကောင်းလေလေဈေးကြီးလေလေဖြစ်ပြီးတော့ ကွာလတီမြင့်တဲ့ပုံတွေကို ရစေနိုင်တာပါ။ ကွာလတီ ဆိုတဲ့နေရာမှာ ဘယ်လောက်ချဲ့ကြည့်လိုရတာ detail တွေ sharpness တွေကိုပြောတာပါ။ ကိုယ့်လောက လူတွေက ကွာလတီဆိုတာနဲ့ ဆုရပုံတွေလို့တန်းထင်တက်ကြလွန်းလို့။ အခုခေတ်ကြီးမှာတော့ ရွေးဝယ်စရာတွေပေါမှပေါပဲ canon ဆိုရင်လဲ သူ့ရဲ့ EF/ EFS ကိုချန်ထားခဲ့ဖို့ R line up ကိုစလုပ်နေပြီတဖြေးဖြေးနဲ့လဲ စုံလာဦးမှာ။ နောက်ပြီး third-party တွေက လဲလိုက်ထုတ်လာကြဦးမှာ။ ကျွန်တော်ကောင်းကောင်း အခုရေးပေးနိုင်တာက ကျွန်တော် ၂၀၁၀ DSLR ကင်မရာစကိုင်ကတည်းက အခုထိရခဲ့တဲ့အတွေ့အကြုံကိုအခြေခံပြီးရေးထားတာပါ။ ကဲ လန့်အကြောင်းလေနဲနဲပွားကြဦးစို့။
ကင်မရာလန့် ရဲ့ Feature တွေဆိုတာက
လန့်တစ်လုံးရဲ့ကြော်ငြာကိုဖတ်ကြည့်လိုက်ရင်တော့တကယ်တခါတည်းဝယ်ချင်စိတ်ပေါက်သွားလောက်အောင်ကို ရေးထားတာကိုတွေ့ရမှာပါ။ ပြီးတော့ထုတ်လုပ်သူကိုမူတည်ပြီးတော့ နာမည်အစုံပေးထားတဲ့ လန့် တောထဲရောက်သွားရင် တော်တော် မျက်စိလည်သွားနိုင်ပါတယ်။ ဉပမာဗျာ Canon EF 100-400mm f4.5-5.6L IS II USM ဆိုတာမျိုးတွေပေါ့။ အခု Lens ပေါ်က ရေးသားထားတာတွေနဲ့ပတ်သတ်ပြီး ကင်မရာ Brand အလိုက်အခေါ်အဝေါ် မတူကြတာကို ကျွန်တော့်ပထမစာအုပ်မှာလဲထည့်ပေးထားသလို ကျွန်တော့် Website www.oscarsphoto.com မှာလဲသွားဖတ်လို့ရပါတယ်။ လန့်ရဲ့ ရေးသားရည်ညွှန်းချက်တွေကိုနားလည်ပြီဆိုရင်တော့ဘယ်လိုဟာဝယ်သင့်တယ်ဆိုတာကိုပြန်သွားကြရအောင်။
Focal Length
လန့်တစ်လုံးမှာ အရေးကြီးဆုံးကိုပြောပါဆိုရင် ကျွန်တော်ကတော့ ဒီ Focal Length ကိုပဲပြောရမယ်။ ဘာလို့တုန်းဆိုတော့ လန့်တခုမှာ “mm” ဆိုပြီး ကိန်းဂဏန်းတွေနောက်မှာပါတဲ့ဟာလေးက အရမ်းကိုအရေးကြီးလို့ပါပဲ။ အဲ့တာပေါ်မူတည်ပြီး Portrait လား Landscape လား sport လား စသဖြင့် ခွဲခြားလာတာမို့ပါ။ စကားကပ်မပြောကြေး Prime နဲ့လဲ ကံကောင်းရင်ငှက်ရိုက်လို့ရတယ် ကျွန်တော်တောင်တခါက ကံအရမ်းကောင်းလို့ Singapore Garden by the bay မှာ King fisher ငှက်ကို 50mm f1.4 နဲ့ရခဲ့ဘူးတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် 50mm တို့ 40mm တို့ 35mm တို့လို ဂဏန်းတစ်ခုပဲပါတာမျိုးဆိုရင် Prime လို့မှတ်ပါ။ 24-70mm တို့ 24-105mm လိုဟာမျိုးဆိုရင် Zoom lens လို့အကြမ်းမှတ်ပါ။ 24ကသူ့ရဲ့ အစကနေ 70mm ထိ zoom ဆွဲနိုင်တယ်ဆိုတာမျိုး။ Telephoto lens လို့လဲခေါ်သေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လန့်တစ်လုံးဝယ်ပြီဆိုရင် ကိုယ်နဲ့ကိုက်တာကို စဝယ်စုရမှာပဲလေ Landscape ရိုက်တဲ့သူက Macro lensကြီးကောက်ဝယ်ပြီး မသုံးဖြစ် ဖြစ်တာမျိုးတွေဖြစ်တက်တယ်။ တခုမှတ်ထားရမှာပါ လန့်တွေမှာ Full-frame (FF) နဲ့ Crop-frame (CF) ဆိုပြီးရှိတာပဲဗျ။ ဉပမာ 16-35mm ကို FF မှာ 16mm ထားပြီးရိုက်ရင် wide angle ဖြစ်နေပေမယ့် CF မှာဆိုရင် တော့ normal view ဖြစ်နေတက်တာကိုပါ။
Aperture
နောက်ပြီးအရေးကြီးတာက ဒီကောင်ကြီးပါ။ ဘယ်လန့်မဆိုသူ့အကျယ်ဆုံးဖွင့်လို့ရတဲ့ အပါချာကို ရေးပေးထားပါတယ် “f/” လေးနဲ့ပေါ့။ အဲ့နေရာမှာ “F”ကိုအသေးနဲ့ပဲရေးရပါတယ် သတ်မှတ်ချက်တခုပါ ကျွန်တော်လဲ မသိခင်က F အကြီးတွေနဲ့ခဏခဏရေးမိဖူးပါတယ်။ သူလဲ Focal length လိုပဲ နံပါတ်လေးတွေနဲ့ပါ။ တချို့ လန့်စ်တွေက f/2.8 လို့ တစ်ခုတည်းရေးတက်သလို တချို့က အတွဲလေးနဲ့ ဉပမာ f/4-5.6 လို့ရေးတာမျိုးလေးပေါ့။ လန့်စ်တွေပေါ်မှာဖော်ပြထားတဲ့ single aperture number လေးတွေက သူ့ရဲ့အလင်းတံခါးအကျယ်ဆုံးဖွင့်လို့ရတဲ့ ဟာကိုပြောတာဖြစ်ပြီ အတွဲလေးတွေနဲ့ဖော်ပြထားတဲ့ ဟာလေးတွေ က Zoom ဆွဲလိုက်ရင်ပြောင်းလဲသွားမယ့် aperture ကိုဖော်ပြထားတာဖြစ်ပါတယ်။များသောအားဖြင့် variable focal length ဆိုတာက kit lens လေးတွေမှာပါလေ့ရှိတာဖြစ်ပါတယ်။
Image Stabilization ကလဲအရေးပါတယ်။
ဟိုးဖလင်ခေတ်တွေနဲ့မတူပဲ အရမ်းတိုးတက်လာတာတခုက လန့်တွေမှာ နည်းပညာအသစ်တွေထည့်လာတာပါ ဉပမာ Lens ရဲ့မှန်သားတွေကို Nano coating တွေလုပ်လို့ ပိုပြီး sharpness ပိုကောင်းလာတာမျိုးပေါ့။ အဲ့အထဲမှာက အရေးအကြီးဆုံး နည်းပညာက IS လို့ခေါ်တဲ့ Image Stabilization ပါ။ ပုံရိပ်တစ်ခုကို ရိုက်ယူနေစဉ်မှာ ဝါးသွားတာ မပြတ်သားတာတွေမဖြစ်ဖို့ ရေပြင်ညီထိန်းညှိတဲ့စနစ်လိုမျိုး စက်အသေးစားလေးတွေနဲ့ အထဲမှာ Lens ကဖြတ်လာတဲ့ အလင်းကို ကင်မရာ sensor ပေါ် တသတ်မတ်တည်းကျရောက်နေအောင် လုပ်ပေးထားတာကိုပြောတာပါ။ IS ပါလာတော့ဘာထူးလဲဆိုတော့ ကင်မရာကနေ slow shutter တွေကိုလက်နဲ့ကိုင်ရိုက်လို့ရလာတာပေါ့ဗျာ။ အခုနောက်ပိုင်းကင်မရာဘော်ဒီတွေမှာဆို ပိုကြမ်း IBIS လို့ခေါ်တဲ့ In Body Image Stabilizer ပါလာတော့ ပိုပိုကြာတဲ့ ဟာတွေကိုရိုက်လို့ရလာပြီပေါ့ဗျာ။ အဲကျွန်တော့် note တွေထဲမှာတော့ အသေးစိတ်ရေးဖူးတယ် ကျွန်တော်ပြောပြချင်တဲ့ Lensပေါ်က ရည်ညွှန်းချက်ဆိုပြီးတော့။ Manufacture တိုင်းက မတူညီတဲ့နာမည်မည်တွေပေးကြတယ် ဉပမာဗျာ
Canon – Image Stabilization (IS)
Nikon – Vibration Reduction (VR)
Sony – Optical SteadyShot (OSS)
Sigma – Optical Stabilization (OS)
Tamron – Vibration Compensation (VC)
Fuji – Optical Image Stabilization (OIS)
တကယ်က အကုန် IS တွေချည်းပဲ။ နာမည်ပေးတာတွေသာကွာသွားတာ။
ဘာ Format လဲဆိုတာကလဲ အရမ်းအရေးကြီးပါတယ်။
ကင်မရာ FF အတွက်ထုတ်တာနဲ့ CF အတွက်ထုတ်တာကိုဆိုလိုချင်တာပါ။များသောအားဖြင့်တော့ FF လန့်စ်တွေကို CF မှာသုံးလို့ရပါတယ်။ တချိန်မှာကိုယ်က FF သုံးမှာဆိုရင်တော့ FF အတွက်ထုတ်တဲ့ လန့်စ်တွေကိုကြိုစုသင့်ပါတယ်။ ကျွန်တော်ဆိုရင် FF မဝယ်နိုင်သေးခင် FF lens တွေကိုစစုခဲ့ပါတယ်။နောက်ဆုံး 6D ပြောင်းတဲ့အချိန်မှာကျွန်တော်က အသင့်ဖြစ်နေခဲ့ပါပြီ။
Lens Mount ကလဲထည့်သွင်းစဉ်းစားရမယ်ဟာတွေထဲကတချက်ပါ။ Manufacture ပေါ်မူတည်ပြီးခေါ်တာတွေကလဲမတူကြပြန်ဘူး။
နောက်တခုက ကိုယ်ကရိုက်မှာ sport တွေ wild life တွေဆိုရင် Autofocus motor ကလဲအရမ်းအရေးပါလာတယ်။ Autofocus motor တွေဆိုရင် အကောင်းဆုံးတွေက USM (Canon), AF-S(Nikon), HSM(Sigma), LM(Fuji) နဲ့ USD(Tamron) တို့ပါ။ကွာလတီကောင်းတဲ့ Autofocus motor လိုချင်ရင်တော့ လန့်စ်တွေပေါ်မှာ အဲ့စာသားလေးတွေရှာဖတ်ကြည့်ပြီးမှဝယ်စုသင့်ပါတယ်။ အဲ့အထဲမှာမှ Canon က STM လို့ ခေါ်တဲ့ Stepper motor ဆိုတာလေးကအခုနောက်ပိုင်း DSLR နဲ့ movie တွေ blog တွေရိုက်တဲ့သူတွေအတွက်ပိုမိုက်လာတယ်။ ဘာလို့တုန်းဆိုတော့ မော်တာအသံမထွက်ပဲ focus ကိုချောမွှေ့နေအောင်ရွှေ့နိုင်တာမို့ပါ။ တခုရှိတာပေါ့နော် STM ဖြစ်သွားတဲ့အချိန်မှာ focusing speed ကတော့ကျသွားတာပေါ့ USM တွေလိုဗြောင်းဗြောင်း ဆိုတန်းချိန်နိုင်တာမှမဟုတ်တော့တာ။ အဲ့တာကြောင့် STM ဆိုတာက video ရိုက်မယ့်သူတွေဆိုပိုသင့်တော်ပါတယ်။ တကယ်လို့ကိုယ့်လက်ထဲက လန့်စ် မှာ အပေါ်ကပြောတာတခုမှမပါဘူးဆိုရင် သေချာတယ်မော်တာသံဆူဆူညံကြားရမယ် ဒါမှမဟုတ် Manual focus လန့်စ်တွေမို့ focus motor မပါတာလဲဖြစ်နိုင်တယ်။
လန့်စ်ရဲ့ Lineup ကလဲအရေးပါတယ်
စဉ်းစားကြည့်ပေါ့ နော်ဖော်အယ်ထားလေးကိုဓာတ်ပုံရိုက်ရမှာနဲ့ အခုမှ မော်ဒယ်လုပ်တဲ့ကောင်မလေးတစ်ယောက်ကိုဓာတ်ပုံရိုက်ရတာဘယ်ဟာပိုလွယ်ကူမယ်ထင်လဲ။ အဲ့လိုပဲ လန့်စ်တွေမှာ လဲ တန်း တစ်ခုစီရှိကြတယ်။ ပြောရရင် Beginner level နဲ့ Pro level ပေါ့ဗျာ။
Canon ဆိုရင်သူ့ရဲ့ အကောင်းဆုံး Lens တွေက “L” series ဖြစ်ပြီးတော့ ကျွန်တောတို့အကြားမှာတော့အနီပတ်ဆိုပြီး အသဲစွဲဖြစ်ပါတယ်။
Nikon ကတော့ သူ့ lensတွေမှာ ထွေထွေထူးရေးသားဖော်ပြတာမရှိပေမယ့် ရွှေပတ်လေးပါတာကသူ့ရဲ့ signature လေးပါ။ ရွှေရောင်အပတ်လေးပါရင် Nikon ရဲ့ Top of the line ဆိုပြီးသိနိုင်သလိုပေါ့ဗျာ။
Sony ကတော့ ရှင်းတယ် pro level လန့်စ်တွေဆိုရင် “G” နဲ့ “GM” ဆိုပြီးလန့်စ်ပေါ်မှာငွေရောင်သတ္တုအဝိုင်းသေးသေးလေးပေါ်မှာထွင်းပြီးဖော်ပြထားတာမျိုးပါ။
Fuji ကတော့ သူ့ရဲ့ G-Mount line က ဆရာတွေဖြစ်ပြီး XF ဆိုရင်အကောင်းဆုံးလို့သတ်မှတ်နိုင်ပြီး XC ဆိုရင်တော့ ဘက်ဂျက်သမားလေးဆိုတာမျိုးပေါ့။
Sigma ကတော့ အခုနောက်ပိုင်း Art lensတွေ Contemporary lens တွေ နဲ့ Sport lens ဆိုပြီးထုတ်လာပြီးတဲ့နောက်မှာ အသဲစွဲဖြစ်လာတာပါ။ တကယ်လို့ Third party lens ကိုဝယ်မယ်စဉ်းစားရင် Sigma ကနေစပြီးစဉ်းစားပါ။ အကျယ်ပြောရရင်
Art Lens (A) ဆိုတာက Canon ရဲ့ အနီပတ် Nikon ရဲ့ ရွှေပတ်တွေကို head to head ထိပ်တိုက် ရင်ဆိုင်ဖို့ဖန်တီးထားတဲ့ လန့်စ်တွေပါ တခုက တချို့လန့်စ်တွေက Canon နဲ့ Nikon တွေထက်ငြင်းမရအောင်သာတာပါပဲ။
Contemporary(C) ဆိုတာက ပုံရိပ်ကွာလာတီကောင်းကောင်းပေးပေမယ့် lens တွေထပ်ဆင်ထားပေမယ့် Build quality ကိုဝိတ်လျှော့ထားတာမျိုးပါ။ဘော်ဒီဝိတ်လျှော့တော့ ဈေးသက်သာတာပေါ့ဗျာ။
Sport (S) ဆိုတာကတော့ လုံးဝ Pro Sport photographer တွေအတွက်ထုတ်တာပါ အကုန်နီးပါးက Tele lensကြီးတွေချည်းပဲ။ အခုထိတော့ ၃မျိုးပဲထုတ်နိုင်သေးတယ်။
အဲ့တော့ဝယ်ရင် A ကိုစ စဉ်းစားပြီးဝယ်။
ဘယ်လန့်စ်ပဲ ဝယ်ဝယ်ပါ Lens version ကိုလဲ ထည့်စဉ်းစားပါ Canon တွေမှာဆိုပိုသိသာတယ် I တို့ II တို့ရေးထားတာလေးတွေပါ။
ကဲဒီလောက်ဆိုရင် ဘယ်လိုလန့်စ်တွေစစုမယ်ဆိုတာ အိုင်ဒီယာရလောက်ပြီထင်ပါတယ်ဆက်ရေးနေတဲ့ဟာထဲမှာ Lens အမျိုးကွဲတွေ နဲ့ Semi pro နဲ့ Pro တွေကဘယ်လိုဟာတွေစုကြတယ်ဆိုတာရေးနေပါတယ်။ ဒါဟာ အပိုင်း ၁ ပါ ။ ကျွန်တော် အပိုင်း ၂ ကိုဆက်ရေးနေပါတယ်။
မင်္ဂလာပါ ကျွန်တော်ကောင်းကောင်းပါ။