DSLR ဆိုတာဘာလဲ။

အခုခေတ်မှာတော့ထွေထွေထူးထူးပြောစရာမလိုတော့အရာတခုပါ။ အရင်ဖုန်းလေးတွေ Point and Shoot ဒီဂျစ်တယ်ကင်မရာလေးတွေ နဲ့ယှဉ်ရင်အရွယ်အစားကြီးမားတာကိုသတိထားမိမှာပါ။ DSLR ဆိုတာအရှည်ကောက်က Digital Single Lens Reflex (DSLR) ပါ။ ဖုန်းလေးတွေ point and shoot လေးတွေနဲ့မတူတာက သူက လန့်ရဲ့နောက်မှာ Mirror ( မှန်ချပ်) လေးတခုထားပီးတော့ လန့်ကနေဖြတ်ပီးဝင်လာတဲ့အလင်းကို View finder ကိုပို့ပေးတာပါ။ အဲ့မှန်ချပ်ကလေးကြောင့် Sensor က ဘာတွေဖမ်းယူမယ်ဆိုတာကိုကြိုမြင်နေရတော့တာပေါ့ဗျာ။ ကင်မရာက ရှတ်တာ ခလုပ်ကိုနိပ်လိုက်တာနဲ့ အဲ့မှန်ချပ်ကလေးကအပေါ်ကိုတက်သွားပီ လန့်က ဖြတ်ပီးဝင်လာတဲ့အလင်းက sensor ပေါ်ကိုကျပီးရင် ပုံရိပ်ကိုပေါ်လာစေတော့တာပါပဲဗျာ။

DSLR ဝယ်ရင် အကြီးမားဆုံးအားသာချက်လား လန့်တွေများကြီးလဲလို့ရတယ် Thrid party လား Original လားအကုန်ရွေးချယ်လို့ရတယ်လေ Wide လား Prime လား Telephoto လားစသဖြင့်ပေါ့ဗျာ ။ ပြောရမယ်ဆိုရင်ဗျာ DSLR တွေက အပါချာတွေ ရှက်တာတွေ ISO တွေကို လိုသလိုချိန်ညှိလို့ရတာကြောင့်အလင်းကို ကိုယ်လိုသလို ထိန်းညှိနိုင်တာပေါ့ဗျာ။

Sensor

ပြောရရင် fullframe လား Crop Frame လားပေါ့ဗျာ။ APS-C နဲ့ Fullframe ပေါ့ဗျာ။

 

 

…how does a sensor capture an image?

Resolution and Megapixels

Lens ကိုဖြတ်သန်းလာတဲ့ အလင်းကို sensor က နေဖမ်းယူပီး ပုံရိပ်ဖော်တဲ့နေရာမှာ Mega Pixel ဘယ်လောက်လဲဆိုတာကလဲစကားပြောလာပါတယ်။ Mega pixel များလေလေပုံကောင်းလေလေလို့ပြောလို့ရပါတယ်ဘာလို့တုန်းဆိုတော့ Megapixel များလေလေ အလင်းကိုကောင်းကောင်းပိုဖမ်းနိုင်ပီးတော့ ပိုပြီး Sharp ဖြစ် ပိုပြီး Detail တွေရနိုင်တယ်လေ။

ပီးတော့ Megapixel တူတိုင်းလဲ ပုံကွာလတီတူမှာမဟုတ်ပါဘူး Sensor size ကလဲအရေးပါသေးတယ်ဗျ ။ အခုဆိုဖုန်းတွေက 22 MP တို့ ထိရှိနေပီ ဒါပေမယ့် ပုံရိပ်က sensor size ကြီးကြီး ( Fullframe ) နဲ့ရိုက်ထားတာနဲ့ကွာလတီမတူဘူးလေ။ ဥပမာဗျာ ဖုန်း 22Mp ရိုက်လာတာနဲ့ 5Dmark3 ရိုက်တာနဲ့ Image Quality တူနိုင်ပါ့မလား။ မတူနိုင်ပါဘူးဘာလို့တုန်းဆိုတော့ mega pixel တူသောညားလည်း DSLR မှာပါတဲ့ Pixel လေးတခုချင်းစီရဲ့ size က ပိုပီးကြီးလို့ပါ။ Sensor ဆိုက်ကြီးလေလေ အလင်းပမာဏများများကိုဖမ်းယူနိုင်လေမို့ ညဘက်တွေမှာပိုကောင်းလာတာပါ။ ပီးတော့ MP များလေလေ ပုံထုတ်တဲ့အခါဆိုက်ကြီးကြီးထုတ်နိုင်လေပါ ။ ဓာတ်ပုံဆရာတော်တော်များများကတော့ MPများတာကိုကြိုက်ကြတယ် ဘာလို့လဲဆိုတော့ ဆိုက်ကြီးကြီးထုတ်ချင်တာရယ် အကယ်ရျ် Cropping ပြန်လုပ်ရင်တော့ ကွာလတီအရမ်းကြီးမကျသွားတာရယ်ကြောင့်ပါ ။ ဒါတောင် crop ရင် pixel တွေဖဲ့ထုတ်ရတာမို့ နှမျောသူတွေလဲရှိပါတယ်။

Focal Length Multiplier Factor

မတူညီတဲ့ Sensor အရွယ်အစားတွေကြောင့် Lens ကနေမြင်ရတဲ့ မြင်ကွင်း ( viewing angle ) တွေလဲကွဲပြားကုန်ပါတယ်။ Lens တွေပေါ်မှာရေးသားပြထားတဲ့ဟာ Full frame မှာတပ်လို့ရတဲ့ Lens ဆိုရင် 35mm ကိုပဲ Standard ထားပီးတွက်ပေးပါတယ်။ ဒါပေမယ့် DSLR လောက မှာ Full frame နဲ့ Crop frame ဆိုပီးရှိတာကြောင့် မြင်ကွင်းတွေက Lens အတူတူမှာကိုပြောင်းလဲသွားတယ်။

 

ဒီပုံကိုကြည့်ပါ ။ Sensor size က ကွာတာကြောင့် 50mm F1.4 Lens အတူတူကို မြင်ရတဲ့မြင်ကွင်းကကွာသွားတာဖြစ်ပါတယ်။ Fullframe sensor က အရွယ်အစား 35mm ရှိပါတယ် ။ Crop Sensor ကတော့ camera Manufacture ပေါ်မူတည်ပီးတော့ 1.5 ကနေ 1.6 ဆိုပီးနှစ်ခုရှိပါတယ် ။ Canon ကတော့ 1.6 ပါ။ဒါကြောင့်လဲ 50mm ကို Crop မှာတပ်တဲ့တခါ 1.6 နဲ့ထပ်မြှောက်ပေးရတာပါ(50mm x 1.6 = 80mm) Crop မှာ ၅၀ ကိုတပ်တရင် ၅၀ အတိုင်းမဖြစ်ဘူးဆိုတာပါ ။ 50mm Lens ကို Crop sensor body မှာတပ်ရင် 80mm focal length ဖြစ်သွားရတာဒါကြောင့်ပါ ။ အဲ့လိုဟာကြောင့်လဲ 16-35 mm lens ကို Crop မှာတပ်ရင် (16 x 1.6 = 25.6 ) ဖြစ်သွားပီး မဝိုက်တော့တာပါ ။အဲ့လိုတွေကြောင့် Crop မကောင်းဘူးလို့မထင်နဲ့ဦးဗျ ဥပမာ wild life photographer တွေက canon 7D mark II crop body ကိုပိုကြိုက်ကြတယ်ဗျ ဘာလို့လဲဆိုတော့ ဥပမာ 150-600mm လို lens မျိုးတပ်လိုက်ရင် Crop Factor ကြောင့် ( 150 x 1.6 = 240mm ) ဖြစ်ပီးတော့ 600mm အပြည့်ဆွဲထားချိန်မှာ ( 600 x 1.6 = 960mm ) ဖြစ်နေပီမို့ပါ Fullframe မှာတပ်မယ်ဆိုရင် ၁၅၀က ၁၅၀အပြည့်ဖြစ်ပီး အဝေးဆုံးဆွဲလို့ရတာလဲ ၆၀၀ပဲဖြစ်နေမှာပါ ။ အသုံးပြုတဲ့ Lens ပေါ်မူတည်ပီးတော့ Sharpness ကလဲကွာသွားပါတယ် ဥပမာ Lens အများစု က ပုံရိပ်အလယ်ဆုံးမှာ အပြတ်သားဆုံးဖြစ်နေပီးတော့ ဘေးက ဘောင်နားတွေမှာ တဖြေးဖြေး sharpness ကျလာတက်ပါတယ် ဒါကလဲသုံးတဲ့ Lens ကြောင့်ပါ ။ Crop မှာကျတော့ အစောကတည်းက မြင်ကွင်းက ကျဉ်းနေတော့ တချို့ က Crop မှာပိုပီးပြတ်သားတယ်လို့ပြောကြပါတယ်။ အပေါ်ကဥပမာပေးထားတဲ့ပုံကိုကြည့်ပါ။

LCD Screen

ကျွန်တေ်ာဒီအပိုင်းလေးထည့်ရေးရတာအကြောင်းရှိတယ်။ဖလင်ကင်မရာတွေလိုမဟုတ်ပဲအခုရိုက်အခုပြန်ကြည့်လိုရတာလာက LCD screen လေးကြောင့်ပါ။ အဲ့ဒီ Screen လေးကနေပြပေးတဲ့ information တွေက နေပီး ကိုယ့် ကင်မရာဆက်တင်တွေကို ဒါကတော့လိုလုပ် ဟိုဟာလေးကတော့ ဒီလိုချိန်းလုပ်လို့ရတယ်လေ။ အခုနောက်ပိုင်းဆို Touch screen တွေတောင်ပေါ်လာပီမို့ ပိုပီးအဆင်ပြေလာတာအမှန်ပဲ ။ တခုသတိထားရမှာက LCD လေးတွေမှာ back lighting ပါတာမို့ ကင်မရာထဲမှာရွှန်းစို နေတိုင်းကွန်ပြုတာပေါ်ရောက်ရင် ရွှန်းစိုချင်မှစိုမှာဆိုတာကိုပါ ။ ဘာပဲပြောပြော အခုရိုက်အခုကြည့် WB တွေ Highlight တွေ Shadow တွေ Composition တွေကို သေချာချိန်ညှိလို့ရလာတာမို့ LCD လေးတွေက ရှယ်ပါ ။ ဘာတွေအားသာလာမလဲဆိုတေ့ာ DSLR တွေမှာပါတဲ့ Screen တချို့ က နေတဆင့် 5x 10x စသဖြင့် Zoom ဆွဲလို့ရလာတာတွေရှိမယ်လေ အဲ့လိုကနေ Detail Focus ဖြတ်လို့ရလာတယ်။

Lens Mount

…are all lenses compatible with every digital camera?

Lens တွေကလဲ Camera Manufacture ပေါ်မူတည်ပီးတော့ကွဲပြားပါတယ် Canon Lens ကို Nikon မှာတပ်လို့မရသလို Nikon က Lens ကိုလဲ Canon မှာတပ်လို့မရပါဘူး ကျွန်တော်ဒီအချက်ထည့်ရေးရတာကကျွန်တော်ဒီ Note ကိုရေးတာလုံး၀ Beginner တွေအတွက်မို့လို့ပါ။ Canon မှာဆိုရင်တော့ လက်ယာ(ညာဘက်) ကိုလှည့်ပီးတပ်ရသလို Nikon မှာတော့ ပြောင်းပြန်ပါ။ ပီးတော့ Camera Body ပေါ်မူတည်ပီးတော့ Fullframe lens mount Crop Frame lens mount ဆိုပီးရှိပါသေးတယ်။ Lens Mount မတူလို့ Sony Camera တွေမှာ Adapter တွေခံရတာကိုမြင်ဘူးမှာပါ။ အခုခေတ်မှာတော့ Lens တွေကို Third Party Manufacture အနေနဲ့ထုတ်တဲ့ Company များစွာရှိလာပီဖြစ်ပါတယ်။ ဥပမာ Sigma , Tamron , Tokina , Samyang , Rokinon , etc. ကျွန်တော်ပြောပြချင်တဲ့ Lens တွေပေါ်ကရည်ညွှန်းချက်ကိုပြန်ဖတ်ကြည့်လို့ရပါတယ်။ Thrid Party manufacture တွေမှာလဲ Fullframe အတွက် Crop Frame အတွက်ဆိုပီးထုတ်တာတွေရှိပါတယ် ။

DSLR Features

Image Stabilization

 

တကယ်တော့ IS ဆိုတာ Lens တွေမှာတင်ပါတဲ့ဟာမျိုးမဟုတ်ပါဘူး။ ကင်မရာ Sensor မှာပါလာတာမျိုးလဲရှိလာပါပီ နည်းပညာတိုးတက်မှု့ရဲ့အသီးအပွင့်တွေပေါ့ဗျာ။ IS အကြောင်းကို နုတ်တခုအနေနဲ့သက်သက်ရေးဘူးပါတယ်။ အဲ့မှာ detail ပြန်ဖတ်ကြည့်လို့ရပါတယ် IS ပါတော့ဘာဖြစ်လဲဆိုတော့ ပိုပီး sharp ဖြစ်တဲ့ပုံတွေ Shake နဲတဲ့ပုံတွေ ပိုရနိုင်တာပေါ့ဗျာ။ IS ပါလို့လဲ အခုခေတ် Sport photography သမားတွေအားကိုးရာဖြစ်နေတာပေါ့ဗျာ။ in body IS ကဘော်ဒီတိုင်းပါတာတော့မဟုတ်ဘူးနော်။

Sensor Dust Reduction ( ဆန်ဆာပေါ်က ဖုန်သန့်ရှင်းရေး )
ကျွန်တော်တို့အားလုံးရဲ့အိမ်မက်ဆိုးက sensor ပေါ်ကို ဖုန်တင်သွားတာပါပုံတွေမှာအမဲစက်သေးသေးလေးတွေနဲ့ ဖြစ်လာပီးတော့ ဒုက္ခများရတော့တာပေ့ါဗျာ။
တကယ့်သတိထားစရာက ဖုန်ဘယ်အချိန်ဝင်လဲဆိုတာပါ တစ်ချိန်ပဲရှိတယ် လန့်အပြောင်းအလဲလုပ်ချိန်မှာဝင်တာပါအဲ့တာကြောင့်လန့်အပြောင်းအလဲလုပ်ချိန်ကိုသတိထားဖို့လိုတယ်လို့အမြဲသတိပေးတာပါ။ ဒီစနစ် လေးက ကင်မရာတေ်ာတော်များများ မှာပါလာပါပီ။ အရင်ခေတ်ကင်မရာတွေတုန်းက blower နဲ့မှုတ်ရတယ်အခုခေတ်က တော်ရုံတန်ရုံဆိုရင် အထဲက sensor dust cleaner က တော်ရုံတန်ရုံဆိုတော်တော်သန့်ရှင်းပေးနိုင်ပါတယ်။ sensor နဲ့ mirror ကိုသန့်ရှင်းရေးလုပ်ရင် သတိတော်တေ်ာထားရပါတယ် အစင်းလေးသေးသေးလေးဖြစ်သွားရင်တော်တော်တော်တိုင်ပတ်တာပါ။

ပီးတော့ Auto focus point လေးတွေကလဲအရေးပါသနော် ဘာလို့တုန်းဆိုတော့ တချို့ portrait သမားတွေ အတွက်တော်တော်အသုံးဝင်တာပေါ့ဗျာ။ ကျွန်တေ်ာ 600D လေးတုန်းကဆိုရင် 9 point ပဲပါတယ် များလှပီမှတ်တာ အခုခေတ် ၁၀၀ ကျော်တဲ့ focus ပွိုင့်တွေလဲမြင်ရော ဝါးးးးး ဆိုဖြစ်သွားရောပဲ ။ မိုက်တယ်။ အများကြီးလိုလိုလားလို့မေးရင် ရိုက်တဲ့အမျိုးအစားပေါ်မူတည်တယ်လို့ပဲပြောရမယ်ဗျ။ ပီးတော့ single focus ပွိုင့် လုပ်လို့ရလာတွေ က ပိုပိုပီး creative ဖြစ်တဲ့ focus တွေဖမ်းယူလာနိုင်တော့တာပါပဲ။

Body Construction

ဘော်ဒီကိုဘယ်လိုဘာနဲ့တည်ဆောက်ထားသလဲဆိုတာက လဲ ကင်မရာဝယ်ရင်အရေးပါတယ်ဗျ ။ တချို့က ပလတ်စတစ်နဲ့ချည်းပဲတချို့က သတ္တုအထိန်းအကွပ်နဲ့ တည်ဆောက်ထားတာတွေဆိုပီးကွဲြ့ပားတယ်။ဒါကြောင့် canon မှာဆိုရင် 7D တို့ Mark III တို့ ကိုကိုင်ကြည့်လိုက်ရင်လုံး၀ solid ဖြစ်နေတဲ့ feel ကိုခံစားရတာပေါ့။ ကင်မရာဝယ်မယ်ဆိုရင်အရင်ကိုင်ကြည့်ကိုယ့်လက်နဲ့ အထိအတွေ့ ဘယ်လိုနေလဲ ဆိုတာတွေကအရေးကြီးတယ်ဗျ။ လက်ထဲမှာဖစ်တင်ဘယ်လိုကျလဲဆိုတာလဲအရေးပါတယ်။ ဖတ်ရှင်ဆိုင်တခုမှာအဝတ်အစားမဝယ်ခင် ဝတ်ကြည့်သလိုပေ့ါဗျာ။ တခုသတိထားဖို့က ကင်မရာကြီးက ဖတ်ရှင်အရမ်းကျစတိုင်အရမ်းမိုက်တယ်မမိုက်ဘူးဆိုတာ ကင်မရာ ကထွက်မယ့် Image Quality နဲ့မဆိုင်ဘူးဆိုတာပါပဲ။ ဘော်ဒီကို သတ္တုနဲ့ခိုင်ခိုင်မာမာတည်ဆောက်လေလေ ကင်မရာတွေက အကြမ်းခံလေလေပဲ ရာသီဥတုဒဏ်တွေ လေဒဏ်မိုးဒဏ် တွေပိုခံနိုင်လာတာပေါ့။

ကင်မရာမှာ ဘာ format တွေပါသလဲဆိုတာကလဲအရေးကြီးသေးတယ်မို့လား RAW နဲ့ JPEG ဆိုပီးနှစ်ခုပါပါတယ်ကင်မရာတော်တော်များများမှာ ဒါပေမယ့််ဒီမှာတော့ RAW ရဲ့ အသုံးဝင်ပုံပဲရှင်းပြပါရစေ ။ ဘယ်တော့ပဲရိုက်ရိုက် RAW နဲ့ရိုက်ပါ။ သင်အခုမှဓာတ်ပုံစရိုက်တဲ့သူဆိုရင်တောင် Raw နဲ့ရိုက်တာကောင်းတယ်မကောင်းဘူးဆိုတာကို ကြားဘူးမှာပါ။ ဒါဆိုဘာလို့ RAW ကအရေးကြီးတာလဲ ဘာလို့RAW နဲ့ရိုက်သင့်တာလဲဆိုတော့ကာ… RAW ဆိုတာကိုအရင်ရှင်းပြမယ် RAW ဆိုတာကင်မရာကနေဖမ်းယူလိုက်တဲ့ပုံရိပ်ကို သိမ်းဆည်းပေးတဲ့ File format တခုပါပဲ။ သိမ်းဆည်းလိုက်တဲ့ Data တွေကို အသေမသိမ်းဆည်းလိုက်ပဲ လိုအပ်သလိုပြုပြင်ယူလို့ရအောင်လုပ်ပေးထားပါတယ်။

အခုခေတ် DSLR အများစုက RAW ရိုက်လို့ရပါတယ်။ RAW နဲ့ရိုက်ရင်အသေချာဆုံးရမယ့်အားသာချက်က ဖိုင်ကွာလတီကောင်းကောင်းရမယ် ဆန်းဆက်အမိုက်စားကြီးကိုရိုက်လိုက်တယ်ကွန်ပိုဇေးရှင်းလဲကောင်းတယ်ကိုယ်ကလဲကြိုက်ပီ ရှဲဒိုးလေးနဲနဲပြန်ခေါ်ထုတ်ချင်တယ် RAW ကအသင့်ပါပဲ… RAW နဲ့ရိုက်ခဲ့ရင်သင့်စိတ်ကြိုက်အလင်းအမှောင် WB တွေကို တခြား format တွေမှာထက်ပိုပီးပြုပြင်လို့ရပါတယ်။

ပုံရိပ်တခုကိုဖြူရာကမဲသွားဖို့Gradient အဆင့်ဆင့်ဖြတ်သန်းရပါတယ် အဆင့်များလေလေကာလာညက်လေလေဖြစ်ပါလိမ့်မယ်။အထူးသဖြင့်အဖြူမဲပုံတွေမှာပိုသိသာပါတယ်။ JPEG Format မှာ အဲ့အဆင့် စုစုပေါင်း ၂၅၆ဆင့်ပဲပါပေမယ့် RAW ကတော့ ၄၀၉၆ကနေ ၁၆၃၈၄ဆင့်ထိပါဝင်ပါတယ်။ ဘယ်ဟာပုံပိုချောမလဲပြောစရာလိုမယ်မထင်ပါဘူး.အဲ့အဆင့်များလို့လဲပုံတွေကဆိုက်က JPEG ထက်ပိုကြီးလာပါတယ်။ RAW ရဲ့များပြားလှတဲ့အဆင့်တွေကြောင့် Exposure တွေ Fill Light Recovery တွေ Contrast တွေ Brightness တွေကို ကိုယ့်စိတ်တိုင်းကျချိန်ညှိလာနိုင်တော့တာပေါ့။ အကယ်ရျ် ကိုယ်က Under Exposed ပုံတွေရိုက်လာမိရင်တောင်ပြန်ကယ်လို့ရနိုင်ပါတယ်။ RAW နဲ့ပြင်တာမို့ ပုံရဲ့ကွာလတီကျသွားမှာကိုစိတ်ပူစရာမလိုပါဘူး။ WB ကိုလဲ JPEG မှာလိုအသေမဟုတ်ပဲချိန်ညှိလို့ရပါတယ်။

ကောင်းမွန်တဲ့ကာလာအတွဲအစပ် WB တွေကသင့်ပုံအတွက်အရေးပါမှာပါ။ အကယ်ရျ် Noise တွေရှိခဲ့မယ်ဆိုရင်တောင် RAW ကနေ လျှော့ Process လုပ်ရင်းလျှော့ချလို့ရပါတယ်။ RAW ဖိုင်ရှိနေသရျ် အသစ်အသစ် Style တွေ Editing တွေကိုလုပ်နေလို့ရတာပါပဲ။

RAW နဲ့ဘာလို့ရိုက်သင့်လဲဆိုတေ့ာ WB တွေ Color Space တွေ Color Balance တွေကိုထိန်းချုပ်နိုင်မှာမို့ပါပဲ… အဲ့လိုထိန်းချုပ်နိုင်လေလေ Quality မြင့်မြင့်ပုံတွေကိုထုတ်ပေးနိုင်လေပဲလေ။ အခုခေတ်ဆိုရင်ဖုန်းတော်တော်များများကတောင် RAW ကိုပေးရိုက်လာကြပီ။ သူ့မှာအားနည်းချက်တခုက File Size ကြီးတာပဲလေ။ ဒါပေမယ့်File Size ကြီးတယ်ဆိုတာကွာလတီပိုကောင်းတယ်ဆိုတာကိုရည်ညွှန်းတယ်ဆိုတာမမေ့ပါနဲ့။ နောက်တခုက JPEG ကနေ RAW ထုတ်လို့မရပေမယ့် RAW ကနေ JPEG ကိုထုတ်ပေးလို့ရတယ်ခင်ဗျ။

အရေးအကြီးပိုင်းရောက်ပီ ဘာ Accessories တွေ ထပ် တိုးရမလဲ ။

ကင်မရာ ကြီးတော့လက်ထဲရောက်ပါပီဘာတွေထပ်လိုဝယ်မလဲ သားကြီးလို့မေးကြတယ်ဘော်ဒါတွေက ကျွန်တေ်ာကပြန်မေးတယ်မင်းဘာရိုက်မှာလဲ Landscape လား portrait လားပေါ့ ။ အကြမ်းအားဖြင့် သေချာပေါက် Landscape သမားဆိုရင် အိတ်ရယ် ထရိုင်ပေါ့ရယ်လိုချိန်မှာ Portrait သမားက Flash ရယ် Trigger တွေရယ် Reflector တွေကိုလိုမယ်လေ။ Landscape သမားက လဲံ Filter တွေ Cable release တွေ ထပ်တိုးလိုက်ချိန်မှာ ပိုမိုက်လာမယ်လေ။ Portrait သမားကလဲ အဲ့လိုပဲ flash တွေ soft box တွေ စတာတွေက portrait သမားတွက် ပိုပီးအထောက်အကူပြုလာမှာမလွဲပါပဲ။ အဲမေ့လို့ အဲ့လိုပစ္စည်းတွေဖြည့်လေလေ ရလာတဲ့ပုံလေးတွေကိုပိုပိုစိတ်ကျေနပ်လာလေလေပါပဲဗျာ။

 

Batteries
ဘယ်အမျိုးအစားပဲရိုက်ရိုက် Battey အပို ဆိုတာလိုတာပါပဲဗျာ Battery grid တပ်ရင်ကောပိုမကောင်းဘူးလာဆို ပိုကောင်းတယ်ဗျ တခုပဲ နဲနဲပိုလေးလာတာလေးတခု ။ တကယ်ဓာတ်ပုံရိုက်နေတဲ့လူတစ်ယောက် က ဓာတ်ခဲအနဲဆုံး ၃လုံးလောက်ဆောင်ထားလေ့ရှိကြတယ်ဗျ။ ပီးတော့ကြုံလို့ ပြောရဦးမယ် Flash တွေအတွက် Alkaline မသုံးနိုင်ရင် Rechargeable ကိုသုံးပါ ရိုးရိုး ဓာတ်ခဲသုံးမိရင် နောင်တရမယ်။ ကျွန်တော် ဓာတ်ဆရာတစ်ယောက်နဲ့ကြုံဘူးတယ် ဓာတ်ခဲcharger ကို နှစ်ခုတပြိုင်နက် charge လုပ်လို့ ရအောင်ဆိုပီး နှစ်ခုဆောင်ထားတာတွေတွေ့ဘူးတယ်ဗျ။

ကျွန်တော် Cable release ရယ် tripod အကြောင်းကိုတော့မပြောတော့ဘူး note သပ်သပ်ရေးဘူးတာမို့လို့ပါ ။ Flash ကတော့ ဝယ်ထားရင်လဲမမှားတဲ့ဟာပါ အသုံးပြုနည်း ဘယ်လို flash ကိုဘယ်လိုပေးမယ် bounce light လား direct ပေးမှာလားဆိုတာတွေသိဖို့ပဲလိုတယ်။ မေ့လို့ Built in flash ပါတယ် သုံးမယ်ဆိုရင်တော်တော်ကြီးစဉ်းစားပီးမှသုံး။ direct ကြီးမို့လို့လေ။

 

Memory Cards

 

အမျိုးအစားနှစ်မျိုးရှိတယ်ပြောရမယ် SD နဲ့ CF ဆိုပီးတော့ ။ ဆိုက်ကြီးကြီးဝယ်မလား ဥပမာ 64 GB လိုဟာမျိုးပေါ့ ကောင်းသလားဆိုတော့ကောင်းပါတယ်။ အကယ်ရျ် အဲ့ဆိုက်ကြီးကြီး ပျက်သွားခဲ့သော် ပုံများများပါသွားမယ်လေ အဲ့ကျမှ shoot လေးခုလောက်ကပုံတွေပါသွားပါပီဆိုပီးငိုမိမယ်။ တကယ်က 16 GB လောက်ကအနေတော်ပဲ။ 16 GB က RAW နဲ့ရိုက်မယ်ဆို ပုံ 400 ကျော်လောက်ရမယ်လေ။ CF နဲ့ SD ကဘယ်တခုစီရှိတယ် CF ဆို Card reader သပ်သပ်လိုလုပ်ရမယ် ကင်မရာကတိုက်ရိုက်ယူတာမဟုတ်ဘူးဆိုရင်။ SD ကတော့ ကွန်ပြုတာတော်တော်များများမှာ Built in ပါပီးသားမို့အဆင်ပြေတာအမှန်ပဲဗျ။

Software
ဘာဆော့ဝဲသုံးသလဲကလဲအရေးကြီးသေးတယ် Photoshop , Light room , Capture one စတာ တွေကတော့ လူသုံးများတဲ့ဆော့ဝဲတွေပါ။ ဘာပဲသုံးသုံး RAW ဖတ်ဖို့အရေးကြီးတယ်။

Bags and dry box
အိတ်ကောင်းကောင်းလိုသလား ဆိုတဲ့မေးခွန်းမေးလာရင်ဖြေရမှာက လိုတယ် drybox ကောလိုသလားဆိုရင် လိုတယ် ကိုယ်သိန်းဆယ်ဂဏန်း ပေးဝယ်ထားတဲ့ gear တွေအတွက် ၁သိန်းကျော်လောက်တော့လိုတာပဲလေ။ ကိုယ်က ဘော်ဒီဘယ်နှစ်လုံးလဲ လန့်ဘယ်နှစ်လုံးလဲ တခြားဘာတွေပါသေးလဲံ Flash တွေကောပါသေးတာလား filter တွေကောပါသေးလား ထည့်ဖို့ဘယ်လောက်ဆန့်မလဲအကုန်စဉ်းစားပီးမှဝယ်သင့်တယ်။ အဲ့တာအရမ်းအရေးကြီးတယ်။

မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ ။

အားလုံးအတွက်အဆင်ပြေပါစေဗျာ ။