ရန်ကုန်သား Landscape ဓာတ်ပုံဆရာတွေအတွက် အကောင်းဆုံး Location ၂၁ ခု

မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ။

ဓာတ်ပုံရိုက်ကြမယ်ဟေ့ ……… အဲ့လိုလဲပြောပီးရောအားလုံးခေါင်းခြင်းဆိုင်ပီးတော့တိုင်ပင်ရတာက Location ပါ။ ဘယ်မှာရိုက်ကြမလဲဘယ်လိုရိုက်ကြမလဲ ဘာတွေရိုက်ကြမလဲဆိုတာတွေပါနောက်ဆက်တွဲပါလာခဲ့တယ်။ ရန်ကုန်သားတွေကအမြဲတမ်းလိုလို office အလုပ်တွေနဲ့ပိနေတက်ကြတာမို့လို့ စနေဂနွေလောက်ပဲအချိန်ရကြတာများပါတယ်။ အဲ့တော့ခရီးထွက်ရိုက်ဖို့ဆိုတာကလဲမလွယ်တော့ နေရာစဉ်းစားရတာကျပ်တာပေါ့ဗျာ။ တဦးချင်းဝင်ငွေတိုးတက်လာမှု ပီးတော့ Photography ရဲ့ကျယ်ပြန့်လာမှုကြောင့်လူအတော်များများက ဓာတ်ပုံရိုက်ထွက်ဖို့စိတ်အားထက်သန်လာတက်ပါတယ်။ မြို့တည်ဆောက်ပုံအရရန်ကုန်က တောင်ကုန်းနဲပါးပီးတော့မြေပြန့်များပါတယ်။ အဲ့တာကြောင့်Landscape သမားတွေဆိုရင်ရိုက်စရာနေရာရှားသလိုခံစားရတက်ပါတယ်။ ဒီ note လေးမှာတော့ကျွန်တော်အကြံပေးချင်တဲ့နေရာလေးတွေနဲ့သူတို့အတွက်လိုအပ်တဲ့ Gear လေးတွေပီးတော့ဆောင်ရန်ရှောင်ရန်လေးတွေပြောပြသွားမှာပါ။ တချို့နေရာတွေအတွက်ကတော့ တကယ့်ဂီယာကြီးကြီးတွေမလိုပေမယ့်ပါရင်ပိုကောင်းမှာပါ။ Landscape ဆိုမှတော့ဗျာ Tripod ပါလေကောင်းလေပေါ့ဗျာ ။ Wide လေးပါရင်ရောပိုကောင်းပေါ့ဗျာ။

၁ ။ ဆူးလေ မဟာဗန္ဓုလပန်းခြံ နားတဝိုက်။

ကဲဆူးလေနဲ့ပဲစဖွင့်လိုက်ကြရအောင် ။ ဆူးလေတဝိုက်မှာ ရိုက်စရာတွေတေ်ာတော်ပေါပါတယ် Colonial architecture တွေလဲအများကြီးပဲ ပီးတော့ ဆူးလေနားတဝိုက်အသစ်ထပ်ဆောက်ထားတဲ့ လူကူးကုန်းကျော်တံတားတွေက သင့်အကြိုက်ဖြစ်စေမှာပါ။ Street ရိုက်ဦးမလား အနီးအနားတဝိုက်မှာပေါပါတယ်။ တခုသတိပြုရမှာက ကားလမ်းကူးတာရယ် ခါးပိုက်အနှိုက်မခံရအောင်ဂရုစိုက်တာရယ်ပါ။ မဟာဗန္ဓုလပန်းခြံထဲကနေ မြို့တော်ခန်းမကြီးကိုရိုက်ဦးမလားအဆင်ပြေပါတယ်။ လွတ်လပ်ရေးကျောက်တိုင်ကြီးကလဲ တကယ်သေသေချာချာရိုက်မယ်ဆို တော်တော်မိုက်ပါတယ်ပီးတော့ဘေးက တရားရုံးချုပ် ဆိုလဲရှယ်ပဲလေ။ သတိထားရမှာက ခါးပိုက်နှိုက်ရှိတက်တာပါ။ကိုယ့် ကင်မရာပစ္စည်းတွေကိုကိုယ်နဲ့ဝေးဝေးဘယ်တော့မှမထားလေနဲ့။

ဖန်တီးရာ ပေါ်ကနေရိုက်လာတာလေးတခုပါ

ဆူးလေနားက လူကူး ဂုံးတံတား

၂ ။ ကန်တော်ကြီး ။

ကန်တေ်ာကြီးကတော့ရိုက်စရာနေရာပေါပါတယ် မျှော်စင်ကျွန်းဘက်ကရိုက်မလား ။ ဒါမှမဟုတ် ဝင်ပေါက်နားက ကုန်းပတ်ပေါ်ကနေရိုက်မလား ဘေးလျှောက်လမ်းကနေရိုက်မလား။ ရေပန်းအဝိုင်းဘက်ကနေရိုက်မလား UTOPIA ဘက်ကနေရိုက်မလား အများကြီးပါပဲ။ တကယ်ကိုရိုက်ကွက်ပေါတဲ့နေရာတခုပါ။ ကင်မရာခွန်ဆောင်ရမဆောင်ရအခုထိအငြင်းပွားနေဆဲကိစ္စပါ။ ရေပန်းအဝိုင်းဘက် ပုဂံလုံးကျွန်းဘက်ကတော့အဲ့တာမျိုးမကြားဘူးဘူး။ သတိထားရမှာတခုက ကုန်းပတ်ပေါ်မှာရိုက်ရင် အောက်ကိုသေသေချာချာကြည့်ပါ ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းသွားရိုက်တုန်းက ထရိုင်ပေါ့ကြမ်းကြားကိုကျသွားလို့ အထိတ်တလန့်ဖြစ်ခဲ့ရဘူးတယ်။

မျှော်စင်ကျွန်းဘက်ကနေရိုက်လာတဲ့ ကရဝိတ်

ပုဂံလုံးကျွန်းဘက်က ရိုက်လာတဲ့ ကရဝိတ်

ကန်တော်ကြီးရေပန်းအဝိုင်းဘက်က ရိုက်လာတဲ့ ကရဝိတ်

၃။ ပြည်သူ့ရင်ပြင်။ ( ကားလမ်းဘက် (ဆင်ရေပန်း))

ပြည်သူ့ရင်ပြင်ကတော့ Open space ကျယ်ကျယ်နဲ့ တော်တော် ရိုက်လို့ကောင်းပါတယ်။ ဒါပေမယ့် နေလုံးပါအပါရိုက်ချင်တယ်ဆိုရင်တော့ သူက အရှေ့ဘက်ကိုဦးတည်ထားလို့ သိပ်အဆင်မပြေပါဘူး ဒါပေမယ့် ညရှု့ခင်းတွေ ရွှေတိဂုံဘုရားကိုဘက်ရိုက်တာတွေမှာတော်တော်အဆင်ပြေပါတယ်။ ဒီမှာလဲအငြင်းပွားနိုင်တာတခုက ကင်မရာခွန်ကိစ္စပါ။

ပြည်သူ့ရင်ပြင်ထဲက ရေပန်းကန်

၄ ။ အင်းယားကန် မြကျွန်းသာဘက်အခြမ်း

အင်းယားကန်မြကျွန်းသာဘက်အခြမ်းကတော့တော်တော် အနေအထားကောင်းပါတယ်ဘာလို့လဲဆိုတော့သူကအနောက်အရပ်ကိုဦးတည်ထားတာမို့နေဝင်ချိန်လေးကိုဇိမ်နဲ့ဖမ်းလို့ရပါတယ် ။သူငယ်ချင်းတွေနဲ့ဆိုစကားလဲပြောလို့ကောင်းတဲ့နေရာတခုပါ။ လွတ်လွတ်လပ်လပ်ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတခုပါ။ ထိုင်စရာနေရာတော့သိပ်မရှိဘူး မြက်ပင်တွေပေါ်ပဲထိုင်လို့ရမယ်။

အင်းယားကန်ဘောင်မြကျွန်းသာဘက်အခြမ်း

၅ ။ အင်းယားကန်ဘောင်ပြည်လမ်းဘက်အခြမ်း

ဒီဘက်အခြမ်းက ဓာတ်ပုံဆရာတော်တော်များများ မသွားဖြစ်တဲ့အခြမ်းလေးတခုပါ။ မသိသူကျော်သွားသိသူဖော်စားနေရာလေးခင်ဗျ။ ကန်ရေပြင်ကလဲငြိမ်တယ် reflection ကောင်းကောင်းရိုက်လို့ရတဲ့အခြမ်းလေးတခုပေါ့ဗျာ ။ တုတ်ထိုးစားဦးမလား မင်းလမ်းမုန့်တီသောက်ဦးမလား အကြော်စားဦးမလားအဆင်ပြေတဲ့အခြမ်းဗျ။ နေရာကကားပါကင်လဲကောင်းကောင်းရှိတာမို့ အဆင်ပြေတဲ့နေရာတခုပေါ့ဗျာ ဒါလေးတွေက ကျွန်တော်အဲ့မှာရိုက်လာတာလေးတွေ။

အင်းယားကန်ဘောင် ပန်းခြံလေးထဲကရိုက်ထားတာ Reflection လေးတွေလှတယ်။

📷

၆။ ဗိုလ်တထောင်ကမ်းနား။

ဗိုလ်တထောင်ကမ်းနားကတော့ တော်တော်များများလဲရောက်ဖူးပီး street တွေ sunset တွေရတဲ့နေရာလေးတခုပါ။ သေချာမစဉ်းစားရင်ရိုက်ကွက်နဲတယ်လို့ထင်ရပေမယ့် ရိုက်စရာတော်တော်ပေါတဲ့နေရာလေးတခုပါ။ Tele ပါရင်သိပ်ကောင်း wide နဲ့လဲအိုကေ။ အနားမှာရှိတဲ့ သန်လျက်စွန်းဘက်ကဝင်ရတဲ့ ဗိုလ်တထောင်ပန်းခြံဟာဆိုရင်လဲ အရမ်းကိုသာယာပြီး ဓာတ်ပုံရိုက်လို့ကောင်းပါတယ် နဲနဲတော့သွားရတာခက်ပါတယ်။

ဗိုလ်တစ်ထောင်ကမ်းနား

ဗိုလ်တစ်ထောင်ကမ်းနား

၇ ။ ဘုရင့်နောင်တံတားအ မှတ် ၁ နှင့် ၂ ။

ဘုရင့်နောင်တံတားအမှတ် ၁နဲ့၂ကတော့ တကယ့်ကိုနေရာကောင်းပါပဲ လှိုင်သာယာနဲ့ဘုရင့်နောင်ကိုဆက်သွယ်ပေးထားတဲ့တံတားနှစ်စင်းဖြစ်ပီးတော့သူတို့ရဲ့အားသာချက်က အနောက်ဘက်အရပ်ကိုမျက်နှာမူနေတာပါ။ အကယ်ရျ်စိတ်ပါရင် steel wool တောင်လှည့်လို့ရတဲ့နေရာတွေပါ ။ရင်တုန်းက ခွေးတိုးပေါက်သာသာပဲရှိပေမယ့်အခုနောက်ပိုင်းသူငယ်ချင်းတွေလာတာများလာတော့ကျွန်တော်အပေါက်ကို ချဲ့လိုက်တယ်လူကောင်းကောင်းသွားလို့ရအောင်လို့။ wide လိုကိုလိုပါမယ်။ Filter တွေပါရင်ပိုပီးမိုက်တာပေါ့ဗျာ ။ လမ်းက ဒီလိုပါကားငှားရင် ဘုရင့်နောင်တံတားအမှတ်၂အောက်က ဘုရင့်နောင်တံတားဆောက်လုပ်ရေးရုံးကိုငှားပါပီးရင်တံတားအောက်ကိုသွားပါ ပီးရင် မြစ်ဘက် ခြံစည်းရိုးနားကိုသွားပါ ခြံစည်းရိုးအဆုံးမှာ အပြင်ကိုထွက်တဲ့အပေါက်တွေ့ပါလိမ့်မယ်။

ဘုရင့်နောင်တံတား အမှတ် ၁နှင့် ၂

၈ ။ ဘုရင့်နောင်ဂုံးတံတား။

ရန်ကုန်ရဲ့ပထမဦးဆုံးနှစ်ထပ်တံတားလဲဖြစ် ပီးတော့ အပေါ်အောက်မီးထွန်းထားတာကတော်တေ်ာကိုလှပါတယ်။ တခုဂရုစိုက်ရမှာက ဘတ်စ်ကားဂိတ်ကလူတွေ နဲနဲရိုင်းတယ် ။ ဂရုစိုက်ပါအဲ့မှာရိုက်မယ်ဆိုရင်။ wide lens ရှိလေကောင်းလေပဲဗျ။

ဘုရင့်နောင်ဂုံးတံတား

၉ ။ ဘုရင့်နောင်ကမ်းနား

ဘုရင့်နောင်ပွဲရုံတန်းကနေကမ်းနားဘက်ကိုဆက်တိုက်ထွက်လိုက်ရင်တော်တေ်ာမိုက်တဲ့ ကုန်တင်ကုန်ချဆိပ်ကမ်းကိုတွေ့ရပါလိမ့်မယ် ။ အားသာချက်ကသူလဲအနောက်အရပ်ကိုမျက်နာမူနေတာမို့နေဝင်ချိန်ကောင်းကောင်းဖမ်းလို့ရတယ်လေ။

ငပိစော်မခံနိုင်တဲ့သူမသွားတာကောင်းပါတယ် ခေါင်းမူးလောက်အောင်ငပိစော်နံပါတယ်။

ဘုရင့်နောင်ဆိပ်ကမ်းနား

၁၀။ ကြို့ကုန်းသစ်တောဝင်း ဆိပ်ကမ်း

ဒါကတော့ကြို့ကုန်းသစ်တောဝင်းအနောက်ဘက်ကိုထွက်ရတာပါ ။သစ်တင်တဲ့သဘောၤကြီးတွေ သဘောၤပျက်တွေရှိတဲ့ဆိပ်ကမ်းတခုပါ ။ ဓာတ်ပုံရိုက်လို့လဲတော်တော်ကောင်းနေရာတခုပါသူလဲအနောက်အရပ်ကိုမျက်နှာမှူနေတာမို့ရှယ်ပါပဲ။ လူအင်အားတောင့်မှသွားပါ လူပြတ်ပါတယ်။ အားသာချက်က သစ်လုံးသယ်တဲ့ သင်္ဘော ကြီးတွေပေါ်တက်ပြီး ဓာတ်ပုံရိုက်လို့ရတာပါ ရေထဲတော့ပြုတ်မကျအောင်ဂရုစိုက်သင့်ပါတယ်။

ကြို့ကုန်းသစ်လုံးကမ်းနား

ကြို့ကုန်းသစ်တောဝင်းနောက် သင်္ဘောကြီး

၁၁ ။ အောင်ဇေယျတံတား

အောင်ဇေယျကြိုးတံတားကလဲတကယ့်ကိုရိုက်လို့ကောင်းတဲ့နေရာတခုပါပဲ။ sunset အတွက်တေ်ာတေ်ာမိုက်တဲ့နေရာလေးပါ ။ သွားမယ်ဆိုရင် တံတားလမ်းမရောက်ခင်တလမ်းအလိုကနေဝင်သွားလိုက်ရင်ရပါတယ်။ လူအင်အားတောင့်မှသွားပါ ။ လူစရိုက်တော်တော်စုံပါတယ်။ တခါတလေ အရက်သောက်နေတဲ့လူတွေရန်လာစတာတောင်ခံရနိုင်ပါတယ် အင်အားတောင့်မှသွားတာပိုကောင်းပါတယ် ။

အောင်ဇေယျတံတားကနေမြင်ရတဲ့နေဝင်ချိန်လေးတခု နိုင်ငံခြားလိုလိုဘာလိုလို

၁၂။ ကြည့်မြင်တိုင်းကမ်းနားပန်းခြံ (စာတိုက်မှတ်တိုင်မရောက်ခင်တမှတ်တိုင် )

လှေလေးတွေရပ်ထားတဲ့နေ့ဆိုပိုပီးရိုက်လို့ကောင်းတယ် ရေတက်နေရင်လဲမိုက်တယ်။ တခုရှိတာက အခုတော့ ခြုံတွေအရမ်းထူနေလို မြွေပါးကင်းပါး ဂရုစိုက်ပြီးသွားရိုက်သင့်တယ်။ သူလဲလှတဲ့ထဲမှာပါတယ် လှေဆိပ်နားကရိုက်ရင် လှေတွေကို foreground ခံပြီးရိုက်လို့ရတယ်။

ကြည့်မြင်တိုင်ပန်းခြံ

၁၃ ။ မဟာဗန္ဓုလတံတား ပုဇွန်တောင်

ဒီနေရာကလဲ မိုက်တယ်ရိုက်လို့ကောင်းတဲ့နေရာတခုပဲ အောက်က ငါးဖမ်းလှေတွေကိုရိုက်မလား ဒါမှမဟုတ် wide သုံးပြီးရွှေတိဂုံစေတီတော်ကိုပါ ညနေရှု့ခင်း ညရှု့ခင်းနဲ့ရိုက်မလားရိုက်လို့ရတယ်။ တံတား ကအမြဲကားကြီးတွေဖြတ်တဲ့တံတားမို့လို့ တံတား အဓိကတိုင်ကြီးတွေနေရာက ရိုက်တာမဟုတ်ရင်လှုပ်ပါတယ် long exposure ဆွဲလို့အဆင်မပြေတက်ပါဘူး။ ရဲကင်းလေးတွေရဲ့အရှေ့အကွယ်ကိုယူပြီးကားရပ်ရင်ကားအတွက်စိတ်ချရပါတယ် ။

မဟာဗန္ဓုလတံတား ပုဇွန်တောင်

၁၄ ။ သာဓုကန် ရွှေပြည်သာ။

ဒါကတော့မြို့ထဲနေတဲ့သူတွေအတွက်နဲနဲဝေးတဲ့နေရာတခုပါပဲ သာဓုကန်စေတီက မိုးချုပ်ရိုက်တာထက် မိုးလင်းကိုစောင့်ရိုက်တာပိုကောင်းတဲ့နေရာတခုပါဘာလို့တုန်းဆိုတော့ အရှေ့ဘက်မှာကန်ရှိနေတာမို့ပါ အဲ့တာကိုမိုးလင်းရိုက်မယ်ဆိုရင် တိမ်တွေပြေးနေတာ တိမ်တောက်တာတွေကို ကန်ရေပြင်မှာreflection နဲ့အတူရစေနိုင်မှာပါ။

သာဓုကန်စေတီ မိုးလင်းဆိုရင်ပိုလှမှာ

သာဓုကန် ကွန်ပြုတာ တက္ကသိုလ်နောက်ဘက်ခြမ်း

၁၅ ။ မုဒိတာအိမ်ယာ

မုဒိတာအိမ်ယာ ဆိုတာက မရမ်းကုန်း ၂ ရပ်ကွက်ထဲမှာရှိတဲ့ တန်ဖိုးသင့်တိုက်ခန်းတွဲတွေပါ မိုက်တာက တိုက်အပေါ်ဆုံးထပ်က နေအေးအေးဆေးဆေး ဓာတ်ပုံရိုက်လို့ရတာပါ။

မုဒိတာအိမ်ယာက နေလှမ်းမြင်ရတဲ့ နေဝင်ချိန်လေးတခု

၁၆ ။ ရန်ကုန်ဘူတာကြီး
ရန်ကုန်ဘူတာကြီးကတော့ ဓာတ်ပုံဆရာကြီးကြီးငယ်ငယ်မရွေး ကြိုက်ကြတဲ့နေရာတခုပါ အထူးပြောစရာတောင်မလိုပါဘူး ။

ပန်းဆိုးတန်းတံတားပေါ်နေရိုက်ထားတာလေးတခု

၁၇။ ဒလဘက်ကမ်း

တကယ်က ဒလဘက်ကမ်းက ရန်ကုန်နဲ့ ဟိုဘက်ဒီဘက်သာဖြစ်သွားတာ အများကြီးကွာနေသေးတယ်တိုးတက်မှု လူနေမှုတွေ အကုန်မတူညီကြဘူး။ ဓာတ်ပုံရိုက်မယ်ဆိုရင်တော်တော်မိုက်တာတွေရိုက်လို့ရတဲ့နေရာတခုပါပဲ ဟိုးဘက် အနောက်ဘက်ကဆို လမ်းဆက်လျှောက်မယ်ဆိုရင် ရန်ကုန်ကနေ ဆိပ်ကြီးခနောင်တိုဘက်ကို သွားတဲ့ဘက်မှာရှိတဲ့ လျှပ်စစ်တာဝါကြီးကိုရိုက်ရတာလဲမိုက်တယ်။

ဒလကူးတို့ဆိပ်ကနေလှမ်းမြင်ရတဲ့ရန်ကုန် ဆိပ်ကမ်း

ဒလဘက်သွားမယ်ဆိုရင်တော့ရေတက်ရေကျကိုသေသေချာချာကြည့်ပီးမှသွားသင့်တယ်ဗျ ရေကျရင်ကမ်းလေးပေါ်နေလို့လှတယ်လေ။ ပီးတော့ ကားဇတ်ဆိပ်ဘက်မှာလဲ သဘောၤပျက်တွေရှိတယ်မိုက်တာပဲ။ တခုသတိထားရမှာက သဲနဲ့နှုန်းတွေထဲမှာပုလင်းကွဲတွေရှိနေတက်တာပဲ သားရေဖိနပ်စီးဖို့ထက် ရှုးဖိနပ်လို့အောက်ခံအမာနဲ့ခြေထောက်ကိုကောင်းကောင်းကာကွယ်ပေးနိုင်တာစီးသင့်ပါတယ်။

ဒလဘက်နေဆက်လျှောက်ရင်ရောက်တဲ့ကမ်းခြေလေး

၁၈။ ရွှေဂုံတိုင်တာဝါ

သွားမယ်ဆိုတိုင်းသွားမရတက်မရဖြစ်တဲ့ နေရာပါအောက်ကလုံခြုံရေးတွေက ရပ်ကွက်လူကြီးဆီမှာတက်ဖို့ထောက်ခံစာလုပ်ခိုင်းပါတယ် ပြီးတော့ အပေါ်ကိုတက်ရင်လဲ လုံခြုံရေးတစ်ယောက်လိုက်လာတက်ပါတယ် အကြောင်းကအပေါ်မှာ ဖုန်းတာဝါတိုင်တွေ အင်တာနက်တိုင်တွေအများကြီးရှိလို့ တိုက်က တာဝန်ယူထားရတာမို့ပါ တကယ်လို့ခွင့်ပြုချက်ရပြီးတက်ရိုက်မယ်ဆိုရင်တောင် အများကြီးဂရုစိုက်ပြီးရိုက်ပေးပါ မထိခိုက်မိအောင်။ အပေါ်ကိုလူတက်တာနဲလို့ရေညှိထူပါတယ် သတိထားပါ နွေရာသိမှာမသိသာပေမယ် ကျန်တဲ့ရာသီဆိုတော်တော်ချောတယ်ပြောလို့ရပါတယ်။

ဒါက အဲ့တာဝါပေါ်က နေ အစွန်းထိထွက်ပြီးရိုက်ထားတာလေးတခုပါ

ညနေဘက်ဆိုရင်ပိုလှတယ် နေဝင်ချိန်နဲ့ရိုက်ရရင်

၁၉။ထန်းတပင် တံတားအသစ် (ကုက္ကိုဝ တံတား)
လှိုင်သာယာဘက်မှာ နားအေးပါးအေး နေဝင်ချိန်သွားရိုက်ချင်တယ်ဆိုရင်တော့ လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ်ကနေ ထန်းတပင်ကိုဆက်မောင်းပါ။ အဲ့မှာ ထန်းတပင်မြို့ထဲမဝင်ပဲ ဘယ်ဘက်ကိုကွေ့သွားပြီးတန်းတန်းမောင်းလိုက်ရင် ထန်းတပင်တံတားကိုရောက်မှာပါ နေဝင်ချိန်အဓိကရိုက်လို့ကောင်းတဲ့နေရာတခုပါ ကျေးလက်ဖွံဖြိုးရေးစီမံချက်နဲ့ကွန်ကရစ်လမ်းတွေခင်းနေတာမို့ ကားမောင်းရအဆင်ပြေစေမှာပါ။ တခုပဲတံတားအောက်ကိုဆင်းတဲ့လမ်းက မြေသားလမ်းပဲရှိတာမို့ ဂရုစိုက်ရပါမယ်ကားအသေးဆိုရင်။

ထန်းတပင် ကုက္ကိုဝတံတား ညနေချိန်

၂၀။ အင်းယားကန်ဖျားကျောင်းတိုက်

ဒီကိုသွားမယ်ဆိုရင်တော့ တက္ကသိုလ်ရိပ်သာလမ်းကနေသွား ပြီးရင် မြဝတီဆီဆိုင်ဘေးလမ်းကနေတည့်တည့်ဝင်သွားလိုက်ရုံပဲ အထဲရောက်ရင်တော့ဆရာတော်တပါးပါးကိုခွင့်ပြုချက်တောင်းပြီးရိုက်လို့ရပါတယ် အရမ်းတော့မဆူစေနဲ့ပေါ့ဗျာ စာအံနေတဲ့ကိုရင်တွေရှိတက်လို့ပါ။ အဓိက ရိုက်လို့ရတာက မြန်မာပလာဇာရဲ့အရိပ်ကို အင်းယားကန်မှာ ထင်ဟပ်နေတာကိုပါလှပါတယ်။ ကျွန်တော်သွားတဲ့နေ့က အလင်းက သိပ်မလှလိုက်ဘူး နောက်တခေါက်ထပ်သွားပြီးရိုက်ဦးမယ်။

အင်းယားကန်ဖျားကျောင်းတိုက်ကနေမြင်ရတဲ့ မြန်မာပလာဇာ

၂၁။ တွံတေး အနီးတဝိုက်

တွံတေးဆိုရင် ကျွန်တော်တို့ တွေးမိကြတာက အိုးလုပ်ငန်းကိုဓာတ်ပုံရိုက်တာပါ။ ပြီးရင် တွံတေးတံတား ကြီးကိုလဲရိုက်လို့ရပါတယ်။ တကယ်လို့သွားရိုက်မယ်ဆိုရင်နေ့လယ် လောက်သွား ဓာတ်ပုံရိုက် နေ့လယ်စာ ဘာဘညာစားပြီးသွားရင် နေဝင်ခါနီးမှ ပြန်ထွက်လာခဲ့ ပြီးရင် တွံတေးတံတားပေါ်က နေ ဝင်တာကိုရိုက်မလား မစ်ကီးဝေးရိုက်မလား ရိုက်လို့ရပါတယ်။ တံတားပေါ်ကနေ ရှုခင်းက မြေပြန့်ချည်းပဲဆိုပေမယ်တော်တော်သာယာပါတယ်လေလေးတဖြူးဖြူးနဲ့ပါ။ မဟုတ်ရင်လက်ခုပ်ကုန်းတို့ ဘာတို့ကိုဆက်သွားပြီးနေဝင်မှပြန်လာမယ်ဆိုလဲရပါတယ်။

တွံတေးကအပြန် တွံတေးတံတားပေါ် အပြန်ဝင်ရိုက်ခဲ့တာလေးတခုပါ

ဒီကျွန်တေ်ာပြောပြခဲ့တဲ့နေရာလေးတွေအပြင်တခြားနေရာလေးတွေအများကြီးလဲရှိပါသေးတယ်။ ကျွန်တော်အလျှင်းသင့်ရင်သင့်သလို Update လုပ်ပေးသွားပါ့မယ်။ ဒီနေရာလေးတွေကိုပြောပြရတာ နယ်ကဓာတ်ဆရာတွေရန်ကုန်လာရင်ဖြစ်ဖြစ် နေရာကိုတန်းမစဉ်းစားမိတာမျိုးရှိရင်တဖက်တလမ်းကအထောက်အကူဖြစ်အောင်လို့ဒီ note လေးကိုရေးတာပါ။ အကယ်ရျ် နေရာလေးတွေထပ်စဉ်းစားမိတာလေးတွေရှိရင်လဲကျွန်တော်ကိုရှဲကြပါဦး ဒီ Note အောက်မှဖြစ်ဖြစ်ရေးသွားလို့ရပါတယ် ကျွန်တော်တို့ ရန်ကုန်ရဲ့ဓာတ်ပုံရိုက်လို့အကောင်းဆုံးနေရာစာရင်းလေးကိုလုပ်ကြည့်ကြတာပေါ့ဗျာ။ နေရာတွေကအားလုံးသိပီးသားလဲဖြစ်နိုင်ပါတယ်။

မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ ။