ပုံရိပ်များကိုထုဆစ်သောအလင်း ၆ မျိုး
ကျွန်တေ်ာတို့ Editing လုပ်ရင် ပဲဖြစ်ဖြစ် landscape ဓာတ်ပုံရိုက်ရင်ပဲဖြစ်ဖြစ်လွယ်ကူသွားအောင်ပြောရမယ်ဆိုရင် အလင်း ခြောက်မျိုးရှိတယ်ဗျ။ အဲ့ခြောက်မျိုးက အချိန်အလိုက်ဖြစ်သွားတာ ကင်မရာကလဲအဲ့တာကိုလိုက်ပီးဆက်တင်ပြောင်းရိုက်နေမှဖြစ်တာ အဲ့တာကြောင့် ဒီအလင်းခြောက်မျိုးက အရေးကြီးပါတယ် Landscape သမားတွေအတွက်။
1 . Total Darkness
ညဘက်ကြီး ကျွန်တော်တို့ ကြယ်တွေ ဂလက်စီတွေသွားရိုက်ရင် Light pollution မှအပ ကျန်တဲ့အလင်းကြီးတွေမရှိဘူးလေ တခါတလေ ကျွန်တေ်ာတို့ မြို့နဲ့ဝေးတဲ့နေရာတွေသွားရိုက်တာတို့ဘာတို့ဆိုရင် Total Darkness ပဲလေ ။ ကြယ်တွေရဲ့အလင်းတော့ရှိတာပေါ့ဗျာ။ လရှိရင်တော့ Total Darkness မဖြစ်ဘူးလရောင်ကျန်နေသေးလို့လေ။ အဲ့ မှာ ညဘက်ကို ညဘက် mood ပျောက်သွားလောက်တဲ့အထိ Retouch ကိုင်တာကလဲမကောင်းဘူးဗျ။
2 . Pre-dawn or post-dusk skylight
ဒီနေမထွက်ခင် နေလုံးဝမ၀င်ခင်စပ်ကြား အချိန်လေးတွေက လုံး၀ Long Exposure နဲ့ Dreamy mood ကိုဖန်တီးပေးနိုင်တယ်လေ။ တခါတလေကျွန်တေ်ာတို့ ဓာတ်ပုံသွားရိုက်တာ မိုးလင်းခါနီးဖြစ်သွားတက်တယ်အဲ့အချိန်ဆိုရင် လုံးဝရှယ်ပဲ ရိုက်လို့ ကိုကျော်စွာတို့ရဲမြတ်ဖြိုးတို့ ကောင်းထက်မြတ်ဇော်တို့နဲ့ ကလောသွားခဲ့တဲ့ညကို သတိရမိ မနက်လင်းတဲ့အထိမပြန်နိုင်သေးဘူး ဓာတ်ပုံရိုက်လို့ကောင်းတုန်းရှိသေးတယ်။
3 . Dawn or dusk
ဒီအချိန်တွေက တော့ စောစာကပြောတဲ့အချိန်တွေကို ကျော်ရုံလေးရှိသေးတယ် ကောင်းကင်မှာလဲ အလင်း ကျန်နေ ဒါမှမဟုတ်ပေါ်လာနေပီးတော့ တိမ်တွေ တောက်တဲ့အချိန်မျိုးပေါ့ ။ Landscape သမားတွေကသတိထားရတယ် ဒီမှာကာလာတွေအလွန်အကျွံ့မဖြစ်အောင် Edit ဖို့ကိုလေ။ကျွန်တော်အရင်တုန်းက ဆို ရင်အရောင်တွေကို အလွန်အကျူး သုံးမိတယ် အမြဲလိုလိုပဲ ။
4. Post-Dawn or Pre Dusk
ဒီအချိန်တွေကနေက မိုးကုတ်စက်ဝိုင်းပေါ်မေးတင်ချိန်တွေမို့လို့ အလင်းရောင်ဖြာထွက်မှု့ကောင်းပီးတော့ မြေပြင်မှာရှိတဲ့ အရာတွေက အရိပ်ရှည်ရှည်ကြီးတွေထွက်တဲ့ အချိန်မျိုးပါပဲ။ တွေ့ဖူးကြတယ်မို့လား မန်းန္တလေးတောင်ပေါ်မှာ အရိပ်ရှည်ရှည်ကြီးတွေကျပီးတော့လှနေတဲ့အချိန်လေ အဲ့တာကိုပြောတဗျ အဲ့အချိန်က အရောင်တွေအရမ်းလှတဲ့အချိန်လို့လဲပြောလို့ရတယ်။ တိမ်အရောင်တွေလှဖို့ဆိုတာရာသီဥတုနဲ့လဲဆိုင်သေးတယ်ဗျ။ ရာသီဥတု ကောင်းရင်ကောင်းလို ကြည်လင်နေရင်နေသလို အလင်းက လှတယ်ဗျ။
5 . Daylight
နေလဲလုံးဝထွက်ပီးသွားပီ ဆိုရင် အလင်းရောင်ရဲ့စူးရှမှုကတိုးလာပါတယ် တိုးလာတာနဲ့အမျှ အရမ်းကိုထင်ရှားပီး harsh ဖြစ်တဲ့ အရိပ်တွေ contrast တွေကိုဖန်တီးပါတယ်။ Landscape ရိုက် ရင်အဆင်ပြေလားလို့မေးရင် တခါတလေ ဆိုပြေပေမယ့်တခါတလေဆိုမပြေဘူးဗျ ဘာလို့တုန်းဆိုတော့ အဲ့အလင်းကြောင့်ဖြစ်လာတဲ့ အရိပ်တွေက အရမ်းပြင်းနေတော့ အဆင်မပြေတော့တာ ။ ဒါပေမယ့် အဲ့အလင်းကို ဖျော့ပေးဖို့တိမ်တွေထူလာတာပဲဖြစ်ဖြစ် မိုးအုံ့တာပဲဖြစ်ဖြစ်ဖြစ်ရင်တော့ Landscape တော့မဟုတ်ဘူး portrait လေးတွေရိုက်လို့သိပ်ကောင်းတာ ။
6 . Bad light
ဒါကတော့ သိပ်ရှင်းပြစရာမလိုပါဘူး ။ အရမ်းကို အလင်းတိုးမပေါက်အောင် တိမ်တွေထူလာတဲ့အချိန်မျိုးပေါ့ မှုန်မှိုင်းအုံ့ဆိုင်းပီးတော့ ဘာအလင်းကိုအခြေခံပီးဓာတ်ပုံရိုက်ရမှန်းကိုမသိတော့ မိုးရွာခါနီးရင်လဲဖြစ်တယ် ။ အလင်းကွာလတီမကောင်းဘူးလို့ပဲဆိုကြပါတော့ဗျာ။ တခုတော့ရှိတယ် မိုးကြိုးပစ်ခါနီးမို့လို့ ဖြစ်တာဆိုရင်တော့ မိုးကြိုးကိုစောင့်ရိုက်ပေါ့ဒါပဲရှိတာပဲကို ။ ကျန်တာမှရိုက်လို့မရတာ ။ အဲ့လိုမဟုတ်ပဲနဲ့ အုံ့မှိုင်းနေတာမျိုးဆိုရင်တော့ ထိုင်စောင့်မနေနဲ့ ဖုန်းနဲ့ weather ကိုသေသေချာချာ ကြည့် တနေကုန်အဲ့လိုဆိုရင် အဲ့နေ့အနားရတာပေါ့ဗျာနောက်နေ့ထွက်ရိုက်ပေါ့ ။
ဒီအလင်းခြောက်မျိုးက အရေးကြီးတယ်ဗျ ။ ဒီအလင်းတွေကိုအခြေခံပီးတော့ Landscape ရိုက်ရင်ပဲဖြစ်ဖြစ် Portrait ရိုက်ရင်ပဲဖြစ်ဖြစ် ရိုက်နေတုန်း WB တွေချိန်တာတွေပြီးတော့ ရိုက်ပီးအိမ်ပြန်ရောက်လို့ Edit လုပ်ချိန်တွေမှာ ငါဘာအလင်းကိုရိုက်လာတာပါလားဆိုတာသိထားနေမယ်ဆိုရင် ကျွန်တေ်ာအရင်ကဖြစ်ခဲ့ဘူးသလို အလွန်အကျူးတွေမဖြစ်တော့ဘူးပေါ့ဗျာ။
မင်္ဂလာပါ ကျွန်တေ်ာကောင်းကောင်းပါ အားလုံး အလင်းအမိုက်စားတွေကိုဖမ်းယူဖန်တီးကြရအောင်
ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးအထူးပဲတင်ပါတယ်ကိုကောင်းရေ။