ကျွန်တော် ဒီနေ့ ဝမ်းသာစရာ သတင်းတခုကိုဟိုတယ်နဲ့ ခရီးသွား ဝန်ကြီးဌာန ပေ့ကနေရတယ် အဲ့တာက ကျွန်တော်တို့အားလုံးကြိုးစားအားထုတ်ထားတဲ့ ဓာတ်ပုံတွေဗီဒီယိုတွေကို တင်ဒါခေါ်ယူတာပါ ။ Digital Marketing လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ခရီးစဉ်ဒေသအလိုက် ဆွဲဆောင်မှုရှိသည့် ဓာတ်ပုံများရိုက်ကူးရန် ဈေးနှုန်းအဆိုပြုလွှာခေါ်ယူခြင်း ဆိုတဲ့ခေါင်းစဉ်လေးနဲ့ တင်ဒါခေါ်တာပါ Ministry of Hotels and Tourism facebook page ကနေလဲကြည့်လို့ရပါတယ်။ ဓာတ်ပုံတွေ ဗီဒီယိုတွေကို သူတို့ဆီကိုပေးပို့ပေးရမှာဖြစ်ပြီး။ ရရှိတဲ့အထဲကမှ ဈေးနှုန်း ပုံကွာလတီ ဗီဒီယိုကွာလတီတွေကိုကြည့်ပြီး ရွှေးခြယ်ဝယ်ယူသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အားထုတ်ထားတဲ့ နိုင်ငံတဝန်းက ပုံလေးတွေက နိုင်ငံတကာ မှာ မြန်မာ့ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရာမှာ အရမ်းကို အထောက်ကူပြုမှာဖြစ်ပါတယ်။ နိုင်ငံတကာ မှာ မြန်မာဟာ ဒါကွ ဆိုပြီး ဝံ့ဝံ့ကြွားကြွား တင်ပြနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်အဲ့လိုတင်ဖို့ဘယ်လိုတွေလုပ်ရမလဲ ဘယ်လိုတွေ တင်ပြရမလဲဆိုတဲ့အချိန်မှာ ကျွန်တော်သိသလောက်လေး ပြောပြပါ့မယ်။
ဥပမာ ပြောရရင် ဝန်ကြီးဌာန တစ်ခုက ဓာတ်ပုံ တင်ဒါ ခေါ်တယ် ဆိုကြပါစို့။ သူတို့တောင်းတဲ့ လိုချင်တဲ့ location က 4-5 ခု က တစ်ပုံနှစ်ပုံ လောက်ပဲရယ် ၊ ကျွန်တော်တို့ ဓာတ်ဆရာတွေက တနေရာတည်းကိုတောင် မတူညီတဲ့ပုံ 20 လောက် ပါတယ်။ ဒါကို တွေ့တော့ ဝန်ကြီးဌာနကလူတွေခေါင်းကိုက်ရော။ အဲ့မှာ ဓာတ်ပုံဆရာတွေက ဘယ်စံနှုန်းနဲ့တိုင်းတာတယ်ဘယ်လိုဟာတွေလိုချင်တယ်ဆိုတာကိုမသိပဲနဲ့ ဓာတ်ပုံဆရာတွေနဲ့ ဝန်ကြီးဌာနတွေ စိတ်ဝမ်းကွဲတက်ကြတယ်ဆိုတာကိုတော့သတိထားနားလည်စေချင်ပါတယ်။ အခုကိစ္စက သူ့ပုံပါမှ ကိုယ့်ပုံပါမှမဟုတ်ပါဘူး နိုင်ငံ ရဲ့ အရှိန်အဝါ တခု အလှအပတွေကိ ုဖော်ထုတ်ပေးနိုင်မယ်အခွင့်အရေးမို့ စိတ်ဝမ်းမကွဲကြပဲ စည်းလုံးကြစေချင်ပါတယ်။ ဓာတ်ပုံနဲ ဗီဒီယိုနဲ့ပတ်သက်လာရင် စံနှုန်းသတ်မှတ်ကြတာ ဓာတ်ပုံသမားတစ်ယောက်နဲ့တစ်ယောက်တောင်မတူညီကြပါဘူး ။ ဝန်ကြီးဌာနလဲအဲ့လိုပါပဲ ။ ကိုယ့်လိုအပ်ချက်နဲ့ကိုယ်ကိုက်ညီမယ့်ပုံစံကိုပဲ အဓိကာထားသက်မှတ်ကြတာပါ။ နောက်ပြီး အခုလိုကိစ္စမှာ နိုင်ငံခြားကပုံတွေနဲ့ ဂျင်းမထည့်စေချင်ပါဘူး ။
တင်ဒါဆိုတာဘာလဲ ။
တင်ဒါခေါ်တယ်ဆိုတာ ဝန်ကြီးဌာန တခုက သူ့အတွက်လိုအဲ့တဲ့အရာတခုအတွက် တင်ဒါခေါ်တယ်ဆိုကြပါစို့။ တင်ဒါခေါ်တယ်ဆိုတာ Public ရဲ့ professional တွေကိုကမ်းလှမ်းလိုက်တာပါ။ ဒါပေမယ့် ဒီတင်ဒါကိုဝင် ပြိုင်တိုင်းလဲ ဒီဝန်ကြီးဌာနရဲ့ ကမ်းလှမ်းချက်ကို လက်ခံတယ်လို့ခေါ်လို့မရပါဘူး ဘာလို့တုန်းဆိုတော့ ကမ်းလှမ်းချက်ကို လက်ခံတယ်ဆိုတဲ့သဘောပဲရှိသေးလို့ပါ။ နားလည်အောင် ပြောရရင် ဖေ့ဘွတ်မှာ ကိုယ်ကြိုက်တဲ့ကောင်မလေးတစ်ယောက်က add friend လုပ်တာနဲ့ ကိုယ်နဲ့သူနဲ့ ရည်းစားတန်းဖြစ်သွားတာမှမဟုတ်တာ။ အဲ့ကမ်းလှမ်းချက်ကိုလက်ခံပြီးတဲ့နောက်မှာ ဝန်ကြီးဌာန ကလဲ တန်းအလုပ်လုပ်မယ် ဆိုဖြစ်မှာမဟုတ်ပါဘူး တင်ဒါဝင်ပြိုင်တဲ့သူ ဆီက ဈေးနှုန်းကွာလတီ စတာတွေကို သူတို့လိုအပ်ချက်နဲ့ကိုက်ညီမှု့ရှိမရှိ တိုင်းတာစစ်ဆေးဦးမှာပါ ။ အဲ့အဆင့်ဖြတ်ကျော်ပြီးမှ အလုပ်ပြီးတာပါ။ တင်ဒါဝင်ပြိုင်တဲ့သူဘက်က ဈေးနှုန်းတင်ပြတာကို ဝန်ကြီးဌာနက လက်ခံလိုက်တယ်ဆိုတာ တင်ဒါအောင်တာမဟုတ်သေးပါဘူး တန်ပြန်ကမ်းလှမ်းချက် counter proposel အနေနဲ့သာရှိပါတယ်။ တင်ဒါခေါ်တဲ့ ဝန်ကြီးဌာနက လက်ခံလိုက် ပြီဆိုမှ ကတိနဲ့ စာချုပ်ချုပ်တဲ့အဆင့်တင်ဒါလုံးဝအောင်တဲ့အဆင့်ကိုရောက်တာပါ။
နားလည်အောင် ရှင်းပြရရင်
၁။ ဝန်ကြီးဌာနက တင်ဒါခေါ် ၂။အပြင်လူတင်ဒါလျှောက် ၃။ လျှောက်တဲ့တင်ဒါ လက်ခံ ၄။ဝန်ကြီးဌာနက ဈေးနှုန်းတွေကွာလတီတွေစစ် ၅။ ဝန်ကြီးဌာနက အိုကေ ငါတို့ကြိုက်တယ်ဝယ်မယ်ဆိုပြန်ပြော ၆။ စာချုပ်ချုပ်နဲ့ရောင်း ( copyright တွေဘာတွေညာတွေအကုန်ပါ။)
အဆင့် ၆ဆင့်ပေါ့ဗျာ။ ကျွန်တော် MBA တက်နေတုန်းက လေ့လာမိတာလေးတွေရယ် ဖတ်ဖူးတာတွေရယ် အမေ့ကို မေးတာတွေရယ်ကို အကျဉ်းချုပ်ရေးလိုက်တာပါ။
တင်ဒါအောင်တယ်ဆိုတိုင်းလဲအရမ်းမပျော်နဲ့ဦး သစ်တောမှာတော့ တင်ဒါ ပစ္စည်းကိုငွေပေးချေဖို့ ၄မျိုးခွဲထားတယ်ဗျ (က) ငွေလုံးငွေရင်း သုံးစွဲမည့် စီမံကိန်း တင်ဒါဆိုရင် သက်ဆိုင်ရာ ဘဏ္ဏာရေးနှစ် အမျိုးသားစီမံကိန်း ရသုံး ခန့်မှန်းငွေစာရင်းမှာ တွဲတင်ရတယ်
(ခ) ငွေလုံးငွေရင်း အသုံးစရိတ်နဲ့ စက်တွေ ကားတွေ ဝယ်တာမျိုးဆိုရင် သက်ဆိုင်ရာဌာန တွေရဲ့ နှစ်စဉ်ရသုံး ခန့်မှန်းငွေစရင်းမှာ တင်ရတယ်ဗျ။
(ဂ) သာမာန်အသုံးစရိတ်နဲ့ ကျခံသုံးဆွဲမယ့် ကုန်ကြမ်း တွေ ဆေးတွေ ပညာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းတွေဆိုရင် အတွက် အကုန်အကျခံဝယ်ယူရမယ်ဆိုရင် (အခုဓာတ်ပုံတွေဗီဒီယိုတွေဝယ်တာ ကုန်ကြမ်းဝယ်တာနဲ့တူလို့ဒီထဲပါတယ်) သက်ဆိုင်ရာဌာနရဲ့ ရသုံးခန့်မှန်းငွေစာရင်းမှာပါရတယ် (ဌာနတွင်းပဲမို့ငွေရမြန်နိုင်တယ်)။
(ယ) နိုင်ငံခြားငွေနဲ့ ဝယ်ရမည့်ပစ္စည်းတွေ အဆောက်အုံတည်ဆောက်တာတွေ စက်တွေတပ်ဆင်တာတွေဆိုရင် သက်ဆိုင်ရာဌာနရဲ့ နှစ်စဉ်နိုင်ငံခြားငွေစာရင်းမှာတင်ရတယ်ဗျ။
အစိုးရတင်ဒါ ဝန်ကြီးဌာန တင်ဒါတွေက စိတ်ဝင်စားဖို့ကောင်းတယ်သိတဲ့အတိုင်းအဆင့်ဆင့်ပဲလေ။ ၄ဖွဲ့အကြမ်းအားဖြင့်ရှိတယ်ဗျ။ တင်ဒါကော်မတီ ၊ ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ ၊ တင်ဒါလက်ခံရေးနှင့်စီစ်ရေးကော်မတီ နဲ့ အရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေးဆိုပြီး ၄ဖွဲ့ရှိတယ်ဗျ။ ဘယ်တင်ဒါခေါ်ခေါ်အောက်ထစ် ၄ဖွဲ့ပဲ ။
အရင်ဆုံး တင်ဒါ ကော်မတီက အချက် ၁၀ချက်လုပ်တယ် ဒီအချက်တွေကို အစိုးရဝက်ဆိုက်တွေက ကြေညာချက်တွေကိုပြန်ဖတ်ပြီးရေးပါတယ်။
၁။ ဆောင်ရွက်မည့်စီမံကိန်း/ ပစ္စည်းဝယ်တာ တည်ဆောက်တာ အစရှိသဖြင့်တွေလုပ်ဖို့ ရန်ပုံငွေခွင့်ပြုချက်ရှိမရှိ စစ်တယ်။
၂။ လိုအပ်တဲ့ ဝယ်ယူရေးစာချုပ်တွေ ပြင်ဆင်တယ် ။ ဒီနေရာမှာကိုယ့်ဘက်ကလဲ စာချုပ်ပြင်သွားဖို့လိုပါတယ်။
၃။ ဝယ်မယ့်ပစ္စည်းတွေ ရဲ့စံချိန်စံညွှန်းတွေသတ်မှတ်တယ်။
၄။ တင်ဒါမှာပါမယ့်အချက်တွေသတ်မှတ်ရတယ်။ (ငွေဘယ်လိုပေးမလဲ အခွန်ဘယ်လိုဆောင်မလဲဆိုတာတွေပေါ့)
၅။ စစ်ဆေးရေးအတွက် ကျွမ်းကျင်သူများအကူအညီခေါ်ယူခြင်း
၆။ တင်ဒါတင်သွင်းရမည့်နေရာ တင်ဒါစလက်ခံမည့်စသည့်အချိန်တွေကို သတ်မှတ်ခြင်း
၇။ တင်ဒါလက်ခံရေးနှင့် စီစစ်ရေးကော်မတီကို တာဝန်လွဲပေးတာ
၈။ တင်ဒါအောင်တဲ့သူတွေကိုကြေညာပေးတာ။
၉။နမူနာလိုတဲ့တင်ဒါမျိုးတွေ ဥပမာ ဆန်ဝယ်တာမျိုးတွေဆိုရင် နမူနာတွေကို လက်ခံသိမ်းဆည်းထားတာ ဂျင်းထည့်လို့မရအောင်တိုက်စစ်ဖို့ ။
၁၀။ နောက်ပြီးတော့ ငှားရမ်းတာဒါမှမဟုတ်နောက်ပြန်လည်ရောင်းချတာတွေအတွက် အနိမ့်ဆုံးကြမ်းခင်းဈေးသတ်မှတ်တာ။ (ဒီဟာက စက်တွေဝယ်တာ တွေဆန်တွေအစိုးရကဝယ်ပြီးပြန်ရောင်းတာကိုဆိုလိုတာ။
တင်ဒါကို ဘယ်လို ယှဉ်ပြိုင် လုပ်ကိုင်ရသလဲ ?
= = = = = = = = = = = = = = = = = = = = =
တင်ဒါ တခုမှာဘာတွေပါရမလဲဆိုတော့ ( (အခုဓာတ်ပုံတင်ဒါနဲ့ပတ်သတ်တာပဲရေးတော့မယ်ကျွန်တော်လေ့လာဖူးသမျှရေးရင်ပျင်းစရာကြီး)
(က) ပါဝင်ရမည့် အချက်များ။
၁။ မှတ်ပုံတင် မိတ္တူ
၂။ ကိုယ်ရေးရာဇဝင်ကျဉ်း ( ဘယ်တုန်းကစရိုက်ပါတယ် ဘယ်တွေမှာ ဆုရပါတယ် စသဖြင့်)
၃။ ယခင်ဆောင်ရွက်ခဲ့ဖူးသော လုပ်ငန်းများ၏
လွဲှပြောင်းအပ်နှံသည့် စာချုပ်မိတ္တူများ။ (ဥပမာ MPT ကို ဓာတ်ပုံရောင်းဖူးတယ်ကျွန်တော်ဆိုရင် အဲ့တာကို CV လိုပဲ ကျဉ်းထည့်ရေး )
၄။ ယခင်ရောင်းဖူးတဲ့ ပုံကို နမူနာပြ (တန်ဖုးိနဲ့ ဓာတ်ပုံနဲ့တွဲပြ တင်ဒါဝင်ပြိုင်တာနော် ကိုယ့်တန်ရာတန်ကြေးထည့်ပြိုင်)
၅။ တင်ဒါအောင်မြင်ပါက ပုံကွာလတီများကိုမည်သို့ ပြုလုပ်ပေးမည်
ဖြစ်ကြောင်း ဝန်ခံကတိပြုချက် ( ပြချိန်မှာ ရေစာပါပါစေ )
၆။ ဒေသန္တဈေးနှုန်း အတိုင်း တွက်ချက်ထားသည်မှာ
မှန်ကန်ကြောင်း ကတိဝန်ခံချက်။
၇။ ကုန်သွယ်ခွန် ၅% ၊ လုပ်ငန်းခွန် ၂% ၊ တွက်ချက်မှု
၈။လျှောက်ထားဝင်ပြိုင်သူရဲ့ အိမ်လိပ်စာ E Mail ဖုန်းနံပါတ်တွေရေးပေးပါ။
ဒါတွေက တင်ဒါလျှောက်ဖို့ လိုတဲ့အချက်တွေ ။
၉။ ဓာတ်ပုံလေးတွေကို ဇယားကွက်နဲ့အသေးတွေထည့် ဥပမာ ၁၀ ပုံဆို ဇယားကွက်နဲ့ Photo 1 to Photo 10 ထိ စဉ်ထား။ ပြီးရင် အပြင်မှာ ဖိုဒါလေးတခုဆောက် ပုံတွေကို ဇယားကွက်လေးထဲကအတိုင်း Photo 1 Photo 2 စသဖြင့် rename လုပ်ထား ပုံတိုင်းမှာ ရေစာပါပါစေ ဗီဒီယိုတိုင်းမှာ ရေစာပါပါစေ။ ဇယားကွက်ရဲ့အောက်ဆုံးမှာ ပူးတွဲပါ attachment folder ထဲတွင် နာမည်အလိုက်ကြည့်ရှု့ပါရန်ဆိုပြီးရေး ။
ကဲ့နောက်ပြီးရင် ဟိုတယ်ခရီးက လ/ညွှန် ဦးကျော်ကျော် ညွှန်ကြားပေးတဲ့ အီးမေးလ် ( info@tourism.gov.mm) ကိုပို့ပေးလိုက်ကြဗျာ ။
ဆိုတော့ ပို့ရမယ့် မေးလ်ထဲမှာ Ms word file တခု ဖိုဒါလေးတခုပါမယ်။ word file ထဲမှာက အပေါ်ကပြောခဲ့တဲ့ ၉ ချက်ပါမယ်။ ဖိုဒါလေးထဲမှာက တင်မယ့့် တင်ဒါဝင်ပြိုင်မယ့် ဒါမမဟုတ်အရင်အလုပ်တွေတုန်းက ရည်ညွှန်းချက် ပုံတွေဗီဒီယိုတွေပါမယ်။
ကဲအားလုံးပဲ ကိုယ့် ရဲ့ ရိုက်ကူးထားတဲ့ဖန်တီးမှုတွေနဲ့ မြန်မာပြည်ကြးီကို အကျိုးပြုကြရအောင်ဗျာ ။
မင်္ဂလာပါ ကျွန်တေ်ာကောင်းကောင်းပါ။ နောက်မှ စာချုပ်ချုပ်တဲ့ဟာကို ကျွန်တေ်ာ့အတွေ့အကြုံကျွန်တေ်ာ့စာချုပ်လေးကိုပြတော့မယ်။