သင်မော်တော်ကားတွေကိုဓာတ်ပုံရိုက်ဖူးလားဗျ ဖုန်းနဲ့ဖြစ်စေ ကင်မရာနဲ့ဖြစ်စေဗျာ ။တကယ်က အဲ့လိုဓာတ်ပုံရိုက်တယ်ဆိုတကယ်က အရမ်းစိတ်ဝင်စားဖို့ကောင်းတာဗျ ။ လွယ်လဲမလွယ်ဘူးလေ။ ကားပုံရိုက်တာတော့ဟုတ်ပါပီ သူ့ရဲ့ curve လေးတွေအားသာချက်လေးတွေကို ပြဖို့ဘယ်လိုရိုက်မလဲ အလင်းဘယ်လိုပေးမလဲ ။ ဘယ်လိုနေရာတွေမှာရိုက်မှာလဲဆိုတာ ပိုပီးစိတ်ဝင်စားဖို့ကောင်းလာပီ။ ပီးတော့အငွေ့အသက် Sport ကားကိုရိုက်နေတဲ့အချိန်မှာ ဒီကာက so cool ဆိုတဲ့ အငွေ့အသက်မျိုး Luxury ကားကိုရိုက်ရင် ဇိမ်ပဲကွာဆိုတာမျိုးရအောင်လဲဖော်ကျူးနိုင်ရမယ်လေ။ ကျွန်တေ်ာကံကောင်းထောက်မစွာနဲ့ ကျွန်တေ်ာ့ ှSingaporean သူငယ်ချင်းက သူတို့ကားအဖွဲ့ကိုဓာတ်ပုံရီုက်ပေးဖို့အကူအညီတောင်းရင်း ကျွန်တေ်ာလဲ ကားတွေရိုက်ဖို့အခွင့်အရေးရခဲ့တယ်ဆိုပါတော့ဗျာ ။ ဘယ်လိုရိုက်မလဲသူုနဲ့အရင်တိုင်ပင်တယ် Open ground မှာလား CBD တွေနောက်ခံထားပီးရိုက်မှာလား ဒါမှမဟုတ် လူသူနဲပါးတဲ့ ကား park တခုမှလားဆိုတော့ နောက်ဆုံး ကျွန်တော်တို့ဆုံးဖြတ်လိုက်တယ် ကား park တခုမှာရိုက်ဖို့ ။ အဲ့သလိုနဲ့အဲ့ကား Park ကိုရောက်သွားပါလေရောအဲ့မှဇတ်လမ်းက စတာ ကားက ဆယ်စီးတောင် ။ နောက် လေးစီးကရောက်လာသေးတယ်။ တစ်စီးသေသေချာချာရိုက်ရင်တောင်ကြာတာ ၁၀စီးဆိုတော့ မိုးတော့လင်းကုန်မှာပဲဆိုပီး စရိုက်ရတယ်။ ရိုက်နေရင်နဲ့းမှ Perspective တွေ အချိုးတွေ ပီးတော့ ကားတွေရဲ့ Glory point တွေ အကုန်သတိထားမိလာတယ်။ မိုက်တယ် ကားတွေရိုက်ရတာရှယ်ပဲ ။ ကျွန်တော်ဒီ Album လေးတင်ရတာလဲ နောက်ကားရိုက်မယ်သူတွေရှိရင်ဆောင်ရန်ရှောင်ရန်လေးတွေသတိထားမိအောင်လို့ပီးတော့ပိုမိုက်တဲ့ကားပုံတွေရိုက်နိုင်အောင်လို့ပါ။ ကားဓာတ်ပုံရိုက်ဖို့ဘာလိုလဲဆိုတော့ ကားတစ်စီးသေချာပေါက်လိုမယ် ဟိဟိ။ ကားမရှိလဲကားရှိတဲကဘော်ဒါကိုကပ်ပီးအပူကပ်ပေါ့ဗျာ။ နောက်ပိုင်းရန်ကုန်မှာခေတ်စားလာမယ်ထင်တယ်ကိုယ်ပိုင်ကားတွေကို အလှဓာတ်ပုံရိုက်တာက။ကဲစမယ် တကယ်အရေးကြီးတာ နံပါတ် ၁ က ကားကို Center of interest မှာထားထားဖို့ပဲ။ Rule of Third နဲ့ပဲချချ Leading line နဲ့ပဲနေရာချချ။ တကယ်ကိုလိုပါတယ်။ ကားရဲ့။ ပီးတော့ ပတ်ဝန်းကျင်နဲ့ကားရဲ့ ထုထည်နဲ့အသားတကျဖြစ်အောင်နေရာချပေးရင်ပိုမိုက်တယ်။ ပီးတော့ Live view ဖွင့်ပီးတော့ Camera Angle တွေအကုန်စမ်းသပ်ပါ။ Live view နဲ့ကြည့်တော့မှ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ Angle တွေမြင်လာရတာ။ ကင်မရာဆက်တင်ဘယ်လိုထားမလဲ ဘာလန့်သုံးမလဲဆိုတာခေါင်းထဲဝင်လာတယ်ဟုတ် ။ ကျွန်တော် ရိုက်ရတာညကြီးဖြစ်ပေမယ့်အပါချာကို F11 လောက်ဝန်းကျင်မှာထားတယ် Detail လိုချင်လို့ပီးတော့မှ Cable release နဲ့ ရိုက်တယ် Hand shake မလိုချင်လို့။ တကယ်ကိုရိုက်လို့ကောင်းတယ်။ ISO ကို ၁၀၀ ကနေ ၄၀၀ အတွင်းကစားပီးထားတယ်။ လန့်ကာတော့ Wide လန့်ရှိလေကောင်းလေပဲ ဘာလို့တုန်းဆိုတော့ Distortions ကလဲအရသာလေ။ ပီးတော့ ကျွန်တေ်ာရိုက်ရတာည မို့လို့ Flash တွေသုံးရတယ်။ ဒါပေမယ့်အရမ်း Flash တွေများသွားပီး unnatural ဖြစ်နေအောင်လဲမလုပ်ထားဘူးလေ။ ပီးတော့ အခုလို Carpark ကိုရွေးခြယ်ရတယ်ဆိုတာကလဲ ကားတွေကိုက လူငယ်ဆန်ဆန်ကားတွေမို့လို့ပါ။ အကယ်ရျ် Luxury ကားလိုဟာမျိုးတွေဆိုရင် တကယ် ခန့်ညားတဲ့တိုက်တာတွေရှေ့မှာရိုက်မယ်လေ ။ ဇိမ်ကျတယ်ဆိုတာကို message ပေးပီးသားဖြစ်မယ် ။ ဒါမှမဟုတ် ရှေးဟောင်းကားတွေရိုက်ရမယ်ဆိုရင် နေရာကို ဘုရားကျောင်းတို့ Church တို့လိုဟာတွေနောက်ခံထားပီးရိုက်မယ်လေ။ ပီးတော့ Flash အလင်းကလဲအရေးကြီးတယ် Bonnet ဘယ်နေရာလောက်ကိုပဲအလင်းပြန်စေချင်တာလဲပေါ်မူတည်ပီးဘယ်လောက်မြင့်မြင့် ဘယ်လောက်ဝေးဝေးကပေးမယ်ဆိုတာလဲရှိသေးတယ် hard light မဖြစ်အောင်လို့ Diffuser တခုခံထားသေးတယ် ။ နေ့လယ်ရိုက်မယ်ဆိုသတိထားဗျ ဘာလို့တုန်းဆိုတော့ အလင်းအရမ်းပြန်တယ်လေ နေကစူးတော့ ပီးတော့ အမဲဆိုရင် တိမ်တွေကိုတခါတလေ ကားးမှာပြန်မြင်နေရတက်တယ်။ အဲ့တာတင်မကာဘူး နေ့ခင်းမှာက ရိုက်ရတာကကာလာအရမ်းစုံမယ်လေ ပတ်ဝန်းကျင်က ။ အကောင်းဆုံးကတော့ ညနေ golden hour တွေ blue hour တွေပါပဲ ။ ပီးတော့ Photographer ရဲ့ Mood ငါဘယ်လိုပုံဖော်လိုက်မယ်ဆိုတာလဲစိတ်ထဲသွင်းထားရမယ်ဗျ ။ဒီလိုရိုက်လိုက်မယ် ပီးရင်ဒါလေးဘယ်လိုပြင်မယ် ဆိုတာတွေကြိုတွေးထားရင် ပုံကောင်းပိုရမယ်ဗျ။ Portrait ရိုက်တယ်ဆိုတာတက်တော့ခိုင်းလို့ညှိလို့ရတယ်လေ ။ ကားကျတော့သူဟာနဲ့သူခန့်ခန့်ကြိးနေနေတာ Photographer ကပဲအကုန်ပတ်ပီး အကောင်းဆုံး Angles တွေရှာပီးပုံဖော်ရတာလေ။ ဘယ်လိုပဲစရိုက်ရိုက်ပါ ကျွန်တောာ် Eye level အရင်ရိုက်ကြည့်လိုက်တယ်။ Subject ဘယ်လိုနေလဲ အဆင်ပြေလားပေါ့ ။ အဲ့လိုပီးတော့မှ တခြား Angle တွေစမ်းတယ် ။ ပီးတော့ Eye level ထက်ကျော်တဲ့နေရာထိထရိုင်ပေါ့ကို တင်ပီးရိုက်တယ် အဲ့တော့မှပိုမိုက်တဲ့ Angle တခုထွက်လာတယ်လေ။ လမ်းမနဲကပ်ပီးရိုက်ရင်လဲရှယ်ပဲဒါပေမယ့် သတိထားစရာတွေရှိတာပေါ့ကားတိုင်းအောက်ပိုင်းလှတာမှမဟုတ်တာ။ နောက်ဆုံးသတိထားစရာလေးတွေပြောချင်တာက composition ချရင် ကားကိုထင်းခနဲဖြစ်နေပါစေ ။ ကားနောက်ကဓာတ်တိုင်တွေ မီးကြိုးတွေ ဓာတ်ကြိုးတွေ ကိုသတိထားပါ ။ပီးတော့ Tripod ခိုင်ခိုင်မာမာ သုံးပါ Tripod သုံးလေလေ ခိုင်ခိုင်မာမာဖြစ်လေလေပုံတွေက sharpness ကောင်းကောင်းရလေလေ။ သို့ပေသေ်ာညား တချိန်လုံးထရိုင်ပေါ့ပေါ်တင်ထားပါလို့ပြောတာမဟုတ်ဘူးနော်။ တကယ်ပြောတာ ကားတွေရိုက်ရတာလဲအရသာတမျိုးပဲ ။ မိုက်တယ် ။ ရိုက်းဖူးကြလားဗျ ရိုက်ဖူးရင်အတွေ့အကြုံလေးတွေရှဲကြပါဦး ။ Feel free to share any advice you may have picked up along the way as well ပါနော်။ ကျွန်တေ်ာနောက်မှသေသေချာချာရိုက်ဦးမယ် ကားတွေရိုက်ရတာရှယ်ပဲ။