စာနဲနဲရှည်ပါမယ် စိတ်ရှည်ရှည်နဲ့ဖတ်ပေးကြပါ
မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ
Photomarathon အတွက် လမ်းညွှန်
ရန်ကုန်မှာအခုဆိုရင် ဖိုတိုမာရသွန်ကျင်းပခဲ့တာ ၂ ကြိမ်ရှိပီမို့လို့လဲ ဖိုတိုမရသွန်အကြောင်းကောင်းကောင်းနားလည်လောက်ပီလို့ထင်ပါတယ်။ ဓာတ်ပုံ၀◌ါသနာရှင်တွေအတွက်ကော ပညာရှင်တွေအတွက်ကော တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲတခုပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဓာတ်ပုံ ကွန်မြူနတီအတွက်တော့ တကယ်ကို သတင်းကောင်းတွေပါပဲ အရင်ခေတ်အဆက်ဆက်က နောက်ကျခဲ့သမျှ အစပြုလာပီဆိုတော့ ၀◌မ်းသာရမှာပါ။ ကိုယ်ဟာ ကိုတစ်ယောက်ထည်း ဖိုတိုမာရသွန်ပြေးပြေး အဖွဲ့လိုက်ပြေးပြေး အားလုံးစုစုစည်းစည်းနဲ့အတွေ့အကြုံရမှာပါ။
ဖိုတိုမာရသွန်တွေကြောင့် ကျွန်တော်တို့ မြန်မာ ပြည်က ဓာတ်ပုံဆရာတွေက ပိုပိုတွေးတက်မြင်တက်လာတာတော့ အမှန်ပါပဲ အရင်က မတွေးပဲရိုက်နေတဲ့သူတွေလဲ ခေါင်းစဥ◌်တခုကြားရင် ဟာ ဒီဟာလေးတော့ ငါ့ခေါင်းထဲမှာဒီလိုပေါ်တယ် အဲ့လိုပေါ်လာ ခြင်းက မှ ကျွန်တော်တို့ ရဲ့ ဓာတ်ပုံ အရည်အသွေး အတွေးအခေါ်တွေကို တဆင့်စီမြှင့်တက်သွားစေမှာပါ ။
ကဲစလိုက်ကြပါစို့ ဖိုတိုမာရသွန်တွေက ဘယ်လောက်အတိုင်းအတာထိလွှမ်းမိုးမှု့ရှိလဲ ဆိုရင် တော်တော်ကြီးတယ်လို့ပဲ ပြောပါရစေ ကျွန်တော်စင်္ကာ ပူတုန်းကဆိုရင် တခြား မလေးရှား ဂျပန် တရုတ် ကိုရီးယားတွေပါ ၀◌င်ပြိင်တာကိုတွေ့ဘူးပါတယ် နိုင်ငံပေါင်းစုံကလူတွေ၀◌င်လာ ပြိုင်တဲ့ပွဲဆိုရင်လဲမမှားပါဘူး အဲ့နိုင်ငံမှာလုပ်တဲ့ပွဲနဲ့ ဆုရတဲ့ ပုံတွေကို တခြားနိုင်ငံက လူတွေကလဲစောင့်ကြည့်နေကြတာပါ ပုံတွေက အရမ်းမိုက်နေတာမျိုးဆိုရင် သူတို့ ပါနောက်နှစ်လာပြိုင်တာမျိုးတွေ ဖြစ်အောင် ဆွဲဆောင်နိုင်တာပါ။ဖိုတိုမာရသွန်မှာအသက်အရွယ် ကင်မရာအမျိုးအစားကန့်သတ်ထားတာမရှိပါဘူး။
ဖိုတိုမာရသွန်ဆိုတာ တကယ်တော့ ဓာတ်ပုံရိုက်ထွက်တာနဲ့ မာရသွန်ပြေးတာနဲ့ကို ပေါင်းစပ်ထားတာပါ။ ဓာတ်ပုံရိုက်ထွက်တယ်ဆိုတာမှာ တကယ်ကို အတွေးနဲ့ အမြင်ပေါင်းစပ်တာတွေ အလင်းအမှောင်အရိပ်စတာတွေကို ပေါင်းစပ်တာတွေ ရသတခုခုကို ပေးနိုင်တာတွေ မတ်ဆေ့တခုခုကိုချပြနိုင်တာတွေအားလုံးအကြုံး၀◌င်တာအပြင် ဘယ်လိုရိုက်ရိုက် အနုပညာဖြစ်တယ်ဆိုတဲ့စိတ်တွေကိုပါကျော်လွှား နိုင်တာသာမက မာရသွန်ဆို တဲ့အတိုင်းအချိန်အတိုင်းအာတခု သတ်မှတ်စံချိန်တခုအတွင်းမှာ ပြေးရတာမျိုးပေါင်းစပ်ထားတာမို့ ကို့ကိုယ်ကိုယ် လက်သွေးချင်တယ်လက်စမ်းချင်တယ်ဆိုရင်ပါကိုပါသင့်တဲ့ပွဲပါ။
ဖိုတိုမာရသွန်ကမ္ဘာပေါ်မှာဘယ်နှစ်မျိူး ရှိလဲ
ကျွန်တော်တို့ ရန်ကုန်မှာ ပွဲလုပ်တာလဲနှစ်ပွဲရှိပီမို့ ဖိုတိုမာရသွန်ဘာလဲဆိုတာထက် ဘယ်နှစ်မျိူးရှိလဲကို ဆက်ပြောပြပါ့မယ်။ ကျွန်တော်အရင် နုတ်မှာပြောခဲ့သလိုပဲ စင်္ကာပူမှာဆိုရင် ကျောင်းသားကဏ္ဏ လိုဟာမျိုးတွေလဲပါတာကိုသိရမှာပါ။ နိုင်ငံတကာကပွဲတွေမှာ အချိန် ၆ နာရီ ၁၂နာရီ ၂၄နာရီ ဆိုပီးတော့ထိ ဖိုတိုမာရသွန်ပွဲတွေရှိပါတယ် လက်စွမ်းပြချင်တဲ့သူတွေ ဆန်းဆက်တွေ ကြယ်တွေထိရိုက်လို့ရတာမျိုးပါ။ တကယ့်မာရသွန်တွေလိုပါပဲ သတ်မှတ်ချိန်ကျော်ရင်ထည့်မစဥ◌်းစားတာမျိုးပါ။
ကျွန်တော်တို့ ရန်ကုန်မှာလုပ်တဲ့ ၆ နာရီ မာရသွန်ဆိုတာက တကယ်က မီနီမာရသွန်ပါ ဘာလို့တုန်းဆိုတော့ခေါင်းစဥ◌် ၂ခုတည်းနဲ့ ၃ နာရီစီ ခွဲတွက်တာမို့ပါ စင်္ကာပူမှာတော့ ကျွန်တော်၀◌င်ပြိုင်တုန်းက ခေါင်းစဥ◌်၃ခုပါ ရန်ကုန်မှာလဲနောက်နှစ်တွေ ခေါင်းစဥ◌် ၃ ခုဖြစ်လာမယ်လို့ထင်ပါတယ်။ တချို့နိုင်ငံကပွဲတွေမှာ ၆နာရီကို ခေါင်းစဥ◌် ၆ခု ပုံ ၆ပုံ ၁၂နာရီဆိုရင် ခေါင်းစဥ◌် ၁၂ခု ပုံ ၁၂ ပုံ ဆိုတာမျိုး တွေဖတ်ဖူးပါတယ်။ ၂၄နာရီကတော့ပြောမနေနဲ့တော့ပေါ့ဗျာ။
ဖိုတိုမာရသွန်တွေက ရဲ့မြစ်ဖျားခံရာ က ၁၉၈၄ Mandrid မှာ အက်ဒွာဒို ဆိုတို ( Eduardo Soto ) နဲ့ အန်တိုနီယို ဘိုလီဗာ ( Antonio Bolivar ) တို့ ချပြခဲ့တဲ့ စိတ်ကူးပါ။ သူတို့ စလုပ်တဲ့ပြိုင်ပွဲကို ဖိုတိုမာရသွန်လို့မခေါ်သေးပါဘူး Marathon Fotografico လို့နာမည်ပေးပြီးတော့ Mandrid ရဲ့မြို့လူကြီးတွေဆိုကို အဆိုပြုတင်သွင်းခဲ့ပါတယ် အဲ့ပွဲအတွက်စပွန်စာပေးခဲ့တာက တော့ Kodak နဲ့ Albacolor ဓာတ်ပုံတိုက်တို့ကပါ။ အဲ့အိုင်ဒီယာက ၁၉၈၇ မှာ အမေရိကန်နိုင်ငံ နယူးယောက်ကို စရောက်သွားပီးတော့ ပထမအကြိမ် ဖိုတိုမာရသွန်ဆိုတာ ပေါ်ပေါက်လာခဲ့တာပါ။ အိုင်ဒီယာအသစ်တွေ အမြင်သစ်တွေ အများနဲ့မတူ တီထွင်ဖန်တီးမှုတွေကို အားပေးအားမြှောက်ပြုပီး လူငယ်တွေကိုချီးမြှောက်ခဲ့တာပါ။ အဲ့နောက်မှာ တဆက်တည်း Stockholm နဲ့ Copenhagen တို့ကလဲ သူတို့ ကိုယ်ပိုင်ပွဲတွေကို ၁၉၈၈ နဲ့ ၁၉၈၉ တွေမှာစလုပ်ခဲ့ပါတယ်။ အခုလိုသမိုင်းအစဥ◌်အလာနဲ့ ပွဲတခု မြန်မာပြည်ကိုရောက်လာတယ် ဆိုတာ ကျွန်တော်တို့ ရဲ့ သူမတူ ဖန်တီးနိုင်စွမ်းတွေကို ချပြဖို့ပါ ခိုးချဖို့မဟုတ်ပါဘူး နိုင်ငံတကာကလဲ ကြည့်လို့လဲရပါတယ် ကိုယ့်နိုင်ငံ အရှက်ကိုမခွဲမိကြစေနဲ့ပေါ့ဗျာ။ အပေါ်ကပြောခဲ့တဲ့ပွဲတွေအပြီးမှာ တကမ္ဘာလုံးကို ဖိုတိုမာရသွန်တွေပြန့်သွာရုံတင်မကပဲ နိုင်ငံအတော်များများမှာနှစ်စဥ◌် ကျင်းပလာတာအခုဆိုရင် နှစ်အတော်ကြီးကိုကြာပီး ကျွန်တော်တို့အသက်တွေထက်တောင်ကြီးပါတယ်။
ဖိုတိုမာရသွန်အတွက် Tip & Tricks လေးနဲနဲ ပြောပြချင်ပါတယ်။
တကယ်တော့ ဖိုတိုမာရသွန်ဆိုတာ အထက်က ကျွန်တော်ပြောခဲ့သလိုပဲ ကင်မရာကိုင်ထားသူတစ်ယောက်ရဲ့ အရည်အချင်းကို စမ်းသပ်တာပါ တီထွင်ဖန်တီးနိုင်စွမ်းကိုစမ်းသပ်တာပါ Reference လို့တွင်တွင်ခေါ်ပီး ခိုးချတာကိုမဟုတ်ပါဘူး။
ကဲစမယ်
၁။ ကင်မရာ ကို ၀◌ိုက်တပ်မှာလား တယ်လီလား ပရိုင်းလား ဆိုတာစဥ◌်းစားပါ။ကင်မရာကိုစစ်ပါ ဘာကိုစစ်ရမလဲဆိုတာ ရှတ်တာ သေသေချာချာအလုပ်လုပ်လား ကင်မရာ ဘတ်ထရီတွေ အကုန်အားသွင်းထားတာ မန်မိုရီကတ်အပိုဆောင်ထားတာတွေ ရှိသင့်ပါတယ်။ ကင်မရာကိုစစ်ပါဆိုတဲ့အပြင် သုံးမယ်ထရိုင်ပေါ့ တွေ ထရိုင်ပေါ့ ပလိတ်လေးတွေမေ့မကျန်ခဲ့အောင်ဂရုစိုက်ပေးပါ။
၂။ ဓာတ်ပုံရိုက်တဲ့အချိန်မှာလဲ ခေါင်းစဥ◌်တွေကို သတိရပါ ခေါင်းစဥ◌်ကို ဖြန့်ကျက်တွေးခေါ်ပါ ပုံများများရိုက်ပါ ရှတ်တာကို မချွေတာပါနဲ့ တစ်ပုံဆိုတစ်ပုံရိုက်တယ်လို့ ပြောတဲ့သူရှိရင်လဲမယုံပါနဲ့ ပုံတွေအများကြီး ရိုက်သာရိုက်ပါ။ တစ်ပုံတည်းရိုက်ပြီးတန်းရတယ်ဆိုရင်လဲ ထိုင်ပါရှိခိုးခဲ့ပါ ဆရာ့ဆရာကြီးမို့လို့ပါ။
၃။ ရိုက်တဲ့အချိန်မှာလဲ အလင်းအမှောင် ရှု့ထောင့် တွေပြီးတော့ Leading lines တွေလို Rule of third လိုဟာတွေကိုပါ ထည့်သွင်းစဥ◌်းစားဖို့မမေ့ပါနဲ့။ မြင်လို့ရိုက်လိုက်တယ်ဆိုတာထက် အကုန်လုံးသေသေချာချာပေါင်းစည်းပီးရိုက်လိုက်တယ်ဆိုတာမျိုးလဲဖြစ်ပါစေ။
၄။ ဖိုတိုမရာသွန်တွေမှာ ဆင်မရိုက်ရဘူးဆိုတာမရှိပါဘူး ရိုက်လို့ရပါတယ် ကျွန်တော်တို့က wild life ထွက်ရိုက်တာမဟုတ်ပါ ခေါင်းထဲမှာ ဒီလိုရိုက်ရင်ခေါင်းစဥ◌်နဲ့ကိုက်မယ်ဆိုရင်ရိုက်သာရိုက်ပါ။ ဒါပေမယ့်သူများရိုက်ပြီးသားဆင်ရိုက်ကြီးမဖြစ်ပါစေနဲ့ ကူးမရိုက်ပါနဲ့ ကျွန်တော်စင်္ကာပူမှာကျောင်းတက်တုန်းက အဆိုင်းမန့်ကို ကိုယ့်ဟာကိုရေးရပါတယ် အဲ့လိုမှာတောင်သူများရေးထားတာနဲ့ဆင်ရင် ပယ်ချခံရပါတယ်အသစ်ထပ်ရေးရပါတယ်။ ဆင်ရိုက်လို့ အိုင်ဒီယာပိုပေါ်လွင်မယ်ပြောင်မြှောက်မယ်ဆိုရင်ချသာချပါ။
၅။ ဒါလေးကတော့မရှိမဖြစ်မဟုတ်ပေမယ့် တိုင်ပတ်တက်တာလေးတစ်ချက်ပါ ပွဲစီစဥ◌်သူစည်းကမ်းချက်မှာ ပါတဲ့ အတိုင်း Jpeg ဆို Jpeg Raw ဆို Raw သာရိုက်ပါ။ တော်ကြာ Jpeg ပဲလက်ခံတဲ့ ဟာမှာ ပုံအမိုက်စားတွေကို Raw တွေရိုက်လာမိလို့ ပုံအပ်ချိန်မှာ ဖောမတ်ပြန်ချိန်းနေရလို့ နောက်လူတွေပုံအပ်ကျန့်ကြာတာမဖြစ်ပါစေနဲ့ ။
၆။ ဖိုတိုလျှော့တွေ လိုက်ရွန်းတွေ နဲ့ ပြင်တယ်ဆိုတာမျိုးလုံး၀မလုပ်နဲ့ စစ်ဆေးတဲ့ ဆော့၀◌ဲတွေရှိသလို ဆော့၀◌ဲကိုကျော်သွားရင်တောင်မှ တကယ်သိတဲ့သူကသိပါတယ် ကိုယ့်အရှက်ကိုယ်မခွဲတာကောင်းပါတယ်။
မသိလောက်ပါဘူးလေဆိုတာ ထက် မလုပ်သင့်ဘူး လို့အသိရှိရပါမယ်။
၇။ဘယ်ပုံဘယ်လိုရိုက်မယ်ဆိုတာကို ရှု့ထောင့်ပေါင်းစုံက နေ ကြည့်ပြီး ရိုက်ပါ ဥပမာ Lines လို့ title ပေးလိုက်တယ်ဆိုပါတော့ တိုက်ကြီးတွေကို Lines လို့ရိုက်မယ်ဆိုရင် ရှု့ထောင့်ပေါင်းစုံကနေ Lines တွေကိုပေါ်အောင်ရိုက်တာမျိုးပေါ့။
၈။ WB ကိုကစားပြီးရိုက်ပါ ပြောင်းပြောင်းပီးရိုက်ပါ ဥပမာ Heat လို့ခေါင်းစဥ◌်ထွက်လာရင် WB ကိုအ၀◌ါဘက်နဲနဲသမ်းပေးတာမျိုးပေါ့ဗျာ တခုခုကိုရိုက်ချိန်မှာ Mood ပေါ်မူတည်ပီး WB ကစားပေးပါ။
၉။ WB မကစားနဲ့ အပေါ်မှာ ကစားပါအခု မကစားပါနဲ့ဆိုလို့အော်စကာ ကတော့နောက်ပြန်ပြီလို့ထင် ကောင်းထင်နိုင်တယ် မကစားပါနဲ့ဆိုတာအလွန်အကျွံကြီးတွေကိုပြောတာပါ ၀◌ါလွန်းပြာလွန်းတွေ က အဆင်မပြေတာအမှန်ပါ အဲ့လိုဆိုလိုလဲ Auto WB ကို အလွန်အကျွံ အားမကိုးမိပါစေနဲ့ ။
၁၀။ အမြဲသတိရပါ အရေးကြီးအချက်နှစ်ချက်က ပုံမှာပါ၀◌င်တဲ့ ခေါင်းစဥ◌်နဲ့ကိုက်ညီတဲ့အကြောင်းအရာ ရယ် ကင်မရာဆက်တင်တွေနည်းပညာတွေကို ကျွမ်းကျင်လိမ္မာမှုကိုပြတဲ့အချက်တွေက အရမ်းအရေးကြီးတယ်ဆိုတာပါ။
၁၂။ နောက်ဆုံးအချက်က တော့ ရေများများသောက်ပါ ရေဓာတ် ခန်းခြောက်ရင် မူးေ၀ပြီးဘာမှတွေးနိုင်မှာမဟုတ်ပါ ရေများများသောက်ပါ။အင်္ကျီအပိုလဲယူလာခဲ့ပါ ချွေးအရမ်းထွက်လွယ်တဲ့တိုင်းပြည်ပါ။
၁၃။ ethic နဲ့ပတ်သတ်ပြီးအတက်နိုင်ဆုံးနာလည်လိုက်နာပါ အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ခွင့်ပြုချက်တောင်းဖို့လိုတယ်ထင်ရင်တောင်းတက်တဲ့ လူယဥ◌်ကျေးတွေပါ ကင်မရာတစ်လုံးလက်ထဲပါရင်သိသိမသိသိရိုက်မယ်ဆိုတဲ့ဟာမျိုးတွေမဟုတ်ပါ။
ကဲ ပြိုင်တဲ့သူတွေအတွက် အကြံပြုပြီးသွားပီဆိုတော့ ကာ ပြိုင်ပွဲစီစဥ◌်သူတွေဘက်ကိုလှည့်မယ်
အခုလိုဖိုတိုမာရသွန်ပွဲတခုကျင်းပတယ်ဆိုတာလွယ်တာမဟုတ်ပါဘူးလူအင်အား အချိန်ငွေ အကုန်လုံးကို အားထုတ်ပြီးမှကျင်းပရတာမျိုးပါ။ အခုလို အားစိုက်ကျင်းပပေးတဲ့အတွက်လဲ Canon Myanmar ( Myanmar Golden Rock) ကိုလဲ အရမ်းအရမ်းအထူးကိုကျေးဇူးတင်မိတာပါ။ တကယ့်ကို မြန်မာြပည်က ဓာတ်ပုံဆရာတွေအတွက် major event ပါ။ ပွဲဖြစ်မြောက်ရေးအဖွဲ့က brainstorm တွေ အိုင်ဒီယာတွေ Theme တွေ title တွေအတွက်အရမ်းကိုအလုပ်များခဲ့မှာပါ။ နောက်ပြီး စည်းကမ်းချက်တွေ ရော ပလန်ဆွဲတာတွေအတွက်ပါ အချိန်တွေအများကြီးပေးခဲ့ရမှာပါ။
နှစ်တနှစ်ပြီးသွားတိုင်းသင်ခန်းစာအသစ်တွေရပါတယ် ၂၀၂၁ မှာလဲ အဲ့သင်ခန်းစာတွေကို အသုံးချပြီးတော့ပိုမိုကောင်းမွန်တဲ့ ပွဲကြီးတစ်ပွဲဖြစ်လာအောင်လုပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။
၁။ ဘယ်လိုပွဲဖြစ်စေချင်တာလဲ နိုင်ငံတကာကပါအားကျအတုယူ ရတဲ့ပွဲမျိုးလား ဒါဆိုရင်တော့ပိုပို ပီး တင်းကျပ်တဲ့ စည်းစနစ်တွေနဲ့အတူထိန်းကြောင်းရမှာပါ။ ပွဲအချိန်ကတော့ ကျွန်တော်တို့နိုင်ငံအတိုင်းအတာအရ လောလောဆယ် မီနီမာရသွန် ၆နာရီစာပဲလုပ်လို့ရဥ◌ီးမှာပါ။
၂။ Theme တွေကို ဘယ်လို ထိန်းချုပ်မလဲဆိုတာမျိုးပါ ဥပမာ ဆုရွေးချယ်ပြီးသွားရင် အနဲဆုံးတော့ နိုင်ငံတကာဆုရဓာတ်ပုံတွေမှာ ပါဘူးလားဆိုတာရှာကြည့်သင့်ပါသေးတယ် ဒိုင်တွေက ရွေးခြယ် ပြီးသွားရင် အဖွဲ့သားတချို့ကိုအသိပေးပြီး ပြန်စစ်စေတာမျိုးပါ သူတို့ကို အပြင်မထွက်စေပဲ စစ်စေတာမျိုးပါ။
၃။ ဘယ်လို Theme တွေ Title တွေရွေးခြယ်မလဲဆိုတာပါ ။ တချို့နိုင်ငံကပွဲတွေနဲ့ခေါင်းစဥ◌်တူရင် ပုံအိုင်ဒီယာတွေပါတူလာနိုင်လို့ပါ။ ဘယ်လိုခေါင်းစဥ◌်ပဲရွေးရွေးပါ ခေါင်းစဥ◌်က ကိုယ်တိုင်းပြည်ကလူတွေ အတွက် creativity တွေ အိုင်ဒီယာတွေကို push လုပ်ပေးနိုင်တာမျိုးကိုရွေးသင့်ရုံမက ပန်းချီဆရာတွေ ဓာတ်ပုံအကဲဖြတ် ဒိုင်လုပ်ခဲ့ဘူးတဲ့သူတွေဆီကနေ အကြံညာဏ်တောင်းခံသင့်ပါတယ်။
၄။ ဆုတွေကဘာတွေလဲ ဆိုတာလဲသေသေချာချာ စီစဥ◌်သင့်ပါတယ် ဆုတခုနဲတခု အရမ်းကွာတာမျိုးကလဲ အဆင်မပြေစေပါဘူး။
၅။ ဒိုင်တွေနဲ့လဲသေသေချာချာတိုင်ပင်ထားသင့်ပါတယ် ပွဲပြီးအငြင်းပွားမှုတွေရှိလာရင်ဘယ်လို
လူအဆုံးအဖြတ်သာအတည်ဆိုတာမျိုးကိုကြိုတင်ကြေညာထားသင့်ပါတယ်။ ဆုအပေါ်မှာ မကျေနပ်ရင် ငွေဘယ်လောက်သွင်းပြီး ကန့်ကွက်နိုင်ကြောင်း လဲ ကြိုတင်ကြေညာထားသင့်ပါတယ် ဒါပေမယ့် valid argument ဖြစ်ဖို့ တော့လိုပါမယ်။ သွင်းတဲ့ငွေကိုလဲပြန်ထုတ်ပေးမှမဟုတ်ကြောင်းပြောရပါမယ် ဒါဟာစင်္ကာပူမှာလုပ်တဲ့နည်းပါ။
၆။ Photo Talk တွေပါသင့်ပါတယ် ဘယ်လိုဟာတွေပြောပြသင့်တယ်လုပ်သင့်မလုပ်သင့်တွေကိုလဲ ပြောပြတာတွေ ကင်မရာနည်းပညာ သစ်မိတ်ဆက်တာတွေ ပါသင့်ပါတယ်။
၇။ မော်ဒယ် release တောင်းပါ လူပုံတည့်တည့်ကြီးပါတဲ့ပုံတွေမှာ အရိုက်ခံရတဲ့သူမှာ ခွင့်ပြုပိုင်ခွင့် ခွင့်မပြုပိုင်ခွင့်ဆိုတာရှိပါတယ်။ လူပုံထင်ထင်ရှားရှား ဘယ်သူဘယ်၀◌ါဆိုတာပြောြပလို့ရလောက်တဲ့အထိထင်ရှားရင် Model Release ဆိုတဲ့မော်ဒယ်ခွင့်ပြုချက်တောင်းခံပါ။ ကျောပုံဘေးတိုက်ပုံတွေ မဆိုလိုပါ။ ခိုးရိုက်ချောင်းရိုက်တွေမှန်ပေမယ်ကာယကံရှင်မသိပဲ ဆုရတယ်ဆိုတာတွေဟာ တကယ်က ရှက်စရာပါ။ model release က အသက်တမျှအရေးကြီးပါတယ် ဓာတ်ပုံဆရာတစ်ယောက်မှာ။
ကမ္ဘာ့နာမည်ကြီး ဖိုတိုမာရသွန် ၅ခုရှိပါတယ်
အဲ့၅ခုလုံးကို google ကနေရှာပြီးလေ့လာလို့ရပါတယ်အိုင်ဒီယာအကြမ်းစားတွေ အမိုက်စားတွေ ကိုသိရမှာပါ။
၁။ UK Photomarathon in Cardiff
၂၀၀၄ တုန်းက စလဲတာြဖစ်ပြီးတော့ ၁၂ နာရီကြာ ခေါင်းစဥ◌် ၁၂ ကိုရိုက်ရတာပါ နှစ်တိုင်း လူ ၄၀၀၀ အထက်ရှိပါတယ်တဲ့ အကြမ်းစား ပွဲပါပဲ။ပွဲကိုလာတဲ့လူတွေကလဲ ကင်မရာဘတ်ထရီတွေကင်မရာ ဘော်ဒီ သုံးလေးခုနဲ့လာကြတာပါ လုံး၀ ပရိုတွေများပါတယ်။ ခေါင်းစဥ◌်တခု ၁နာရီ နော် မနက် ၁၀နာရီက စတယ် ပြီးရင် ည ၁၀နာရီမှ နောက်ဆုံးခေါင်းစဥ◌်ပြီးတယ်။ ပြီးတော့ ကင်မရာတွေ မန်မိုရီကဒ်တွေကို တခုခုပြုပြင်ထားလားမထားလားစစ်ဆေးတာခွင့်ပြုရတယ်။ canon ဖိုတိုမာရသွန်လိုပဲ မန်မိုရီကဒ်နဲ့ပုံတင်ရတာ သူတို့ကလက်ခံပေးတာ။
၂။ New York City Photomarathon and Phomothon
နယူးယောက်က ဖိုတိုမာရသွန်က တော့ ပရိုတွေကော ၀◌ါသနာရှင်တွေအတွက်ပါ တော်တော်ကြီးမိုက်တဲ့ပွဲပါ။ ၂၄နာရီလုံးလုံး ပြိုင်ရတာဖြစ်ပြီး ခေါင်းစဥ◌် ၁၂ ခုနဲ ပုံ ၁၂ ပုံရိုက်ရတာမျိုးပါ။ နယူးယောက်ရဲ့ မြို့နယ်ကြီးတော်တော်များများကို ကာဗာြဖစ်ပါတယ်။ အခုည ၁၂ နာရီကနေစပြီးနောက်နေ့ည ၁၂ နာရီတိတိမှာအဆုံးသတ်တာမို့စဥ◌်းစားသာကြည့်ကြပေတော့ နောက်တခုက smartphone တွေ နဲဆရာတွေ အရမ်းကြိုက်ကြမယ့် Phomothon ပါ ကင်မရာလက်ထဲမရှိသူတွေ လက်ထဲဖုန်းနဲ့ရိုက်သူတွေအတွက်စီစဥ◌်တဲ့ပွဲတခုပါ အဲ့မှာတော့ ခေါင်းစဥ◌်၁၂ ခုကို ၈ နာရီအတွင်းရိုက်ရပါတယ် နောက်မြန်မာပြည်မှာလဲ Samsung လို ဟွားေ၀လို ဖုန်း company တွေက နေလဲ ဖိုတိုမာရသွန်တွေလုပ်ပေးမယ်လို့ မျှော်လင့်ပါတယ် ဖြစ်လဲဖြစ်လာမှာပါ။
၃။ Canon Asia Photomarathon
အရွယ်အစားနဲ့နှိုင်းယှဥ◌်ရင်တော့ Canon Photomarathon က အကြီးအကျယ်ဆုံးနဲ့လူအာရုံအစိုက်ဆုံးပါပဲ အဲ့တာကြောင့်လဲကိုယ့်နိုင်ငံ ဂုဏ်သိက္ခာကို ဆောင်နိုင်ဖို့ကော်ပီတွေကိုရှောင်ပါစို့လို့ခဏခဏအမုန်းခံပြီးပြောနေရတာတပါ။ ဖိလစ်ပင်း မလေးရှား စင်္ကာပူ india, Cambodia, Vietnam, Brunei Thailand စတာတွေမှာအထိ ကိုလာလိုက်သွားပြိုင်လိုက်လုပ်ကြတာပါ မြန်နိုင်ငံမှာလဲနောက် ပွဲတွေဆိုရင်နိုင်ငံခြားသားတွေရောက်လာမယ်လို့ထင်ပါတယ် တကယ်ကို မိုက်တဲ့ပုံတွေဆုရရင် ကော်ပီတွေ ဆုရင်တော့ ဒီနိုင်ငံက ဒီလောက်လဲမဟုတ်ပါဘူးဆိုတာလောက်နဲ့ပြီးသွားမှာ ပါ နိုင်ငံခြား သားတွေလာပြိင်ရင် နိုင်ငံတော်က နိုင်ငံခြား၀◌င်ငွေရတာသတိရပါ။Canon Photomarathon ဆိုတာက မြန်မာပြည်သာ ၆နာရီပါ စင်္ကာပူနဲ့တခြားနိုင်ငံတွေမှာ က ၉ နာရီပါ ခေါင်းစဥ◌် ၃ခုနဲ့အတူပေါ့။
၄။ 12×12 Vancouver Photomarathon
အကုန်ပါတယ် ၀◌ါသနာရှင်ကော ပရိုတွေကော တူတူတွဲပြိုင်ရတာ ပရိုတွေဆုရလိုက် ၀◌ါသနာရှင်တွေဆုရလိုက်နဲ့ အပြိုင်အဆိုင်ပါပဲ တော်တော်လဲ မိုက်တဲ့ပွဲပါ Youtube မှာ ရှာဖတ်ကြည့်လို့ရပါတယ်။ တခြားပွဲတွေနဲ့ကွာခြားချက်က DSLR တွေ Mirrorless တွေမဟုတ်ပဲ 35mm format Film ကင်မရာတွေနဲ့ရိုက်ရတာပါ။ လုံး၀ အစားကြီးနော်။ ပြိုင်ပွဲ၀◌င်တွေကို ဖလင်ကွက် ၁၂ ကွက်ပါတဲ့ ဖလင်လိပ် တခုစီပေးပြီး ၁၂ နာရီအတွင်းမှာခေါင်းစဥ◌် ၁၂ကို ရိုက်ရတာပါ။ ပြိုင်ပွဲ၀◌င်တွေက 35mm format film camera ယူလာဖို့တော့လိုပါတယ်။ စည်းကမ်းတွေကလဲကျပ်မှကျပ် ၁၂ ပုံကိုလဲ ၁၂နာရီအတိအကျထိပဲ အဲ့ဖလင်ကိုလက်ခံပေးတာ၁၂နာရီကျော်သွားရင်ဆောတီးပဲ။ အဲ့ပွဲစီစဥ◌်သူတွေကလဲ 35mm format ကသာလျှင် ကင်မရာတစ်လုံးရဲ့အရသာ အပြည့်အ၀ ရယ် creativity ကိုအဆုံးထိ ထုတ်ပြနိုင်လိမ့်မယ်လို့ယုံကြည်ကြတာဗျ။
၅။ The South Beach Photomarathon
ဒီကောင်ကတော့ အားလုံးပါ၀◌င်ယှဥ◌်ပြိုင်လို့ရတဲ့ ပွဲပါ ဒါပေမယ် နှစ်တိုင်းစည်းကမး်အသစ်တွေထပ်ထပ်တိုးရင်း ရင်ခုန်ရတဲ့ပွဲဆိုလဲမမှားပါဘူး။ အခြေခံအားဖြင့် ခွင့်ပြုချိန် ၆နာရီမှာ ပုံ ၆ပုံရိုက်ရတာမျိုးပါ။ တချို့နှစ်တွေမှာ ၅နာရီ တချို့နှစ်တွေမှာ ၄နာရီထိ လျှော့ချပလိုက်ဘူးပါတယ်။ ခေါင်းစဥ◌်တွေကိုဖိုတိုမာရသွန်တို့ထုံးစံအတိုင်းအဲ့နေ့မှပဲကြေညာပါတယ်။ အဓိပ္ပါယ်တိုက်ရိုက်ပြန်လို့မရတဲ့ခေါင်းစဥ◌်တွေကိုချချပေးတက်တယ် သူတို့လိုချင်တာက ခေါင်းစဥ◌်တခုကို ကိုယ့်ကိုယ်ပိုင်အတွေးနဲ့ ဘာသာပြန်နားလည်တာမျိုးပါ။ ပုံတွေကိုလဲ South Beach အတွင်းမှာပဲရိုက်ရမှာဖြစ်ပြီး ဆုကိုတော့ ငွေသားပဲ ဆုချလေ့ရှိပါတယ်။
ကဲ ဒါတွေကတော့ နာမည်ကြီးဖိုတိုမာရသွန် list ပါ ကျွန်တော် ဒီလောက်ထိပြောပြရတာက နောက်နှစ်နောင်နှစ် winner တွေကို အမြင်ကျယ်စေချင်တာပါ။ ကျွန်တော်တို့ပွဲတွေက ဆုရပုံတွေကို နိုင်ငံတကာကစောင့်ကြည့်နေတယ် ethically စောင့်ထိန်းသင့်တာတွေစောင့်ထိန်းရမယ်။ ပိုမိုကောင်းမွန်တဲ့ မြန်မာ ဖိုတိုမာရသွန်များ ဆီသို့ . . . . .
မင်္ဂလာပါကျွန်တော် ကောင်းကောင်းပါ။
အားလုံး ဖိုတိုမာရသွန်အမိုက်စားကြီးတွေဖြစ်လာအောင် ကြိုးစားရအောင်ဗျာ…