မင်္ဂလာပါ ခင်ဗျာ
ကျွန်တော်တို့ကြယ်တွေကို ဓာတ်ပုံရိုက်တယ်ဆိုတာတချို့ ခက်ခဲတယ်လို့ထင်တယ် တချို့ကလွယ်တယ်လို့ထင်ကြတယ်တယ်။ တကယ်က အဲ့လိုတော့မဟုတ်ပါဘူး ကျွန်တော် ၆၀၀ဒီလေးနဲ့စရိုက်တုန်းကဆိုရင် ၁၈-၅၅ မမ လန့်လေးနဲ့ ကြယ်ကိုဘယ်လိုရိုက်ရမှန်းဘယ်အရပ်မျက်နှာကိုမျက်နှာမူရမှန်းတောင်မသိခဲ့ပါဘူး ဒါပေမယ့်နောက်တော့လေ့ လာရင်းလေ့လာရင်းတဖြေးဖြေးနားလည်လာပါတယ်။ ဟိုဖတ်ဒီဖတ်နဲ့ ရှတ်တာစပိကြာမှ အိုင်အက်အိုမြင့်မှဆိုလို့လဲ ပုံတွေက အဖြူစွတ်စွတ်ကြီးတွေထွက်ရင်ထွက်မထွက်ရင်မထွက်ရင် အမဲရောင်ကြီးချည်းထွက်လာခဲ့ဘူးတယ်ဗျ။နောက်တော့လဲအခြေအနေအချိန်အခါကိုမူတည်ပီးတော့ဘယ်လိုရိုက်ရမယ်ဆိုတာကိုနားလည်လာခဲ့တယ်။ ကျွန်တေ်ာတို့နေတဲ့ လူနေရပ်ကွက်အများစုကအနဲနဲ့အများဆိုသလိုလဲ Light Pollution ရှိတယ်မို့လားဗျာ။ ညဘက် ကျွန်တော်တို့လိုကြယ်ဖမ်းတဲ့ကြယ်မုဆိုးတွေအတွက်က တော့ အဲ့ Light pollution က လုံး၀ ရန်သူတွေပါပဲဗျာ။ ကျွန်တော်ရိုက်ရင်းရိုက်ရင်းနဲ့ ရလာခဲ့တဲကအတွေ့ကြုံလေးတွေကိုအားလုံးနဲ့ရှဲချင်လို့ဒီ Note လေးကိုရေးပါတယ်။ပထမအဓိကပြောချင်တာက ဖိုတိုရိုက်မထွက်ခင် အဓိကသယ်သွားရမှာက Tripod တောင့်တောင့်တင်းတင်းတခုပေါ့ဗျာ ဘာလို့တုန်းဆိုတာ တကယ်ရိုက်သားကျလာရင်သိလာလိမ့်မယ်ဗျ။ ဈေးပေါတဲ့ ထရိုင်ပေါ့တခုရဲ့ stability ဟာ ကိုယ့်ရဲ့ရှာမှရှားတဲ့ ပုံတခုကိုပျက်စီးသွားစေနိုင်တယ်ဗျ။ ကာလာကြီးကလဲမိုက်နေပီ composition ကလဲမိုက်နေပီ အဲ့မှာမှ ထရိုင်ပေါ့က နဲနဲလေးလှူပ်သွားလို့ Blur သွားတယ်ဆိုရင် . . . ။ နောက်တခုအကြံပေးချင်တာက ကြယ်တွေကိုဖမ်းမှာမို့ဝိုက်နိုင်သမျှဝိုက်တဲ့လန့်ကိုသာယူသွားပါ။ အကယ်ရျ် wide lens မရှိဘူးဆိုရင် Kit Lens နဲ့လဲဖြစ်တယ်။ အပါချာကိုနံပါတ်သေးသေးထားလို့ရလေကောင်းလေလေ။ နောက်တခုမရှိမဖြစ်က Cable Release တခုပေါ့။ ကင်မရာရှိတ်ကိုရှောင်ဖို့အဲ့တာကလဲအရေးပါတယ်။ ညဘက်သွားရိုက်မှာမို့ ဖြစ်နိုင်ရင် ရိက္ခာအကုန်ယူသွားပါ။ ဥပမာ ရေဘူး ၊ မုန့် ၊ ဆေးလိပ် ၊ ကွမ်း စတာတွေပေါ့ဗျာ။ ပီးတော့နောက်တခု က နွေးနွေးထွေးသေသေချာချာဖြစ်စေမယ့်အဝတ်အစား တွေ ရှုးဖိနပ်ရှိရှုးဖိနပ်စီးဗျာ။ အဲမထွက်ခင် လကွယ်လား လပြည့်လားး လဆုတ်လားဆိုတာတွေကို calendar ကနေကြည့်သွားဥးီဗျ သွားမောကြီးမဖြစ်ရအောင် ကျွန်တော့်တုန်းက လပြည့်ကျော် ရက်တခုကိုသွားမိတာ လကြီးကအရမ်းလင်းနေတော့ ဘယ်လိုမှရိုက်လို့မရပဲပြန်လာရဘူးတယ်။ဘာလို့တုန်းဆိုတော့လက ကမ္ဘာနဲ့အနီးဆုံးဖြစ်ပီးတော့အလင်းပြန်မှူအကောင်းဆုံးအရာကြီးဖြစ်နေလို့ပါပဲ။ လမရှိလေလေ ကြယ်တွေကိုထင်ထင်ရှားရှားမြင်ရလေပဲလေ။ ထရိုင်ပေါ့ကတော့အထူးပြောစရာမလိုပါဘူးခိုင်သထက်ခိုင်တာကိုသာဝယ်ကြပါ။ကဲ ပီးရင်သွားကြစို့ရိုက်မယ့်နေရာကို ။ နေရာကိုကြိုစဉ်းစားဖို့လိုမယ်ဗျ Foreground ဘာထားမှာလဲ သစ်ပင်လေးတစ်ပင်လား ဘုရားလေးတစ်ဆူလားစသဖြင့်ပေါ့ဗျာ မဟုတ်ရင် ကြယ်တွေချည်းသက်သက်ဖြစ်ပီးပျဉ်းစရာကောင်းနေလိမ့်မယ်။ ညဘက်ကြီးရိုက်တာကိုတောင် Composition ကအရေးပါတုန်းလားလို့မမေးပါနဲ့ ပါပါတယ်။ We take photo မဟုတ်ပါဘူး We make photo ပါ။Location ကစပြောရမယ် ဘယ်လိုနေရာကိုသွားရိုက်မှာလဲဆိုတာကို။ ဘာလို့လဲဆိုတော့ ကောင်းကင်ကိုဘယ်နေရာကကြယ်ကြယ်ပြန့်ပြန့်မြင်ရမယ်ဆိုတာစဉ်းစားဖို့လိုတယ်ပီးတော့အရပ်မျက်နာကောပဲ။ ရာသီစက်ဝန်းကိုမူတည်ပီးတော့ ကောင်းကင်ကြည်တယ်မကြည်ဘူးဆိုတာတွေလဲရှိသေးတယ်။ အဲ့လိုမျိုးတွေအတွက် ဟိုးရှေးခေတ်ကလို လိုက်တွက်စရာမလိုဘူးဗျာ အခုခေတ်မှာဖုန်းတွေအတွက် App တွေပေါ်နေပီပဲကို။ Iphone အတွက်ဆိုရင် PhotoPills ဆိုတာလေးကမိုက်တယ်။
http://www.photopills.com/ မှာသွားကြည့်လို့ရတယ် Free app တော့မဟုတ်ဘူး ၁၀ဒေါ်လာလောက်တော့ကျမယ်။ Android အတွက်ကတော့ Photographer’s Ephemeris ဆိုတာလေး သူက တော့ ၈ဒေါ်လာလောက်ကျမယ်။ http://photoephemeris.com/tpe-for-a… မှာသွားကြည့်လို့ရတယ်။ အဲမေ့လို့အားပေးတာတော့မဟုတ်ဘူး Black Market ရှိရင် Free down လို့ရတယ်ဟီးးး။ ကွန်ပြုတာပေါ်မှာဆို ရှယ်ပဲက ကျွန်တော့်ကို ကိုကျား( Biggie Tiger ) မိတ်ဆက်ပေးတဲ့ Stellarium ဆိုတာလေးက အရမ်းမိုက်တယ်ဗျာ ။ပီးတော့အဲ့တာကတော့ Free ဗျ။ အဲ့ကောင်က constellations, planets, sun, moon, and Milky Way တွေ တည်နေရာတွေ ကို ပြပေးနိုင်တယ်ဗျ။ ကိုကျားကျေးဇူးပါ။ ကဲ Location စဉ်းစားပီးပီလား ဒါဆို နောက်တဆင့် Light Pollution ကိုစဉ်းစားရတော့မယ်။ မြို့နဲ့ဝေးလေလေ ကောင်းကင်မှာ Light pollution နဲလေလေပဲလေ။ Light pollution နဲလေလေ ကြယ်စုံစုံမြင်ရလေပဲဗျာ။ လဆုတ်လကွယ်ကတော့အထူးသတိထားရမယ် ကိုယ်က မိုင်၃၀လောက် မြို့နဲ့ဝေးရာလာပါတယ်ဆိုမှ ကောင်းကင်ကြီးကလင်းထိန်နေရင်လဲမဖြစ်သေးဘူးလေ။ အကောင်းဆုံးရက်တွေက တော့ လကွယ်ရက်တွေပဲ။ ဒီပြသနာက တော့ရှင်းပါတယ် အထက်app နှစ်ခုမှာ plan ကြည့်လို့ရတယ်။ နောက်တခုစဉ်းစားရမှာကရာသီဥတုဗျ ။ မိုးတွင်းကြီးလား မိုးရွာမှာလား မိုးအုံ့နေမှာလား တိမ်ထူမှာလားစသဖြင့် ကိုပီးသိဖို့လိုတယ်ဗျ။ ကဲပီးတော့ အဲ့တာတွေပလန်ပီး ပီဆို ဘယ်သူနဲ့သွားမှာလဲဆိုတာစဉ်းစားရမယ်။ သူငယ်ချင်းတွေအဖော်လိုက်မယ့်လူတွေလဲခေါ်သွားဗျာ ။ ဘာလို့တုန်းဆိုတော့ သိတဲ့အတိုင်းပဲ ကျွန်တော်တို့ကဓာတ်ပုံရိုက်နေရင် ဘေးကဘာဆိုတာမေ့မေ့သွားတက်ကြတယ်မို့လားဗျာ။ အဲ့တော့ စကားပြောဖော်ဖြစ်ဖြစ်တယောက်ယောက် ပါရင်ပိုမိုက်တာပေါ့ဗျာ။ ကြယ်တွေသွားရိုက်တာလား ဘုန်းကြီးကျောင်းထဲကရိုက်တာမှအပ ကျန်တဲ့အချိန်ရိုက်ဖော်ရိုက်ဖက်တွေနဲ့သာသွားဗျာ စိတ်ချရအောင်လို့။ သူငယ်ချင်းကားနဲ့သွားမယ်ဆို ဆီထည့်ပေးဗျ ဒါကယဉ်ကျေးမှုတခုပဲ မပြောပဲနဲ့သိရမယ့်ဟာတခုပဲ။
ကျွန်တော်ယူသွားသင့်တယ်လို့ထင်တာတွေပြောကြည့်မယ်။
၁။ Tripod (ကိုယ်ပိုင်ဖြစ်လေကောင်းလေလေ)
၂။ ကင်မရာနဲ့Lens (ဒီလိုရေးလို့မရီနဲ့နော်တချို့ရှိတယ်ဗျစီနီယာတွေပြောတာကြားဘူးတယ် ဘော်ဒီချည်းယူလာပီးတော့ ဟိုလန့်ခဏပေးကွာဒီလန့်ခဏငှားကွာ ငါ့မှာ ဘာမရှိလို့ဘာညာဘာညာဖြစ်တက်တယ် ဓာတ်ပုံဆရာကဆိုတာကလဲ မင်းဘဏ်စာအုပ်ငွေစုစာရင်းပြဆို ကင်မရာလွယ်အိတ်ပဲလက်ညှိုးထိုးပြတက်တာမျိုးမို့လား အဲ့တော့ moisture အရမ်းများတဲ့ညမျိုးမှာလန့်တွေဖြုတ်လိုက်တပ်လိုက်ကိုသဘောကျမှာမဟုတ်ပါ။)
၃။ အဝတ်အစားထူထူ အနွေးထည်လက်ရှည်။ အရမ်းအေးမယ်ထင်ရင်လိုလိုမယ်မယ် လက်အိပ်သာထည့်သွားခေါင်းစွပ်ရောပဲ။ နွေးလေကောင်းလေ။
၄။ ဖိနပ် ညှပ်ဖိနပ်နဲ့သွားမယ်လို့မတွေးနဲ့ တက်နိုင်ရင် ရှုးဖိနပ်သာစီး ။
၅။ကင်မရာအိတ်ကောင်းကောင်းတလုံး ။
၆။ မန်မိုရီကဒ်တွေ ။cable release တွေ power bankတွေ။ ချာဂျာကြိုးတွေ။ ၇။ဓာတ်မီး လက်နှိပ်ဓတ်မီး (တချို့ကပြောလိမ့်မယ်ဖုန်းကflash ပါတာပဲလေအဲ့တာလဲလင်းတာပဲလို့။ မဟုတ်ဘူး ဗျ ညကြီးဖုန်းဘတ်ထရီကုန်သွားလို့မဖြစ်ဘူး ဓာတ်မီးသပ်သပ် အလင်းပြန်ပြန့်ထွက်တာဆိုပိုကောင်းတယ် မြွှေတို့ဘာတို့မျက်လုံးတွေက ရောင်ပြန်တယ်လေ)
၈။ အရမ်းအရေးကြီးတာပြောမယ် ရေသန့်ဘူး၁လီတာကဒ် တကဒ်လောက်သာဆွဲသွားဗျာ လိုကိုလိုတယ်။မျက်နှာသစ်မှာပဲဖြစ်ဖြစ် ရေသောက်မှာပဲဖြစ်ဖြစ် လိုတယ်ဗျ။ ၁၀။သီချင်းဖွင့်ဖို့တခုခု ယူသွားဗျာ ဟို အခုခေတ်ပေါ်တဲ့ Bluetooth နဲ့ဖွင့်လို့ရတဲ့ မီနီစပီကာလေးတွေဆိုအဆင်ပြေတယ်။ အဖော်ပါလာတဲ့သူတွေလဲမပျင်းတော့ဘူးပေါ့ဗျာ။ ၁၁။ မုန့် ပေါင်မုန့်ဖြစ်ဖြစ် ထမင်းကြော်ဖြစ်ဖြစ်ယူသွားဖို့လိုမယ် ညလုံးပေါက်ဆိုရင်။ ကွမ်းကြိုက်တဲ့သူကကွမ်းပေါ့ဗျာ။ ၁၂။ နောက်အရေးကြီးတာတခုက ခြင်မကိုက်အောင် လိမ်းဆေးတခုခု ဖြစ်ဖြစ်ဖြန်းဆေးတခုခုဖြစ်ယူသွားဖို့လိုမယ်( ကိုမိုအကြံပေးသည်) ။
၁၃။ မီးဖိုလို့ရရင်မီးသာဖိုပီးနေဗျာ ဒါဆို ညဘက် Moisture လန့်မှာလာရိုက်တာကို တက်နိုင်သလောက်ထိန်းပီးသားဖြစ်မယ်။ ကဲမနက်ကတည်းကဘာတွေပြင်ဆင်လို့ရလဲဆိုရင် Focus to infinity ကို ရှာရမယ်လန့်မှာ ဖော်ပြထားပီးသားမပါဘူးဆိုရင် များသောအားဖြင့် Kit lens တွေမှာပါလေ့မရှိဘူးဗျ။ ဒီလိုဆိုဘယ်လိုလုပ်မလဲ ??? လွယ်ပါတယ်ဗျာ မနက်ခင်းကတည်းက အဲ့ လန့်ကို ကင်မရာမှာတပ် ပီးရင် Live View ဖွင့်ပီး Focus to infinity ဖြတ်ကြည့် ပြတ်မပြတ်သိချင်ရင် Live view ကို Zoom ဆွဲကြည့် အဲမှာမှ ပြတ်တာသေချာပီဆိုရင် ကော်ရက်ရှင်ပန်လေးနဲ့ဖြစ်ဖြစ် အမှတ်လေးလုပ်ပေးထားလိုက် အဲ့တာဆို ညကျရင် မခက်တော့ဘူးလေ တန်းလှည့်ပီး ဖိုးကပ်ဖြတ်ထားလိုက်ရုံပဲ ။ ကဲ ကဲ အခုလို ပွဲမဝင်ခင်အပြင်ကကျင်းပတာတွေပီးတော့ လက်တွေ့ setting တွေဘက်သွားရအောင်လားဗျာ။ ရိုက်မယ့်နေရာကိုရောက်တာနဲ့ နေရာကိုသေသေချာချာရွေး ရေရှိသလား ဗွက်ရှိသလား ကိုရွေး ပီးရင်ထရိုင်ပေါ့ကိုချ Foreground နဲ့ Backgrount ရှာ၊ Subject ရွှေးပြီး Composition ချဖို့အတွက်တော့ ကင်မရာကို ISO အဆုံးသာတင်ပြီး မြန်မြန်ရိုက် ဒါဆို ကိုယ့် ပုံအနေအထားဘယ်လိုလဲဆိုတာသိရမယ် ။ Manual Mode ကိုသာအားထားပါ။ ISO အဆုံးတင်ပြီး Shutter Speed ကို Cable release မတပ်ခင် ၃၀စက္ကန့်နဲ့စမ်းရိုက်ကြည့်ပါ။ စိတ်တိုင်းကျပီဆိုစပီး shutter speed နဲ့ F ကိုတွက်ကြတာပေါ့ ဗျာ။ ကျွန်တော်က Kit lens နဲ့မို့ တွက်နည်းနဲနဲတော့ကွာပါမယ်။ အလွယ်ဒီလိုသာတွက်ကြည့်ဗျာ ။ အကျယ်ဆုံး F က 5.6 ဆိုပါတော့ဗျာ အဲ့မှာ ကင်မရာမှာရသလောက်ထိ တင်မယ် ISO ၆၄၀၀ ဆိုပါတော့ဗျာ။ အဲ့အတုန်းက EV အမှတ်လေးအလယ်ရောက်ဖို့ကို ၄ စက္ကန့်ပဲလိုတယ်ဆိုရင် ISO 100 ထိပြန်ချလိုက်မယ်ဆိုရင် ၄မိနစ်ဖြစ်သွားမယ်။ ဘာလို့တုန်းဆိုတော့ ကင်မရာ မှာ shutter speed ကိုတွက်ရင် ဆပေါင်းတာရယ်နုတ်တာရယ်ပဲရှိတယ်လေ။ ကဲတွက်ကြည့်ဗျာ ကင်မရာလေးကိုကြည့်ပီးတော့ ISO ၆၄၀၀ ကနေ ISO 100 ထိ ဘယ်လောက် stop သွားလဲဆိုတာကို ။ ISO 6400 ကနေ 3200 , 3200 ကနေ 1600 , 1600 ကနေ 800 , 800 ကနေ 400 , 400 ကနေ 200 , 200 ကနေ 100 ထိဆိုတော့ စုစုပေါင်းပြောင်းလဲခြင်း ၆ ခုရှိပါတယ်။ တွက်ရလွယ်အောင် Full Stop တွေပဲသုံးမယ်နော် ။ Full Stop တွေနဲ့ one third တွေအကြောင်းးစသဖြင့်သိချင်ရင် ကျွန်တော့် LE note တွေပြန်ရှာပီးဖတ်လို့ရပါတယ်။ ဒီတော့ Shutter Speed ကျပြန်တော့ 4 ကနေ 8 , 8 ကနေ 16, 16 ကနေ 32 , 32ကနေ64 ကနေ 128 , 128 ကနေ 256 Sec ပေါ့ဗျာ။ ၂၅၆ စက္ကန့် ဆိုတာ တစ်မိနစ် ၆၀ စက္ကန့်ပြန်စားလိုက်တော့ ၄ မိနစ်နဲ့ ၂၆ စက္ကန့်လောက်ဖြစ်သွားပါတယ်။ အဲ့တာအလွယ် ကျွန်တော်နားလည် full stop တွေကို တည်ပီးနားလည်သလိုတွက်ထားတာပါ။ F value ကိုလဲ Full stop တွေနဲ့တွက်မယ်ဆိုရင် f3.5 , f5.6 , f8 , f11 ,f14 ,f18 , f22 ဆိုတာတွေက Full stop တွေပါ။ ဒါဆိုတွက်ရတာလွယ်ပီလို့ထင်ပါတယ်။ f/1.4 and ISO400 = 30s f/2.8 and ISO1600 = 30s f/4.0 and ISO3200 = 30s f/5.6 and ISO6400 = 30s ဒီလိုအသေမှတ်ထားပီး စမ်းရိုက်ကြည့်ရင်လဲရပါတယ်ခင်ဗျာ။ အရေးကြီးတာက ဘယ်လိုပဲရိုက်ရိုက် RAW နဲ့သာရိုက်ကြပါ။ ကဲ ကြယ်လေးတွေလဲ မြင်ရပီဆိုရင် ကွန်ပိုဇေးရှင်းကိုလဲကြိုက်ပီဆိုရင် ။ စရိုက်ပေတော့ဗျာ ။ အဲမေ့လို့ Canon ဆိုရင်တော့ ညဘက်ရိုက်နေတုန်း View finder ကို လွယ်ကြိုးမှာပါတဲ့ ရာဘာပြားလေးနဲ့ပိတ်ထားလိုက်ပါ ဒါဆို view finder ကနေအလင်းမဝင်တော့ဘူးပေါ့။ ကြယ်ပုံတွေရိုက်တယ်ဆိုတာ ပုံတွေထွက်လာတယ်ဆိုတာ မတော်တဆရခဲ့တာမျိုးမဟုတ်ပါဘူး ။ စိတ်ရှည်တာ သည်းခံတာ Knowledge ရှှိတာ planning ကောင်းမွန်တာ ဇွဲရှိတာ ပီးတော့ သင်ဆရာမြင်ဆရာတွေဆီကနေလေ့လာသင်ယူတာတွေကနေ ရခဲ့တာပါ ကျွန်တော်ဆိုရင် MPKE ကနေအများကြီးသင်ယူခဲ့ရဘူးပါတယ် ဒါပေမယ့်အဲ့ Group ကအခုတော့မရှိတော့ပါဘူး ။ အားလုံး ကြယ်ပုံအမိုက်စားကြီးတွေဖန်တီးနိုင်ပါစေ။
မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ