Pro Photographer ဖြစ်ချင်တယ် .. ဘာတွေ လိုအပ်ချက် ရှိပါလဲ …
ခဏခဏ မေးခံရတဲ့ မေးခွန်းပါ …
ကျနော့် ပုံတွေ ပြီးပြည့်စုံ တယ်လို့ ဘယ်တော့မှ ကိုယ့်ကိုကိုယ် မတွေးမိပါဖူး .. အမြဲ လိုအပ်ချက် အနည်းငယ် ရှိနေစမြဲ .. လိုက်ရှာဖွေနေမြဲပါ ။
… သို့သော် လဲ ..
Pro တယောက်ဖြစ်လာဖို့ အလွယ်ကူဆုံး ဖြတ်လမ်း နည်းလမ်းတွေ ပေးရမယ်ဆိုရင်တော့ …
၁။ အချိန်တိုင်း ကိုယ့်ကင်မရာ ကိုယ်ကလိနေပါ … Shutter Speed , ISO , Aperture တွေကို ချက်ခြင်း အလွတ်ရအောင် .. ကိုယ့်ကင်မရာရဲ့ အားနည်းချက် .. အားသာချက်တွေကို အမြဲ သိနေအောင် .. ( အချို့ ကင်မရာတွေဆို ISO ဘယ်လောက်အထိပဲ လက်ခံနိုင်တယ် .. အဲ့လက်ခံနိုင်လောက်တဲ့ ISO ဆိုရင် ဘယ် Shutter Speed နဲ့ တွဲရင် ဘယ်လို အချိန်မှာ အဆင်ပြေမလဲ … ) လက်က ယဉ်ပါး သွားအောင် နဲ့ ကိုယ်နဲ့ ကိုယ့်ကင်မရာ တသားထဲ ဖြစ်နေအောင် ကလိစေချင်တယ် ..
၂။ အပြင်လောကကို များများလေ့လာပါ .. ဘယ်နေရာ မှာ ဘယ်အချိန်ဆိုရင် ဘယ်လိုဖြစ်တတ်တယ်ဆိုတာလေး အမြဲ မှတ်ထားပါ .. အခွင့်ကြုံ ရင် အလွယ်တကူ သွားရိုက်ဖို့ နေရာ မရှားတော့ပဲ ဖြစ်နေပါလိမ့်မယ် ..
၃။ ပြီးတော့ စာများများဖတ်ပါ .. ( မည်သည့်စာ မဆို ဖတ်ပါ .. ခံစားမူ ရသ ပါတဲ့စာတွေ ဖတ်ရင် ကိုယ့်ပုံတွေကပါ ခံစားမူ ဘယ်လို ပေးနိုင်မလဲ ဆိုတာ ခေါင်းထဲက အော်တို တွေး မိ ပြီးသားဖြစ်သွားပါလိမ့်မယ် .. )
၄။ ဘယ်တော့မှ မမေ့ပါနဲ့ ကိုယ့်ရဲ့ 360 ံ မှာ ပုံကောင်းတွေ အမြဲ ရှိနေပါတယ် .. ဘေးဘီ တောင်မြောက် လျှောက်ကြည့်နေပါ … ပုံကောင်းတွေ ခဏလေး အတွင်းမှာ ဖြစ်လာနိုင် သလို စောင့်ယူပြီးရိုက်လို့ ကောင်းတာတွေ တွေ့ရပါလိမ့်မယ် ..
၅။ မြင်မြင်သမျှကို ဘောင်ခတ်နေပါ .. ကင်မရာမပါလာသည့်တိုင်အောင် ကိုယ့်မျက်လုံးနဲ့ ဓါတ်ပုံ Frame တွေ Composition တွေ အမြဲ တွေးနေပါ .. မျက်လုံးနဲ့ ဓါတ်ပုံ ရိုက်ကြည့်ပါ .. ( ကိုယ့်မျက်လုံးနဲ့ ဓါတ်ပုံရိုက်နေဖို့ ဆိုတာက မြင်နေရတဲ့ မြင်ကွင်း ကို ဖရိန် ၊ ကွန်ပိုဇေးရှင်း တွေချပြီး ကင်မရာဆက်တင်တွေ ISO,S , F စတာတွေ အမြဲတွေးပြီး တွက်ပြီး ရိုက်နေဖို့ပါ ။ ) တွက်ထားတဲ့ ဆက်တင် မှားခဲ့သည့်တိုင်အောင် နောက်မှန်လာဖို့ ပြီးတော့ လက်မြန်လာဖို့ လမ်းစတွေပါ ။
၆။ ဓါတ်ပုံတွေ များများကြည့်ပါ ။ သူများ ရိုက်ထားတဲ့ပုံတွေ ဘာကြောင့် ရိုက်ထားတာလဲ .. ဘယ်လို့ သူ ဒီ Angel ယူတာလဲ .. ဆက်တင် ဘယ်လောက်ဖြစ်မလဲ ဆိုတာမျိုး ကြည့်စေချင်တာပါ ။ တပုံစံထဲ တူအောင် လိုက်ရိုက်ဖို့ မဟုတ်ပါ ။ ပြီးတော့ ဓါတ်ပုံတွေကို ခံစားကြည့်ပါ ။ ဓါတ်ပုံတွေက ပြောတဲ့ အသက် အငွေ့တွေ ၊ အနံတွေ ၊ အသံတွေ ကြားအောင် မြင်အောင် ခံစားကြည့်ပါ ။
၇။ ရူးသွပ်ပါ ။ ကိုယ်လုပ်ချင်တာ ကို မှန်ကန်တဲ့ နည်းလမ်းနဲ့ တင်ပြနိုင်ဖို့ကြိုးစားပါ … ကိုယ်ပိုင် Idea များများထည့်ပါ ။
Copy တွေ ရှေးရိုးစွဲတွေ မသုံးပါနဲ့ ပြီးတော့ ဆော့ဝဲလ် အားကိုးနဲ့ အလွယ်မလိုက်ပါနဲ့ …
( ဓါတ်ပုံတပုံ ပြင်ပြီးလှတာနဲ့ ကိုယ်ရိုက်တဲ့အချိန်မှာ ထွက်လာတဲ့ ကွာလတီ ကိုယ်သိပါ ) … ကိုယ်ပိုင်နိုင်ပြီ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိတဲ့ ဓါတ်ပုံဆရာဖြစ်လာပြီဆိုမှ ဆော့ဝဲဖက် လှည့်ပါ ။
၈။ မော်မကြွားပါနဲ့ .. သင်ပါ .. သူများတွေ အမြင်ကိုလဲ အမြဲ လေ့လာပါ ။ ကိုယ့်ထပ်လက်ရာ မကောင်းတဲ့သူတွေဆီမှာလဲ ပုံကောင်းတွေ အမြဲတစေ ရှိနေတတ်ပါတယ် .. ကိုယ့်ထပ် တော်တဲ့သူတွေ ကို လေ့လာရမှာဖြစ်သလို ကိုယ့်ထပ် လက်ရာ မကောင်းတဲ့သူတွေဆီမှာ လဲ ကိုယ်မသိတဲ့ အကြောင်းအရာတွေ ရှိနေစမြဲပါ .. မည်သူ့ဆီက မဆို သင်ယူပါ ။
၉။ ကိုယ့်ကိုကိုယ် အမြဲ ယှဉ်ပြိုင်ပါ … ဒီနေ့ ပုံနဲ့ မနေ့က ပုံ … ( ဝါ ) မနှစ်ကပုံနဲ့ ဒီနှစ် ပုံ အမြဲ ယှဉ်ကြည့်ပါ .. ဘယ်နေရာ အားနည်းနေလဲ .. ဘယ်နေရာ အားသာလာပြီးလဲ သိပါ ။ ကိုယ့်ကိုကိုယ် ဝေဖန်ပါ ။
၁၀။ အရေးကြီးဆုံး တချက်ကတော့ ရိုးသားပါ .. ကိုယ့်အနုပညာ ကိုယ် သစ္စာ ရှိပါ ။
လေးစားခြင်းဖြင့်
YAT Photography