ပိုမိုကောင်းမွန်တဲ့ပုံတွေ ရစေဖို့ . . .
Tips for Great Pictures
ပိုမိုကောင်းမွန်တဲ့ပုံတွေ ရစေဖို့ . . .
အတွေ့အကြုံ ရယ် အသိပညာတွေရယ်ကနေ ပုံကောင်းတွေဖန်တီးလာနိုင်တာပါ ။ အနုပညာရှု့ထောင်ကပြောတာမဟုတ်ပဲ ဓာတ်ပုံပညာရပ်ဆိုင်ရာရှု့ထောင့်ကနေပြောတာပါဘယ်လိုလေးတွေစဉ်းစားပီးရိုက်ရင်ပိုကောင်းတယ်ဆိုတာကိုပါ။ Portarit သမားတွေအတွက် အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ဗျာ ။
၁။ ရိုက့်မယ့် subject ကို မျက်လုံးကိုအရင်ကြည့်ပါ ။ ( Eye contact )
ကျွန်တေ်ာတို့က view finder ကနေ ချောင်းကြည့်ပီးတော့ သူတို့နဲ့ eye contact ရအောင်လုပ်ဖို့ပြောတာပါ။ ကျွန်တော်တို့လန့်ကိုကြည့်နေတဲ့ဆွဲဆောင်မူအားပေါ့ အဲ့ မျက်လုံးဆွဲဆောင်မူအားကိုကျွန်တော်တို့ဖမ်းကြည့်ရမှာပါ။ ရိုက်ရင် subject ရဲ့ ဘယ် angle ကလှသလဲပေါ့ဗျာအရင်ကြည့် ။ တော်တော်များများကတော့ ကင်မရာနဲ့subject ကို တတန်းထဲထားပီးရိုက်တာကောင်းတယ်လို့လက်ခံကြတယ်။ အမြဲတန်းကင်မရာကို ကြည့်နေရမယ်လို့တော့မဆိုလိုဘူးနော်။
၂။ နောက်ခံBackground ကိုသတိထားပါ
နောက်ခံbackground ဟာရှင်းနေမယ်ဆိုရင် သင်ရိုက်တဲ့ subject ကိုပိုမိုသိသာထင်ရှားစွာပြနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ သင်ကင်မရာ view finder ကနေ ကြည့်ပီး compose လုပ်တဲ့အခါမှာ ဘယ်သောအခါမှ နောက်ခံ background ကိုမေ့မထားပါနဲ့။ မော်ဒယ်ကို သစ်ပင်ဘက်ဂရောင်းထားပီးရိုက်ပီးမှ ပုံလဲပြန်ပီးသေသေချာချာကြည့်ရောမော်ဒယ်က ဂျို ပေါက်နေတာမျိုးက ဘယ်အဆင်ပြေမလဲနော့ ဟုတ်ဘူးလား ။
၃။ နီးနီးကပ်ပီးရိုက်ပါ ။
ပြောချင်တာက သင့်ရဲ့မော်ဒယ်ကို frame အပြည့်ဖြည့်ပီးရိုက်ပါလို့ဆိုလိုချင်တာပါ။ နောက်ခံရဲ့ အားနဲမူတွေကိုဖြေလျှော့ဖို့က ဒီနည်းကကောင်းပါတယ်။ နီးနီးရိုက်ခြင်းအားဖြင့် မော်ဒယ်ရဲ့ မျက်နှာကို detail ကိုဖော်ပြလို့ရမယ် sharpness တွေပိုကောင်းမယ်။ လန့်ရဲ့ ဖိုးကပ်စဖြတ်နိုင်တဲ့ နေရာထပ်နဲနဲလေးခွာရိုက်လို့ဆိုလိုချင်တာပါ။ up close ပေါ့ဗျာ ။ လန့်အများစု ကသူတို့ဖိုးကပ်ဖြတ်နိုင်တဲ့အကွာအဝေးကိုရေးပေးထားတက်ကြပါတယ်။
၄။မော်ဒယ်အကိုအမြဲ frame ရဲ့အလယ်မှာမထားပါနဲ့
အမြဲတမ်းကြီး frame ရဲ့အလယ်မှာထားထားနေတော့ ပျင်းစရာကြီးပေါ့ဗျာ တခြားဟာလေးတွေပြောင်းပြောင်းပီး compose လုပ်ရင်ပိုမကောင်းဘူးလားဗျ။ ကျွန်တေ်ာတခါပြောပြဘူးတဲ့ Golden section တို့ Rule of third တို့ကဒီနေရာမှာရှယ်ပဲပေါ့ဗျာ။
၅။အလင်းကိုသတိထားပါ (အဓိကနော်အဓိကအချက်ကြီး)
ဘယ်မှာပဲဖိုတိုရိုက်ရိုက်အလင်းကိုသတိထားသင့်ပါတယ်။ အိမ်ထဲမှာရိုက်ရိုက် အပြင်မှာရိုက်ရိုက် အလင်းရှတဲ့နေရာနဲ့တစောင်းလေးဖြစ်ဖြစ်မျက်နှာမူပီးဖြစ်ဖြစ်ရိုက်သင့်ပါတယ် ။ သင့်မှာ special equipmentတွေ (Flash တွေ softbox တွေ trigger တွေ reflector တွေ lens Hood စတာတွေ) ရှိရင်တော့ တမျိုးပေါ့ ။ Never take a picture into the sunlight နော် ။ Exposure ကောင်းကောင်းလိုချင်ရင်ဗျာ Photograper က နေကိုကျောသာပေးထားလိုက် အဲ့တာအလင်းကောင်းကောင်းရဖို့သေချာတယ်။ အရိပ်ထဲမှာလဲသိပ်မရိုက်နဲ့ သင်မီတာထောက်တာမကြွမ်းသေးရင် ၁ပုံမှစပုံပေါင်းများစွာ ဖြစ်နေမယ်ဗျ။ ဒါပေမယ့်နေဝင်ခါနီးအချိန်ဆိုရင်တော့ silhouettes လေးတွေဖန်တီးလု့ိကောင်းသဗျ ။
၆။ သင် Photographerချည်းလုပ်မနေဲ့Director လဲလုပ်ဦး
သင်ပိုကောင်းတဲ့ ပုံတွေပိုကောင်းတဲ့ဖန်တီးမူတွေလုပ်ချင်ပီဆိုရင် သင်ဖိုတိုဂရပ်ဖာချည်းလုပ်နေလို့မရဘူးဗျ သင်ဒါရိုက်တာလဲလုပ်တက်ရမယ်။ ကဲ ဟိုသစ်ပင်လေးနားသွားလိုက်ပါဦး ခေါင်းလေးမော့ ခေါင်းလေးမော့ ဟုတ်ပီ ဟုတ်ပီ အလင်းလေးကျနေတာလှတယ်ဟုတ်ပီဟုတ်ပီ မျက်လွှာလေးချမယ် ဟုတ်ပီဟုတ်ပီ ရိုက်မယ်
Credit to ကိုကြီးဖြိုး ငှဲငှဲ ကြုံတုန်းလေး။ လက်ကိုဘယ်လိုနေ ခြေထောက်ကိုဘယ်လိုလေးထားဆိုတာလေးတွေကို ကင်မရာကမြင်ရတဲ့ကျွန်တော်တို့ပြောပေးမှ မော်ဒယ်က poseပေးလု့ိရမှာပါ။ တခါတလေကျွန်တေ်ာတို့ဓာတ်ပုံဆရာတွေက သိန်းငှက်ကြီးတွေလဲဖြစ်ရဲ့ လက်ခေါက်နေတာခြေထောက်အနေအထား စသဖြင့်လိုက်ကြည့်နေရလို့လေ။ frame ထဲမှာ ဘယ်လိုလှသွားအောင်ရိုက်မယဆိုတာက တော့အတွေ့အကြုံဖြစ်သွားပီပေါ့ဗျာ grin emoticon
နောက်တဆင့်စမယ် ကင်မရာနဲ့ဘယ်လိုရိုက်မှာလဲ Horizontal လား Vertical လား
ဂရုပုံတွေရိုက်မယ်ဆိုရင်တော့ဟုတ်လူများတာကို horizontal ကအဆင်ပြေတာပေါ့ ဒါပေမယ့် မော်ဒယ်ရိုက်မယ် subjectက တစ်ယောက်ထဲဆိုရင် frame ကိုဘယ်လိုဖြည့်မလဲစဉ်းစားရမှာပေါ့ ။ မော်ဒယ် နဲ့ပတ်ဝန်းကျင်ကိုဘယ်လိုcompose လုပ်မလဲပါစဉ်းစားရတော့မယ်လေ။ Portrait ရိုက်မယ်ဆိုရင် verticalက အဆင်ပြေတယ်နေရာတော်တော်များများမှာပေါ့ ။ Vertical ရိုက်တယ်ဆိုတာ portrait ကနေ close up အထိတော်တေ်ာအသုံးဝင်ပါတယ်။
Subjectကိုဘယ်လိုနေရာချထားမလဲ
ကြည့်တဲ့လူရဲ့အာရုံကိုဖမ်းစားနိုင်ဖို့ subjectကိုနေရာချထားတာကလဲအရမ်းအရေးကြီးပါတယ်။ ရိုက်မယ့်လူကို အလယ်မှာနေရာချတာထက်ဘေးထောင့်လေးတွေမှာROTနဲ့နေရာချထားတာကပိုကောင်းပါတယ်။ ကျွန်တေ်ာအခုလိုပြောလု့ိ စောင်းမရိုက်ရဘူးမဟုတ်ဘူးနော် ရိုက်လို့ရပါတယ်။
မင်္ဂလာပါကျွန်တေ်ာကောင်းကောင်းပါ.