မင်္ဂလာပါ ကျွန်တေ်ာပြောပြချင်တဲ့ ဖိုတိုဂရပ်ဖီမှတ်စုတချို့

Diaphragm ဆိုတာဘာလဲ ?
တကယ်ကတော့ကျွန်တော်တို့ Lens တွေမှာပါပီး အလင်း sensor ပေါ်ကျတာကိုတားပေးတဲ့blade လေးတွေပါ ။ lensရဲ့အတွင်းမှာပါတဲ့ဒီ အတွဲလိုက် ဖြစ်နေတဲ့
blade လေးတွေက ကျွန်တော်တို့သတ်မှတ်တဲ့ F ပွိုင့်ပေါ်မူတည်ပီး ပြောင်းလဲပါတယ်။ တခါတလေ အဲ့ဟာကိုပဲ Iris လို့လဲခေါ်ပါတယ် ။

F/stop( F ပွိုင့် ) ဆိုတာဘာလဲ ?

 

Fပွိုင့်ဆိုတာ ကျွန်တော်တို့ ကင်မရာsensor ကနေတဆင့် အလင်းဘယ်လောက်လိုတယ်ဆိုတာကိုသိရတဲ့အခါ အပါချာကို ဖွင့်ပိတ်လုပ်ရပါတယ် ပြောရရင် ကျဉ်းလိုက်ကျယ်လိုက်လုပ်တယ်ပေါ့ဗျာ ။ အဲ့မှာပါတဲ့ နံပတ်လေးတွေကို F ပွိုင့်လို့ခေါ်တယ်။ ဥပမာ f2.8 , f4 , f5.6 တို့လိုဟာမျိူး တွေပေါ့ ။

Open up ( ဖွင့်ပစ်လိုက် ) အပါချာကို ဆိုတာဘာကိုပြောတာလဲ ?

ပြောချင်တာ က သင်F value ကို သေးနိုင်သမျှသေးအောင်လုပ်ပီးရိုက်လို့ပြောချင်တာ။ ဥပမာ F11 နဲ့ရိုက်နေတယ်ဆိုပါတော့ F5.6 တို့ F 2.8 တို့ ထိဖွင့်ရိုက်လိုက်မယ်ဆိုရင် ဒါ အပါချာ F ကို ဖွင့်ရိုက်တာပဲ ။ ဒါပေမယ့် blade တွေရဲ့ လှုပ် ရှားမှူ ကြောင့်လန့်ရဲ့ အလင်းဝင်နိုင်တပမာဏကကျစ်လစ်သွားမယ် ပီးတော့ အပါချာက ပိုပိုကျယ်လာမယ် ပွင့်လာမယ် ။ DOF လဲနဲလာမယ် ။

 

Stop Down ဆိုတာဘာလဲ ?

အပေါ်ကကောင်နဲ့ပြောင်းပြန်ဗျ ဒီကောင်ကကျတော့ အပါချာ ဂဏန်းအသေးကနေ အကြီးကိုသွားတာ အပါချာ f1.8 ဆိုပါတော့ဗျာ အဲ့ကနေ ဂဏန်းအကြီး ကိုသွားတာကိုပြောတာပါ ။ f1.8 ကနေ F 11 ကိုသွားတာမျိုးပေါ့ ။ ဒီကောင်ကျတော့ အလင်းကို sensor ကလုံလုံလောက်လောက်တချိုဲ့ အခြေအနေတွေမှာမရလို့ LE (long exposure ) ဖြစ်သွားတက်တယ်။

MAIN NOTE !!! မှတ်ရန်အဓိက ကတော့ အပါချာနံပါတ် f နံပတ်သေးလေလေ လန့် ထဲက blade လေးတွေက ပွင့်နေလေလေဖြစ်မှာဖြစ်ပီး F နံပတ်ကြီးလေလေ အပါချာက သေးသေးလေးပဲပွင့်လေလေဖြစ်မှာပါ။

Optimum aperture ဆိုတာဘာလဲ ?
လန့်တခုရဲ့ အကောင်းဆုံး Detail အကျဆုံး sharpness အဖြစ်ဆုံး အပါချာကိုပြောတာပါ f ပွိုင့်ကိုပြောတာပါ ။ များသောအားဖြင့်တော့ F8 နဲ့ F11 ဖြစ်လေ့ရှိပါတယ်။

wide open ဆိုတာဘာလဲ
အပါချာကို အကျယ်ဆုံးဖွင့်တာကိုဆိုလိုတာပါ ပြောရရင် အပါချာနံပါတ်အသေးဆုံးပေါ့ဗျာ ။

မင်္ဂလာပါဗျာ ကျွန်တေ်ာကောင်းကောင်းပါ 😀 ကျွန်တေ်ာ မှတ်ထားဘူးတာလေးတွေပြန်ရေးလိုက်ပါတယ် အခုနောက်ပိုင်းတော့တလကို Note တခုတောင်အနိုင်နိုင်ရယ်တင်နေရတယ်ဗျာ ဘာလို့လဲဆိုတော့ကျွန်တော့်အဆိုင်းမန့်တွေနဲ့ လိပ်ပက်မလည်သေးဘူးဖြစ်နေတာ 😀

 

 

အားလုံးပဲမင်္ဂလာပါဗျာ