ကျွန်တော်တို့ တပ်ဆင်ရိုက်ကူးနေတဲ့ လန့်စ်တွေက ဒီအတိုင်း မှန်ဘီလူးအသေတွေနဲ့ အထပ်လိုက်တပ်ဆင်ထားတာမျိုးမဟုတ်ပါဘူး အထဲမှာ ရှေ့တိုးနောက်ဆုတ်ဖြစ်စေ Image Stabilization ရဲ့ စနစ်တွေနဲ့ အထက်အောက်ဘေးဘယ်ညာ လှုပ်ရှားလို့ရတဲ့အစိတ်အပိုင်းတွေနဲ့တည်ဆောက်ထားတာပါ။
ခေတ်အဆက်ဆက် ဖလင်ကင်မရာခေတ်ကတည်းက တည်ဆောက်ပုံတွေကအမျိုးမျိုးနဲ့ ထုတ်လုပ်သူပေါ်မူတည်ပြီး Lens mount စနစ်တွေ ကွဲကွဲပြားပြားရှိခဲ့ပေမယ့် Nikon နဲ့ Pentax တို့ကတော့ အခုအချိန်ထိ သူတို့ရဲ့ DSLR တွေရဲ့ mount စနစ်တွေမှာ ဖလင်ကင်မရာက Lens တွေလာတပ်လို့ရအောင်လုပ်ထားတုန်းပါပဲ။ အထူးသဖြင့် Pentax ပေါ့ဗျာ သွားကြည့်ရင် ဟိုးဖလင်ခေတ် Manual lens တွေက အခုခေတ် Pentax ထုတ်နေတဲ့ DSLR တွေမှာလာတပ်လို့ရတာမြင်ရလိမ့်မယ်။ နှစ်ပေါင်းလေးဆယ်နီးပါးပါပဲ Pantax ကသူ့ရဲ့ Bayonet-mount lens တွေကိုမပြောင်းပဲ ထားထားခဲ့တာပါ။ အဲ့လိုပဲ Nikon ကလဲ သူ့ရဲ့ဖလင်က F-mount lens တွေကို အခုခေတ် FX တို့ DX တို့မှာသုံးလို့ရအောင်လုပ်းထားတယ် ဒါပေမယ့် Manual တော့ Focus နဲ့ Aperture ကို ချိန်ရတာပေါ့လေ။ Canon ကတော့ သူ့ရဲ့ electro-mechanical FD mount တွေကို all electric EF mount တွေအဖြစ် ၁၉၈၇ (ကျွန်တော်တောင် မမွေးသေးဘူး) မှာစပြောင်းလဲလိုက်တယ်။နောက်ပြီးတော့ EF-S mount ကို သူ့ရဲ့ DSLR တွေနဲ့အတူပွဲထုတ်လာခဲ့တယ်။ အဲ့တုန်းက EF mount က Lens တွေက EF-S မှာသုံးလို့ရပေမယ့် Automatic aperture setting တို့ဘာတို့ကအလုပ်မလုပ်ခဲ့ဘူး နောက်ပြီးတော့ ဖလင်က FD mount တွေကိုလဲ တပ်သုံးချင်တယ်ဆိုရင် Adapter ခံပြီးမှပဲသုံးလို့ရတော့တယ် သုံးလို့ရရင်တောင် Focusing distance ကို အပြည့် ဖိုးကပ်ဖြတ်မပေးနိုင်တော့တာတွေရှိတယ်။
ပြောရင်းနဲ့လမ်းကြောင်းလွဲတော့မယ့် ပြောချင်တာကဗျာ Lens အဟောင်းဝယ်ရင် ဘာ Mount လဲဆိုတာကိုသေသေချာချာ ကြည့်ဖို့ပြောချင်တာပါ။
၁။ မျက်မြင်စစ်ပါ
Lens အဟောင်းဝယ်ရင်မျက်မြင်စစ်သင့်တာတွေထဲမှာ Lens ပတ်ပတ်လည်ကို ဖင်ပြန်ခေါင်းပြန်ကြည့်ပြီး ထိခိုက် ဒဏ်ရာရှိလားအချိုင့်တွေဘာတွေ ရှိလားစစ်ရပါ့မယ်။ အချိုင့်တို့ ဒဏ်ရာတို့ဆိုတာတွေက ပြုတ်ကျတာတို့ တိုက်မိတာတို့ကနေ ဖြစ်တက်တာဖြစ်ပြီး Lens အထဲမှာ ရှိတဲ့ တည်ဆောက်ပုံကို ပျက်သွား လွဲချော်သွားစေတက်လို့ပါ။အဲ့လိုလွဲချော်ရင် သေချာတာ ပုံ ကွာလတီကျမယ်ဆိုတာပါပဲ။ ၂။ ဖုန်တို့ မှိုတို့ကိုစစ်ပါ
ပုံမှန်ဖုံတင်တာနဲ့ ဖုံထဲမှာပစ်ထားလို့ဖုန်တက်တာနဲ့ကမတူပါဘူး။ရိုးရိုးလေးကြည့်လို့ရပါတယ်။ လန့်ရဲ့ဖင်ဖက်ကနေ အထဲကိုချောင်းကြည့်လိုက်ရင် ဖုန်တွေမြင်ရလားမမြင်ရဘူးလားနဲ့စစ်လို့ရပါတယ်။ ဓာတ်မီးနဲ့ဖြစ်စေ ဖုန်းမီးနဲ့ဖြစ်စေ ထိုးပြီးစစ်ဆေးပါ နောက်ပြီးမှိုစစ်ဖို့က လန့်ရဲ့အပါချာကို အကျယ်ဆုံးဖွင့်ပြီးတော့ ပြတင်းပေါက်လိုအလင်းလာရာဘက်ကို ချိန်ပြီးနောက်ကနေကြည့်ကြည့်ပါ။ ငှက်မွှေးအသေးစားလေးတွေလို မြင်ရရင်တော့ ထိပေါက်ပြီသာမှတ်ပေတော့ဗျို့ ပိုက်ဆံကုန်ဖို့ကသေချာပြီလေ။
၃။အရင်ပိုင်ရှင်ရဲ့ History
အခုလိုပြောရတာနှစ်ကြောင်းရှိတယ် တခုကတကယ်ပိုင်ရှင်နောက်တခုက တကယ့်ပိုင်ရှင်မဟုတ်တာ။ တကယ့်ပိုင်ရှင်ဆီက တိုက်ရိုက်တယ်တာမျိုးဖြစ်စေ ဝယ်ရောင်းဆီကဝယ်တာဆိုရင်အရင်ဓာတ်ဆရာက ဘယ်လိုလူမျိုးလဲမေးပါ ဘာကြောင့်ရောင်းတာလဲမေးပါ အားမနာပါနဲ့။ ပင်လယ်ပဲရိုက်တဲ့ ဓာတ်ဆရာ ဆိုရင်တမျိုး လူချည်းရိုက်တဲ့ဓာတ်ဆရာဆိုရင်တမျိုးမို့ပါ။ နောက်ပြီး ပင်လယ်ချည်းအပျော်ရိုက်နေတဲ့ ဓာတ်ဆရာတွေက ဈေးဆစ်ရင်လျှော့ပေးတယ် လူရိုက်တဲ့ ဓာတ်ဆရာတွေက နောက် Lens အတွက် စိုက်စရာသိပ်မလိုအောင် ပိုလိုချင်တက်ကြတယ်။ နောက်တခုက တကယ့်ပိုင်ရှင်မဟုတ်တာ ဘာလန့်စ်လဲ ဘာရိုက်လဲ ဘယ်လိုသိမ်းသလဲ သေသေချာချာရေရေရာရာမရှင်းပြနိုင်ရင် လက်ရှောင်တာကောင်းပါတယ် တခါတလေ ခိုးလာတာမျိုးဖြစ်တက်လို့ပါ။
၄။ Aperture Blade လေးတွေကိုစစ်ပါ
ကင်မရာမှာတပ်ပြီးတော့ Aperture တခုပြီးတခုပြောင်းကြည့်ပါ။ နောက်ပြီး Lens ရဲ့နောက်ကနေ ချောင်းကြည့်ပါ။ Aperture blade ပေါ်မှာ ဖုန်တို့ ဆီတို့ ဒါမှမဟုတ် ထိခိုက်ရာတခုခုရှိရင်မဝယ်တာပိုကောင်းပါတယ်။
၅။Filter Ring ကိုစစ်ပါ
ပြုတ်ကျတာ တိုက်မိခိုက်မိတာတွေကြောင့်တချို့လန့်စ်တွေက ပိန်လိန်တာဖြစ်ပြီး Filter ring တွေတပ်မရဖြစ်တက်ပါတယ်။နောက်ပြီးတော့ Filter ring အရစ်ပြုန်းနေတာမျိုးကလဲအဆင်မပြေစေတာမို့ သေချာစစ်သင့်ပါတယ်။
၆။ Lensရဲ့ဖင်က Mount ကိုစစ်ပါ
Lens ရဲ့ mount ပေါ်မှာပါတဲ့ကြေးငုတ်လေးတွေက ကင်မရာဘော်ဒီနဲ့ Lens အကြားအချက်အလက်လေးတွေကို ဆက်သွယ်ပေးပို့ရာမှာအရေးပါတာမို့ အဲ့တာလေးတွေကိုလဲသေသေချာချာစစ်ပေးဖို့လိုပါတယ်။ အဲ့လိုစစ်ချိန်မှာ Lens mount steel အလွှာလေးပေါ်မှာ အစင်းရာအနာအဆာလေးတွေကိုလဲ စစ်လို့ရပါတယ်။ နောက်ပြီးတချို့ Lens တွေမှာဆိုရင် weather seal rubber အကွင်းလေးပါပါတယ် အဲ့အကွင်းလေးအကောင်းအတိုင်းရှိနေလားဆိုတာကိုစစ်ဆေးသင့်ပါတယ်။
၇။ Zoom အသွင်းအထုတ်လုပ်ကြည့်ပါ
Zoom အသွင်းအထုတ်လုပ်ကြည့်ပြီးတော့ ကျပ်နေလား ဒါမှဟုတ် သဲတွေရှိလို့ ဂျစ်ဂျစ် အသံတွေမြည်နေလားဆိုတာကိုသေသေချာချာလေ့လာစစ်ဆေးပါ။
၈။ Focus ကိုစစ်ပါ
ကင်မရာဘော်ဒီမှာတပ်ပြီးတော့ Smooth focus ဖြစ်လား မဖြစ်ဘူးလားဆိုတာကိုစစ်ပါ။ သိသာပါတယ် ဖိုးကပ်မော်တာက ကပ် နေရင် ဖိုးကပ်ကထင်သလောက်မမြန်ဘူးဆိုတာ။ နောက်ပြီး Lens ဘော်ဒီပေါ်က AF/MF စတာတွေ IS စတာတွေကိုလဲဖွင့်ပိတ်လုပ်ပြီးစမ်းကြည့်ပါ၊
၉။ ကင်မရာမှာတပ်ပြီးရိုက်ကြည့်
မှောင်တဲ့နေရာ လင်းလွန်းတဲ့နေရာ စတာတွေကို ရိုက်ကြည့် တခါတလေ မမြင်ရတဲ့ဖုန်လေးတွေက အဲ့လိုရိုက်ကြည့်တော့မှပေါ်လာတာတွေရှိတယ်။ နောက်ပြီးတခြားလန့်စစ်ရှိရင်လဲတပ်ပြီးယှဉ်ရိုက်ကြည့်။ တကယ်လို့ကင်မရာမှာ Deapth-of-Field preview ခလုတ်ပါရင် ကင်မရာမှာ Lens ကိုတပ်ပြီးရင်အပါချာ အကျဉ်းဆုံး F22 တို့ဘာတို့ထားကြည့်ပြီးရင် DOF ခလုတ်လေးကိုနှိပ်လိုက် aperture blades လေးတွေကကောင်းကောင်းအလုပ်လုပ်မလုပ်တန်းသိရမယ်။
ကျွန်တော် ကျောင်းတက်နေတုန်းက Used lens တွေနဲ့ရိုက်လိုက် လက်ကျင့်လိုက်လုပ်ခဲ့ရတာမို့ Used ဝယ်တာကိုအားပေးသူပါ။ Lens တွေက ခဏခဏအသစ်ထွက်တာရှားပါတယ် ကင်မရာဘော်ဒီတွေပဲထွက်တာမို့ ပါ။ ဓာတ်ပုံဆရာအများစုလိုပါပဲကျွန်တော်လဲ Entry level လေးနဲ့စခဲ့ပြီး တဖြေးဖြေး လန့်စ်တွေ ဝယ်စုလာရတာမို့ပါ။ အဟောင်းဝယ်သုံးတာဖြစ်နေပေမယ့် သေသေချာချာ ထိန်းသိမ်းတာမှန်မယ်ဆိုရင် ဆယ်နှစ်လောက်သုံးလို့ရပါတယ် လန့်စ်တခုပါ။
မင်္ဂလာပါ ကျွန်တော်ကောင်းကောင်းပါ။