ကျွန်တော်ပြောပြချင်တဲ့ White Balance ( Raw မှာမြင်ရတဲ့ကာလာအမှန် )
White Balance (WB) ကို ကျွန်တော်တို့ရိုက့်ပုံတွေမှာပေါ်မယ်ကာလာစိုးမိုးမူကိုထိန်းချူု ပ်တဲ့နေရာမှာသုံးပါတယ်။ WB က ကျွန်တေ်ာတော်တို့ပုံတွေမှာသဘာဝမကျတဲ့ကာလာတွေ ကျွန်တေ်ာတို့မျက်လုံးအနေနဲ့တော့ အဖြူလို့မြင်ရတဲ့ ဟာတွေကိုထိန်းညှိပေးပါတယ်။ WB ကဘာလို့အရေးကြီးလဲဆိုတော့ အလင်းဆိုတဲ့ဟာက အချိန်ပိုင်းတခုချင်းပေါ်မူတည်ပီး မတူညီတဲ့ color temperature

တွေရှိလို့ပါ ။ အလင်းရောင်ဖြစ်ပေါ်လာဖို့ မတူညီတဲ့ အချိုးတွေနဲ့ Red Green Blue အရောင်တွေဟာပေါင်းစပ်ရပါတယ် ။ အကယ်ရျ် အနီရောင် က ကဲခဲ့ မယ်ဆိုရင်တော့ ပုံက warm ပိုပီးဖြစ်လာမယ် အပြာနဲ့ အစိမ်းကနဲနဲ ကဲခဲ့မယ်ဆိုရင်တော့ Cool temperatue ဖြစ်လာမှာပါ ။ အဲ့လိုတွေ ကြောင့် ကျွန်တော်တို့ကင်မရာတွေမှာမတူညီတဲ့ WB setting တွေ ရှိရတာပါ မတူညီတဲ့ အလင်းရောင်အခြေအနေတွေ ကို အသားတကျဓာတ်ပုံရိုက်ဖို့ပေါ့ ။ ကာလာ Temperature ကို တိုင်းတာရင် degrees Kelvin ( K ) ဆိုတာနဲ့တိုင်းတာပါတယ် ။ အဲ့ Value ကစားတာပေါ်မူတည်ပီးရိုက်ရမယ်ဟာတွေ ဥပမာ အပြင်အောက်ဒိုးဆိုရင် natural day light နဲ့ အင်ဒိုး ဆိုရင် tungsten တွေဖြစ်လာတာပေါ့။ WB သုံးရတဲ့အဓိကအကြောင်းအရင်းက ပုံတွေ သဘာ၀ ကျကျဖြစ်စေချင်လို့ပါ ။ ဒါပေမယ့်တခါတလေ နေ့အခြေအနေပေါ်မူတည်ပီး ကာလာ Temperature မတူတာတွေရှိပါတယါ ကင်မရာမှာက Daylight ဆိုပီး ဆက်တင်တခုပဲ ရှိတယ်အပြင်က ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပီးတော့ Daylight ဆက်တင်နဲ့ရိုက်လို့ မရတာတွေရှိပါတယ် ။ အဲ့မှာ RAW နဲ့သာရိုက်ပါလို့ ကျွန်တော်က စတိုက်တွန်းတာပေါ့ဗျာ ရိုက်ပီးသွားတော့မှ တကယ်မှန်တဲ့ color temperature ပြန်ချိန်တာက အလွယ်ဆုံးနဲ့အကောင်းဆုံးနည်းပေါ့ဗျာ ။ဘာလု့ိ လဲဆိုတော့ JPEG မှာက WB က Fixed ဖြစ်သွားလို့ ပြန်ချိန်ရာမှာအခက်အခဲရှိတယ်ပေါ့ဗျာ ။ RAW နဲ့ဆိုရင် ပိုပိုပီး freedom ဖြစ်တာပေါ့ဗျာ ။

တကယ်လို့ရိုက်ရာမှာအချိန်မရှိဘူး WB တွေမကစားနိုင်ဘူးဆိုရင် RAW နဲ့သာရိုက်လိုက်ပါ ။

တကယ်တော့ဓာတ်ပုံရိုက်တယ်ဆိုတာအလင်းနဲ့ ပဲပုံဖော်ကြတာမဟုတ်လားဗျာ အနီရောင်ရဲရဲတောက်တောက်ကြီးကိုလုံးဝအမှောင်ခန်းထဲခေါ်သွားကြည့် အနီလို့မှမမြင်ရတော့တာပဲ လေ ဒါကြောင့် ကျွန်တေ်ာတို့ က အလင်းနဲ့ပန်းချီရေးနေကြတဲ့ ပန်းချီဆရာတွေပါ ။