ခြေထောက်အစုံကို ရန်ကုန်တိရစ္ဆာန် ရုံ ကားရပ်နားဝင်းမှာချလိုက်တဲ့အချိန်မှာ ကျွန်တော်မောင် OSCAR စိတ်ထဲမှာ ရင်းနီးနေကျနေရာလို့မခံစားရတော့ပဲ နေရာသစ်တခုလိုခံစားလိုက်ရပါတယ်။ ဒါငါတို့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့တမျိုး မိသားစုနဲ့တမျိုး အပျော်တွေကိုပျိုးထောင်ခဲ့တဲ့နေရာလေးလို့တောင်မခံစားရတော့ပါဘူး။မျက်လုံးတချက်အဝင့်မှာ ငါတို့ရဲ့ ဒို့ပြည်သားကစားကွင်း ဆိုတဲ့အတွေးလေးက အရည်ပျော်ကျဆုံးသွားပါတယ်။ဗွက်ရေစိုစွတ်စွတ် နဲ့ ခြုံ နွယ်ပိတ်ပေါင်းတွေအုပ်လွှမ်းနေပီးတော့ မလှမ်းမကမ်းကအညစ်အကြေးပေါင်းစုံစုဝေးနေတဲ့ အမှိုက်ပုံများလိုဖြစ်နေသော ကျွန်တော်တို့ငယ်ငယ်ကစီးနင်းခဲ့ကြတဲ့ ကစားစရာတွေက မသတီစရာကောင်းနေပါတယ်။ ကျွန်တော် တို့ စဝင်သွားတော့လဲ ခွေးတွေကအများကြီးပဲ စွန့်ပစ်ထားတဲ့မြို့တော်ကြီးတခုကိုရောက်သွားသလိုပဲ။ ဟိုးတချိန်တုန်းကတော့ဒီတိုက်ကားကွင်းကြီးက လက်မှတ်တစောင် ၅၀၀ဖြတ်ပီးတော့ တိုက်ကား နေရာကိုလုပ်ကျွေးခဲ့ တယ်လို့အလကာၤစကားနဲ့ပြောလို့ရတဲ့တိုက်ကားကွင်းကြီးက အခုတော့တိတ်ဆိတ်ငြိမ်သက်နေပီး တချိန်ကသူ့ရင်ခွင်မှာတိုက်ကားတက်မောင်းရင်းပျော်ခဲ့ကြတဲ့ကျွန်တော်တို့ကို သူစိမ်းတစ်ရံလို ငြိမ်သက်ပီးဆက်ဆံနေလေရဲ့။ တချိန်က တိုက်ကားစီးရဖို့တန်းစီစောင့်ခဲ့ပီး တိုက်ကားကောင်းရချင်ဇောနဲ့ ခပ်သုတ်သုတ်ကွင်းထဲကိုလုဝင်ရတဲ့အချိန်တုန်းကတော့ ကျွန်တော်ကကလေးလေးမို့ကျွန်တော့်လက်မောင်းစွန်းကိုတိုက်မိသူတိုက်မိ ပခုံးစွန်းကိုတိုးသူကတိုးနဲ့ လေ တိုက်ကားကိုအလုအယက်ဝင်ဦးကြတာ။ အဲ့တိုက်ကားဝင်းရှေ့ တည့်တည့်မှာ မိုးပံျရဟတ် တခုရှိတယ်ဝင်သွားပီးတော့လဲတကယ်အိုဟောင်းနေပီးတော့သံချေးအလိမ်းလိမ်းတက်နေမိုးပျံရဟတ်ကိုပဲတွေ့ရတယ်။ တချိန်ကအဲ့ရဟတ်ပျော်မှာအသံဝင်အောင် အော်ကြတဲ့လူငယ်လေးတွေနဲ့ ကလေးလေးတွေကြောင့် အဲ့ကစားကွင်းကြီးကစိုပြေနေခဲ့တာငြင်းလို့ရမယ်မထင်ပါဘူး။ ကျွန်တော်ပီးတော့ ကလေးကစားစရာတွေစုဝေးနေတဲ့နေရာလေးကလေးတွေအတွက်သီးသန့်နေရာလေးရောက်သွားတော့ ဖုန်တွေထူလပိန်းတက်နေတဲ့ကြားကကစားစရာလေးတချို့ က ကျွန်တော်တို့ကိုပြုံး ပြနေ တုန်း အဲ့ ကွင်းနောက်ကိုဆက်ထွက်လိုက်တော့တချိန်က လူတွေအများကြီးနဲ့ စည်ကားနေတဲ့ရေကူးကန်ကိုရောက်သွားပါတယ်သ ီချင်းတွေဖွင့် ကလေးငယ်တွေပျော်ကြရွင်ကြနေရာတခုက အခုတော့ ရေညှိအပြည့်နဲ့ ရေပုပ်နံနံနေတဲ့ ကန်ကိုမြင်လိုက်ရတော့ ပျော်ရွှင်မှုတို့သေဆုံးခြင်း လို့စိတ်ထဲမှာတီးတိုးနာမည်ပေးမိတယ်။ရေတောင်မမြင်ရတော့ပဲသေဆုံးနေခဲ့ပါပီ။ ပီးတော့ ဆက်လျောက်သွားတော့ အရက်သောက်စားထားရင်မဝင်ရ ဘာညာဘာညာဆိုတဲ့စည်းကမ်းလေးတွေကပ်ထားတဲ့ ဗီနိုင်းလေးမြင်မိတော့အဲ့တာလေးကိုဓာတ်ပုံရိုက်မိပြန်ရော။ ၉၀ ခုနှစ်ဖွားကလေးငယ်တွေရဲ့ နတ်ပြည်လိုနေရာလေး လူကြီးတွေကလိုက်ပို့ပေးမယ်ဆိုရင် အစွမ်းကုန်ပျော်ခဲ့ရတဲ့နေရာလေးက အခုတော့ နွယ်ပင်တွေနဲ့ဖုန်တွေနဲ့ ချေးညှော်တွေနဲ့ ပြည့်လို့ပါလားပေါ့။ အဲ့နောက်ဆက်လျှောက်သွားတော့ ကျွန်တော်တို့ငယ်ငယ်ကဓာတ်ပုံတွဲရိုက်နေကြပင်လယ်ဓားပြကြီးကိုတွေ့တယ်။ အခုအချိန်ထိတစ်ယောက်ထဲမတ်မတ်ကြီးရပ်လို့။ ပီးတော့ ပင်လယ်ဓားပြလှေကနဂါးကြီးက ဆေးတွေလွင့်နေပီဖြစ်ပေမယ့် အခုထိမာန်ပါတုန်းအသက်ဝင်တုန်း။ကျွန်တေ်ာတို့ ဆက်သွားတော့ကလေးလေးတွေစီးတဲ့ရိုလာကိုစတာဆီကိုရောက်သွားရောပေါ့ဗျာ အဲ့မှာလဲရိုလာကိုစတာလမ်းတွေအကုန်သစ်ပင်တွေနွယ်ပင်တွေမြက်ပင်တွေဖုံးနေပီးတော့ လုံးဝပျက်စီးနေခဲ့ပါပီ။ ရိုလာကိုစတာလမ်းတွေအထိအပင်တွေကလဲပေါက်နေပါပီ။ တချိန်ကတော့ ကလေးစီးဟာမို့အနားတောင်သေသေချာချာမကပ်ခဲ့တဲ့ကျွန်တေ်ာ အဲ့ရိုလာကိုစတာပြေးလမ်းတလျောက်ကိုလမ်းလျောက်ကြည့်ရင်းငယ်ဘဝကိုလွမ်းပါလာပြန်ပါတယ်။ တချိန်ကလူတွေအပြည့်နဲ့ ပျားပန်းခတ်မျှသွားလာနေဆော့ကစားနေတဲ့ဝင်းကြီးကအခုဒီလိုသေဆုံးသွားလိမ့်မယ်လို့ဘယ်သူထင်မှာလဲ ။ ကျွန်တော်တို့နောက်မျိုးဆက်လေးတွေဘယ်ကစားကွင်းနေမှာကစားနေကြသလဲဆိုတဲ့မေးခွန်းတွေထွက်လာပါတယ်။ ကျွန်တေ်ာရေဆာလို့ရေသန့်ဘူးလေးထုတ်သောက်မိတော့ ဟောဟိုနားက Jelly J cup shake ကြော်ညာလေးမြင်မိတော့ Jcup လေးကိုဖောက်ပီးတော့ Cow နို့ဆီလေးပေါက်ပေးလိုက်ပီး shake ပေးလိုက်တာလေးကို သတိရမိပြန်ရော။ ခြင်တွေခွေးတွေကြောင်တွေကတော့ဟိုနားဒီနားဘယ်သွားသွားမြင်ရတယ်။ ပီးတော့ကျွန်တော်တို့ဆက်လျှောက်သွားတော့ Rocket ride ကိုတွေ့ပြန်ရော လွမ်းမိရပါပြန်ရောပေါ့။
အဲ့လိုစီးစရာတခုကပေးသောရသ သည်စိတ်လှုပ်ရှားအောင်ပြုလုပ်ခြင်းဖြစ်သည်လို့ကျွန်တော်ပြော
ခဲ့ရင်ဟုတ်တယ်လို့ပဲဖြေကြမှာများမှာပါ။ ဥပမာကျွန်တော်တို့အချိန်တော်တော်ကြာကြာတန်းစီပီးတော့စီးခဲ့ကြတဲ့ ရိုလာကိုစတာလဲပါပါတယ်။ နောက်ဆုံးကျွန်တော်တို့ ရိုလာကိုစတာဆီကိုရောက်တော့ အကုန်လုံးသံချေးတွေတက်ပီးနေပါတယ်ပြေးလမ်းတွေကောဗျာ ။ ကျွန်တေ်ာတို့ဟိုးအပေါ်ဆုံးထိတက်ပီးဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ နားထဲမှာ ဟိုးတချိန်ကရိုလာကိုစတာသံတဂျိမ်းဂျိမ်းကိုကြားယောင်လာမိသလိုပါပဲဗျာ။
ဒီ Album လေးကတော့ ကျွန်တော်မောင်အော်စကာ ရိုက်ခဲ့တဲ့ ၉၀ပြည့်နှစ်ဖွားတို့ရဲ့ဘုံဗိမ္မာန်လေးသေဆုံးနေတာပဲဖြစ်ပါတယ် ။ အားလုံးရှု့စားကြပါဦးခင်ဗျာ