ဒါလေးတွေကိုသဘောကျမိတယ် မိရိုးဖလာစိုက်ခင်းလေးတွေပေါ့ . . . မြေဆီလွှာတိုက်စားမူှ soil erosion ကို အဓိကကာကွယ်ပေးနိုင်လို့ ရွှေ့ပြောင်းတောင်ယာစိုက်စရာမလိုပဲ နှစ်ရှည်ဆက်တိုက်စိုက်လို့ရတယ် . . .ပီးတော့ ပညာသားအရမ်းပါတယ်ဒီလိုတောင်စောင်းတွေမှာ အဝီစိတွင်းရေ ကို လဲမရ ချောင်းရေ စမ်းချောင်းရေကလဲတင်ဖို့မလွယ်အဲ့မှာ တောင်စောင်းလေးတွေကနေထွက်တဲ့ရေထွက်လေးတွေရှိတယ်ခင်ဗျ . . . အဲ့ရေထွက်လေးတွေကို ကန်လေးဖြစ်အောင်လုပ်ပီးရင် လျှံကျလာတဲ့ရေကို ဝါးပိုးဝါးနဲ့ တစ်ဖာလုံ ၂ဖာလုံလောက်ထိအောင် သွယ်တာပီးတော့မှ အပေါ်ဆုံးကိုအရင်ဖြည့်ပီးမှ ဖြေးဖြေးချင်းဖောက်ချရတာ . . .စိတ်ဝင်စားဖို့ကောင်းတာနောက်တခုက အဲ့လို လှေကားထစ်စိုက်ခင်းကိုဖော်မယ်ဆိုရင် အပေါ်ဆုံးကန်က စဖော်ရတာပဲဗျာ အဲ့မှာပညာပါတယ် မြေညှိတာပဲ ရေပြင်ညီမဖြစ်ဖြစ်အောင်ညှိရတာ ခေတ်မှီပစ္စည်းတွေမရှိပေမယ့် ရိုးရာပစ္စည်းတွေနဲ့ပဲ ရေပြင်ညီကိုညှိယူနိုင်ကြတယ်. . . အပေါ်ကန်ပီးမှ တဆင့်ချင်း ဖော်တယ် ပီးတော့ဖော်လို့ပီးရုံနဲ့မပီးသေးဘူး တစ်ဆင့့်ဖော်ပီးတိုင်းရေနဲ့နှပ်ထားရတယ် လှံျတဲ့ရေကို ဘေးက မျောင်းလေးနဲ့လွှဲထုတ်ထားတယ်ဗျာ . . .တဆင့်ချင်းဖော်ရင်းရေသွင်းသွင်းပီးနှပ်သွားတယ် အဆင့်ဆင့်ပေါ့ . . အခုမြင်နေရတဲ့တစ်ကွက်ဆိုရင် ၃နှစ်လောက်ဖော်တယ်လို့ပြောတယ် . ပီးတော့ သရိုးကိုင်တာ အလွယ်ပြောရရင် . . .ဘောင်လုပ်တယ်ပဲဆိုပါတော့ဗျာ . . ဘောင်က တော်တော်မိုက်တယ်ရေမစိမ့်ဘူး မယိုဘူး ထိန်းထားနိုင်တယ် မခြောက်သွားဘူး အစိုဓတ်ကိုထိန်းထားနိုင်တယ် မိုးရွာရင်လဲပျော်မကျဘူး . . . ဘာမှအဓိကမသုံးဘူးခုဏကပြောတဲ့ နှပ်ထားတဲ့ ရေထဲက မြေကြီးကိုပြန်သုံးတာ . . .ရွှံ့စေးနဲနဲရောပီးတော့ မိုက်တယ်နော် . . .အဲ့လိုနဲ့အရမ်းလှတဲ့ pattern တွေမျက်စိထဲမှာဖြစ်လာတာပေါ့ဗျာ . . .အခုလိုတောင်တွေက ရေထွက်နေတယ်ဆိုတာလဲ သစ်ပင်တွေ သစ်တောတွေကျန်နေသေးလို့ ဆိုတာ မေ့ထားလို့မရဘူး မိုးပေါ်ကကျလာတဲ့ရေကို တောင်တွေပေါ်ကသစ်ပင်တွေက ထိန်းထားပေးတယ်မြေသားထဲကိုဖြေးဖြေးချင်းစိမ့်ဝင်စေတယ် ဘယ်မြေလွှာထိစိမ့်ဝင်လဲဆိုတော့ သဲဆန်တဲ့မြေလွှာအထိပဲ အဲ့မြေလွာက ထဲမှာရှိနေတဲ့ရေတွေက ပြန်ပီး မြေလွှာပါးတဲ့နေရာက နေ ပြန်ထွက်လာတာပဲ အဲကတာကိုရေထွက်လို့ခေါ်တယ် . . .စဉ်းစားကြည့်ပါ သစ်ပင်တွေသာမရှိရင်ဒီမိုးရေတွေက ဝေါခနဲတောင်ပေါ်ကနေကျသွားမယ် မြေဆီလွှာတိုက်စားမယ် . . .ရေမထွက်တော့ဘူးဖြစ်မယ် ဒီလိုဆို bio diversity တွေပျက်စီးမယ် . . .ဒါဆို ဒီလိုလှေကားထစ်စိုက်ခင်းကိုမှီခိုနေတဲ့တောင်သူတွေရဲ့ဘဝတွေလဲ . . .
လှေကားထစ်စိုက်ခင်းဆိုတာ ရေရလျှင် စပါးစိုက်နိုင်သလို၊ ရေမရရင်လည်း တခြားသော မြေပဲ၊ ပြောင်း များကို စိုက်ပျိုးနိုင်ပြီး ရွာသားတွေရဲ့ လိုအပ်ချက်အရ စိုက်ပျိုးမည့်အပင်များကို ရွေးသွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနကပြောတယ် အဲ စိုက်ပျိုးနည်းတွေကိုလဲ စိုက်ပျိုးရေးဌာန ကနေ သင်တန်းလေးတွေ workshop လေးတွေလုပ်သွားမယ်လို့ ပြောပါတယ်။
ကျွန်တော်ဒီပုံလေးကိုရိုက်ခဲ့တာက
ကျွန်တော် ကျိုင်းတုံကို အမေနဲ့ အလုပ် ကိစ္စ လိုက်သွားတုန်း ရိုက်ခဲ့တာလေးပါ ကျိုင်းတုံမြို့အထွက် ၁၇ မိုင်မှာပါ 🙂 လမ်းက တော့ ကျိုင်းတုံ တောင်ကြီး လမ်းမပေါ်မှာပါ စာရိုက်ရတာမောတယ်ဗျို့ အားလုံးမင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ . . .