လူမျိုးတစ်မျိုး၏ယဉ်ကျေးမုှ့အဆင့်အတန်းကိုဖော်ပြနိုင်သော အနပညာဆိုသည်မှာအဘယ်နည်း???
==========================================
အနုပညာဆိုသည်မှာ လူတို့ တစ်စုံတစ်ခုကိုဖော်ကျူးပြသလိုမှုတွင် တီထွင်ဖန်တီးရင်း ရောက်ရှိလာသောအရာ ဖန်တီးသူ၏ စိတ်ကူးစိတ်သန်း များ။ အများကလည်းပြန်လည်ခံစားရမှု့ မိမိခံစားချက်များကို အခြားလူများအတွက် ကောင်းမွန်သောရည်ရွယ်ချက်နဲ့ ဖန်တီးထုတ်လုပ်တယ်လို့ အဓိပ္ပါယ်ဖွင့်မိပါတယ်။အနုပညာကို တစ်နည်းအားဖြင့် ဆိုရသော ခံစားမှုကို တင်ပြသော ပညာရပ်မျိုးဟူ၍ ဖြစ်သည်။ထိုကြောင့် တရုတ်စကားပုံတစ်ခုကရုပ်ပုံတစ်ပုံသည် စကားလုံးတစ်ထောင်ခန့် တာသွားသည်ဟု ဆိုခြင်း ဖြစ်သည်။
အခု ကျွန်တော် စိတ်ကြိုက်ဖြစ်တဲ့ပုံလေးက ဒီပုံလေးပါ ။ စိတ်ကြိုက်ခံစားကြည့်လို့ရပါတယ် ဒီပုံလေးကကျွန်တေ်ာရိုက်ထားတာမဟုတ်ပါဘူး ။
အရှေ့တိုင်းနဲ့ အနောက်တိုင်းလို့ပဲဖော်ကျူးမလား
ဘာသာရေးနှစ်ခုကိုပဲဖော်ကျူးလေသလား
ဒါမှမဟုတ် ဘာသာရေးထဲက အစစ်အမှန်ကိုပဲဖော်ကျူးလေသလား
ဟုတ်တယ်လေတချို့ရှိတယ် ဗုဒ္ဓဘာသာတော့ဗုဒ္ဓဘာသာပဲ ဒါပေမယ့် အခုပုံလေးထဲကလိုပဲထီးမဲကြီးတွေဆောင်းလို့ ထီးဝါကိုမဆောင်းနိုင်ကြဘူး။
ဆက်တွေးကြည့်နော်အများကြီးပဲ ။

အနုပညာဆိုသောအရာ M3 နဲ့ ဖန်တီးထားသည်။)
M1 = Mind (စိတ်)
M2 = Method (နည်းပညာ)
M3 = Machine (အထောက်အကူပြု ပစ္စည်းကိရိယာ)
သုံးခုလုံး Balance ဖြစ်မှ ကောင်းတဲ့ Creation တစ်ခုဖြစ်မယ်။
Inspiration ဆိုတာရှေ့ဆုံးက M မှာပါတဲ့ အရာတစ်ခု ဖြစ်တယ်။
Create လုပ်နေတဲ့ Art မှာ Fine Art နှင့် Commercial Art နှစ်မျိုးရှိသည်။
Fine Art ကတော့ သူကြိုက်တဲ့ အချိန်မှာ ဖန်တီးယူတယ်။
Commercial Art ကတော့ အဲ့ဒီလို မဟုတ်ဖူး ဆိုပြီး  ( ဒါရိုက်တာ ရဲမြင့်သူ ) ပြောတာလေးကိုလဲ ဖတ်မိဖူးတယ်။