မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်သူတိုင်း မဖြစ်မနေထည့်သင့်တဲ့ app များ
မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးပြီးတဲ့အခါမှာ မိမိရိုက်လိုက်တဲ့ ဓာတ်ပုံဟာ ပြီးပြည့်စုံဖို့ ခက်ခဲတာကို အမြဲကြုံရလေ့ ရှိပါတယ်။ အဲ့ဒီအချိန်မှာ အချို့က ကွန်ပျူတာမှာရှိတဲ့ ဓာတ်ပုံ Editing Software တွေနဲ့ ပြုပြင်ကြသလို အချို့က မိုဘိုင်းဖုန်းပေါ်ကနေပဲ photo editing လုပ်လို့ ရတဲ့ app တွေ သုံးစွဲပြီးတော့ ပြုပြင်ကြတာကို တွေ့ရပါတယ်။ ဒီလိုအချိန်မှာ ဘယ် app တွေက သုံးလို့ကောင်းလဲဆိုတာ ဝေခွဲမရ ဖြစ် တတ်ပါတယ်။ ဒါကြောင့် အခုသုံးကောင်းနိုင်တဲ့ App အချို့ကို ရွေးချယ်လို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်။ အလွယ်တကူရှာရအဆင်ပြေအောင် App များရဲ့ Download Link လေးတွေပါ တွဲပြီး တင်ပေးထားပါတယ်။
Credit to Internet Journal
1. Snapseed
ဖုန်းထဲက ဓာတ်ပုံတွေကို Edit လုပ်ဖို့ အကောင်းဆုံး App တွေထဲမှာ ပါဝင်တဲ့ App တစ်ခုပဲဖြစ်ပါတယ်။ သုံးစွဲရတာလည်း လွယ်ကူပြီးတော့ မိမိရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အကောင်းဆုံးသော ဓာတ်ပုံတွေ ကိုဖြစ်အောင် ပြုပြင်နိုင်တဲ့ Editing tool တော်တော်များများ ပါဝင်တာကို တွေ့ရပါတယ်။ ပုံတွေကို အလင်းအမှောင်တွေချိန်တာ၊ အရောင်ချိန်တာ၊ ပြတ်သားအောင် ပြုပြင် တာတွေနဲ့ ဓာတ်ပုံတွေ Crap ဖြတ်တောက် တဲ့အခါမှာ အကောင်းဆုံးသုံးနိုင်တဲ့ App လည်းဖြစ်ပါတယ်။ Filter ပေါင်း ၁၄ မျိုးကို ကြိုက်နှစ်သက်သလို ရွေးချယ်သုံးစွဲနိုင်ပါတယ်။
Download Link >> https://play.google.com/store/apps/details?id=com.niksoftware.snapseed
2. TouchRetouch
မိုဘိုင်းဖုန်းနဲ့ ရိုက်လိုက်တဲ့ ဓာတ်ပုံတွေထဲမှာ မလိုအပ်တဲ့ အရာဝတ္ထုလေးတွေ ပါသွားတာကို ဖယ်ရှားဖို့ အကောင်းဆုံးနဲ့ အလွယ်
ကူဆုံး သုံးနိုင်မယ့် app တစ်ခုပဲဖြစ်ပါတယ်။ မိမိဖျက်လိုတဲ့ အရာဝတ္ထုပေးမှာ လက်ချောင်းတွေနဲ့ ဝိုင်းလိုက်ရင် အနီရောင် Selection တစ်ခုပေါ်လာမှာ ဖြစ်ပါတယ်။ ဒီလိုပေါ်လာရင် Start ဆိုတဲ့ Tap ကို နှိပ်လိုက်တာနဲ့ ကိုယ်ဖယ်ရှားချင်တဲ့ အရာဝတ္ထုကို အလိုအလျောက်
ဖယ်ရှားပေးသွားမှာဖြစ်ပြီး ဘေးနားမှာရှိတဲ့ area က အရောင်တွေ အရာဝတ္ထုတွေနဲ့ တစ်သားတည်းဖြစ်သွားအောင် ပြုလုပ်ပေးသွားမှာ ပါ။
Download Link >> http://www.apkhere.com/down/com.advasoft.touchretouch_4.1.2_free
3. SKRWT
ဒီ app က distrotion ဖြစ်နေတာတွေကို အကောင်းဆုံး ချိန်ညှိပေးနိုင်အောင် ကူညီပေးမယ့် app ဖြစ်သလို ဓာတ်ပုံပညာမှာ line
တွေရဲ့ ထူးခြားမှုတွေကို အကောင်းဆုံး ချိန်ညှိနိုင်မယ့် app တစ်ခုပဲဖြစ်ပါတယ်။ အဆောက်အဦ ဓာတ်ပုံတွေ တံတားတွေကို အကောင်း ဆုံး တည့်မတ်ပေးနိုင်မှာဖြစ်သလို အလိုအလျောက်လည်း Crop လုပ်ပေးမှာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံပညာမှာ line တွေရဲ့ တည့်မတ်မှုက အထူးအရေးကြီးတာကြောင့် ဒီ app က ကောင်းကောင်း အထောက် အပံ့ပေးနိုင်အောင်နဲ့ အလွယ်ကူဆုံး သုံးနိုင်အောင် ဖန်တီးနိုင်မှာပါ။
Download Link >> https://www.apksum.com/app/skrwt/accky.kreved.skrwt.skrwt
4. AfterFocus
DSLR ကင်မရာတွေမှာ မြင်နေကြဖြစ်တဲ့ Depth of field ကို ဝါးနေအောင် ရိုက်ကူးနိုင်တဲ့ Camera တွေ အချို့ဖုန်းတွေမှာ ပါဝင်တဲ့အတွက် Portrait ဓာတ်ပုံကောင်းကောင်းတွေ ရနိုင်ပေမယ့် အချို့မပါတဲ့ ကင်မရာ တွေအတွက်ကတော့ ဒီ Afterfocus app က Depth of Field ကို ဝါးပြီး အရှေ့မှ object ကို ထင်ရှားစေအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ လုပ်ဆောင် မှုတွေကလည်း သုံးစွဲသူတွေ အလွယ်တကူ ဖြစ်အောင် အကောင်းဆုံး ဖန်တီးပေးထားပါတယ်။ အသုံးပြုတဲ့ပုံစံက ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာ Foreground ကို လက်ချောင်းနဲ့ Selection တစ်ခုပေးလိုက်ရင် အလိုအလျောက် Background က ဝါးသွားမှာဖြစ် ပါတယ်။
Download Link >> https://play.google.com/store/apps/details?id=com.motionone.afterfocus
5. Superimpose
ဓာတ်ပုံပညာနဲ့ မသက်ဆိုင်ပေမယ့် ဓာတ်ပုံတွေကို Creation အကောင်းဆုံးလုပ်နိုင်တဲ့ App တစ်ခုပဲဖြစ်ပါတယ်။ ဓာတ်ပုံတွေမြောက်
မြားစွာကို ပေါင်းစပ်ပြီး အကောင်းဆုံးသော ဖန်တီးထားတဲ့ ဓာတ်ပုံတစ်ပုံရရှိ လာအောင် ဖန်တီးနိုင်တာကို တွေ့ရပါတယ်။ ဖန်တီး
မှုတစ်ခုကို ပြုလုပ်တဲ့အခါမှာ App မှာပါဝင်တဲ့ Layerတွေ Masking တွေနဲ့ အလွယ်တကူ ရင်းနှီးမှုမရှိနိုင်ပေမယ့် ဓာတ်ပုံ တစ်ပုံကို ဖန်တီးနေရင် မိနစ်အနည်းငယ်ကြာတဲ့အချိန်မှာ တကယ့်ကို ကျွမ်းကျင် အဆင့် ရောက်သွားနိုင်ပါတယ်။
6. VSCO
Filter တွေ အများအပြားနဲ့ edit လုပ်တဲ့အခါမှာ လူကြိုက်များတဲ့ app တစ်ခုပဲဖြစ်ပါတယ်။ ကင်မရာ ရိုက်ကူးတဲ့အခါမှာ filter ကို အသုံးပြုနိုင်ပြီး Instagram လိုမျိုး ဓာတ်ပုံ sharing platform တစ်ခုကိုပါ ထည့်ပေးထားတာကို တွေ့ရပါတယ်။ မြောက်မြားလှစွာသော Filter တွေကို တွေ့နိုင်ပြီး အသုံးပြုရတာလည်း user friendly ဖြစ်ပါတယ်။ ဓာတ်ပုံတွေ edit လုပ်တဲ့အခါမှာ ရလာတဲ့ ဓာတ်ပုံက မတူညီတဲ့ အရသာတစ်ခုကို ခံစားရမှာဖြစ်ပြီး မိမိရဲ့ မူလရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ပြောင်းလဲသွားတဲ့ မိမိရဲ့ဓာတ်ပုံကို မြင်တွေ့ ရမှာဖြစ်ပါတယ်။
Download Link >> https://www.apkmirror.com/apk/vsco/vsco-cam/vsco-cam-4-0-2-release/vsco-cam-4-0-2-2-android-apk-download/
7. Filterstorm Neue
Photo editing app က desktop computer တွေမှာ သုံးနေတဲ့ Light-room နဲ့ Photoshop တွေလို သုံးစွဲနိုင်အောင် ဖန်တီးပေးထားတဲ့ app တစ်ခုပဲ ဖြစ်ပါတယ်။ Filterstrom Neue မှာ အလင်းအမှောင်တွေကို အဆင့်မီ ချိန်ညှိနိုင်သလိုပဲ အရောင်တွေကို အကောင်းဆုံး ချိန်ညှိနိုင်ဖို့ မိုဘိုင်းဖုန်းနဲ့ သင့်တော်အောင် ဖန်တီးပေးထားတဲ့ အရောင်ချိန်ညှိ Graph နည်းပညာ၊ တောက်ပမှုနဲ့ ရုပ်ထွက်တွေ ထင်ရှားအောင် ပြုလုပ်နိုင်တဲ့ နည်းပညာကိုလည်း ထည့်သွင်းပေးထားပါတယ်။
Download Link >> https://link4gen.com/download/5pu-2OVzba/filterstorm_neue_apk.html
အားလုံး အဆင်ပြေနိုင်ကြပါစေခင်ဗျာ Internet Journal မှာတွေ့တဲ့ ဆောင်းပါလေးတခုကို ကူးယူဖော်ပြတာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ။