မင်္ဂလာပါ ကျွန်တော်ပြောပြချင်တဲ့ The Art Of Portrait

“UNICODE VERSION AT THE END OF ZAWGYI VERSION”

မင်္ဂလာပါ ကျွန်တော်တို့ ရိုက်ရိုက်နေတဲ့ Portrait ဆိုတာနဲ့ပတ်သတ်ပီး ကျွန်တော် နုတ်လေးတခုရေးချင်ပါတယ်။ ကျွန်တော်တို့အခုရောက်နေတဲ့ ၂၁ ရာစုဆိုတာ အနုပညာနဲ့ပတ်သတ်လို့ အရာရာဟာဖွံ့ဖြိုးတိုးတက်နေပီဖြစ်ပီးတော့ အနုပညာကိုဖန်တီးဖို့ပြသဖို့ medium တွေအများကြီးပေါ်လာပီဖြစ်ပါတယ်။ ဆိုလိုချင်တာက ရှေးတုန်းကဆိုလို့ရှိရင်ဗျာ portrait ဆိုရင်ကျောက်တုံးတွေထွင်းတာ။ ပန်းချီဆွဲတာတွေလောက်နဲ့ပဲ အနုပညာတွေကိုပြသခွင့်ရခဲ့တယ်လေ ဒါပေမယ်အခုခေတ်မှာတော့ အနုပညာတွေက မီဒီယာမျိုးစုံ နဲ့ပြသလာကြတယ် shadow medium တွေ digital medium တွေနဲ့တဆင့်ပေါ့ဗျာ။ အဲ digital medium ဆိုတဲ့အထဲမှာ Digital Single Lens Reflex (DSLR) ကိုင်နေတဲ့ ကျွန်တော်တို့ ဓာတ်ဆရာတွေလဲပါတာပေါ့ဗျာ။ ကျွန်တော် မောင် Oscar ယုံကြည်တာက Portrait photography ဆိုတာ တကယ့်ကို အဆုံးသတ်မရှိတဲ့ creativity တွေနဲ့ပြည့်နှက်နေတဲ့ နယ်ပယ်တခုဆိုတာပါ illustration တွေနဲ့ Design တွေလိုပေါ့ဗျာ ။

Portrait photography အကြောင်းမပြောခင် portrait ရဲ့ သမိုင်းနဲနဲပြန်လှန်ရင်ကောင်းမယ်ဗျ။ တကယ်တော့ Portrait ဆိုတာ ရှိနေခဲ့တာက ဟိုးရှေးအချိန်အခါကတည်းကပါ။ များသောအားဖြင့်ဗျာ body feature တွေ နဲ့ သူတို့ရဲ့ပါဝါတွေ အဆင့်အတန်းတွေကိုဖော်ပြဖို့လုပ်ခဲ့ကြတယ်ဗျ။ ခေတ်တွေကိုပြောရမယ်ဆိုရင် ဂရိ (Greek) တွေ ရောမ(Rome) တွေ အီဂျစ် (Egypt)လူမျိုးတွေဆီမှာအဓိက သွားမြင်ရတယ်ဗျ။ ဥပမာဗျာ ဂိရိတွေရောမတွေ ဆိုသူတို့ရဲ ဘုရင်တွေ လေးစားရသူတွေရဲ့ မျက်နှာပုံသွင်တွေကို ပန်းပုထုတာပဲဖြစ်ဖြစ် နံရံမှာထွင်းတာပဲဖြစ်ဖြစ်လုပ်ကြသလို အီဂျစ်လူမျိုးတွေကလဲ သူတို့လေးစားကြောက်ရွံှ့ ရတဲ့လူတွေရဲ့ portraiture တွေကို ဆွဲကြတယ်ဗျာ။ အီဂျစ်တွေဆို သူတို့ရဲ့ဖာရိုဘုရင်တွေ ပီးတော့သူတို့ရဲ့နတ်ဘုရားတွေရဲ့ ရုပ်သွင်တွေကိုသူတို့စိတ်ကူးအတိုင်းပုံဖော်ခဲ့ကြတယ်လေ။ ပြောရရင်တော့ဗျာ Rome နဲ့ Greek က သူတို့ရဲ portraiture တွေကို များသောအားဖြင့် တခုခုကိုထွင်းထုပီးတော့ဖော်ပြတယ်တယ်ပေါ့ဗျာ ရုပ်ထုအသွင်ပေါ့ဗျာ သူတို့ကကျတော့ တမူထူးတယ်လေ အီဂျစ်တွေလို ဘုရင်တွေချည်းနတ်ဘုရားတွေချည်းမဟုတ်တော့ဘူး။ နတ်ဘုရားတွေလဲပါသလို သာမာန်လူတွေလဲပါလာတယ်။ သူတို့တွေအရမ်းထူးချွန်ခဲ့ကြတယ်။ အဲ့သလိုနဲ့ နတ်ဘုရားတွေဘုရားသခင်တွေစသဖြင့် ပုံဖော်လာခဲ့ကြရာမှာ ၁၉ ရာစုနဲ့ ၂၀ရာစုအစတွေမှာလူရုပ်ပုံရေးဆွဲတဲ့ portrait ဆိုပီးစပေါ်လာခဲ့တယ် ။ ကိုယ်ဟန်ပန်တွေအမူအရာတွေက ရသအမျိုးမျိုးကိုဖော်ပြတဲ့ portraiture တွေလဲပါလာခဲ့တယ်။၂၀ ရာစုအလယ်မှာတော့ ကင်မရာတွေလဲပေါ်နေပီဖြစ်လို့ အဲ့မှာ နာမည်ကြီး celebrity တွေရဲ့ portrait တွေက စပီးခေတ်စားလာခဲ့တယ်။ ခေတ်နဲ့အပြိုင်ပဲ နည်းပညာတွေ ကင်မရာတွေရဲ့စနစ်တွေကလဲ အဟုန်နဲ့ကိုတိုးတက်လာခဲ့တာမို့ ဓာတ်ပုံတွေမှာလဲ trend တွေအမျိုးမျိုးပေါ်လာခဲ့တယ်။ကျွန်တေ်ာတို့ ၂၁ရာစုမှာတော့ ဓာတ်ပုံစတိုင်တခုကကောင်းပီဟေ့ဆိုရင် အဲ့တာကိုစတိုင်တခုအနေနဲ့ trend တခုအနေနဲ့သတ်မှတ်လိုက်ကြပါတယ် ဒီနည်းနဲ့ပဲ ကျွန်တေ်ာတို့ ဓာတ်ပုံလောကအထူးသဖြင့် portrait လောကကြီးက develop ဖြစ်လာတာပေါ့ဗျာ။ အဲခေတ်တိုင်းခေတ်တိုင်းမှာ အဲ့ဟိုးးဂရိခေတ်ကနေဗျာအခု ၂၁ရာစုထိ တခုတူညီတာက အနုပညာရှင်တိုင်းက ကိုယ့်ရဲ့ art work ကို public ကိုချပြကြတာပဲဗျ။ အဲ့တာကြောင့်လဲ ရုပ်ထုတွေ ပန်းချီကားတွေဆိုတာ ရှိလာခဲ့တာမို့လား။

ကဲကဲလေပန်းနေတာနဲ့လမ်းချော်တော့မယ် ကဲ့ The History of Portraiture နဲ့စလိုက်ကြရအောင်ဗျာ။

Ancient Portraiture

 

Ancient Portraiture

များသောအားဖြင့် ကိုယ်ဟန်ပန်အမှူအယာတွေကို ရသတခုခုပေါင်းထည့်ပီးတော့ public display အနေနဲ့အသုံးပြုခဲ့ကြတယ်။ ဥပမာဗျာ နတ်ဘုရားတွေဆိုရင် ကြွက်သားကြီးအပြိုင်းပြိုင်းနဲ့ လူတွေကြည့်လိုက်တာနဲ့အားကိုးဖွယ်ဖြစ်အောင်ဖန်တီးခဲ့သလို ဘုရင်တွေ ကိုဆိုရင်လဲ လုံး၀ အာဏာရှိသူတစ်ယောက်အဖြစ် crown တွေ ဓားတွေကိုင်ထားပုံတွေနဲ့ ဖန်တီးခဲ့ကြတယ်လေ အဲ့အထဲမှာပန်းချီကားတွေလဲပါတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်မို့လို့ တော်ဝင်မိသားစုတွေပဲ ပိုင်တဲ့ ပန်းချီတွေရုပ်ထုတွေလဲရှိခဲ့တယ်။ ဒါပေမယ့်အများစုကတော့ public နေရာတွေကို decorate လုပ်ဖို့နဲ့ Religious value တွေကို ဖော်ပြဖို့သုံးခဲ့ကြတယ်။

 


What is a Portrait?

အခုခေတ်မှာတော့ကျွန်တော်တို့ portrait တွေကို အိမ်တွေမှာ museums တွေမှာ ပြခန်း galleries တွေမှာ မြင်နိုင်ပါတယ်။ Portrait ဆိုတာနဲ့ ကင်မရာနဲ့ရိုက်မှ portrait ဆိုပီးသတ်မှတ်လို့မရဘူးဗျ portrait ဆိုတာက မျိုးစုံဖြစ်နိုင်တယ်ဖော်ပြပုံက ပန်းချီတွေလဲဖြစ်နိုင်တယ် ရေးဆွဲထားတာတွေလဲဖြစ်နိုင်တယ် ပန်းပုတွေ ရုပ်ထုတွေလဲဖြစ်နိုင်တယ်။ အဓိကကတော့portrait ဆိုတာ က လူတွေရဲ့ identity တစ်ယောက်နဲ့တစ်ယောက်မတူတဲ့ uniqueness တွေကိုဖော်ပြပေးတာပဲ။ အခုခေတ်ဒီဂျစ်တယ်ခေတ်မှာလူဖြစ်တာကံကောင်းတယ်မှတ်ဘာလို့လဲဆိုတော့ ကာ ဟိုးကင်မရာမပေါ်ခင်ခေတ်တုန်းက ဆိုရင် လူတွေသူတို့တသက်လုံး ပုံတူပန်းချီကားကြီး နံရံမှာပဲချိတ်ပီးနေသွားကြတာဗျ ။ အခုခေတ်မို့ဟောတစ်ပံဟောတစ်ပုံဖေ့ဘွတ်တို့ အင်စတာဂရမ်တို့ပေါ်ရောက်နေတာ။ Portraits are artistic representations of people ဒါကအရေးအကြီးဆုံးပါပဲဗျာ အခုခေတ်က က သုံးလုံး ကော့ ကောက် ကား စုံရင် portrait ဖြစ်ပီလို့ပြောနေကြတဲ့ခေတ်မို့လားဗျာ။

 


တဲပိုင်ရှင် နှင့် သူ့အဖော်များဆိုတဲ့ပုံလေး

 

Portrait တခုဖြစ်လာဖို့ဘာတွေလိုသလဲ ???

ကျွန်တော်အဲ့လိုပြောတအကြောင်းရှိတယ် လူတွေကတွေးကြတယ် 70-200mm f2.8 ကြီးတို့ 85mm f1.4လေးတို့ရှိရင် portrait တွေရှယ်ပဲဆိုတာမျိုးတွေကျွန်တေ်ာကြားဖူးတယ်။ မှားတယ်မဟုတ်ဘူး ကျွန်တေ်ာတို့ ကပုံရိပ်ဖန်တီးသူတွေပါ ကျွန်တေ်ာတို့အတွက်အလင်းကအရေးအကြီးဆုံးပါပဲ။ တကယ် portrait ကိုရိုက်ပီဆိုရင်အလင်း ကို သေသေချာချာစဉ်းစားပီးမှပုံဖော်တာအကောင်းဆုံးပဲ။ မေးမယ် တွေးကြည့် သင်ဓာတ်ပုံရိုက်တဲ့အခါ


အလင်းsource ဘယ်လောက်များများရှိနေလဲဆိုတာစဉ်းးစားဖူးသလား။ ဥပမာ နံရံအဖြူကြီးနားမှာရိုက်ရင် primary light source “sun light” အပြင်အဲ့နံရံအဖြူကြးီက secondary light source (bounce light) အနေနဲ့ရှိနေတယ်ဆိုတာမျိုးပါ။ နောက်တခုက ရှင်းပါတယ် တွေးမိလား သဘာဝအလင်းနဲ့ artificial အလင်းဘာတွေကွာခြားသလဲဆိုတာမျိုးပါ။ သဘာဝအလင်းမှာ color temperature အမျိုးမျိုးရှိတယ်ဗျာ လူလုပ်မှာကော . .. . ဆိုတာလေးမျိုးပါ။ အလင်းမရှိရင် ဘာဖြစ်သွားမတုန်း ။ အလင်းလာရာလမ်းကြောင်းမှာ လူဖြစ်ဖြစ်အရာဝတ္ထုတခုခု အလင်းမဖောက်နိုင်တာတခုခု က ကာလိုက်မယ်ဆိုရင်ကော။ အရိပ် ဆိုတာက တသတ်မတ်ထဲမရှိဘူးနော် main light source ရဲ့ ပြောင်းလဲမှူပေါ်မူတည်ပီး ပြောင်းလဲနေတာ။ အလင်းကြောင့်ပဲ ကျွန်တေ်ာတို့ပုံရိပ်တွေဖြစ်လာတာ အလင်းအမှောင် shadow highlight gray area စသဖြင့်ဖြစ်လာပီးကျွန်တေ်ာတို့ဓာတ်ပုံတွေက ပိုပီးရုပ်လုံးကြွလာတာ။ Histogram ကအဲ့တာတွေဖော်ပြပေးနိုင်တယ် အဲ့အကြောင်းကိုကျွန်တော် https://www.facebook.com/notes/oscar-photography/%E1%80%80%E1%80%BA%E1%80%BC%E1%80%94%E1%80%B9%E1%80%B1%E1%80%90%E1%80%B9%E1%80%AC%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%BB%E1%80%95%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%90%E1%80%B2%E1%82%95-histogram-%E1%80%92%E1%80%AB%E1%80%99%E1%80%BD%E1%80%99%E1%80%9F%E1%80%AF%E1%80%90%E1%80%B9-shadow-highlight/673682942738323 ဒီနုတ်မှာသေသေချာချာရေးထားတယ်။

Lighting basics

အလင်းဆိုတာမျိုးက အရာဝတ္ထုတခုပေါ်ကို ကျလာခဲ့ပီဘယ်လိုပဲကျကျပေါ့ဗျာ သူက အဓိကနှစ်ခုကိုဖန်တီးတယ် ပထမက အလင်းထိနေတဲ့နေရာတွေ highlight နေရာတွေနဲ့ shadow နေရာ အရိပ်ကျသွားတဲကနေရာတွေအဲကလိုအလင်းအမှောင်ပြောင်းလဲချင်းကနေ ခြားနားချင်း contrast ကိုဖန်တီးပေးတယ်။ အဲ့ contrast လေးက ပဲ ဓာတ်ပုံတခု ကို အသက်သွင်းသွားတယ် စိတ်ဝင်စားဖို့ကောင်းထက်ကောင်းလာအောင်။

ကျွန်တော်တို့တသတ်တာမှာ ဆန့်ကျင်ဖက်တွေအများကြီးတွေ့ဖူးကြတယ်ဗျ။ ဥပမာဗျာ နှေးတာမြန်တာ သန်မာတာ ပျော့ညံံ့တာ ပေါ့ပါးတာ လေးလံတာ ဆိုတာမျိုးတွေပေါ့ဗျာ။ တကယ်က တခုမှာတခုလစ်ဟာနေလို့အဲ့လိုဆန့်ကျင်ဖက်ဆိုတာကဖြစ်လာတာလေ သန်မာတဲ့သူက ပျော့ညံ့မနေလို့ပေါ့ တခုခုက လေးနေတယ်ဆိုတာ ပေါ့မနေလို့ပေါ့ဗျာ။ အဲ့တာ့အတွေးခေါ်ကို ကျွန်တေ်ာကတို့ ဓာတ်ပုံရိုက်တဲ့ဆီကိုခေါ်သွင်းလိုက်မယ်ဆိုရင် ကျွန်တော်တို့က ဆန့်ကျင်ဖက်အရာတွေပေါင်းစပ်ထားတဲ့ဖိုတိုတွေကိုဖန်တီးလာတော့တယ်ဗျ ဥပမာ အလင်းနဲ့အမှောင်တွေ အဖြောင့်နဲ့အကောက်တွေစသဖြင့်ပေါ့။ တကယ်တော့ ဓာတ်ပုံတခုမှာအရိပ်ကျနေတဲကနေရာ ပန်ချီကားတခုမှာ အရိပ်ကျနေတဲ့နေရာဆိုတာ အလင်းမရှိလို့ကျနေတာဆိုတာနားလည်လာမယ် ဒီအတွေးလေးရတာနဲ့ အရိပ်ဆိုတာ ပုံရဲ့တစ်စိတ်တပိုင်းလို့နားလည်လာမယ်။ မျက်နှာတခုလုံးလင်းနေမှပေါ့ ဟာမင်းရိုက်တဲ့ပုံကြီးကလဲမျက်နှာက အရိပ်တွေကျလို့ဆိုတာတွေမရှိတော့ဘူးဖြစ်သွားမယ်။

 

သေသေချာချာစေ့စေ့တွေးကြည့်လိုက်မယ်ဆိုရင်ဘာက အဓိကလဲ “အမြင်အာရုံခံစားမှူ “ ကအဓိကပါ။ ဘာလို့လဲဆိုတော့ ဓာတ်ပုံဆရာတစ်ယောက်က ကိုယ်ပုံဖော်ချင်တဲ့ ပုံလေးကို အမြင်မှာအရင်ခံစားပီမှ ကြိုတင်တွေးဆပီးတော့ မှလက်ထဲမှာရှိတဲ့ပစ္စည်းနဲ့ဖန်တီးလိုက်တာကိုပြောချင်တာပါပဲ။ ပန်းချီဆရာကလက်ထဲမှာစုတ်တံရှိလို့ လက်ထဲစုတ်တံနဲ့ ဖန်တီးတယ် ။ ဓာတ်ပုံဖန်တီးသူက လက်ထဲမှာ ကင်မရာရှိလို့ ကင်မရာနဲ့ ပုံရိပ်ကိုဖန်တီးတယ်။ အလင်းအမှောင်ဆိုတာက အရာဝထ္တုတခုကို ပုံဖော်ပေးတယ် ရုပ်လုံးကြွလာအောင်။ အရင်တော့ portrait မရိုက်ခင် ကိုယ့်မျက်လုံးတွေကိုယ် အလင်းအမှောင်ကို သေသေချာချာတွေးတွေးဆဆမြင်တက်အောင်ကျင့်ဖို့တော့လိုမယ်။

အကျဉ်းပြောရရင်ဗျာ ဓာတ်ပုံဆရာတွေ ထဲမှာ ငြင်းကြတာတွေရှိတယ် မင်းဓာတ်ပုံရိုက်တက်ချင်ရင် အလင်းကို နားလည်ဖို့အလင်းကိုဖတ်တက်ဖို့လိုမယ်လို့ပြောကြတယ် ဒါပေမယ့်အဲ့တာက တစ်ဝက်ပဲရှိသေးတယ်ဗျာ နောက်တစ်ဝက်က တကယ့် ဓာတ်ပုံဆရာဖြစ်ချင်တယ်ဆိုရင်အလင်းကိုသာမက အရိပ်ကိုပါဖတ်တက်ဖို့လိုမယ်ဆိုတာပါပဲ။

 

အရိပ်က နှစ်မျိုးရှိတယ် ဗျ Cast Shadow နဲ့ Form Shadow။ အလင်းတခုက အရာဝတ္ထုတခုကို ထိသွားပီဆိုရင် အဲ့နှစ်ခုကိုဖန်တီးတယ်။ Cast Shadow ဆိုတာက အရာဝထ္တုရဲ့ အရိပ်ကျတာကိုပြောတာ။ လုံး၀ solid မဲနေတာကြီးဖြစ်ချင်မှဖြစ်မယ် ဒါပေမယ့်အဲ့အရာဝတ္ထု ရဲ့နေရာမှာမဟုတ်ပဲတခြားနေရာမှာကျတယ် ။ ဥပမာဗျာ ကျွန်တေ်ာတို့နေပူထဲကိုထွက်ရင် ကျွန်တော်တို့အရိပ်ကျတာက cast shadow ပဲဗျ။ Form shadow က ရှင်းတယ် အလင်းက အရာဝတ္ထုတခုကိုထိပီဆို အလင်းပိုင်းနဲ့အလင်းမဖောက်နိုင်လို့အမှောင်ပိုင်းဆိုပီးဖြစ်တယ်။ အဲ့အလင်းမဖောက်နိုင်လို့မှောင်နေတဲ့အပိုင်းကို form shadow လို့ခေါ်တယ်။ အဲ့လိုအလင်းကြောင့် Shadow ပေါ်လာရင်းနဲ့ ရုပ်လုံးကြွလာတယ်အရာဝတ္ထုတခုက

ပတ်ဝန်းကျင် သင့်အနားမှာရှိတဲ့အရာဝထ္တုတွေကိုကြည့်ကြည့်ပါ။ ပီးတော့အဲ့အလင်းနဲ့အမှောင်ကိုပဲအာရုံစိုက်ကြည့်ကြည့်။ ပီးရင် တွေးကြည့်ကြည့် ဒီ main light ကြောင့်ဒီကောင်ဒီလိုရုပ်လုံးပေါ်လာတယ်ဆိုတာ။

အလင်းဆိုတာက အရာဝတ္ထုတခုကို စွမ်းအင်တွေထည့်ပေးနိုင်သလို အရိပ်ဆိုတာကလဲ သို့လောသို့လောတွေးစရာတွေဖန်တီးပေးတယ်။Shadows add facet and meaning to an image. အရိပ်သာမပါဘူးဆိုရင် အဲ့ဓာတ်ပုံက ပျင်းစရာကောင်းနေလိမ့်မယ် ။တကယ်တော့ ဓာတ်ပုံပညာဆိုတာ အများနားလည်သလိုလက်ခံကြသလို ကင်မရာတွေ၊ လန့်တွေ ပိုင်ဆိုင်တယ် ဆိုတာက အဓိကမဟုတ်ရပါဘူး။ ဓာတ်ပုံတစ်ပုံကို ဖန်တီးတဲ့အခါမှာ- တစုံတရာကို မြင်မယ်၊အဲ့မြင်တာလေးကို ဘယ်လိုဘောင်ခတ်မယ် ဘယ်လိုပုံပေါ်အောင်လုပ်မယ် စကားချပ်ဘောင်ခတ်တယ်ဆိုတာ ကွန်ပိုဇေးရှင်းကိုပြောတာဗျ။


ဘယ်လိုပေါ်စေချင်တယ်ဆိုတာကိုသိတယ် ပီးရင်အဲ့ကသိတဲ့အတိုင်းဆက်ပီးကင်မရာကိုင်ပီးဖန်တီးမယ် ။အဲ့လိုနဲ့ဓာတ်ပုံတခုဖြစ်လာမယ်။

ဒါကြောင့်အမြင်အာရုံခံစားမှူ က အရမ်းအရေးကြီးပါတယ်။ ကင်မရာခလုတ်ကိုနှိပ်လိုက်တယ်ဆိုတာက လူတိုင်းလုပ်နိုင်တာမို့ အရေးမကြီးတော့ပါဘူးတကယ်အရေးကြီးတာက မနှိပ်ခင် ဘာတွေဘာတွေဆိုတာသိနားလည်နေဖို့ကအရေးကြီးတာပါ။


ဓာတ်ပုံပညာနဲ့ ပန်းချီပညာဟာ အတော်နီးစပ်ပါတယ်။ပညာရပ်နှစ်မျိုးစလုံးဟာ တကယ်လက်တွေ့ဘဝမှာ ကြုံလာတာတွေကို အခြေပြုပြီးရလာတဲ့ ကိုယ့်ရဲ့ စိတ်ကူးယဉ်မှုကိုလက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အရာတစ်ခုအဖြစ် အကောင်အထည်ဖော်ရတာချင်းတူပါတယ်။ ဥပမာဒီပုံကိုကြည့်ပါ။ သူဘယ်သူလဲဆိုတာကျွန်တော်အထူးတလည်ပြောဖို့လိုမယ်မထင်ပါဘူး။

ဓာတ်ပုံရိုက်တယ်ဆိုတာတကယ့်အနက်ကြီးရယ် လေးနက်လွန်းတယ် ဥပမာ

ဟစ်တလာ

ဒီပုံကြည့်ကြည့် ဟစ်တလာ ဟုတ်တယ် သူရဲ့ မျက်လုံးတွေအကြည့်တွေ သူရဲ့ ဟန်လုပ်နေတာမပါတဲ့ မျက်နှာ သူရဲ့ ရက်စက်မုှ သူ့ရဲ့ကြမ်းကြုတ်မုှသူ့ရဲ့သွေးအေးမုှ အကုန်ခံစားလို့ရတယ် အရမ်းကိုအသက်ဝင်တယ်။ ဒီပုံကိုရိုက်တဲ့ဓာတ်ပုံဆရာက 1DX ကိုင်ထားတယ်လို့ထင်လား။ D5 ကြီးကိုင်ထားတယ်လို့ထင်လား။မဟုတ်ဘူး ကင်မရာနဲ့ကိုမဆိုင်ဘူး ဒီပုံရိုပ်ကို အဲ့ဒီဓာတ်ပုံဆရာကမြင်တယ် သူပုံဖော်ခဲ့တယ်အဲ့တာ portrait ပဲ။ သူ့ကင်မရာမှာ HDR မပါဘူး color လဲမပါသေးဘူး ချိန်စရာဆက်တင်လဲများများစားစားမပါသေးဘူး ။ လုံး၀ manual ကြီးလဲဖြစ်နိုင်တယ်။

ဒါပေမယ့်သူ့မှာအမြင်ရှိတယ် အမြင်အာရုံခံစားမှူ ရှိတယ်။ဘယ်လိုရှူ့ထောင့်ကနေရိုက်လိုက်မယ်ဆိုတဲ့ကွန်ပိုဇေးရှင်းကိုနားလည်ပါတယ်။ ဘယ်နေရာမှာအလင်းကျနေရင်ဘယ်လို ရသကိုဖော်ကျူ းပေးမယ်ဆိုတာကိုလဲနားလည်ပါတယ်။ အရေးအကြီးဆုံးအချက်က သူရိုက်နေတာဘယ်လိုလူဆိုတာကိုဖော်ကျူးပေးလိုက်နိုင်တာပါပဲ။ဒီပုံက ဘာလို့ အခုခေတ်ကြည်လင်တောက်ပစိုရွှန်းနေတဲ့ ပုံတွေထက်ကောင်းလဲဆိုတာအဲ့တာပါပဲ။အနုပညာရဲ့ အခြေခံ ဖွဲ့စည်းမှုတွေကို နားလည်ပြီးခံစားတတ်မယ်၊ အမြင်အာရုံထဲမှာ စိတ်ကူးယဉ်ပြီး ဖော်ကျူးမယ်။ပြီးမှ ခလုတ်နှိပ်ပါဗျာ။

ဦးကျော်စွာလှကြည် ကျွန်တော့်ကိုပြောဘူးတာလေးတခုရှိတယ်။

“အလင်းအမှောင်ဆိုတာ ရင်ထဲက ခံစားချက် ခံစားမှု့ အတွေး တွေကို သဘာဝကျတဲ့ မှန်ကန်တဲ့ အလင်းအမှောင်တွေနဲ့ ချပြချင်တဲ့ အရာ ဝတ္တုတွေကို ပေးဆပ်ခြင်းပါ – သက်ရှိတွေကို ခိုင်းရတာ သက်မဲ့တွေလိုမဟုတ်ဖူး သစ်ပင်ကို ငိုခိုင်းလို့မရဘူူး – လူတွေ ကို ငိုခိုင်းဖို့ဆိုတာ ခိုင်း တဲ့သူကလည်း မျက်ရည်ကျဖူးတဲ့ အရာ ကို ကိုယ် ကြိယ်တိုင်ကျခဲ့ဖူူးမှ သူ ငိုတတ်မှာပါ – အလင်းအမှောင် ကို ရှေ့တန်းတင်ထားမယ်ဆိုရင် ကျည်ဆန် မပါတဲ့ သေနတ် နဲ့ ရန်သူ ကို လှမ်းပစ်နေတာပေါ”့

Credit – Kyaw Swar Hla Kyi

 


ဒီပုံမှာလဲ ဒီပုံက ကျွန်တော်တို့ကိုစကားတွေအများကြီးပြောနေတယ်

သီချင်းဆိုတာ တူရိယာတခုခုနဲ့သံစဉ်တွေစာသားတွေဖန်တီးရွတ်ဆိုတာ။ စာအုပ်စာပေဆိုတာ အက္ခရာတွေအများကြီးပါဝင်တဲ့အရာ ။ ပန်းချီဆွဲတယ်ဆိုတာ ဆေးရောင်စုံနဲ့ ကင်းဗက်စပေါ်မှာ ရေးခြစ်တာ ။ ဒီလိုပြောတာတွေမှားသလားဆိုတော့သိပ်မမှားဘူးမှန်တယ်ဒါပေမယ့် ကျွန်တေ်ာတို့တစ်ဦးတစ်ယောက်ချင်းဆီက ခံစားတက်တယ် ဥပမာဗျာ တယောထိုးသံဆွေးဆွေးမြေ့မြေ့လွမ်းလွမ်းကြီးထိုးတယ်ဆိုပါတော့ဗျာ ရင်ထဲမှာလှိုက်လှိုက်နဲ့တက်လာတယ်မို့လား။ ကိုယ်နားမလည်တဲ့ မက်ဆီကန်သီချင်းတွေ ဘာတွေညာတွေကိုယ်နားမလည်တဲ့ဘာသာနဲ့တောင် ခံစားလာမိတယ်မို့လား။ စစ်ချီတေးတွေနားထောင်ပြန်တော့ ကိုယ်နိုင်ငံမဟုတ်တာနားထောင်ရင်တောင်စိတ်အားတက်ကြွလာတယ်မို့လား။ အဲ့လိုပဲစာပေလဲတူတူပဲ။

ရယ်ခြင်း၊ ငိုခြင်း၊ ပြုံးခြင်း၊ မဲ့ခြင်းကိုပြုလုပ်နိုင်၊ ခံစားနိုင်တဲ့သတ္တဝါဟာ လူတစ်မျိုးပဲရှိတယ်လေ။ ဒီအပြုအမူတွေက ဝေဒနာရဲ့တုံ့ပြန်မှုတွေပဲ မဟုတ်ပါလား။ ဒီဝေနာတွေကို ကိုယ်တိုင်ခံစားနိုင်သလို ခံစားမှုကိုမျှဝေနိုင်တယ်။ ပေးစွမ်းနိုင်တယ်။ မျှဝေချင်တယ်။ ပေစွမ်းချင်တယ်။ အနုပညာဆိုတာ ဒီတုံ့ပြန်မှု၊ ခံစားမှု။ မျှဝေမှုတွေမှာ ပေါင်းကူးပဲမဟုတ်ပါလား ဗျာ။ အကို တစ်ယောက်ရေးထားတာဖတ်ဘူးတယ် မင်းအပါချာကို ကျယ်နိုင်သမျှကျယ်အောင်ဖွင့် ပီးမော်ဒယ်ရိုက် မင်း ဖိုးကပ်သေချာဖြတ် မင်းရှေ့ ကြည်နောက်ဝါးပုံရမယ်။ ရှပ်တာစပိနဲနဲနဲ့ လမ်းမဘေးမှာ ဟိုရမ်းဒီရမ်း ဖိုးကပ်ဖြတ်ပီးရိုက်မင်း ပန်းနင်းလို့ခေါ်တဲ့ ပုံတွေရမယ်။ ပင်လယ်နားသွားမင်းလန့်ကို အပါချာ ၁၁ လောက်မှာထား ပီးရင် ဖေတာတွေတပ် ရိုက် မင်း ရေပြင်ကြီးက ပိုးသားပြင်ကြီးလိုဖြစ်သွားမယ်။ မင်း fish eye ကြီးတပ် ရိုက် ပြူးပြူးပြဲပြဲ ပုံတွေရမယ်။ ဒါပေမယ့်ဗျာ ဒီလိုဟာတွေက နည်းပညာတိုးတက်လာတာတွေရဲ့အကျိုးဆက်တွေလေ။ ကင်မရာတက်ကနစ်တွေလား ဓာတ်ပုံအနုပညာလားဆိုတာကွဲပြားဖို့တော့လိုမယ်။

 

ကျွန်တော်ရိုက်ခဲ့ဘူးတဲ့ကလေးငယ်

 

အခုခေတ်က ပြောင်းသွားပီလေ ကင်မရာ ၅၀ – ဆော့ဝဲ ၅၀ မို့လား။ ၅၀-၅၀ ပေါ့လေပုံကောင်းတစ်ပုံအတွက်။ ကင်မရာတက်ကနစ်တွေကြွမ်းထားမကောင်းဘူးလားလို့မေးတော့ ကောင်းတာပေါ့ဗျာ အမဲလိုက်နေတဲ့မုဆိုးက ဒူးလေး သေနတ် ဒုတ် ဒါး ထောင်ခြောက်စတာတွေကြွမ်းထားရင်သားကောင်ရဖို့ chance ပိုများသလိုပေါ့ဗျာ။ ဒါပေမယ့် ကင်မရာကြီးကိုတအားမှီခိုသွားပီ ကင်မရာနောက်ကလူက အနုပညာခံစားချက် မပါလာရင် လဲ ပြသနာပဲဗျာ။

A portrait is a painting, photograph, sculpture, or other artistic representation of a person, in which the face and its expression is predominant. The intent is to display the likeness, personality, and even the mood of the person. For this reason, in photography a portrait is generally not a snapshot, but a composed image of a person in a still position. A portrait often shows a person looking directly at the painter or photographer, in order to most successfully engage the subject with the viewer.

 

ကမ္ဘာမှာ ဖိုတိုဂရပ်ဖီ အနုပညာ ပေါ်လာတုန်းက သရုပ်မှန်နဲ့ ရိုမန့်တစ်တွေရဲ့ ဟာကွက်တွေကို ထောက်ပြပြီး ပိုမိုစစ်မှန် သင့်လျော်တဲ့ အနုပညာ တစ်ခုကို ပြုလုပ်ဖို့ပါပဲ။ နောက်ဖိုတိုရဲ့ အားနည်းချက်တွေ ဂရပ်ဖီ ရဲ့ ဟာကွက် တွေ(ဥပမာ- ဖလင်တွေ ဆေးကူးရတာတွေ)ကို ဖြည့်စွက် ပြင်ဆင်ဖို့ ‘ဒီဂျစ်တယ် ဖိုတိုဂရပ်ဖီ’ ဆိုတာ ပေါ်ပေါက် လာရတာ မဟုတ်လား။ ဒီဂျစ်တယ်ဖိုတိုဂရပ်ဖီဆိုတာကို ယနေ့ကမ္ဘာကြီးက မွေးထုတ် ပေးလိုက်သလို ကင်မရာ အယူအဆ အလင်အမှောင် အနုပညာ လက်ရာတွေဟာ ယနေ့ ကမ္ဘာကြီးရဲ့ အခြေအနေကို ထင်ဟပ် တုံ့ပြန်နိုင်ဖို့ အတွက် အသင့်လျော်ဆုံး အယူအဆလက်ရာ တစ်ခု အနေနဲ့ပဲ ဖြစ်သင့် ပါတယ်။ တကယ့်ဓာတ်ပုံဆရာ တစ်ယောက်ထံက (သီအိုရီတွေဆရာဆရာကြီးတွေရဲ့ရိုက်နည်းတွေအလွတ်ကျက်ရုံနဲ့) ဒီဂျစ်တယ်အနုပညာကို မျှော်လင့်လို့ ရနိုင်မလား။

လူတော်တော်များများက သူတို့စိတ်ကြိုက်သုတေသနပြုပြီးထားတဲ့ ကင်မရာဝယ်ပြီးတာနဲ့ ချက်ချင်းပဲ ကင်မရာတွေ လန်းစ်တွေကို ဘယ်လို အသုံးချရမယ်ဆိုတာ အကြီးအကျယ် လေ့လာပါတော့တယ်။ ပြီးရင်တော့ ဖိုတိုရှော့လိုလိုက်ရွန်းလို ဆော့ဝဲအသုံးပြုနည်းတွေ

ဆက်ပြီးလေ့လာပါတယ်။အလွန်နည်းပါးသော လူအချို့ကပဲ အနုပညာအကြောင်းကိုလေ့လာပါတယ်။ ပြီးရင် ဓာတ်ပုံထွက်ရိုက်ပါတယ်။

အားလုံးကို ပြန်အနှစ်ချုပ်မယ်ဆိုရင်တော့ဘယ်လိုဟာကို ရိုက်ရိုက် ရိုက်နေတဲ့အချိန်မှာ အမြင်အာရုံခံစားမုှ ပါပါနဲ့ ရသမြောက်မြောက်ဖော်ကျူ းနိုင်မယ်ဆိုရင် တကယ့်အနုပညာလက်ရာတွေဖြစ်လာမှာအမှန်ပါပဲ။ အမြင်ထဲမှာပေါ်လာတဲ့အာရုံကို စိတ်ခံစားမုှ ကို ကိုယ့်လက်ထဲရှိတဲ့ ကင်မရာနဲ့ ပုံရိပ်ဖော်လိုက်နိုင်ပီဆိုရင် တကယ့်portrait ဖန်တီးသူတစ်ယောက်ဖြစ်လာမှာအမှန်ပါပဲခင်ဗျာ။ Portrait အကြောင်းကို ရေး မယ်လို့ စိတ်ကူး တုန်း က ဒီ လောက် ကြီးလိမ့်မယ်လို့မထင်ခဲ့မိဘူး။ ဘာလို့တုန်းဆိုတော့ဗျာ ကျွန်တော် ကိုယ် တိုင် က ပညာ ရှင် မဟုတ် ဘဲ ဝါသနာရှင် တစ်ဦးပဲဖြစ်နေတာမို့ပါ။ ဓာတ်ပုံပညာမှာ စွမ်းအားအထက်အမြက်ဆုံး ကိရိယာကတော့ ဓာတ်ပုံအယူအဆ(Composition )ဆိုတာကိုလဲ သိနေပီ ပိုင်နိုင်နေပီ ပီးတော့ ခံစားတက်နေပီ ဆိုရင် တော်အားလုံးအိုကေပေါ့ဗျာ။ ကျွန်တော်နောက်ဆုံးပြောချင်တာက ပုံတခုကို မရိုက်ခင်မှာ စိတ်ထဲမှာ အကုန်ကြိုမြင်ကြည့် ပီးအဲ့မြင်တဲ့အတိုင်း ပုံဖော်လိုက် ရသလေးတခုခုပါပေါင်းထည့် အားလုံးပြည့်စုံပီဆိုမှ ကင်မရာကနေတဆင့် ပုံရိပ်လေးကိုဖန်တီးတဲ့အကျင့်လေး လုပ်ကြည့်ပါ။
ကဲနောက်ဆုံးနိဂုံးချုပ်ရရင်ဗျာ portrait ကောင်းကောင်းတပုံဆိုတာ အနဲဆုံး တခုတော့ပါရမယ် အဲ့တာက အဲ့ အရိုက်ခံတဲ့သူရဲ့ personality ဖြစ်ရင်ဖြစ် , attitude ဖြစ်ရင်ဖြစ် ဒါမှမဟုတ်ဗျာ သူ့ရဲ့ထူးခြားတဲ့ဝိသေသ လက္ခဏာ တခုခု ကို ဖော်ကျူးနိုင်ရမယ် ဒါမှမဟုတ်ရဲလဲ သူ့ရဲ့ သဘာဝကိုပဲဖြစ်ဖြစ်ပေါ့ဗျာ။ ဒါမှလဲ ကျွန်တေ်ာတို့ဖန်တီးလိုက်တဲ့ပုံက တခုခုကိုပြောပြနေမှာကိုးဗျ။ ဥပမာဗျာ နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတွေ မှာ ဒိုင်တွေက ဒီပုံဟာ really capture the moment ဆိုပီး အမေက သားကိုနို့တိုက်နေတဲ့ပုံဆိုပါတော့ ဒိုင်တွေရည်ညွန်းတာက တကယ့် physical likeness ကိုပါ ပီးတော့ physical relation ကိုဖော်ပြပီးတော့ ဒီပုံဟာ မိဘတို့ ရဲ့ လုပ်ရိုးလုပ်စဉ်တခုကိုဖော်ပြတယ် ပီးတော့ subject ရဲ့ ကာရိုက်တာကိုပါဖော်ပြတယ်လို့ဆိုလိုတာပါ။ portitrait ဖိုတိုဂရပ်ဖာတိုင်းလိုက်နာသင့်တာကလေ တခါမှမတွေ့ဖူးသေးတဲ့မော်ဒယ်ဆိုလို့ရှိရင်လေ ဖိုတိုမရိုက်ခင်မော်ဒယ်နဲ့စကားစမြည်နဲနဲပြောကြည့်သင့်တာပဲမော်ဒယ်ဘယ်လိုလူဆိုတာကိုပိုပီးသဘောပေါက်အောင်လို့ပါ။ Keep in mind that it is the person who is emphasized in a portrait – not his or her surroundings. Viewers of the portrait should see more than just a recognizable photograph of someone. ဖိုတိုတွေမှာ တကယ့်ကို moodတွေ ပါနေရမယ်။ ကျွန်တော်ဥပမာပြတဲ့ဟစ်တလာလိုပေါ့ဗျာ ပီးတော့ဗျာ သူ့ရဲ့ ပါစင်နယ်လတီကို ကြည့်ရှု့သူခံစားနိုင်လောက်အောင် လုပ်ပေးရမယ် ဒါမှကြည့်နေတဲ့သူက သူ့ဟာသူ သက်ဝင်ခံစားနိုင်မယ်လေဗျာ ။

 

 

 

 

 

မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ။ သက်ငြိမ်ရုပ်ထုတွေမှာတောင် လူတွေကို ဟာခနဲဟင်ခနဲခံစားသွားရအောင် ဖန်တီးကြသေးတာပဲလေ သက်ရှိလူသားတစ်ယောက်ကို portrait ရိုက်နေတဲ့ကျွန်တော်တို့ကတော့ လူတွေ ဟာခနဲဟင်ခနဲ ခံစားသွားမိအောင်မဖန်တီးနိုင်တော့ဘူးလို့ထင်လို့လား ကျွန်တေ်ာတို့အားလုံး တူတူ portrait အမိုက်စားကြီးတွေ ဖန်တီးကြရအောင်ဗျာ။

 

မင်္ဂလာပါ ကျွန်တေ်ာ ကောင်းကောင်း ပါ။