မင်္ဂလာပါကျွန်တော်ပြောပြချင်တဲ့ IS ( Image Stabilisation) အကြောင်း ။
မင်္ဂလာပါဗျာ ကျွန်တေ်ာဟိုတလောက ဖိုတိုသွားရိုက်ရင်းနဲ့သတိရမိတာတခုရှိတယ် ။ အဲ့တာ ကIS ပါ ကျွန်တော် က 18-135mm IS ဗားရှင်းလေးကိုကိုင်ထားတာပါ။ IS ပါတာနဲ့ IS မပါပဲရိုက်တာဘာကွာလဲဆိုရင် ဖိုတိုရဲ့ sharpness ကွာမယ် focus time မဆိုစလောက်လေးကြာမယ်။ ကျွန်တော် သိထားမှတ်ထားဘူးတာလေးတွေက ဒီလိုဗျ။

IS ဆိုတာဘာလဲ ကစရှင်းရမယ် ။
IS ဆိုတာ တကယ်တော့ ဖိုတိုဂရပ်ဖာတွေအတွက် ပိုမိုပြတ်သားတဲ့ပုံရိပ်တွေရစေဖို့ ထောက်ပံ့ပေးတဲ့စနစ်တခုပါ။ အလင်းနဲနေချိန်တွေ Zoom သုံးထားချိန်တွေမှာ ကင်မရာ shake တွေက ပိုပိုပီးဖြစ်နိုင်တယ်လေ အဲ့လိုအချိန်တွေမှာ အသုံးဝင်လာတာကမင်းသားကြီး IS ပေါ့ဗျာ။ ကင်မရာရိုက်တက်ခါစ လူတော်တော်များများက သတိမေ့နေတက်ကြတယ်ဗျ IS ကို ။ အပါချာတွေ ရှက်တာ တွေ အိုင်အက်စ် အိုတွေကိုပဲ အရေးစိုက်နေတက်ကြတယ်ဗျ။ Camera manufacture ကြီးတွေတော်တော်များများက ဒီပြသနာကိုရင်ဆိုင်ဖို့နည်းပညာတွေအပြိုင်အဆိုင်တီထွင်ကြတယ်ဗျ ဥပမာဗျာ Nikon ဆိုရင် VR ( Vibration Reduction ) နဲ့ Canon ဆိုရင် IS ( Image Stabilization ) ဆိုပီးတော့ပေါ့ဗျာ။ အဲ့ လို မန်နူဖက်ချာတွေက အပြိုင်အဆိုင်တီထွင်ရာမှာ သုံးခုကွဲထွက်လာတယ်ဗျာ။

1. Lens Based ( IS က ကင်မရာလန့်ပေါ်မှာပါလာတယ် Lens ရဲ့ Built in Unit ပေါ့ဗျာ)
2. Sensor Based ( ကင်မရာဆန်နာက electronically ထိန်းညှိပေးတာ)
3.ISO based ( ဈေးသက်သာတဲ့ဒီဂျစ်တယ်ကင်မရာပေါက်စလေးတွေမှာသုံးတာ ကင်မရာရဲ့ firmware တွေက ISO boostလုပ်ပေးတာ )

ကဲ့လက်စညောင်းတော့မယ် နံပါတ် ၁ကိုစပီးရှင်းမယ်ဗျာ

Lens based ဆိုတာဘာလဲ ?

နာမည်အမျို းမျိူ းခေါ်ကြတယ်ဗျာ သူ့ကို VR ( vibration reduction ) IS ( Image Stabilization ) OIS ( Optical Image Stabilization (ဖုန်းကင်မရာများသာ)) တခြားဟာတွေမှာလဲနာမည်ကွဲတွေရှိသေးတယ်ဗျ။ Lens base ဆိုတာက ကင်မရာထဲက လန့်စ် (မှန်ချပ်)ကလေးတွေကိုလိုသလိုရွှေ့ပေးပီး ပုံရိပ်ဖော်တာကိုပြောတာ။

ဘယ်လိုအလုပ်လုပ်လဲ ?

Lens ထဲမှာ Gyroscopic sensor လေးနှစ်ခုပါတယ် တခုက Horizontal ကို detect လုပ်ဖို့ နောက်တခုက Vertical ကို detect လုပ်ဖို့ ။ အဲ့ လိုကင်မရာကဘယ်လောက်စောင်းတယ် ထောင်တယ် ဆိုတာကို သိရတဲ့အချိန်မှာ IS ရဲ့ processor ဆီကို သတင်းပို့တယ် ဟဲ့ မောင်ဖလုတ်တင်းယူနှစ် မြန်မြန် adjust လုပ်ဟ အလင်းတွေဆန်ဆာကိုမထိတော့ဘူးဆိုပီး information ပို့တယ်။ အဲ့မှာလိုအဲ့တဲ့adjustment တွေ့ floating unit ကလုပ်ပေးရင်း sharp ဖြစ်တဲ့ပုံတွေရလာပါတော့တယ်။
Lens ထဲမှာပါတဲ့ မှန်ချပ်လေးတွေက Unit အမျို းမျိုူ း ရှိတယ်ဗျ အဲ့ထဲမှာ Floating Unit လေးလဲပါတယ် ။ IS ရဲ့အလုပ်လုပ်ပုံက အဲ့ဒီ floating unit လေးကို ကင်မရာလန့်စ်ရဲ့ rearကိုပို့လိုက်တယ် ဒီဟာက လန့်ကိုအလင်းဝင်ရောက်တဲ့ angle ကိုပြောင်းစေတယ် shake ဘယ်လိုပဲရှိရှိ အလင်းက sensor ကို တသတ်မတ်တည်းထိနေစေတယ်။

ဘယ် Manufacture က ပို ကြိုက် လဲ ?
Canon ကော Nikon ကော သူဟာနဲ့သူရှိတာပဲဗျ ။ ဈေးကလဲကွာသကိုးဗျ VR လေး IS လေးပါလိုက်ရင် ပဲဈေးက အရမ်းကွာသွားပီကိုးဗျ။ Kit lens တွေမှာတော့ပါပါတယ်။ အခုနောက်ပိုင်းတော့ third party lens manufacture တွေမှာလဲသူ့အခေါ်အဝေါ်နဲ့သူ IS တွေပါလာပါပီဗျာ ။ IS က အခုတော့ DSLR မှမဟုတ်ဘူးဗျ ဒီဂျစ်တယ် ပွိုင့်အန်ရှု့မှသည် ဖုန်းကင်မရာတွေထိ ခြေဆန့်လာပီဗျ ။

ဘယ်လိုအကျိုး ကျေးဇူးတွေရှိလဲ ?
အင်း ကင်မရာ ကဓာတ်ပုံရိုက်ဖို့မဆိုစလောက်လေးနှေးသွားတာကလွဲလို့ သူကအများကြီးသာပါတယ် sensor based IS ထက်ပေါ့။ အလင်းရောင်အားနဲချိန်တွေ ဥပမာညဘက်တွေဆိုရင် ဗျာ IS က Auto focus လုပ်တာကို ပိုမြန်စေတယ် ။ ဘာလို့တုန်းဆိုတော့ Image is already Stabilized မို့လို့။ DSLR သမားတွေအကြိုက်ပေါ့ဗျာ ဘာလို့တုန်းဆိုတော့ View Finder ကကြည့်ရင်တောင် အဲ့တာလဲ stabilized ဖြစ်ပီးသားမို့လို့ ။ အဓိကကတော့ Zoom ဆွဲထားရင် ( Long Focal Length ) သုံးထားရင် အဲ့မှာ အရမ်းသိသာပီးအသုံးဝင်တာပေါ့ဗျာ။

ဘယ်ဟာတွေကမကောင်းတာလဲ ?
70-200 mm တောင် IS မပါရင် တစ်ဈေး IS လဲပါရော ထောင်တက်သွားတာတစ်ဈေးပေါ့ဗျာ။ မကောင်းတာက ဈေးကြီးတာဗျ ။ အဲ့တာပဲကျန်တာအကုန်ဂွတ်တယ်။ Lens ဝယ်မယ်ဆိုရင်ဗျာဈေးကြီးရင်ကြီးပါစေ IS ပါတာပဲရွှေးဝယ်ကြပါဗျာ ။ ပီးတော့နဲနဲပိုလေးမယ် ။ IS ပါတဲ့ကောင်ကလေးတယ်ဗျ။

နောက်တခု က Sensor Based IS

ကဲနံပါတ် ၂ အကြောင်းကတော့ sensor based IS ပါ ။

Sensor based IS ဆိုတာဘာလဲ ?

ကင်မရာပေါ်မူတည်ပီး နာမည်အခေါ်ဝေါ်ကွဲတယ် IS လို့လဲတခါတလေခေါ်တယ် SS (steady Shot) လို့လဲတခါတလေခေါ်တယ် SR (shake reduction ) လို့လဲတခါတလေခေါ်တယ်ဗျ။ သူက ဆန်ဆာကိုယ်တိုင်က move itself to adjust ဗျ။

ဘယ်လိုအလုပ်လုပ်လဲ ?
ကင်မရာကိုလက်နဲ့ကိုင်ရိုက်နေတဲ့အချိန်တွေမှာ အထူးသဖြင့်အလင်းနဲလို့ ရှက်တာနှေးသွားချိန်တွေမှာ အနဲနဲ့အများ shake ရှိတက်ပါတယ်။ ဒီလှူ ပ်ရှားမူတွေကို Gyroscopes တွေက detect လုပ်ပီး ကင်မရာရဲ့ processor ဆီပို့လိုက်ပါတယ် ကင်မရာကအဲ့ဒီမှာ အဲ့ info ကို Actuator ဆီပို့ပေးလိုက်ပါတယ်။ Actuator ဆိုတာ Camera sensor ကို Physically လှုပ် ရှားနိုင်အောင် ပတ်ပတ်လည်က micro motor လေးတွေနဲ့ချိတ်ထားတဲ့ ဟာကိုပြောတာပါ။ဘယ်လောက်ရွှေ့ဖို့လိုတယ်ဆိုတာကိုလဲ ခုနက processor ကပဲ ဆုံးဖြတ်ပေးပါတယ်။

Manufacture က ပို ကြိုက် လဲ ?
sensor based IS ကိုပထမဦးဆုံး Minolta ဆီကနေ ၂၀၀၃မှာတွေ့ရတယ်လို့ဖတ်ရဘူးတယ်ခင်ဗျ။ Konica က minolta နဲ့လက်မတွဲခင်ပေါ့ဗျာ။ နောက်ပိုင်း Sony က Konica ကို ဝယ်လိုက်ပီးတဲ့နောက်မှာလဲဒီနည်းပညာကိုဆက်တွေ့ရတယ်။ ဒီနည်းပညာကအဲ့ကစပီးတော့ Pentax တို့ Olympus တို့ မှာလဲ ဒီဆန်ဆာပါလိုက်ရွှေ့တဲ့နည်းပညာကိုပိုပိုတွေ့လာခဲ့ရတယ်။ ပြောပါတယ်အပြိုင်အဆိုင်တွေပါလို့ခေါင်းတလုံးမပြောနဲ့ဆံပင်တဖျားတောင်အသာမခံကြဘူး Manufactureတွေက။ Samsung , Casio Exilim and Ricoh Caplio တို့ဆီမှာတွေ့နေရတုန်းပဲ။

ဘယ်လိုအားသာချက်တွေရှိလဲ ?
ဘော်ဒီဘေ့ နည်းပညာဖြစ်လို့ လန့်ကိုမှီခိုအားထားနေစရာမလိုဘူး ။ ဘယ်လန့်ပဲဖြစ်ဖြစ် တပ်လိုက် sensor base IS က အေးဆေးပဲဆိုတာမျို း ။ တပ်တဲ့လန့်တွေကလဲ
IS မပါတာတွေတပ်လို့ရတော့ နဲနဲပိုပေါ့တာပေါ့ဗျာ ။ IS မပါတဲ့ Lens ဝယ်လို့ရမှတော့ဈေးသက်သာပီပေါ့ဗျာ။

ဘယ်ဟာတွေကမကောင်းတာလဲ ?

အဓိကပြသနာကတော့ ဗျာ ဆန်ဆာလိုက်လှူပ်သလို View Finder ထဲမှာလဲလိုက်လှုပ် နေတာပဲဗျ Electronic view finder နဲ့ဆိုရင်မသိသာဘူးပေါ့ဗျာ။ ပီးတော့ လန့်ကလဲအလင်းကြီးကြီး coverage လုပ်ပေးရတယ် ဆန်ဆာအတွက်ဒါမှ ဆန်ဆာကလိုက်လှူု ပ်နေရင်း တကယ်လိုတဲ့ပုံကိုဖမ်းနိုင်မှာလေ။

ကဲနောက်ဆုံးမင်းသားကြီးကတော့ ပြောရမယ်ဆိုရင် ISO -based ပေါ့ဗျာ

ISO based ဆိုတာဘာလဲ ?

ISO based ဆိုတာ ဈေးသက်သာတဲ့ကင်မရာတချို့ မှာပါတဲ့နည်းစနစ်တခုပေါ့ဗျာ ။ အလင်းနဲရင် ISO ကိုအော်တိုတင်ပေးမယ် ရှက်တာမြန်မြန်ပိတ်လို့ရအောင်လို့ဆိုပီးတော့ ။ ဒီအလုပ်တွေကို ကင်မရာရဲ့ firmware နဲ့ processor တို့က ပူးတွဲလုပ်ဆောင်တယ် ။ ဆိုပါတော့ DSLR မှာ P (auto mode )ထားရင် မှောင်လာလေလေအိုင်အက်အို တက်လာလေလေဆိုတာလေ အဲ့တာပဲဗျ ။ တချို့ အိုင်အက်အိုကိုသတ်မှတ်ပေးလို့မရတဲ့ ကင်မရာပေါက်စနတွေကျတော့ Firmware က တင်တင်ပေးတာ ISO ကို။

ISO based ဘယ်လိုအလုပ်လုပ်လဲ ?

ကင်မရာ shake ဖြစ်နိုင်လောက်တဲ့ ရှက်တာ speed နဲ့ focal length ( Zoom ဆွဲထားရင်) ဖြစ်နေရင် ကင်မရာက အလိုလို ISO ကို တင်ပေးလိုက်ပါတယ် ။ ဒါကြောင့်ကင်မရာကအလင်းနဲချိန်တွေမှာတောင် shutter speed မြန်မြန်နဲ့ ရိုက်လို့ရတာပေါ့ဗျာ။

ISO based က ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲ ?

Lens base တို့ Camera Based တို့လို မျိူ းမဟုတ်တော့ ဈေးသက်သာအကုန်အကျသက်သာတာပေါ့ဗျာ ။

ISO based ကဘာပြသနာတွေရှိလဲ ?

ISO တင်လေလေ grain ( NOISE ) ထလေလေကိုတော့မေ့ထားလို့မရဘူး ဗျို့ ။ Noise ထလေလေပုံရဲ့အရည်အသွေးကာလာ sharpness တွေအကုန်ကျကုန်လို့ပဲဗျိ ု့ ။

မင်္ဂလာပါကျွန်တေ်ာကောင်းကောင်းပါ။ ကျွန်တေ်ာလဲရေးမယ်ရေးမယ်နဲ့တေးထားတာလေးတွေဒီနေ့ ဟိုဆိုက်သွားဖတ်လိုက်ဒီဆိုက်သွားဖတ်လိုက်နဲ့ မှပဲရေးဖြစ်တယ်ဗျို့ ။

 

အားလုံးမင်္ဂလာပါဗျာ ။

 

ရွာစိုက်ခင်း

F 10

1/250

ISO 100

canon 60D

18-135mm

မင်္ဂလာပါဗျာ ဒီပုံလေးကကျွန်တေ်ာနေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၆၀ကျော်နားမှာရှိတဲ့ တံတားပေါ်ကနေရိုက်ထားတာပါဗျာ ။