ကျွန်တော် ပြောပြချင်တဲ့ ကျွန်တော့်ကင်မရာအိတ်
မင်္ဂလာပါ ကျွန်တော်ကောင်းကောင်းပါ။

ကဲ ကျွန်တေ်ာတို့ ကင်မရာလေးလဲဝယ်ပီးရော နောက်ဆက်တွဲ ဝယ်စရာတွေ စုစရာ တွေကအလိုလို ရှိလာပါတော့တယ်။ တကယ်ပြောတာ ကျွန်တေ်ာစကာၤပူမှာကျောင်းတက်တုန်းက ပိုသတိထားမိတယ် ဓာတ်ပုံဝါသနာက မွဲဆေးဖော်တာစွမ်းချက်ဆိုတာ ။ ဓာတ်ပုံလောက မှာလဲပြောနေကြစကားလေးတစ်ခွန်းရှိတယ် ။ လူတစ်ယောက်ကိုချစ်ရင်ဓာတ်ပုံရိုက်ပေးပါ မုန်းရင် ကင်မရာဝယ်ပေးလိုက်မွဲရောတဲ့ ။ ကျွန်တော်တို့ ဓာတ်ပုံဆရာတွေထဲမှာလဲ ဝါသနာရှင်တွေ ပရိုတွေ အခုမှစလေ့လာသူတွေနဲ့ ဆုံနေတာတွေကိုတွေ့ရတော့ကျွန်တော်အရမ်းဝမ်းသာမိတယ်။ ဘာလို့တုန်းဆိုတော့ ကျွန်တေ်ာက အဲ့လိုလူတွေကို အများကြီးရှိလာစေချင်တာဗျ မြန်မာနိုင်ငံရဲ့ အလှတရားတွေ ကိုဖော်ထုတ်ဖို့လူအင်အားများများလိုတယ်လေ။ ကျွန်တေ်ာတို့တစ်ဦးတစ်ယောက်ချင်းစီမှာလဲ မတူတဲ့ စကေးလ်တွေနဲ့ မတူညီတဲ့ နောက်ခံပတ်ဝန်းကျင်ကြောင့်အတွေးအခေါ်တွေကလဲ မတူညီကြဘူး ဒါပေမယ့် တူညီကြတာက တော့ ကင်မရာအိတ်ထဲမှာဘာတွေပါမလဲဆိုတာမျိုးပါ။ ကျွန်တေ်ာက Landscape ကိုအဓိကထားရိုက်တာမို့လိုကျွန်တေ်ာအိတ်ထဲမှာတော့ Landscape အတွက် ဂီယာတွေအစုံပါတယ်။ ကျွန်တေ်ာ့ကိုပေ့မှာကော ပါစင်နယ်အကောင့်မှာကောလာလာမေးကြတယ် ဘာ ဂီယာတွေဘယ်ကင်မရာတွေကိုင်လဲဆိုတာမျိုးကို။ ပီးတော့ဘာလန့်နဲ့ရိုက်တာလဲဆိုတာလဲပါသေးတယ်။

ကဲစလိုက်ကြစို့ဗျာ ကျွန်တေ်ာ့အိတ်ထဲမှာ ဘယ်လိုမရှိမဖြစ် ဂီယာတွေရယ် ပေါက်ပေါက်ရှာရှာပစ္စည်းတွေရယ်ပါတယ်ဆိုတာ။ကျွန်တေ်ာ့ကင်မရာအိတ်အကြောင်းပြောမယ်ဆိုမှတော့ ကျွန်တော်ကင်မရာကိုလက်ရှိဘာတွေသုံးခဲ့လဲဆိုတာရယ်ဘာကြောင့်ရွှေးခြယ်ခဲ့လဲဆိုတာကနေစပြောရတော့မယ်။ ကျွန်တော်လက်ရှိသုံးနေတာကတော့ lowepro protactic 450 aw ကို သုံးနေတယ်ဗျအဲ့တာမတိုင်ခင်က ကိုရီးယားချုပ် Mikei ကိုသုံးတယ်ဗျ။ အခုလက်ရှိအိတ်ကိုဘာလို့ရွေးချယ်ခဲ့တာလဲဆိုတော့ 📷

ဒီအိတ်ရဲ့ ပခုံးကြိုးတည်ဆောက်ပုံတွေ အတွင်းမှာပါတဲ့အကန့်အရေအတွက်ဘယ်လောက် ထိ ပုံစံပြောင်းလို့ရလဲကယ်မရာကိုဘယ်လောက်လွယ်လွယ်ထုတ်ယူလို့ရလဲဆိုတာတွေအထိစဉ်းစားပီးမှဝယ်ခဲ့တာပါ။ ကျွန်တေ်ာကင်မရာပစ္စည်းဝယ်ရင် နှစ်ခါမကုန်အောင် တခါတည်း အကောင်းဆုံးအသင့်တော်ဆုံးကိုရွေးဝယ်တယ်။ အခုအိတ်က ကင်မရာဘော်ဒီနှစ်လုံး လန့်အစုံနဲ့ချောင်ချောင်ချိချိထည့်လို့လဲရတယ်။ ပီးတော့ ဖေတာတွေ ဓာတ်ခဲတွေ အတွက် နေရာတွေလုံလုံလောက်ရှိတယ်။ နောက်တခုကတည်ဆောက်ပုံ အိတ်က ကင်မရာဘော်ဒီအနေနဲ့ပြောမယ်ဆိုရင် ၂လုံးအသာလေးဆန့်တယ်။ ကျွန်တော်မှာရှိတဲ့ 70-200mm , 16-35mm , 14mm , 50mm တွေအကုန်ထည့်လို့ရတဲ့အပြင်ကျွန်တော့်ဖေတာ အိတ်ကိုပါဆန့်သေးတယ်။ ၁၅လက်မ လက်တော့ ရှိရင်လဲ ဖွင့်ဖွင့်ချင်းမှာထည့်ပေးလို့ရသေးတယ်ဗျ။ နောက်တခုကအိတ်ရဲ့အရှေ့မှာပါတဲ့ Modular accessories တွေချိတ်လို့ရမယ့်နေရာလေးတွေကျွန်တေ်ာဆို ဖုန်ကာ မျက်နှာဖုံးကိုအဲ့မှာအိတ်လေးနဲ့ချိတ်ထားတယ် တခါတလေရေသန့်ဘူးတွေကိုလဲအဲ့အတိုင်းပဲချိတ်ထားတယ်။ ကျောဘက်မှာ ကတော့ ကျွန်တော်တိုချွေးထွက်လာရင်စိုကပ်ကပ်မဖြစ်နေအောင်လေဝင်လေထွက်ကောင်းအောင်ဆိုပီး ActiveZone System ဆိုပီးပါတယ် အဲ့အပေါက်လေးတွေကျောင့်ကင်မရာအိတ် ၁၀ ကေဂျီလောက်ကိုတင်ထားတာတောင် သက်သာစေတယ်ဗျ။ ပီးတော့ လက်တော့ထည့်တာရဲ့အပေါ်မှာ တိုတိုထွာထွာလေးတွေထည့်လို့ရအောင်နေရာလေးတွေပါတာမို့အတော်အဆင်ပြေတာဗျ။ ပီးတော့တောရုံမိုးဆိုရင်လဲခံနိုင်ရည်ရှိပီးတော့ မိုးကာလဲပါပါတယ် ။ ကင်မရအိတ်ရဲ့အောက်ကိုဖွင့်နှိုက်လိုက်မယ်ဆို ရင်မီးခိုးရောင်မိုးကားလေးပါတာကိုတွေ့ရပါမယ်ဗျ။ တခုရှိတာက ကျွန်တော် ထရိုင်ပေါ့ကိုကင်မရာအိတ်မှာတပ်ထားတဲ့အချိန်ဆိုရင် မိုးကာတပ်မရလို့ ထရိုင်ပေါ့ကိုလက်မှာဖြုတ်ကိုင်ထားရတာလေးတော့ရှိတယ်ဗျ။ ပီးတော့အိတ်ကလဲသူ့ချည်း 2.6kg ပဲလေးတာမို့အတော်အဆင်ပြေတာဗျ။ အချုပ်ပြောရရင်ဗျာ ဒီအိတ်ကိုကျွန်တေ်ာရွေးချယ်ခဲ့တာကျွန်တော့်လို တောင်တွေတက်လိုက် နွံတွေထဲဆင်းလိုက် ခရီးတွေပတ်သွားလိုက်လိုလူမျိုးနဲ့ ကိုက်တာကြောင့်ပါ။ တကယ်ပြောတာလေယာဉ်တွေနဲ့သွားရင်တောင်အိတ်ကအရမ်းအကြီးကြီးလို့မထင်ရတာကြောင့် Hand carryလုပ်သွားလို့ရတယ်လေ။

ကျွန်တော် ကသူများနဲ့ပြောင်းပြန်ဗျ ဓာတ်ပုံရိုက်ထွက်ရင် လိုမယ်ထင်တာမှန်သမျှအကုန်ပါတယ် တခါတလေဆို လန့် ၄ ၅ လုံးနဲ့ ချိန်းချိန်းပီးရိုက်သွားတဲ့နေ့တွေတောင်ရှိတယ်။

📷

What’s in my camera bag?

ကျွန်တော့်ကင်မရာအိတ်ထဲမှာဘာတွေပါသလဲဆိုတော့ကာ –

Camera

📷

ကျွန်တေ်ာလက်ရှိမှာ Canon 6D ကို သုံးနေပါတယ်။ ကျွန်တေ်ာကျောင်းတက်ရင် းစုဆောင်းဝယ်လာခဲ့ရတာပါ။ ကျွန်တေ်ာ 6D ကိုဘာလို့အကြာကြီးကိုင်ဖြစ်လဲဆိုတော့ သူရဲ့ ISO Performance ကိုကြိုက်တာရယ် ပီးတော့ Wifi ပါတာရယ်ကိုကြိုက်တာကြောင့်ပါ။ သူ့ရဲ့အားနဲချက်လေတခုတော့ရှိတယ်အဲ့တာ က Focus Point တွေနဲလွန်းတာပါ ဒါပေမယ့် ကျွန်တော့်လို Landscape သမားအတွက်ကျတော့ ဖိုးကပ်ပွိူင့်တွေများဖို့သိပ်မလိုဘူးလေ အဆင်ပြေနေတာပေါ့။ ပီးတော့ နောက်အားနဲချက်တခု SD card slot တခုပဲပါတာကပါ။ ကျန်တာတွေကတော်တေ်ာကြီးအဆင်ပြေတယ်ပြောလို့ရတယ်ဗျ။နောက်တခုက တခြားကင်မရာဘော်ဒီတွေနဲ့ယှဉ်ရင်မဆိုသလောက်လေးပေါ့တယ်ဗျ ဘာလို့တုန်းဆိုတော့ သူက Wifi function အလုပ်လုပ်လို့ရဖို့အတွက် သူ့ရဲ့ view finder အပေါ်ဘက်ကို ကေ်ာနဲ့တည်ဆောက်လိုက်တာမို့တခြား ဘော်ဒီတွေ 5D mark III တို့ Mark IVတို့ထက် ပေါ့သွားတာဗျ။

📷

နောက်ဘော်ဒီတခုက အကောင်သေးသေးအဆိပ်ပြင်းပြင်းလို့ပြောလို့ရမယ့် Fujifilm XT20 ဗျ။ ဘာလို့တုန်းဆိုတော့ ဒီအကောင်သေးသေးက Touch လဲရတယ် ဖိုးကပ်က လဲ ၃၂၅ ပွိုင့်စနစ်သုံးထားတာမို့ တော်တေ်ာအဆင်ပြေတယ်။ နောက်တခုက ကျတော့ sensor ပဲဗျ 24.3MP X-Trans CMOS III sensor ပါလာတာက ကျွန်တော်တို့ Landscape သမားအတွက်တော့ လုံး၀ ကွက်တိပဲဗျာ ။ Dynamic Range ကလဲအဆင်ပြေတာပါသေးတာကိုး။ ကျွန်တေ်ာ ဒီကင်မရာအတွက်တော့ တခြားလန့်တွေဝယ်တာမရှိသေးဘူး သူ့အတွက်တော့ Kit lens 16-55 ပဲရှိတယ်။ နောက်တခုက LCD screen ကိုလိုသလို လှန်လို့ရတာလဲကျွန်တေ်ာ low angle တွေရိုက်ရင်တော်တေ်ာကြီးကိုအဆင်ပြေသွားတာဗျ။ Fuji ရဲ့ Flagship series XT2 ရဲ့ focus system ကိုယူသုံးထားတာမို့ တော်တော်ကြီးကိုအဆင်ပြေတာဗျ။အခုတော့ရောင်းပစ်လိုက်ပီးတော့ 5D mark IV ဝယ်ထားတယ်။ ဒါတွေကတော့ကျွန်တော်ရဲ့ ကင်မရာ တွေပါ ။

Lenses
ကျွန်တေ်ာဘာလန့်တွေသုံးသလဲဆိုတော့ ဟိုးအရင်ဘာမှမဝယ်နိုင်ခင်တုန်းကတော့ kit lens 18-55mm တို့ဘာတို့နဲ့ရိုက်ရတာဗျ။ အခုတော့ ကျွန်တော့်ဆီမှာ 70-200mm f2.8 Sigma , Canon 16-35mm f2.8 , Samyam 14mm f2.8 , canon 50mm f1.4 usm တို့ရှိတယ်ဗျ။

Canon 16-35mm f/2.8 II USM lens

ဒီလန့်ကတော့ ကျွန်တော်အတွက် အရေးအပါဆုံး အသုံးရဆုံးလန့်ပါပဲ ကျွန်တေ်ာက Landscape တွေအဓိကရိုက်တာမို့အမြဲလိုလိုတပ်ထားတဲ့လန့်ဆိုရင်လဲမမှားဘူးဗျ။ သူ့ရဲ့ wide ဖြစ်နေတဲ့ focal length ကကျွန်တေ်ာ့အတွက်အရမ်းအဆင်ပြေဆုံးပါပဲ။ကျွန်တေ်ာ တခါတခါချတက်တဲ့ပေါက်ပေါက်ရှာရှာကွန်ပိုဇေးရှင်းတွေကိုလဲ သူက မြင်ကွင်းကျယ်မို့လို့လိုက်ပေးနိုင်တယ်လေ။ Fullframe Lens မို့လို့ 6D နဲ့လဲတွဲလိုက်ရော ကွက်တိပဲပေါ့ဗျာ ။

📷

Sigma 70-200mm f/2.8 DG OS lens

ဒီလန့်ကတော့ တကယ့်ကိုစိတ်ကျေနပ်စရာကောင်းတဲ့ တယ်လီလန့်တခုပါ ကျွန်တေ်ာ ဒါကိုလဲ စကာၤပူမှာကျောင်းတက်နေတုန်းကစုပီးဝယ်ခဲ့တာပါပဲ။ ပေါ့ထရိတ်ရိုက်တာတွေ လန့်စကိတ်ရိုက်တာတွေမှာအကုန်သုံးဖြစ်တယ် ကန်နွန် ၇၀-၂၀၀လောက်တော့ Sharp မဖြစ်ဘူးဆိုပေမယ့်လက်ခံနိုင်လောက်တဲ့အတိုင်းအတာရှိတယ်လေ။ကျွန်တေ်ာဒီကောင်တဲ့ တောင်တွေပေါ်တက်ပီးတော့ တယ်လီ လန့်စကိတ်တွေခဏခဏရိုက်ဖူးတယ်အဆင်လဲအရမ်းပြေတယ်။ ၇၀-၂၀၀ ကို ၂၀၀ အပြည့်မဆွဲပဲ ၁၀၀လောက်ထားပီးရိုက်ကြည့်ကြည့်အရသာဗျာ တကယ်မိုက်တာ။
📷

Canon EF 50mm f/1.4 USM lens

ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က မေးတယ် မင်းမြို့ထဲလမ်းလျောက်ဖို့ဆိုဘယ်လန့်ကိုသယ်သွားမလဲတဲ့ ရိုက်ဖို့ကို ကျွန်တေ်ာမဆိုင်းမတွပဲဖြေမယ် 50 mm လို့ ဘာလို့တုန်းဆိုတော့ Prime lens တွေနဲ့ရိုက်တာ လက်တက်စေတယ်ဗျ။ ပရိုင်းလန့်တွေက တယ်လီတို့ wide တို့လို zoom လဲဆွဲမရ ကိုယ်တကယ်ရိုက်ချင်တဲ့အရာနားကိုကပ်ပီးရိုမှသာရစေတာဗျ ကွန်ပိုဇေးရှင်းချရင်လဲအဲ့လိုပဲ ပရိုင်းနဲ့ရိုက်တာ က လူကိုယ်တိုင်က ဆုံးဖြတ်တက်လာတယ် ဘာတွေပါစေချင်တယ်ဘာတွေမပါစေချင်ဘူးစတာတွေကို။ နောက်တခုက အပါချာက ၁.၄ ထိဖွင့်လို့ရတာကြောင့်ညနေဘက်အလင်းအားနဲလာရင်တောင်တော်တော်အိုကေသေးတယ်လေ။

📷

Samyam 14mm
ဒီလန့်က အကုန်လုံး manual ဗျဖိုးကပ်ကစပီးတော့ အပါချာအဆုံးအကုန်လူကလိုက်ချိန်ပေးရတာဗျ ။အဲ့တာကိုကအရသာဗျာ ။ ကျွန်တေ်ာ 16-35 mm မရခင်က လက်စွဲတော်ဆိုရင်လဲမမှားဘူးဗျ သူက ဘာကောင်းတာလဲဆိုတော့ သေသေချာချာသုံးတက်သွားရင်ရမ်းမိုက်နေရော ပီးတော့အပေါ်ကပြောခဲ့သလိုပဲ ပရိုင်းလန့်မို့လို့ လူက ဘာတွေဘာတွေပါစေချင်တယ်ဆိုတာကို သေသေချာချာလိုက်ချိန်နေရတယ်။ တကယ်ကိုလက်တက်စေတယ် လန့်စကိတ်ရိုက်ရင်။

📷

ကဲဒါတွေကတော့ လန့်တွေအကုန်ပဲ။ နောက်ဆက်ပြောရမှာက ကျွန်တေ်ာ့ကင်မရာအိတ်ထဲမှာမရှိမဖြစ် အတွင်းမှာပါတက်တဲ့ဟာလေးတွေ ။

Cleaning Cloth (Micro Fiber cloth)

တကယ်ကဒီအဝတ်လေးတွေ က ဘယ်လောက်မှပေးရတာလဲမဟုတ်ပါဘူး တကယ်ကိုဝယ်ပီးဆောင်ထားသင့်တဲ့ဟာလေးတွေပါ ။ကျွန်တေ်ာဆိုတခါတလေ အပိုပါသွားရင်မပါတဲ့သူငယ်ချင်းကိုပေးတယ်။ လိုအပ်တယ်လေ လန့်မျက်နှာပြင်ကအရမ်းနုတယ်လေ အဲ့လိုသူ့ကိုသန့်ရှင်းရေးလုပ်ဖို့ထုတ်ထားတာမဟုတ်တဲ့ဟာနဲ့သုတ်မိရင်။ အဆင်မပြေတော့ဘူးအစင်းတွေဘာတွေထင်တက်တယ်လေ။ ရန်ကုန်မှာလဲ အဝတ်လေးတွေက ကင်မရာဆိုင်တိုင်းနီးပါးလွယ်လွယ်ကူကူဝယ်လို့ရနေပါပီ။ ဝယ်ပီးဆောင်ထားသင့်တယ်ဗျ ကျွန်တေ်ာကတော့အမြဲဆောင်ထားတယ်ကင်မရာအိတ်ထဲမှာ။ ဖေတာတွေဘာတွေကိုလဲသန့်ရှင်းလို့ရတယ်လေ။
📷

Filters

ကျွန်တော့်ဆီမှာ LEE Filter GND soft 0.3, 0.6, 0.9 ၃ချပ်ရှိတယ် ပီးတော့ Bigstopper တချပ် နောက်ပီးတော့ Nisi Reverse 1.2 တချပ် ရယ်ရှိတယ်။ ကျွန်တေ်ာအဲ့တာတွေက ဘယ်ကိုဘယ်အချိန်သွားရိုက်ရိုက်ပါတဲ့ ဖေတာတွေပဲဗျ။ ကျွန်တော် ဘစ်စတော့ပါနဲ့ နေ့လယ်ခင်းကြီးကို လောင်းဆွဲရတာအရမ်းကြိုက်တယ်ဗျ။ နောက်ပီးတော့နေဝင်လုဆဲဆဲဖြစ်နေတဲ့အချိန်ဆိုရင် ကျွန်တော် Reverse 1.2 ကတော်တော်ကိုအဆင်ပြေစေတာဗျ။ Landscape သမားပီပီ နောက်ထပ်ဖေတာတွေကိုလဲလိုချင်နေသေးတာ။

📷

Flash
ကျွန်တေ်ာ့မှာ Godox AD600 old version ရှိတယ်ဗျ အဲ့ကောင်မှာပဲ ဆော့ဘောက်တွေဘာတွေတပ်သုံးရတာပဲ ကင်မရာအိတ်ထဲတော့ဆန့်တယ်ဒါပေမယ့်အရမ်းလေးလို့ အပြင်ကပဲသပ်သပ်သယ်တာများတယ်ပီးတော့ speed light ကတော့ Nissin flash လေးပဲရှိတာ ဒါတောင်ဘယ်သူငှားသွားလဲမသိတော့ပဲပြန်မရတော့ဘူးရယ်။ သူ့အတွက် Light stand လေးတော့ဝယ်ထားတယ်ဗျ ၁၈၀၀၀ တန်အကြီးတွေ တခါတလေအပေါ်ကနေမိုးပးီ ဖလက်ပေးတက်တဲ့အကျင့်ရှိလို့ဗျ။ Godox Trigger တွေကတော့မပါမဖြစ်ပေါ့ဗျာ။

📷

Tripod
ထရိုင်ပေါ့ကတော့အထူးပြောစရာလိုမယ်မထင်ဘူးဗျ ကျွန်တေ်ာ အမြဲတမ်းလိုလိုပြောနေခဲ့တာပဲ ထရိုင်ပေါ့ဝယ်ရင်တခါတည်းမာမာ ကိုဝယ်ပါဆိုပီးတော့လေ။ ရှတ်တာကိုကြာကြာဖွင့်ထားရတဲ့ Long Exposure Photography အတွက်ဆိုရင် ဘာမှစဉ်းစားမနေနဲ့တော့ ထရိုင်ပေါ့မာမာသာဝယ်ထားပေတော့ဗျာ ။ အရင်တုန်းကကျွန်တော် Manfrotto သုံးတယ်ဗျ အခုတော့ Benro Befree ပြောင်းသုံးဖြစ်တယ် ကာဗွန်ဖိုင်ဗာလဲဖြစ်တာမို့အရမ်းပေါ့ပီးသွားလေရာသယ်သွားရင်တောင်ဝိတ်များတယ်လို့မခံစားရတော့ဘူးလေ။

Cable Release
ကျွန်တော် Phottrix wireless cable release ကိုသုံးတယ်။ တကယ်ပြောတာ အရင်ဟိုးကင်မရာအဟောင်းတွေနဲ့တုန်းက ကြိုးနဲ့ဟာကိုသုံးဖူးတယ် ဒါပေမယ့် အဲ့ကြိုးကြောင့်ပဲကင်မရာလှုပ်လှုပ်သွားတာအကြိမ်ကြိမ်ဗျနောက်ပိုင်းကြိုးမဲ့ပဲသုံးတော့တယ် ။ ဘော်ဒါတို့ ကေဘယ်ရီလစ်ဝယ်မယ်ဆိုရင်လဲ အားပေးချင်တာက ကြိုးမဲ့ပဲဝယ်ကြပါလို့။

Other bits
အထွေထွေ

ပြောရရင်ဗျာ မန်မိုရီကဒ်တွေ ဘယ်လိုထားသိုသလဲ ။ Laptop ဘယ်လိုသယ်မှာလဲ စသဖြင့်ပေါ့။ လက်တော့သယ်တာကအကြောင်းရှိတယ်မန်မိုရီကဒ်တွေပြည့်ကုန်ရင် တခါတည်းခွဲသိမ်းလို့ရတယ်လေ။ ကဒ်တွေကိုရှင်းလို့ရတာပေါ့ဗျာ။ကျွန်တေ်ာကတော့ရိုက်ပီးရလာတဲ့ပုံတွေ့ထဲက selection ရွေးထားတဲ့ပုံတွေကို HDD တွေခွဲပီးတော့သိမ်းတယ်။ ပီးတော့ကင်မရာအိတ်ထဲမှာ ဓာတ်ခဲအပိုတွေပါတယ် တခါတလေအဝေးသွားတာဆို ချာဂျာကိုပါတခါတည်းထည့်လာတယ်။

 

ကင်မရာပစ္စည်းတွေကိုစုရင် ကိုယ်ရိုက်မယ့် ဓာတ်ပုံပညာအမျိုးအစားပေါ်မူတည်ပီးတော့စုသင့်တယ်ဗျ။ အရင်သေချာတာထရိုင်ပေါ့ကိုအရင်စု ပီးရင် လန့်ကိုစုပီးမှ ဖေတာတို့ဘာတို့တခြားဟာတွေ ကိုစုသင့်တယ်ဗျ။ကျွန်တေ်ာဒီ note လေးကိုရေးရတာ တခြားကြောင့်မဟုတ်ဘူးဗျ ကျွန်တေ်ာမှာဘာဂီယာတွေစုထားမိတယ်ဘာတွေနဲ့ရိုက်တယ်ကိုပြောပြချင်းအားဖြင့် တခြားရိုက်ချင်တဲ့သူတွေလဲ လန့်တွေစုရတာအဆင်ပြေသွားအောင်ရည်ရွယ်ပါတယ်။ ဘာကြောင့်ဘယ်လိုကြောင့်သုံးတယ်ဆိုတာကိုလဲရှင်းပြထားပါတယ်။ ကဲအားလုံးအဆင်ပြေနိုင်ကြပါစေဗျာ။

 
