Metering ဆို တာ ကျွန်တေ်ာတို့ တွေရဲ့ ကင်မရာတွေရဲ့ processor တွေက aperture တွေ shutter တွေကိုဘယ်လောက် value တွေထားရမယ်ဆုံးဖြတ်ပေးတာကိုခေါ်တာပါ ဘယ်လောက်အလင်းရောင် ကင်မရာ sensor ကိုရောက်လဲဆိုတာကိုမူတည်ပီးတော့
ကင်မရာ manufacture ပေါ်မူတည်ပီးတော့ metering တွေ အမျိုးမျိုး ရှိပါတယ်။
အဓိကသုံးမျိုး ကတော့
Multi-Zone Metering ရယ် Centre-weighted metering ရယ် spot metering ရယ် ပါ ။ ကျွန်တော တခုချင်းဆီရဲ့ အားသာချက်အားနဲချက်လေးတွေ ရယ် ဘယ်နေရာမှာအသုံးများတာရယ်ကို တက်သလောက်မှတ်သလောက်ပြောပြပါမယ်။

၁ ။ Multi-zone metering

Multi-zone metering ဆိုတာ !!!
ကင်မရာ Brand တွေပေါ်မူတည်ပီးအခေါ်အဝေါ်တွေကွဲပါတယ် တချို့ က Matrix တချို့ က evaluative တချို့ က honeycomb တချို့က multi-segment or ESPလို့ ခေါ်ကြပါတယ် ။ သူ့ရဲ့လုပ်ဆောင်ပုံက ဒီလိုပါ သူဟာ scene တခုကို zone တွေအများကြီးခွဲချလိုက်ပီး frame တခုလုံးရဲ့ ပျမ်းမျှ exposure ကိုယူတာပါ ။ နည်းပညာတွေမြင့်လာတာကြောင့် exposure သူလုပ်ဆောင်တာအမှားနည်းပါတယ် အဲ့တာကြောင့်လဲ သူဟာနေရာတေ်ာတော်များများမှာ popular ဖြစ်တာပေါ့ ။ ကင်မရာတော်တော်များများမှာလဲ default metering mode အနေနဲ့ပါလေရဲ့ ။

Multi-zone metering ကဘာအတွက်လဲ ???
သူ့ရဲ့လုပ်ဆောင်ချက်က ရိုးရှင်းပါတယ် situation တော်တော်များများအတွက် လက်ခံလို့ရတဲ့ exposure ကိုဖန်တီးပေးပါတယ် သာမန်အခြေအနေတွေမှာပေါ့ ။ ဒီ metering က beginner တွေ နဲ့ improver တွေအတွက်တော့ လုံးဝရွှေပါပဲ PRO တွေလဲ ဒါကိုသုံးကြပါတယ်။ များသေားအားဖြင့် အမြန်ရိုက်တဲ့ဟာတွေပေါ့ burst mode နဲ့ရိုက်တဲ့ဟာတွေမှာအရမ်းအသုံးဝင်ပါတယ် ကျွန်တေ်ာရိုက်တဲ့ panning တွေဆို Multizone နဲ့ပဲရိုက်တာပါ။ ဒါပေမယ့် သူက extreme contrast မဖြစ်တဲ့အခြေအနေတွေနဲ့ပဲကိုက်တာပါ။

Multi-zone metering ရဲ့ အကျိုးကျေးဇူးတွေဆိုတာ ???
အဓိကကတော့ speed ပါပဲ ။ သင့်ကင်မရာကို multi-zone metering လုပ်ထားခြင်းအားဖြင့် သင်ဟာဓာတ်ပုံတွေ ကို လျှုင်လျှုင်မြန်မြန်ရိုက်နိုင်မယ် လျှပ်တပြတ် ကင်မရာကိုထုတ်ပီးချက်ချင်းရိုက်နိုင်ယ် ။ ကင်မရာ က metering ကိုခဏခဏတိုင်းနေစရာမလိုတဲ့အတွက် သင်ဟာ ကင်မရာကို ကိုင် compose လုပ် focus ဖြတ် ပီး ရင် ရိုက်နိုင်ပီ ပေါ့ ။

Multi-zone metering ရဲဲ့ အားနည်းချက်တွေက ???
သူရဲ့ processing လုပ်တာတွေက မြန်မယ် မှန်မယ် result ကောင်းကောင်းလေးတွေရမယ်ဆိုပေမယ့် သင်ဟာအပျင်းကြီးသူဖြစ်သွားနိုင်ပါတယ် ဘာလို့လဲဆိုတော့ ကင်မရာအပေါ်မှာလိုတာထက်ပိုမှီခိုသွားနိုင်လို့ပါ။ ကိုယ်တိုင် metering မလုပ်တာက နောက်ပိုင်း creative shots တွေ လုပ်မယ်ဆို အခက်တွေ့နိုင်ပါတယ် ။

၂။Centre-weighted metering

Centre-weighted meteringဆိုတာ !!!
ကျွန်တေ်ာတို့ရဲ့ metering ဘိုးအေကြီးလို့ပဲပြောရမလားပဲ သူက၁၉၈၀များတုန်းက ဆရာတစ်ဆူကိုးဗျ ပီးတော့သူအလုပ်လုပ်ပုံက ဒီလို ကင်မရာ frame ရဲ့ ဘေးတွေထက် သူက အလယ်ကိုပိုပီး အာရုံစိုက်ပီး metering ဖတ်တာခင်ဗျ ပီးတော့ အရမ်းမှောင်တဲ့ လင်းတဲ့ ထောင့်တွေကိုသူက မဖတ်တော့ဘူး ။ multi-zone metering ကကျတော့ frame တခုလုံး သူကတော့ အလယ်အသားပေးပေါ့ဗျာ ။

Centre-weighted metering ကဘာအတွက်လဲ ???
သူရဲ့ အဓိကမိုက်တာတွေက table top တွေ still life တွေ portrait တွေအတွက်အရမ်းမိုက်တယ်ပေါ့ဗျာ။ ဘာလို့လဲဆိုတော့သူက ကင်မရာ processor ရဲ့ metering programming ကိုမမှီခိုလို့ပေါ့ဗျာ ။

Centre-weighted metering ရဲ့ အကျိုးကျေးဇူးတွေက ???
ပုံရဲ့ထောင့်တွေဘောင်တွေက Extreme contrast ကိုထည့်မတွက်တဲ့အတွက် အလယ်က subject ရဲ့ correct exposure ကို ရစေနိုင်ပါတယ်။

Centre-weighted metering ရဲ့အားနည်းချက်တွေက ???
သူက multi-zone မဟုတ်တဲ့အတွက် overall exposure ကို မတွက်နိုင်ဘူး ။ spot metering လောက်လဲ တိကျမှာမဟုတ်ဘူး ။ သူဟာ နှစ်ခုကြားက ကြားနေအနေနဲ့သာရှိတာဖြစ်တယ် ။

Centre-weighted metering အတွက်အကြံပြုချက် !!!
သူ့ရဲ့ အလင်းတိုင်းတာက အလယ်ပဲဖြစ်တဲ့အတွက် subject ကို အလယ်ပို့ပီး compose လုပ် ဒါမှမဟုတ် အရင်တိုင်း ပီးမှ AE lock လုပ် compose ပြန်လုပ်ရိုက် ။

ကဲနောက်တခုက

Spot metering

Spot metering ဆိုတာ ???
အရမ်းကိုတိကျတဲ့ metering စနစ်တခုပါပဲ သူဟာ frame ရဲ့ သေးငယ်တဲ့နေရာတခုက အလင်းကို တိုင်းတာပီး အလင်းဘယ်လောက်ဆိုတာကိုဆုံးဖြတ်တာပါ။ အခြားနေရာတွေကို လစ်လှူု ရူ့ ပီးတော့ပေါ့ ။ သူတိုင်းနေရာမှအပ ကျန်တဲ့နေရာတွေလင်းတယ်မှောင်တယ်ဆိုတာတွေကို မသိတော့ပါဘူး ။

Spot metering ကဘာအတွက်လဲ ???
More advanced ဖိုတိုဂရပ်ဖာတွေ ကိုယ့်ကင်မရာရဲ့ exposure setting ကို ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်ချင်တဲ့လူတွေ ။ metering ကိုကြည့်ပီး ကင်မရာဆက်တင်ကို ကစားချင် decision ချချင်တဲ့လူတွေ ဘယ်setting ဘယ်လောက်ထားရမယ်ဆိုတာကို ။
သုံးတဲ့လူရဲ့ exposure ကိုနားလည်ထားတဲ့အသိနဲ့ တိုက်ရိုက်အချိုး ကျပါတယ် ပီးတော့အတွေ့အကြုံ ရောပေါ့ ။

Spot metering ရဲ့အကျိုးကျေးဇူးတွေက ???
ကင်မရာရဲ့ တွက်ချက်ပေးနေတာတွေအားကိုးစရာမလိုတော့ဘူး ဘာလို့တုန်းဆိုတော့ ကိုယ် metering လုပ်ချင်တဲ့အပိုင်းကို လုပ်လို့ရနေတာကိုး။ frame ရဲ့ ဘယ်အပိုင်းကို meter ထောက်မယ် metering လုပ်မယ် အားလုံးက ကိုယ်ပိုင်ဆုံးဖြတ်နိုင်ပီလေ။ High contrast ဖိုတိုတွေအတွက်တော့ ဒီ metering mode က ရှယ်ပေါ့ဗျာ။ အလင်းအမှောင်ကိုပြချင်တဲ့ ဖိုတိုတွေ ဒါမှမဟုတ် ရိုက်ပီးမှ BW ပြောင်းမယ့်ပုံတွေတော့ရှယ်ပေါ့ဗျာ ပြောရင်းနဲ့သားရေတောင်ကျတယ်။ သင်ရဲ့ဖိုတိုမှာ ဘယ်လို exposure ထားမယ်ဆိုတာကို သင်ကိုယ်တိုင်စိတ်တိုင်းကျ ဆုံးဖြတ် နိုင်ဖို့ကို spot metering က ကူညီမှာပါ ။

Spot metering ရဲ့အားနည်းချက်တွေက ???
သင်နေရာမှားထောက်ပီး metering လုပ်ရင်တော့ သင့်ပုံကြီးက ဖြူလွန်းရင်ဖြူလွန်း မဲလွန်းရင်မဲလွန်း ဖြစ်သွားနိုင်ပါတယ်အဲ့တာကြောင့်အတွေ့အကြုံ ကအရေးကြီးပါတယ်လို့ပြောတာပေါ့။ ပီးတော့သင်ဟာလောလောလောနဲ့ ဖိုတိုရိုက်နေရတာဆိုရင် ဒီmode နဲ့သင်နဲ့ကိုက်မှာမဟုတ်တာသေချာတယ်။

Spot metering အတွက်အကြုံပြုချက် !!!
သူ့ကိုသုံးမယ်ဆိုရင် frame ရဲ့ mid tone ရှိတဲ့နေရာကိုအရင်ရှာပးီမှတိုင်းပါ ဒါဆိုသင်ဟာတိကျတဲ့ exposure ကိုရမှာသေချာပါတယ် ဒါမှမဟုတ် Grey card ကိုသုံးပီး metering လုပ်ပီး perfect exposure ကိုလဲရနိုင်ပါတယ်အကယ်ရျ် သင်ရိုက်ချင်တာ silhouette မျိုးဆိုရင် meter ကို mid tone ဖြစ်နေတဲ့နေရာကိုထောက်တိုင်းပါ ဒါမှ အရိပ်ကျနေတဲ့နေရာတွေက လုံးဝအမဲဖြစ်သွားမှာပါ ။အဲ့တာတောင်မှမဲသေးရင်လဲဗျာ ခုနကထက်ပိုလင်းတဲ့နေရာကို မီတာပြန်ထောက် ပြန်ရိုက်ဗျာ ဒါဆိုရတာသေချာတယ်။

မင်္ဂလာပါခင်ဗျာ ကျွန်တေ်ာ ကောင်းကောင်း ပါ ။
ကျွန်တော် ဒီပုံလေးကို အပေါ်ကပြောထားတဲ့ spot metering နဲ့ ရိုက်ခဲ့ပါတယ်ဗျာ ။ကင်မရာက canon 600D ပါ Lens က 18-55mm ပါခင်ဗျာ . ဒီပုံလေးရဲ့ခံစားချက်အကျဉ်းကဒီလိုပါ ဘယ်လိုမှမနီးနိုင်တဲ့ချစ်သူနှစ်ယောက်အကြောင်းကို ပုံဖော်ထားတာပါ တစ်ကမ္ဘာဆီဝေးနေကြတယ်ပေါ့ အဲ့တာကို ဖော်ပြချင်တာပါ တစ်ယောက်ကိုတစ်ယောက် လက်ချင်း တို့ထိဖို့တောင် မလွယ်ခဲ့ကြတဲ့ချစ်သူနှစ်ယောက် . . . ဒီပုံလေးဖြစ်ဖို့ကူညီခဲ့ကြတဲ့ ကို ခွန်အားနဲ့ မဆုခိုင်သော်တို့တိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ