ကျွန်တော်ပြောပြချင်တဲ့ Tripod ရွေးချယ်ဝယ်ယူနည်း

ဒါမျိုးကားလို့ရတာကိုလဲရွေးချယ်ဗျ

 

မင်္ဂလာပါခင်ဗျာ ။ ကျွန်တော်တို့ဓာတ်ပုံရိုက်တာကိုစပီးဝါသနာပါလာပီဆိုတာနဲ့ကျွန်တော်တို့အတွက် ကင်မရာနဲ့ဆက်စပ်ပစ္စည်းတွေဝယ်ရတာက ဝယ်ကိုဝယ်ရတဲ့ အခြေအနေကိုရောက်လာပါတယ် ဥပမာ Tripod တို့Flash တို့ လိုဟာတွေပေါ့ဗျာ။ ဒီတခေါက်ကျွန်တေ်ာ ရှဲပေးချင်တာက ကျွန်တေ်ာ့သူငယ်ချင်းတွေမေးလေ့ရှိတဲ့ ထရိုင်ပေါ့ကိုဘယ်လိုရွေးချယ်ဝယ်ယူမလဲဆိုတာလေးကိုပါ။ ကျွန်တော့်ကိုယ်ပိုင်အတွေ့အကြုံ အရဆိုရင်ထရိုင်ပေါ့ မျိုးစုံသုံးဘူးပါတယ် ကင်မရာဝယ်ရင်လက်ဆောင်ပေးတက်တဲ့ Tripod ကနေပီးတော့ အမျိုးစုံအောင်သုံးဖူးပါတယ်။ တကယ်တော့ဗျာ ထရိုင်ပေါ့ဝယ်တယ်ဆိုတာ တကယ့်အတွေ့အကြုံရှိတဲ့လူဆီမှာအရင်မေးသင့်တယ်ဗျ မဟုတ်ရင် နှစ်ခါဝယ်တွေဖြစ်ကုန်ရော။ ကျွန်တော်ဒီနုတ်လေးရေးရတာကအဲ့လိုနှစ်ခါဝယ်တွေမဖြစ်အောင်ပီးတော့ ကိုယ်ဘာလိုလဲဆိုတာသေသေချာချာရှင်းရှင်းလင်းလင်းသိအောင်ပါ။ ပီးတော့နောက်ဓာတ်ပုံစရိုက်စလူတွေမေးလေ့ရှိတာက တကယ် ထရိုင်ပေါ့လိုသလားဆိုတဲ့မေးခွန်းပါ ။ ဟုတ်ကဲ့လိုပါတယ် ဓာတ်ပုံတွေဝါးဝါးကြီးတွေဖြစ်ပီး shakeတွေပါနေတာမျိုးမဖြစ်ချင်ဘူးပီးတော့ shutter speed နှေးနှေးနဲ့ ရိုက်ချင်တယ်ဆိုရင် ကျွန်တော်တို့ ထရိုင်ပေါ့စလိုပါပီ အထူးသဖြင့် ညဘက်တွေပေါ့လေ။

ထရိုင်ပေါ့ ဝယ်မယ်လဲဆိုရော စိတ်ထဲတွေးလိုက်တော့လွယ်လွယ်လေးရယ် ဆိုင်လဲရောက်ရော ဘာတံဆိပ်ဝယ်မှာလဲ ဘယ်လောက်မြင့်မြင့်မြှင့်ထားလို့ရလဲ ဘယ်လောက်အလေးချိန်ခံနိုင်လဲ ဘယ်လောက်သယ်လို့လွယ်လဲ ပေါ့သလား လေးသလား stable ကောဖြစ်ရဲ့လား ငွေဘယ်လောက်သုံးသင့်လဲ ခေါက်လိုက်ရင် ကော ဘယ်လောက်ရှည်နေသေးလဲဆိုတာတွေက ဝယ်ခါနီးဖြစ်လာတက်တဲ့မေးခွန်းတွေပါ။

 

ကဲဆိုင်သွားပီး ထရိုင်ပေါ့သွားမကြည့်ခင်ကျွန်တော့်အတွေ့အကြုံလေးတွေရှဲပါရစေဗျာ။ ဝယ်မယ်ဆိုရင် ထရိုင်ပေါ့ရဲ့ ကောင်ကျိုးတွေ ဆိုးကျိုးတွေ ရောပေါ့ဗျာ။

1) Why do you need a tripod?

ထရိုင်ပေါ့ဘာလို့လိုလဲဆိုတာကစပြောရမယ်။ ပြောရင်ဗျာ။

 

၂။ ကင်မရာအလေးကြီးကို တင်ထားလို့ရတယ်လေ ဥပမာ 70-200 + Body + Battery Grid ဆိုရင်ဘယ်လောက်လေးတယ်ထင်လဲဗျ အဲ့တာကိုကိုင်ထားစရာမလိုဘူး ထရိုင်ပေါ့ပေါ်တင်ထားလို့ရတယ်။

၃။ ကင်မရာရဲ့ stability များလေလေ ISO ကို နိမ့်နိမ့်ထားလို့ရလေပဲလေ။

၄။ ပီးတော့ လက်နဲ့ကွန်ပိုဇေးရှင်းချတာနဲ့ ထရိုင်ပေါ့ပေါ်ကင်မရာတင်ပီးကွန်ပိုဇေးရှင်းချတာမတူညီပါ။ ထရိုင်ပေါ့ပေါ်တင်ပီးကွန်ပိုဇေးရှင်းချတာက ပိုပီး တိကျတဲ့ shake free ပုံတွေရနိုင်ပါတယ်။

၅။ ပုံတစ်ပုံထက်အများရိုက်ရင်အဆင်ပြေတယ် ထရိုင်ပေါ့နဲ့က ။ ဥပမာဗျာ HDR function မပါတဲ့ကင်မရာတွေဆိုရင်ပေါ့ဗျာ ဒီထရိုင်ပေါ့နဲ့ရိုက်တာက တော်တော့်ကိုအသုံးဝင်မှာပါ။

၆။ အဆောက်အဦးတွေကိုရိုက်တာဖြစ်ဖြစ် timelapse ရိုက်တာဖြစ်ဖြစ် ထရိုင်ပေါ့ကကူညီလိမ့်မယ် ။

၇။ ပီးတော့ဗျာ ကျွန်တေ်ာတို့လူသူမနီးတောထဲကိုသွားတယ်ဆိုပါတော့ဗျာ ဂရုဖိုတို ရိုက်ချင်ပါပီတဲ့ ဘယ်လိုလုပ်မလဲ တိုင်မာပေးပီးတော့ ကင်မရာကိုထရိုင်ပေါ့ပေါ်မှာသာတင်ထားလိုက်ပါ။ဗီဒီယိုလဲရိုက်လို့ရတယ်ဗျ။

၈။ အန်ဂယ်မျိုးစုံ ထားလို့ရတယ် ထရိုင်ပေါ့ပေါ်မူတည်ပီးတော့ နိမ့်နိမ့်လား မြင့်မြင့်လား စသဖြင့်ပေါ့ဗျာ။ ကင်မရာမတင်ရင်တော့ flash တို့ reflector တို့တင်လို့ရသေးတယ်လေ။

၉။ နောက်ဆုံးကတော့ အနဲဆုံးခွေးရိုက်တုတ်အဖြစ်သုံးလို့ရတယ်ကိုယ့်ကိုကိုယ်ကာကွယ်လို့ရတယ်လေ ဟိဟိ။

ကျွန်တေ်ာ့အတွက်က တေ်ာ့ ထရိုင်ပေါ့ဝယ်ရတဲ့အဓိကအကြောင်းအရင်းက ကျွန်တော်က landscapeရိုက်ရတာကို ချစ်မြတ်နိုးလို့ပါ။ ထရိုင်ပေါ့လေး နေရာချပီးတော့နေကြာစေ့လေးဝါးရင်းနေဝင်တွေနေထွက်တွေစောင့်ရိုက်ရတာ ဘာနဲ့မှမတူတဲ့ အရသာပါ။ အခုနောက်ပိုင်းကင်မရာကြီးတွေက ISO performance တွေအသေမြှင့်လာလို့ ထရိုင်ပေါ့မလိုတော့ဘူးလို့ယူဆရင်ယူဆလိမ့်မယ် တကယ်က မဟုတ်ပါဘူးကင်မရာကိုသုံးတဲ့သူက လူတွေဖြစ်နေသရွေ့ လက်တုန်တယ်ဆိုတာရှိနေဦးမှာပါ အဲ့တော့ထရိုင်ပေါ့ကလိုကိုလိုနေဦးမှာပါ။ ကျွန်တော့်လိုဝါသနာရှင်က လဲ ထရိုင်ပေါ့မာမာဝယ်ဖို့ညျွန်းသလို တကယ့် PRO တွေကလဲ ထရိုင်ပေါ့မာမာဝယ်ဖို့ညျွန်းဦးမှာပါပဲဗျာ။ အဲမေ့လို ကျွန်တော့်အသိဆရာတွေ ဦးသိုက်တို့ ကိုဘီယာတို့ ကိုဇော်ဇော်တို့ ဦးကင်းတို့ကလဲ လဲထရိုင်ပေါ့နဲ့ပတ်သတ်ရင် မာမာသာဝယ်ဖို့အကြံပေးကြတယ် ဗျ သူတို့က Landscape ထက် wildlife photography ဘက်ကိုပိုသွားတဲ့သူတွေဗျ (ငှက် အဓိက အထူးပြု ) ။ပြောရရင်ဗျာ ဘယ် ဖိုတိုဂရပ်ဖီအမျိုးအစားမဆို ထရိုင်ပေါ့ကတော့လိုတယ်ပေါ့ဗျာ။

Tripod components – what is a tripod system?

ထရိုင်ပေါ့ဆိုတာဘာလဲ ဆိုတာ ကျွန်တော်လေ့လာဖူးသလောက်ရှင်းပြပါ့ရစေအရင်ဝယ်ဖို့မညွှန်းခင်။

ထရိုင်ပေါ့တခု ကအခြေခံအားဖြင့် အစိတ်အပိုင်း ၄ခု နဲ့ ဖွဲ့စည်းထားတယ်ဗျ ။အဲ့တာတွေက

1. Legs – ခြေထောက်တွေ များသောအားဖြင့်တော့ aluminum နဲ့လုပ်ထားပီးတော့ တချို့ brand တွေမှာ basalt, steel or carbon fiber စတာတွေနဲ့လုပ်ထားတာတွေလဲရှိပါတယ်။

2. Head – Head ဆိုတာကတကယ်တော့ ကင်မရာ ကိုတပ်ဆင်တဲ့အပိုင်းပါပဲ သူ့ရဲ့ mount ပေါ်မှာ ကင်မရာအောက်ခြေမှာတပ်လိုက်တဲ့ mount plate လေးနဲ့တွဲလိုက်တာပေါ့လေ Head တွေက အမျိုးအစားတွေအများကြီးရှိတယ်ဗျ။ တကယ် လူကြိုက်များလူသုံးများတာက တော့ Ball Head လို့ခေါ်တဲ့ Head တွေပဲဗျ။

3. Centerpost/Center Column – ထရိုင်ပေါ့မှာအခြေခံအားဖြင့် သုံးချောင်းထောက်ပါတယ် အဲ့သုံးချောင်းနဲ့မဆိုင်ပဲ အလယ်က အပေါ်မြှင့်လို့ရ တချို့ မော်ဒယ်တွေမှာဆို ချွတ်လို့ရတဲ့ အလယ်က အချောင်းပါ တခါတလေ သူ့မှာပဲ သံချိတ်လေးပါတက်တယ် ဝိတ်ချိတ်ထားလို့ရအောင်ပေါ့လေ။

4. Feet – ခြေထောက်ပေါ့ဗျာ များသောအားဖြင့် အဆစ် ၃ဆစ်နဲ့ ၄ ဆစ်ပါလေ့ရှိတယ်ဗျာ ဒီမှာလဲစကားပြောတယ် အဆစ်နဲလေလေ ထရိုင်ပေါ့ကမာလေလေဗျ ဘာလို့တုန်းဆိုတော့ ထရိုင်ပေါ့အဆစ်များတော့အောက်ဆုံးအဆစ်တွေက အပေါ်အဆစ်တွေနဲ့ယှဉ်ရင်သေးသွားပီး တုန်လာတက်တယ်။

ဒါက အူတိုင်မပါတဲ့ဟာ

ဒါက basic Tripod

ကဲဈေးသက်သာတဲ့ ထရိုင်ပေါ့တွေကကောဘယ်လိုတုန်းဆိုတော့ဗျာ ထရိုင်ပေါ့ head ချိန်းလို့ရချင်မှရမယ် ခြေထောက်ကားချင်မှကားလို့ရမယ်။ ပီးတော့ ခဏကပြောတဲ့ centerpost က ဖြုတ်လို့မရတာများတယ်။ တကယ် professional tripod တွေကတော့ များသောအားဖြင့် head ဖြုတ်လို့လဲလို့ရတယ်။ ပီးတော့ခြေထောက်တွေကိုလဲ ကားလို့ရတယ်။

2) Disadvantages of using a tripod

ထရိုင်ပေါ့မှာ ကောင်းတဲ့အချက်တွေရှိသလိုမကောင်းတာတွေလဲရှိတယ်။ ကောင်းဆိုးဒွန်တွဲနေတယ်ဆိုပါတော့ဗျာ။

၁။ကာဘွန်ဖိုင်ဘာမတက်နိုင်သေးရင် သေချာတယ် ပရိုထရိုင်ပေါ့ဆိုလေးပီသာမှတ် ပီးတော့ Head မှာcarbon-fiber head ဆိုပီးမထွက်သေးလို့သေချာပေါက်အလေးကြီးဖြစ်မယ် headက။

 

၂။ ထရိုင်ပေါ့ကဘယ်လောက်ပဲခေါက်ခေါက်နေရာတခုတော့ယူနေသေးတယ် ကင်မရာအိတ်မှာ။

၃။ လူတွေကြားသွားမယ်ဆို ဟိုထိဒီထိဖြစ်နိုင်တယ်ဗျ သတိထား အကုန်ပတ်တောင်းပန်နေရမယ် ။

၄။ ဈေးကြီးမယ် ခြောက်တာမဟုတ်ဘူးတယ်တကယ်ပရိုထရိုင်ပေါ့တွေက ၂သိန်းကနေ ၁၀သိန်းကျော်ထိရှိတယ်။

၅။ထရိုင်ပေါ့မော်ဒယ်ပေါ်မူတည်ပီးတော့ set up လုပ်ရတာမြန်တာရှိမယ်နှေးတာရှိမယ်။

၆။ ကြောက်ဖို့အကောင်းဆုံးအချက် ထရိုင်ပေါ့ သေသေချာချာကင်မရာဝန်ကိုမထမ်းနိုင်ရင် ဒါမှမဟုတ်ball head failure ဖြစ်ရင် လန့်ကွဲနိုင်သည်ကင်မရာကွဲနိုင်သည်။

3) Factors to consider when choosing a tripod

ထရိုင်ပေါ့တစ်ချောင်းဝယ်ဘယ် ဘယ်မှာဝယ်ရမယ်ဆိုတာထက် ဘယ်လိုဟာကိုရွေးချယ်ရမယ်ဆိုတာက အရေးကြီးပါတယ်။ ဘယ်ချက်တွေ ကို ကြည့်ပီးဝယ်မလဲပေါ့ဗျာ။ ကျွန်တေ်ာအပေါ်မှာပြောခဲ့သလိုပေါ့ဗျာ ကျွန်တော် ဟိုးအရင်တုန်းကထရိုင်ပေါ့များစွားသုံးဖူးတဲ့အကျိုးကျေးဇူးက ထရိုင်ပေါ့ဝယ်ရင်ဘာတွေဘာဘာတွေကို ကြည့်ပီးကျွန်တေ်ာ့အတွက်ဘယ်ဟာလိုတာလဲ ကြည့်တက်လာတယ်။ ဆိုင်တစ်ဆိုင်ရောက်ရင်ရွေးချယ်စရာတွေကလဲများသကိုး။ ချမ်းအေးဝင်းသီချင်းလိုပေါ့ဗျာ သေးသေးလေးပဲလားကြီးကြီးလားဆိုတာမျိုးလေ။ ပီးပေါ့တာလားလေးတာလား။ ကဲဗျာ ဝယ်ဖို့စဉ်းစားရမှာတစ်ချက်ချင်းသွားရအောင်။

Weight Rating (ဘယ်လောက်ဝိတ်အတင်ခံနိုင်လဲ)

ဒါကတော့ကျွန်တေ်ာ ထရိုင်ပေါ့ ဈေးတံဆိပ်ကိုမကြည့်ခင် ပြေးကြည့်တဲ့ဟာပါ ။ ဘယ်လောက်ဝိတ်ကို ထရိုင်ပေါ့က ခံနိုင်တာက ၁၀ kg ဆိုပါတော့ဗျာ ကင်မရာနဲ့ ကိုယ့်မှာရှိတဲ့အလေးဆုံးလန့်က 6kg ဆို အိုကေ အဲ့လိုမှမဟုတ် ကင်မရာနဲ့လန့်က ၁၁ kg ဆိုရင် အဆင်မပြေတော့ဘူးလေ။ ဘယ်နှစ် KG ဒါမှမဟုတ်ဘယ်နှစ်ပေါင် အတင်ခံနိုင်သလဲဆိုတာကိုအရင်ကြည့်ပါ ထရိုင်ပေါ့ရဲ့ဘူးမှာရေးကိုရေးထားပါတယ်။ တချို့လူတွေက မှားဝယ်ကြတယ် တကယ့် DSLR ဟဲဗီးကြီးတွေအတွက်မဟုတ်တာတွေအဲ့တော့ဘာဖြစ်လဲဆိုတော့ကာ ကင်မရာပြုတ်ကျတာတို့လန့်အတ်သွားတာတို့ဖြစ်ပါလေရော ။ အဲ့တော့ကာ အနဲဆုံး ကိုယ့်ရဲ့ကင်မရာနဲ့ လန့်ထက် ပိုပီးအတင်ခံနိုင်တဲ့ထရိုင်ပေါ့ဝယ်သင့်တယ်ဗျ။ ဥပမာဗျာ ကင်မရာနဲ့လန့်က ၅ kg ဆိုရင် ဝယ်သင့်တဲ့ ထရိုင်ပေါ့က ၁၀ kg အတင်ခံနိုင်တာဝယ်သင့်တယ်ဗျ အနဲဆုံးတော့ 7-8 kg အတင်ခံနိုင်တာပေါ့ဗျာ။ ဘာလို့ကျွန်တော်အဲ့လိုပြောရလဲဆိုတော့ တခါတလေ Flashကြီးကို ကင်မရာပေါ်မှာတပ်ထားပါပီတဲ့ ပိုလေးလာပီ ။ ဘတ်ထရီဂရစ်ထပ်တပ်ထားပါပီတဲ့ ပိုလေးလာပီ။ Flilter holder တွေ တပ်ထားပါပီတဲ့ပိုလေးလာပီအဲ့လိုတွေရှိတော့ ကိုယ့်လက်ရှိအလေးချိန်ထပ်ပိုပီးခံနိုင်ရည်ရှိတဲ့ထရိုင်ပေါ့ကို စပီးရွေးချယ်သင့်တယ်။ အဲမမေ့နဲ့ဦးဗျ ကျွန်တော်တို့ကင်မရာကိုထရိုင်ပေါ့ပေါ်တင်ပီးကျွန်တေ်ာတို့ကကင်မရာကိုကိုင်တဲ့အချိန်မှာလဲ hand pressure ကလဲရှိသေးတယ်။

ဝိတ်ဘယ်လောက်ခံနိုင်လဲဆိုတာကလဲ အရေးကြီးတယ်နော်

Tripod Height (ဘယ်လောက်မြင့်မြင့်လဲ)

ဒါကလဲအရမ်းအရေးကြီးတယ်ဗျ ဘာလို့တုန်းဆိုတော့ဗျာ ကိုယ့်အရပ်အမြင့်နဲ့ ထရိုင်ပေါ့ရဲ့အမြှင့်နဲ့ကဆက်နွယ်မှူ ရှိတယ်ဗျ ဘာလို့တုန်းဆိုတော့ အကယ်ရျ်ထရိုင်ပေါ့ရဲ့ အမြင့်ဆုံးအတိုင်းအတာက ကိုယ့်ထက်နိမ့်နေမယ်ဆိုရင် အဘိုးကြီးအိုခါးကုန်းကုန်းဖြစ်နေမယ်လေ တခုခုလုပ်ဖို့ view finder ကနေချာင်းဖို့ကိုကုန်းနေရတော့မယ် (ခါးနာတက်တယ်) အဆင်မပြေဘူးလေ။ ကင်မရာထရိုင်ပေါ့မှာတပ်လိုက်ပီဆိုတာနဲ့ ကိုယ့်ရဲ့ မျက်လုံးနဲ့မလှမ်းမကမ်းမှာရှိသင့်တယ်လေ viewfinder က။ မြှင့်နေရင်ကိစ္စမရှိဘူးဗျဘာလို့တုန်းဆိုတော့ ထရိုင်ပေါ့ရဲ့ အောက်က ခြေထောက်တွေကတိုလို့ရှည်လို့ရလို့ပဲဗျ။ ဒါပေမယ့်ဗျာ ထရိုင်ပေါ့ရဲ့အမြင့်ဆုံးက ကိုယ့်ထက်အများကြီးနိမ့်နေမယ်ဆိုရင်တော့ အဘိုးကြီးအိုခါးကုန်းကုန်းဖြစ်တော့မှာပဲဗျာ ။ အခုကိစ္စမှာငှက်ရိုက်တဲ့သူတွေဝယ်တဲ့ အိုင်ဒီယာက ထရိုင်ပေါ့မြင့်မြင့်ဝယ်တယ် ကင်မရာတင်လိုက်တာနဲ့ သူတို့ မျက်နာနဲဲ့ကင်မရာနဲ့ကွက်တိ အဲ့ကလိုရှိတယ်ဗျ။ ထရိုင်ပေါ့သွားဝယ်တဲ့နေ့မှာ ကင်မရာမပါသွားဆိုအလွယ်တိုင်းနည်းရှိတယ်ဗျ ထရိုင်ပေါ့ရဲ့ head က သင့်ရဲ့ မေးစေ့နားမှာဖြစ်ပစေ ဒါဆို ကင်မရာတင်လိုက်ရိုင်ကွက်တိလေ ဟုတ်ဘူးလား အဲ့လိုတိုင်းရင်အဆင်ပြေတယ်ဗျ။ ဒါပေမယ့် Head မပါပဲ leg ချည်းပဲဝယ်မယ်ဆိုရင်ကော ဟုတ်တယ်လေတချို့ ပရိုထရိုင်ပေါ့တွေက ခြေထောက်ချည်းရောင်းတာတွေရှိတယ်လေ။ အဲ့ဆိုရင်အဲ့ထရိုင်ပေါ့ရဲ့အမြင့်ဆုံးက ကိုယ့်ပခုံးလောက်ရှိရင်အိုကေပီ။ ဒါမှ Head လဲတပ်ရော အိုကေရောဖြစ်မှာလေ။ ဒါပေမယ့်ဗျာ မြင့်လေလေ အဆစ်နည်းပီးခိုင်တဲ့ထရိုင်ပေါ့ဆိုရှည်လေလေဗျ သယ်ရတာတော့ကသိကအောက်ဖြစ်နိုင်တယ်ဗျ။ အဆစ်များရင်ကောဆိုတော့ အောက်ဆုံး အဆစ်က သေးနေတော့ တုန်တက်တယ်လေ။ ဘယ်လိုပဲပြောပြောဗျာ ထရိုင်ပေါ့ဝယ်မယ်ဆိုရင် ဒီအချက်ကအရေးပါတယ်ဗျ။

ဘယ်လောက်မြင့်မြင့်လဲ

Tripod Weight and Construction (အလေးချိန်နဲ တည်ဆောက်ပုံ)

အပေါ်မှာကျွန်တေ်ာပြောခဲ့ဘူးသလိုပဲထရိုင်ပေါ့ ရဲ့ဝိတ်ကလဲအရေးပါတယ်လို့။ ထရိုင်ပေါ့အလေးကြီးကိုသယ်ပီးပတ်သွားနေတဲ့သူလဲ ထရိုင်ပေါ့ ပေါ့ပါးတာလေးကိုလိုချင်တာပဲ ။ ဝယ်ရင်လဲ အဲ့တာကြောင့် ကိုယ်သယ်နိုင်တဲ့အလေးချိန်ဖြစ်အောင် ကြည့်ရမယ်မဟုတ်ရင် ၃လေးခါသုံးပီးရင်လေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့သုံးးဖြစ်မှာမဟုတ်တော့ဘူးဗျ။ ထရိုင်ပေါ့တွေရဲ့ material ကလဲအရေးပါတယ်ဗျ။ အကယ်ရျ် အလှူမီနီယမ် တို့စတီးတို့ဆို နဲနဲလေးသေးတယ် carbon fiber ဆိုရင်ပေါ့မှပေါ့ ဗျာ ပေါ့သလောက်ဈေးကလဲကြီးသကိုးဗျ။ကာဘွန်ဖိုင်ဘာက အကြမ်းလဲခံမှခံဗျာပီးတော့ သံချေးတက်တာတွေဘာတွေလဲမရှိဘူးလေ။ တချို့တခါတလေပင်မှာထရိုင်ပေါ့ကြီးထောင်သွားရိုက်ပီးတော့ ပြန်လာတော့ သံချေးလေးတွေလိုက်လာတာတွေဖြစ်တက်တယ်လေ ကာဘွန်ဖိုင်ဘာကအဲ့တာတွေမဖြစ်ဘူးဗျ။ ဈေးလေးကြီးနေတာတခုပဲ။ ကျွန်တော်ဘာလို့ဝိတ်နဲ့တည်ဆောက်ပုံကိုလဲကြည့်ရွေးချယ်ပါလို့ပြောတာလဲဆိုတော့ဗျာ ကျွန်တေ်ာဟိုးအရင်ကထရိုင်ပေါ့တစ်ချောင်းဝယ်သုံးဘူးတယ် Ball Head နဲ့ အမာစားအလေးကြီးပေါ့ဗျာ ။ ဓာတ်ပုံရိုက်ဖို့သွားတုန်းက လေးတာကမသိသာဘူး ပြန်လဲပြန်လာရော ခါးကိုကုန်းရောပဲ လေးလို့။ ကာဘွန်ဖိုင်ဘာက အပေါ့ဆုံးပဲဗျ သူ့နောက်လိုက်တာက အလူမီနီယမ် ဗျ သူက ကာဘွန်ဖိုင်ဘာထက်တော့ပိုလေးတယ် ဟိုဗျာ ဈေးသက်သက်သာသာနဲ့ ကင်မရာဝယ်ရင်လက်ဆောင်ထည့်ထည့်ပေးတဲ့ထရိုင်ပေါ့မျိုးဆိုရင် အဲ့တာအလူမီနီယမ်ဗျ။သူကတော့ပေါ့တယ် ဒါပေမယ့်အကြမ်းမခံဘူး နောက်တခုက စတီးလ်တို့ သံတို့နဲ့လုပ်တာ အရမ်းကြံ့ခိုင်တယ် တကယ့်အကြီးစားထရိုင်ပေါ့ဆိုလူတောင်ခိုလို့ရတယ်။ များသောအားဖြင့်တော့ cinematographer တွေသုံးကြတာများတယ် နေရာချရတာကိုတော်တေ်ာလေးနေပါပီ ။ အဲ့တော့ဗျာ Head မပါပဲ ဘယ်လောက်လေးသင့်လဲဆိုတာ Head ပါရင်ဘယ်လောက်လေးသင့်တယ်ဆိုတာကိုရောက်လာပီ ။ ရိုးရိုးထရိုင်ပေါ့ဆိုရင် သာမန်ဆိုရင် Headမပါပဲ 5 ပေါင် ဒါမှမဟုတ် ၆ပေါင်လောက်ပဲလေးသင့်တယ်။ ကာဘွန်ဖိုင်ဘာတွေတော့ပြောစရာမလိုချိန်လိုက်ရင် 3 ပေါင်က နေ ၄ပေါင်ပဲရှိလို့။ အလူမီနီယမ်ဆိုရင် ၅ပေါင်မှ ၆ပေါင်အထက်ပေါ့ဗျာပေါ့တာမှန်ပေမယ့် အလေးချိန်ကိုဂရုပြုသင့်တယ်။ ပီးတော့ သူတို့ ဝိတ်ဘယ်လောက် ခံနိုင်ရည်ရှိသလဲဆိုတာကလဲအရေးပါတယ် ဝိတ်ကတော့ပေါ့ပါရဲ့ ခံနိုင်ရည်က ကိုယ့်မှာရှိတဲ့အလေးဆုံးလန့်နဲ့မကိုက်ဘူးဆို စဉ်းစားမနေနဲ့ မဝယ်နဲ့။

 

Tripod Legs (ခြေထောက် )

များသောအားဖြင့်တော့ ပုံစံနှစ်မျိုးနဲ့လာတယ်ဗျ အခုပုံကလို လက်နဲ့လှည့်ကျပ်ရတာမျိုးရယ်ပီးတော့ခလုတ်နဲ့ဖိလိုက်တာမျိုးရယ် ။ carbon fiber ခြေထောက်တွေအကုန်လုံးကတော့ပိုက်လုံးပုံစံအဝိုင်းနဲ့လာပီးတော့ ကျန်တဲ့အလူမီနီယမ်တို့ စတီးလ်တို့က တော့ ပုံစံမျိုးစုံနဲ့လာတယ်။ ကျွန်တော့် personally ဘာကိုကြိုက်သလဲဆိုရင် ခလုတ်နဲ့ဖိလိုက်ရတာ့ flip lock ပုံစံကိုပိုကြိုက်တယ်ဗျ လက်နဲ့လှည့်ကျပ်ရတာကိုကြိုက်ဘူးဗျတခါလေတိုတိုဝင်သွားလို့ ကျပ်ထားတာမလုံလောက်ရင်။ ခြောက်ထောက်က အဆစ် ၂ ဆစ်ကနေ ၅ ဆစ်အထိရှိတယ် အဲ့တာကလဲ ကိုယ်ကြိုက်ရာကြိုက်ရာပါတခုပဲသတိထားရမှာက အဆစ်များလေလေ stable မဖြစ်လေဆိုတာပါပဲ။

 

Tripod Feet ( ထရိုင်ပေါ့ရဲ့ဟိုးအောင်ဆုံးမြေကြီးပေါ်ထောက်မယ့်ဟာ)

ဒါကတော့ အစာစားပါပဲ။ တချိူ့ ခြေထောက်တွေက မြေပြင်ပေါ်ချလိုက်ရင်လိုက်ရောညီထွေလေးဖြစ်တယ် ပီးတော့တချို့က လှည့်လိုက်ရင်သံချွန်လေးထွက်လာတယ် အစာစားပဲ။ ကိုယ်ကဘာရိုက်မှာလဲဆိုတာနဲ့ဆုံးဖြတ်ရမယ်ဗျ Landscape သမားဆိုရင် ရာဘာခြေထောက်လေးပါရင်ပိုအိုကေတယ်။မဟုတ်လို့ indoor သမားဆိုရင် သံချွန်ပါတာမရွေးမိစေနဲ့ဗျ မတော်မစ ကြမ်းခင်းတွေအစင်းရာတွေဖြစ်တက်တယ်ဗျ။ သံ ချွန်လေးပါတာက ဘယ်နေရာတွေမှာအိုကေလဲဆိုတော့ကာ ချောတဲ့နေရာတွေဥပမာ ကမ်းခြေလိုနေရာမျိုးတွေ ရေညှိရှိတဲ့နေရာတွေဆို သံချွန်လေးကသိပ်အသုံးဝင်တာဗျ ချော်မှမချော်တော့တာကိုး။

 

Center post (အူတိုင် / အလယ်တိုင် )

 

တချို့ထရိုင်ပေါ့အမျိုးအစားတွေက center post လို့ခေါ်တဲ့ အူတိုင်ပါတယ်ဗျ သူကနေထပ်ပီးမြင့်အောင်မြှင့်လို့ရသေးတယ်ကင်မရာကို။ အပေါ်မှာကျွန်တော်ပြောခဲ့သလို ဝယ်ရင်မေးစေ့ထိမရှိရင်အဲ့အူတိုင်ပါသလားကြည့်ပေါ့ဗျာ။ ကျွန်တေ်ာကတော့ ဒီအူတိုင်ပါတာကိုကြိုက်တယ်ဗျဘာလို့တုန်းဆိုတော့ အနိမ့်အမြင့်ချိန်ရတာကိုကြိုက်လို့ဗျ။ ဒါပေမယ့်ဗျာ တချို့ တကယ့် ပရိုကြီးတွေကတော့ မကြိုက်ကြဘူးရှိတယ် သူတို့က လန့်အရမ်းအကြီးကြီးတွေသုံးတော့ အူတိုင်ပါတာကို မကြိုက်ဘူး အူတိုင်ပါရင် ပိုလှုပ်တယ်လို့ထင်ကြတယ်။ ဒါပေမယ့်ဗျာ Manfrotto တို့ Benro တို့လို အူတိုင်ကို flip လုပ်လို့ရတာတွေဆိုရင်ကောလေ ဟုတ်တယ်လေ အဲ့တာတွေဆိုအဆင်ပြေမှပြေပဲဗျာ။ အဲ့တော့ဗျာ အူတိုင်ပါတာကို ရွေးဝယ်ဖို့အားပေးတယ် ။အဲ့အူတိုင်မှာချိတ်ပါရင်ပိုအိုကေပီလေ 🙂

 

Tripod Head(ထရိုင်ပေါ့ခေါင်း )

အလဲ့လူလိုပဲဟ ခေါင်းတွေခြေထောက်တွေ နဲ့ဟဆိုပီးတွေးနေရောပေါ့။ ဟုတ်တယ်ဗျ head ကလဲအရမ်းအရေးကြီးတဲ့ထဲမှာပါတယ်ဗျ။ ဒါပေမယ့် ဒီကောင်ကအရေးအကြီးဆုံးပဲဗျ ကင်မရာနဲ့လန့်ကိုဘယ်သူ့ပေါ်မှာတင်မလဲလေ။ Head ပဲပေါ့သူ့ပေါ်မှာတင်ရမှာ။ Head ရဲ့တာဝန်က ကင်မရာနဲ့လန့်တွေကိုသူ့ပေါ်တင်လာပီဆိုရင် တည်ငြိမ်နေအောင် ထိန်းပေးထားရမှာလေ။ အကယ်ရျ် ထရိုင်ပေါ့ခြေထောက်ချည်းဝယ် ပီးမှ ထရိုင်ပေါ့ Head ဝယ်တယ်ဆိုရင်ဒါတွေက စဉ်းစားချိန်ပိုလို့တောင်ရသေးတယ်ဗျား။ သူ့မှာလဲ ဝိတ်ဘယ်လောက်ခံနိုင်လဲဆိုတာရှိတယ်အဲ့တာလေးကို မဝယ်ခင်ကိုယ့်ရဲ့ အလေးဆုံးကင်မရာ set up နဲ့တင်ကြည့် ဥပမာဗျာ တယ်လီတပ်ပီးတင်ကြည့် ဖြည်းဖြည်းချင်းငိုက်ကျလာတယ်ဆိုမဝယ်နဲ့တော့။

 

ထရိုင်ပေါ့ head အမျိုးအစား ၃မျိုးရှိတယ်လို့ လေ့လာဘူးတယ်ဗျ ။

1. Pan-Tilt Head လို့ခေါ်တဲ့ ကင်မရာဝယ်ရင်လက်ဆောင်ပေးတဲ့လက်ကိုင်ပါတဲ့headမျိုး။ ရုပ်ရှင်ရိုက်တဲ့ဟာလို နောက်ကနေ ချိန်ညှိလို့ရတယ် အနိမ့်အမြင့်ကိုပီးတော့ ပတ်ပတ်လည် 360 လဲလှည့်လို့ရတက်တယ်။တကယ့် brand တွေမှာသုံးတာတော့တွေ့ဘူးဘူး ဈေးသက်သာတဲ့အလူမီနီယမ်ထရိုင်ပေါ့တွေမှာသုံးတာပဲတွေ့ဘူးတယ်။

2. Ball-Head –ဒီကောင်ကျတော့ရှင်းတယ်ဗျ အပေါ်ကကောင်နဲ့ယှဉ်ရင် တုတ်ချောင်းတွေ ဘာတွေမပါလာတော့ဘူး အဲ့ Ball ကိုထိန်းဖို့ပဲ controller ပါလာတော့တယ် ချောင်လိုက်ကျပ်လိုက်နဲ့ကစားပေးပီးတော့ အလုပ်လုပ်တယ်ဗျ တခါက Vangard မှာတခါတွေဘူးတယ် ball head ကိုပဲ handle နဲ့လာတာ ကျွန်တော်သုံးဘူးသေးတယ် အဆင်တော့ပြေတယ်ဗျ။ Ball head မှာနည်မည်ကြီးတွေက Manfrotto တို့ Gitzo တို့ ပီးတော့ Benro တို့ဗျ။

3. Gimbal Head – ဒီကောင်က တော့ ငှက်ရိုက်တဲ့သူတွေ ပီးတော့ sport photography သမားတွေ တကယ် ဟဲဗီးလန့်ကြီးတွေ သုံးရတဲ့လူတွေ အချစ်တော်ဗျ ။ ဘာလို့တုန်းဆိုတော့ ball head တွေနဲ့ယှဉ်ရင်ဒီကောင်က အလုပ်လုပ်ရတာ ပိုပီး smooth ဖြစ်တာကိုးဗျ။ ပီးတော့ဘာလို့ စပေါ့သမားတွေ ငှက်သမားတွေကြိုက်လဲသိလားဗျ ဘာလို့တုန်းဆိုတော့ သူက ထရိုင်ပေါ့ပေါ်မှာ တခါ ကျပ်ပီးထားရင်လွတ်လွတ်လပ်လပ်လှုပ်လို့ရတာဖြစ်လု့ိball head တွေလို ခဏခဏ ပြန်ကျပ်ပေးစရာမလိုဘူးလေ။

ကျွန်တော် စရိုက်တုန်းကလား မမေးနဲ့ ဟိုးအပေါ်ဆုံး နံပါတ်၁ နဲ့ စရိုက်ခဲ့တာဗျ ဆိုင်ကလက်ဆောင်ပေးတာကိုး အခုထိရှိသေးတယ် ဒါပေမယ် သိပ်မကြာပါဘူး ထရိုင်ပေါ့မာမာဆိုတာက ကိုယ့်ကင်မရာတွေလန့်တွေရဲ့အသက်လို့နားလည်လာတာနဲ့ ကျွန်တော် ball head ပြောင်းသုံးလိုက်တယ်ဗျ။

Ball Head ဆိုတာ

Gimbal Head

Quick-Release System

ကျွန်တေ်ာတို့ DSLR တွေပဲဖြစ်ဖြစ် Point and shoot လေးတွေပဲဖြစ်ဖြစ် အောက်ဘက်မှာ ထရိုင်ပေါ့ ပလိပ်တပ်ဖို့ ဖြစ်ဖြစ် မိုနိုပေါ့တပ်ဖို့ပဲဖြစ်ဖြစ် မူလီရစ်အပေါက်လေးပါတယ်လေ။ အဲ့ system လေးကြောင့်ပဲ ထရိုင်ပေါ့နဲ့ ကင်မရာကိုဆက်သွယ်ပေးလို့ရတာ။ အခုနောက်ပိုင်း ထရိုင်ပေါ့ထုတ်လုပ်သူတွေအကုန်လုံးက ထရိုင်ပေါ့ mount plate လေးထည့်ပေးလာကြတယ် အရင်ခေတ်က လိုထရိုင်ပေါ့ကြီး တိုက်ရိုက်တပ်စရာမလိုတော့ဘူးလေ။ အခုပြောမှာက အဲ့ mount plate လေးကို ဘယ်လောက် secure ဖြစ်မလဲဆိုတာပါပဲ။ မဖြစ်လို့ရှိရင်လာ ကင်မရာ အက်မယ်လန့်ကွဲမယ်လေ ( ဒါနဲ့ပဲဖြဲဖြဲခြောက်နေတာ) ။ ထရိုင်ပေါ့ အဲ့ဒီ mount plate လေးဖြုတ်တပ်တဲ့ systemတွေထဲမှာ နာမည်အကြီးဆုံးက Arca-Swiss Quick Release System ပဲဗျ။ အဲ့တာကို ၁၉၉၀ လောက်က Arca-Swiss ဆိုတဲ့ company တခုကထွင်ခဲ့ပီးတော့ အခုထိ ပေါပြုလာဖြစ်တုန်းဆိုပါတော့ဗျာ။ အကောင်းဆုံး quick release system လို့တောင်ပြောလို့ရတယ်။ သူက အဲ့ဒီ့ plate လေးကို ကင်မရာမှာတပ်ပီးရင်ထရိုင်ပေါ့မှာတပ်ပီးကျပ်လိုက်ရင်တသားထဲပဲလေမလှုပ်တော့ဘူး။

 

Quick-Release System

Stability (ဘယ်လောက်တည်ငြိမ်မလဲ)

ထရိုင်ပေါ့ကြီးကလေးလို့ တည်ငြိမ်မယ်ဆိုတာမဟုတ်ပါဘူးသူလဲတခါတလေဆိုလှုပ်ပါတယ်။ ဒါဆိုဘယ်လိုဟာမျိုးကိုတည်ငြိမ်တယ်လို့ပြောတာလဲဆိုတော့ကာ ထရိုင်ပေါ့ကို ခြေထောက်တွေအကုန်ထုတ်ပီးလို့ ထောင်ထား လေ ရေ စသဖြင့်တခုခုလေတိုက်ရင်ပဲဖြစ်ဖြစ် ရေလှိုင်းလိုဟာမျိုးပုတ်ရင်ပဲဖြစ်ဖြစ်မလှုပ်တဲ့ဟာမှဖြစ်မယ်လေ။ ဒါပေမယ့်ဗျာတခါတလေ ကင်မရာကို balance ကျကျတင်တာမျိုးလဲဆိုင်တယ်ဗျ ဥပမာဗျာတပ်ထားတာက 70-200 လိုအလေးကြီး ထရိုင်ပေါ့ကို လန့်မှာမတပ်ပဲဘော်ဒီမှာတပ်ထားပြန်ရင်လဲ စတေဘယ်လတီနဲမှာပဲဗျ။ basic knowledge ပေါ့ဗျာ။ ပီးတော့ ကင်မရာလွယ်ကြိုး တပ်ထားရင်လေတိုက်တော့လိုက်လုှပ်နေဦးမှာပဲဗျ။ တချိုက အူတိုင်ပါတဲ့ထရိုင်ပေါ့တွေက အလေးချိတ်လို့ရတယ် အဲကလိုဆိုလဲပိုပီး ငြိမ်မယ်ဗျ။

Which tripod should you buy? ဘယ်ထရိုင်ပေါ့ဝယ်ရမလဲ ?

 

အခုလောက်ဆိုရင်တော့ စဉ်းစားရမယ့်အချက်တွေလဲ တီးမိခေါက်မိရှိပီထင်ပါတယ်။ ကိုယ်ရိုက်မယ့်အမျိုးအစားပေါ်မူတည်ပီးတော့ ရွေးချယ်လို့ရပီပေါ့လေ။ တချို့ဘော်ဒါတွေထဲမှာလဲရှိတယ် ထရိုင်ပေါ့ ဈေးသက်သက်သာသာနဲ့ ရတာကိုဝယ်လိုက်တယ်နောက်သူတို့ တကယ်လန့်အကြီးကြီးတွေလဲဝယ်ရော အဲ့ဝယ်ထားတဲ့ထရိုင်ပေါ့ကိုပါလိုက်လဲရတယ်။ ကျွန်တော်အကြံပေးချင်တာက အစဝယ်ကတည်းက ကိုယ့်မှာရှိတဲ့ကင်မရာလန့်ဝိတ်ကို ခံနိုင်တာထက် ပိုပီးခံနိုင်တာကိုဝယ်ထားဖို့ပါ။ ကျွန်တေ်ာလဲ ကိုယ့်ဟာကိုပတ်ဝယ်ရင်းနဲ့ထရိုင်ပေါ့တွေစုမိပီးတော့ငွေတော်တော်ကုန်ခဲ့ဘူးတယ်ဗျာ။နောက်ဆုံးမှ ကိုယ်နဲ့အဆင်ပြေတာကိုတွေ့သွားတာ။ အကယ်ရျ်ကိုယ်က ထရိုင်ပေါအမြဲမသုံးဘူးဆိုရင်တော့အိုကေပေါ့ဗျာ ဒါပေမယ့်ဗျာ Landscape သမားဆိုရင်တော့ လိုကိုလိုပီလေအဲ့တော့ ဝယ်ပါ ကောင်းတာကိုတခါတည်းဝယ်ပါ။ ကားလို့ရတာကိုလဲထည့်စဉ်းစားနော်ဗျ low angle ရိုက်မယ်ဆိုရင် အဆင်ပြေမယ်လေ။

မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ ။ သူငယ်ချင်းတစ်ယောက်
( ကျောင်းတူတူတက်ခဲ့တဲ့ရန်ကုန်သား ) မေးတာလေးသတိရလို့ ရေးဖြစ်သွားပါတယ်။

အားလုံးအဆင်ပြေနိုင်ကြပါစေဗျာ။