မင်္ဂလာပါ ကျွန်တော်ကောင်းကောင်းပါ ။
Long exposure ဆိုတာတကယ်တော့ ကင်မရာ က သူရဲ့ sensor ပေါ်ကို lesns က ဖြတ်လာတဲ့ အ လင်းလုံလုံလောက်လောက်မရလို့ လုံလုံလောက်လောက်ရအောင် ကြာကြာ Shutter ကို ဖွင့်ထားတာကိုခေါ်တာပါ ။ အဲ့တော့ shutter ဖွင့်ထားတဲ့အချိန်က နဲနဲကြာတယ်ပေါ့ဗျာ ။ Long exposure နဲ့ရိုက်တဲ့ပုံအမျိုးအစားတွေအများကြီးရှိပါတယ်။ နေ့မှာလဲ filter တွေသုံးပီးရိုက်လို့ရသလို ညမှာလဲ aperture ကျယ်ကျယ် (f2.8 တို့ f3.5တို့လို အလင်းတံခါးကျယ်ကျယ်ဖွင့်တာကိုပြောတာ) ဖွင့်ပီး ရိုက်လို့ရပါတယ်။ Long exposure နဲ့ပတ်သတ်ပီးလိုတာလေးတွေအရင်ပြောမယ်ဗျာ သေချာတာက –
၁။ Tripod
၂။ cable release
၃။ Lens
၄။ Extra Camera Batteries သေချာပေါက်ကိုလိုမယ့်ဟာတွေပါ ။
၅။ ကင်မရာဗျို့ ကင်မရာ DSLR that allow for long exposure ဟီးအဓိကမေ့သွားလို့ ။
နေ့ဘက်နဲ့ညနေ တွေမှာရိုက်မယ်ဆိုရင်တော့ကင်မရာကလင်းနေတယ်လို့ယူစမှာဖြစ်တဲ့အတွက် Filter တွေသုံးဖို့လိုလာပါပီ ကင်မရာ metering ကို trick ရတာပေါ့ ဟဲ့ဆန်ဆာတွေ့လားနေ့ကြီးပေမယ့်အပြင်မှာမှောင်နေတယ် ရှက်တာကြာကြာဖွင့်စမ်းအလင်းကောင်းကောင်းရအောင်ဆိုတာမျိုးပေါ့ ။ များသောအားဖြင့် Long exposure ကို ညနေဘက်တွေနဲကညဘက်တွေမှာရိုက်ကြတာများပါတယ်။ ကင်မရာရှက်ကိုကြာကြာဖွင့်ထားတာကြောင့်ရွှေ့လျှားနေတဲ့အရာတွေကဝါးသွားပါတယ်။ ရေတွေဆို ပိုးသားပြင်ကြီးလိုဖြစ်သွားတယ်တိမ်တွေဆိုလဲတိမ်မျှင်တွေဖြစ်သွားတယ်။ Long exposure photography က သာမန် photography technique တွေ မလုပ်တဲကအလုပ်တစ်ခုကိုဖန်တီးတယ် အဲ့တာကတော့အချိန်ယူတာပါပဲ ။ ဘာလို့ Long exposure ကိုရွေးလဲဆိုတော့ သူက လုံး၀ Magic ပဲ မှော်ဆန်တယ် ဖန်တီးမှူ ကို ဘယ်လိုဖြစ်လာမယ်ဆိုတာကို မျက်စိနဲ့အရင်ဆုံးဖြတ်ရတယ်ပီးမှ Result ကိုမြင်ရတာ။ ဒီလိုနေဒီလိုရိုက်ဒီလိုထွက် ဆိုတဲ့ typical နည်းတွေထဲကနေ ရုန်းထွက်နေတယ်။ စိတ်ကပဲဖန်တီးမှူ ကိုအရင်မြင်နေရတာလေ ။ ကျွန်တော်တို့မျက်လုံးနဲ့long exposure ရိုက်လို့မရဘူးလေ။ ကျွန်တေ်ာ့အတွက်ဆိုရင်တော့ ဒါဟာ အနုပညာဆန်တဲ့ဖန်တးီမှူတွေလို့မှတ်ယူတယ် ။
Typical long exposure genres
ကျွန်တေ်ာမှတ်သားမိသလောက်ဆိုရင် နည်မည်ကြီး Long exposure ရိုက်တာ ၅ခုရှိမယ်ဗျ။
• Landscapes –ရွှေ့လျှားနေတဲ့တိမ်တွေ လိုမျိုး
• Seascapes –ပိုးသားပြင်ကြီးလိုဖြစ်သွားတဲ့ရေပြင်ကျယ်တွေလှိုင်းတွေ
• Architecture –အဆောက်အဦးတွေပေါ်က ဖြတ်သွားတဲ့တိမ်တွေနဲ့တူ ဒါမှမဟုတ် Cityscape
• People – ဒါကတော့ street photography မှာ အသုံးများတယ်လူတွေကဝါးပီး Ghost like appearances တွေဖြစ်သွားတာ ။
• နောက်တခုက Star photography aka Galaxy shot ပေါ့ဗျာ
ဒါတွေကတော့ပေါ်ပြူလာအဖြစ်ဆုံး Long exposure အဖြစ်ဆုံး နည်းတွေပါ ဒါပေမယ့် Long exposure က ဖန်တီးမူတွေ Unlimited လုပ်လို့ရတယ်ဆိုတာမမေ့ပါနဲ့။ အပြင် မှာ long exposure ရိုက်လို့ရတဲ့နည်းတွေအများကြီးပါ ကင်မရာကို လိုအပ်တဲ့အလင်းပမာဏတိတိကျကျရဖို့ပဲခက်တာပါ။ စိတ်ရှည်ဖို့နဲ့ဘယ်လိုရိုက်ရမယ်ဆိုတာသိဖို့လဲအရေးကြီးသဗျ။ ကင်မရမှာ BULB mode ပါတာဆိုပိုကောင်းတယ်ပေါ့ဗျာ။ Bulb mode မပါတဲ့ကင်မရာတွေအတွက်က Manual mode ကိုအရင်သွားပါပီးရင် shutter speed ကိုချိန်ပါ အဲ့မှာလှည့်ရင်းလှည်ရင်း ၃၀ ဆိုတာရဲ့နောက်မှာ BULB ဆိုပီးရှိပါတယ်။ ထရိုပေါ့ဆိုရင်လဲ ခိုင်ခိုင်မာမာဆိုရင်ပိုကောင်းပါတယ် ခနောနီခနော်နဲ့ ၃သောင်းတန်လောက်ဆိုရင်တော့ Long exposure လုပ်နေတဲ့အချိန်မှာ ဝါးသွားတွေshake သွားတာတွေဖြစ်နိုင်ပါတယ်။ အမြဲတမ်းBulb နဲ့ရိုက်နေရမယ်လို့တော့မဆိုလိုပါဘူး ။ shutterကိုကစားကြည့်ပေးပေါ့။ တကယ့်ကိုအလင်းပမာဏနဲနဲလေးနဲ့ပုံဖော်သွားတာပါကင်မရာ က ။ သင်ကိုယ်တိုင် Shutter ISO Aperture တွေရဲ့ အကောင်းဆုံးတွဲချိတ်မူကိုရပီဆိုရင်တော့ အသက်ကိုဝအောင်ရှူပီးအံသြမဆုံးတဲ့ ပုံကိုသင်ကိုယ်တိုင်ဖန်တီးလိုက်ပီပေါ့။ ပီးတော့ ငြိမ်ငြိမ်နေ သင်ကင်မရာကို ရိုက်နေတုန်းသွားချစ်ပြမနေနဲ့ သင်ကင်မရာကိုမထိလေလေ shake နဲပီး sharp ဖြစ်တဲ့ပုံတွေရလေလေပဲဗျ။ ပီးတောဖြစ်နိုင်ရင် self timer သုံးဗျာ cable release မရှိရင်။ သုံးကိုသုံးဗျ ။
အဲ့မှာ Filter သဘောတရားနဲနဲရှင်းပြချင်တယ်ဗျ
ND ( Neutral Density ) filter ဆိုတာ မျိုး ဒီလိုပါ အလင်းတွေကိုလျှော့ချပေးတယ်ဒါပေမယ့် အရောင်တွေကိုမထိခိုက်စေဘူး နောက်ဆုံးပုံမှာအရမ်းသဘာဝကျတဲ့အရောင်နဲ့ အရမ်းမျက်လည့်ဆန်တဲကscene တွေပေါ်လာတော့တာပေါ့။ ND filter တွေမှာ Stop တွေကိုယ်စီရှိကြတယ်ဗျ အလင်းဘယ်လောက်လောက်တားလဲပေါ်မူတည်ပီး Stop တွေဖန်တီးတယ် ND stop တခုချင်းဆီက factor of 2 နဲ့ အလင်းတွေကိုတားတယ်ဗျာ ။မြှောက်မြှောက်သွားတာ၂နဲ့။
1 stop = 21 = 2 = ND2
2 stops = 22 = 2 x 2 = 4 = ND4
3 stops = 23 = 2 x 2 x 2 = 8 = ND8
4 stops = 24 = 2 x 2 x 2 x 2 = 16 = ND16
10 stops = 210 = 2 x 2 x 2 x 2 x 2 x 2 x 2 x 2 x 2 x 2 = 1024 = ND1024
အဲ့လိုမို့လို့ ပုံမှန် 2-stop ND filter ကို ND4 လို့ခေါ်ကြတာပေါ့ဗျာ။ ND4 က အလင်းဆန်ဆာကိုအလင်းရောက်တာကို ၄နဲ့မြှောက်တယ် ND8 filter ဆိုရင် 8နဲ့မြှောက်တယ်။ and so on။
10stop လဲရောက်ရော အလင်းပမာဏတွေအားကြီးကလျှော့ချလိုက်ရော factor of 1024 ဆိုတော့ကာ။ သဘောက Shutter speed ကိုအချိန်အကြာကြီးဖွင့်ရမယ့်သဘောပဲ။ အဲ့တာကြောင့်လေရေလှိုင်းတွေကပိုးသားပြင်ကြီးတွေဖြစ်ကုန်တိမ်တွေဆို တိမ်မျှင်တွေဖြစ်ကုန်ရတာပေါ့ Filter နဲ့ဆိုရင်။
ကျွန်တေ်ာ Long exposure နဲ့ပတ်သတ်ပီးအကြံပေးချင်တာလေးတွေရှိတယ်ဗျ ။
၁။ TRI pod နဲ့သာရိုက်ပါ ။ဘာလို့လဲဆိုတော့ Filter တွေသုံးရတဲ့အခြေအနေတွေဖြစ်လာနိုင်တယ်။ အဲပီးတော့ ထရိုင်ပေါ့ခိုင်ခိုင်မာမာသာဝယ်နော် ပျော့စိပျော့ဖတ်မဝယ်နဲ့ဗျ နောက်မှနောင်တရမယ်။ ဖိုတိုရိုက်တာက BULB နဲ့ဆို၁မိနစ်ထက်ပိုကြာနိုင်တာကြောင့် ခိုင်သထက်ခိုင်မာသထက်မာတာသာရွေးဝယ်ဗျာကျွန်တေ်ာတောင်လောလောဆယ် VANGURD ထရိုင်ပေါ့ပေါချောင်ကောင်းဝယ်မိလို့စိတ်ပျက်နေရတယ်။ ပီးတော့ကင်မရာမှာတပ်ထားတဲ့ ကင်မရာstrap ကို ဖြုတ်ရင်ဖြုတ်မဖြုတ်ရင် ခေါက်ပီးသားရေပင်နဲ့တွဲစည်းထားပါဘာလို့လဲဆိုတော့လေတိုက်ရင်လိုက်လှုူပ်နေလို့လဲမဖြစ်သေးဘူးလေ။
ပီးတော့ တချို့ထရိုင်ပေါ့တွေက weight ဆွဲလို့ရတယ် ဝိတ်မရှိရင်ကင်မရာအိတ်ဖြစ်ဖြစ်ရေသန့်ဘူးဝယ်လာတဲ့အိတ်ဖြစ်ဖြစ်ချိတ်ထားလိုက်ဗျာအဲ့တာလဲဝိတ်ပဲလေ။
၂။အရင် filter မပါပဲ focusအရင် ဖြတ် မဟုတ်ရင် ကင်မရာက filter တွေကိုဖြတ်ပီးfocus ဖြတ်ဖို့မလွယ်ဘူး။ပီးရင် Metering လုပ် ။ (Metering အကြောင်းကျွန်တေ်ာပို့တခုနဲ့ရေးဘူးပါတယ်)
၃။ဖြစ်နိုင်ရင် M ဒါမှမဟုတ် BUlB လုပ်ထား Mပဲပါတဲ့လူတွေက M ကနေ BULB ပြောင်းလို့ရတယ်။ BULB mode ပြောင်းခိုင်းတာက ကင်မရာကို ၆၀စက္ကန့်ထက်ပိုပီး shutter ဖွင့်ခိုင်းချင်လို့ပြောင်းတာ။
၄။ remote release ( aka Cable release) ကိုသုံးရင်သူ့ကို ထရိုင်ပေါ့မှာ သားရေပင်နဲတွဲချည်ထားဒါမှမဟုတ် သူ့ကြုးိနဲ့သူကို့ပြန်ပီး ပတ်ထား။
၅။ ရှက်တာဘယ်လောက်ဖွင့်ရမှာလဲအကြမ်းအဖျင်းတွက်ထား။ ဥပမာ filter မပါပဲ 1/4sec ဆို 10stop filter တခုသုံးမယ်ဆိုရင် ¼ = 0.25လေ 0.25sec x ~1000 = 250sec အဲ့ 250sec ကို 250sec/60 =~4 မိနစ်လေ ။ ဒါကအလွယ်တွက်ပြတာ တခြားဒီထက်ပိုခက်တာတွေလာဖို့ပဲရှိတယ်။ ဘာလို့တုန်းဆိုတော့ အလင်းက ရုတ်ချည်းပြောင်းသွားနိုင်လို့ပါ တိမ်ထဲကနေထွက်လာတာမျိုးတွေ တိမ်တောက်လိုက်တာမျိုးတွေက အလင်းအခြေအနေကို တမဟုတ်ချင်းပြောင်းသွားစေနိုင်လို့ပြန်တွက်ရပါတယ်။ အဲ့ တော့ခေါင်းကိုက်ပီပေါ့ မပူပါနဲ့ သင်တို့ကIT ခေတ်မှာနေနေကြတာပါ ဖုန်းထဲ မှာ NDCalc ဆိုတဲ့ app မျိုး တခုသာသွင်းထားလိုက်ပါ Android ကော IOSအတွက်ကောရှိနေပါပီ။
၆။သေချာ compose လုပ်ပါ view finder ကိုအားမရရင် live view ဖွင့်ပီးတော့ compose လုပ်ပါ။
၇။ ISO ကိုအနှိမ့်ဆုံးထားတာတောင်မှ သင် Noise တွေကြုံရနိုင်ပါတယ် စူးရှတဲ့အလင်းတွေကနေပေါ့။ ကင်မရာမှာ preview ကြည့်တုန်ကတော့ အတော်ဟုတ်ပဲ ဒါပေမယ့် ကွန်ပြုတာကြီးနဲ့ကြည့်လိုက်တော့မှ တေဟ ဆိုသွားပီ။ Red green blue လေးတွေကို noise အနေနဲ့မြင်ရနိုင်ပါတယ်။
၈။RAW နဲ့ပဲရိုက်ပါ။ ဒါမှ ကွန်ပြုတာနဲပြန်ကိုင်တဲ့အချိန်ကျစိတ်တိုင်းကျကလိလို့ရမှာ။ ကျွန်တော်တို့ကင်မရာတွေရဲ့ ရှက်တာစပိ မြန်လေလေ ကျွန်တေ်ာတို့ က ရွှေ့လျှားနေတဲ့ပုံရိပ်တွေကိုရပ်တန့်သွားအောင်စွမ်းဆောင်နိုင်လေလေပါ ဒါပေမယ့် ကျွန်တေ်ာဒီနေ့ ပြောပြချင်တာ က နှေးသထက်နှေးအောင်အောင်ရှက်တာစပိကိုလုပ်ပီးတော့ဖန်တီးတဲ့ ပုံရိပ်တွေအကြောင်း။ အရှိန်အဟုန်နဲ့လှုပ်ရှားနေတဲ့ ရေတွေပိုပိုးသားပြင်အဖြစ်ပြောင်းပစ်တာတိမ်တွေကို trail တွေအဖြစ်ပြောင်းပစ်တာတွေ က Long Exposure ရဲ့ အမှတ်သင်္ကေတတွေပါပဲ။ညဘက်လမ်းမတွေမှာ ကားတွေဖြတ်သွားပီးတော့ကျန်ခဲ့တဲ့မီးတန်းအနီလေးတွေကလဲ LongExposure ရဲ့ အမှတ်သညာတွေပါပဲ။ ကဲ့ကျွန်တေ်ာတို့စလိုက်ရအောင်ဗျာ ဒီနေ့ကျွန်တေ်ာပြောပြချင်တဲ့ LE ခေါ် Long Exposure အကြောင်း။
Longexposure ဘယ်လိုရိုက်မလဲ ???
နည်းလမ်းတွေကအများကြီးရှိပါတယ် Filter တွေခံပီးရိုက်တာ filterတွေမပါပဲအပါချာကိုကစားပးီရိုက်တာစသဖြင့်ပေါ့ ။ LE အကြောင်းကိုကျွန်တေ်ာဒီရေးခဲ့ဘူးတာလေးရှိပါတယ်ဒီလင့်မှာသွားဖတ်လိုက်ကြပါခင်ဗျာ။
ရှက်တာစပိ 1/30 sec ဟာ 10stop ND သုံးလိုက်တဲ့အခါမှာ ၃၀စက္ကန့်ဖြစ်လာပါတယ်။ ဒါပေမယ့် variable filterတွေသုံးရင်တော့တွက်ရတာကသိကအောက်ဖြစ်တာပေါ့ဗျာ။ လယ်လိုပဲဖြစ်ဖြစ်ဗျာ အရင်ဆုံးFullstop တွေကိုမှတ်ထားလိုက် ( f3.5 , f5.6 , f8 , f11 ,f14 ,f18 , f22လိုဟာမျိုးတွေပေါ့) အခုပြောမှာတွေက ND9stop နဲ့ အတွက်တွက်တည်းပေါ့ဗျာ။
၁။ aperture ကို f22 အကျဉ်းဆုံးထားလိုက်ပီးတော့ ISO ကို ၁၀၀ပဲထားပီး AV modeမှာထားလိုက်ဗျာ ။ ရိုက်မယ့် ဟာကိုဖိုးကပ်ဖြတ်ပီးရင် ရိုက်ပေတော့ ။ ပီးရင် AV modeမှာ shutter speed ဘယ်လောက်သွားလဲဆိုတာကိုမှတ်ထားဗျ။ ဒါကအရေးကြီးတယ်ဗျ။
၂။ ပီးကင်မရာကို manual mode ကိုချိန်းလိုက်ပီးတော့လိုသလိုကစားရတော့မယ် ခုနက AVမှာတုန်းက f22 ထားခဲ့တယ်မို့လား အဲ့တာကို fullstop 3 stop ဒါမှမဟုတ် 5stopပြန်ပြောင်းလိုက် 3stop ပြောင်းမယ်ဆိုရင်f 11 ကိုပြောတာ 5stop ဆိုရင် f5.6ကိုပြောတာ။ ကိုလိုချင်တဲ့ DOF ကိုပြောင်းလို့ပြောချင်တာDOF = Depth of Field ။
3) lower the shutter speed 6 to 4 stops (1/2 the value = 1 stop) based on theaperture setting. Combined adjustments of aperture and shutter should equal 9full stops.
၃။ ရှက်တာစပိကိုလဲ stop 6 ခုနနေ ၄ခုလောက်ထိကစားလိုက် (1/2sec တခါပြောင်းတိုင်း1stop) အဲ့တာက aperture ပေါ်မူတည်တယ်။ အပါချာရဲ့ပြောင်းလဲချင်း value နဲ့ shutter ရဲ့ပြောင်းလဲချင်းvalue ကပေါင်းချင်း ၉ရှိမယ် ဆိုအဲ့တာ ND 9full stops ပဲ ။
ဆိုလိုချင်တာက f22မှာ ၃၀စက္ကန့်ဆိုပါတော့ (1/30 – 1/60 – 1/125etc တွေက fullstopတွေ). ဒီလို1/30sec ကနေ 1/60secကိုပြောင်းတာဆိုတရင်ဆန်ဆာပေါ်အလင်း ခဏပဲရောက်စေတာ ပီးတော့ 1/60sec ကနေ 1/30secကိုပြောင်းတယ်ဆိုရင် ( ဆန်ဆာပေါ်အလင်းကြာကြာရောက်စေတာအဲ့လိုနံပါတ်ပြောင်းတာကို FullStop shifting လို့ခေါ်တယ်။ f22 ကိုနောက် fullstop 5 stop ဆိုတောက f5.6မဟုတ်ပေဘူးလား။ 30sec ကိုနောက် 4stop ရွှေ့တော့ 4sec မဟုတ်ဘူးလား ND 9 တပ်ထားရင်f5.6 နဲ့ ရှက်တာစပိ ၄စက္ကန့်မှာ correct exposure ရမယ်ဆိုတာပဲ
၄။ အဲ့မှာဖိုတိုစရိုက်ပေတော့ Minor adjustment တွေကိုတော့ ကိုယ့်ဟာကိုလုပ်တော့ဗျာ။HDR ဆွဲချင်ရင်တော့ ကင်မရာထဲက exposure bracket ကိုလုပ်ထားလိုက်ဗျာ။အခုတွက်ပြသွားတာကအလွယ်နည်းပါ ဒီလိုလုပ်ချင်းအားဖြင့် ၉stop exposure ရမယ်လေ ဒါက NDamount နဲ့ သွားညှိလို့ရတယ် သူ 9stop ဆို ND9 ပေါ့ဗျာ။ ဒါပေမယ့် ဒီတွက်နည်းက graduatefilters တွေအတွက်အဆင်မပြေဘူးလေ graduate မဟုတ်တဲ့ filterတွေအတွက်ပိုအဆင်ပြေတယ် တွေအတွက်ပိုအဆင်ပြေတယ်( Lee Big stoppers တွေလိုမျို းပေါ့ )
Graduated filter တွေသုံးတဲ့နေရာမှာတခုသိထားရမှာက horizontal line ကိုပဲဗျပီးတော့ဇောက်ထိုးကြီးလဲထည့်မနေနဲ့ဦးဗျ။ အရမ်း ကောင်းကင်မှာတင်မကပဲ မြေပြင်ကိုပါထိနေမယ်ဆို မြေပြင်ကြီးပါမဲသွားလိမ့်မယ်။အရမ်းမထည့်ပဲ သေသေချာချာ view finderကနေချိန်ပီးထည့်ပေါ့ဗျာ ကို Graduate ဖြစ်စေချင်သလောက်လေး။
Graduated filterတွေကHard and soft graduation ဆိုပီးလာတယ်ဗျ ကိုယ်သုံးမှာပေါ်မူတည်ပီးတော့ဝယ်ပေါ့ဗျာ။ပြောချင်တာကသမာရိုးကျနည်းအတိုင်းဆိုရင် soft grad ကိုပဲသုံးပေါ့ဗျာ။နောက်တခုက လန့်ကို LEnight မှာဆွဲမယ်ဆိုရင်ဖြစ်နိုင်ရင်လန့်မှာတပ်ထားတဲ့ UV filter တို့ဘာတို့ကိုခဏဖြုတ်ထားဗျ မဟုတ်ရင် အလင်းတခုလာတိုင်း lens flareတွေဝင်နေလိမ့်မယ်ဗျ ။Asa rule it’s advisable to avoid using polarising filters with very wide-anglelenses. ပီးတော့ အကယ်ရျ် သိုင်းကြိုးတပ်ထားမယ်ဆိုရင် ကင်မရာကြိုးကိုခဏထရိုင်ပေါ့မှာဖြစ်ဖြစ်တွဲချည်ထားဗျာမဟုတ်ရင်လေတိုက်လို့သူလှုပ်တာကကင်မရာကိုပါလှုပ်စေတယ်ဗျ။
The minimum kit you’ll need
Manual ရိုက်လို့ရမယ့်ကင်မရာတစ်လုံး။
ဖြစ်နိုင်ရင် remote shutter release ဝယ်ထားပါ ကိုယ်ကLE ရိုက်မယ်ဆိုရင် ။ဘာလို့တုန်းဆိုတော့ ကင်မရာကိုမလှုပ်စေပဲနဲ့ ရိုက်လို့ရမှာမို့ပါ။မရှိဘူးမဝယ်ရသေဘူးဆိုရင်၂စက္ကန့် timer ထားပီးသာရိုက်ပေတော့ဗျာ။
အကယ်ရျ်သင့်ကင်မရာမှာ Mirror lock up function ပါရင်သုံးပေးပါ ။
အဲ့လိုပီးရင်သင်ကြိုက်တဲ့ဆော့ဝဲနဲ့ပြင်ပီးရင် ။သင့်စိတ်ကြိုက်ရပီဆိုသိမ်းထားပေတော့ဗျို့ ။တကယ်သိထားရမယ့်အချက်တွေ Digital Photography school ကပြောတာတွေကတော့-
Shoot during the golden hour (ဒီအချိန်ကိုရွှေရောင်အချိန်လို့လဲပြောကြပါတယ်နေမဝင်ခင်စပ်ကြားလေးပေါ့ )
Use awideangle lens( ပြောချင်တာ က focal length mm နဲတာမျိုးပေါ့ဗျာ 10-22mmတို့ 12-24mm တို့16-35 mm အစရှိတာတွေမျိုးပေါ့ ဖြစ်နိုင်သမျှ coverage area များအောင်လို့ပါ18-135mm kit lens နဲ့လဲရတာပဲလေ)
Use the Ruleof Thirds(ကျွန်တော်တခါက ROT အတွက်နုတ်တခုရေးဘူးပါတယ်)
Findforeground interest (မရိုက်ခင်ပတ်ဝန်းကျင်မှာစိတ်ဝင်စားစရာတခုခုကိုအရင်ရှာပါ ပီးမှ ရိုက်ပါ )
Use a steadytripod (ဒါကတော့LE သမားတွေ ပီးတော့ landscape သမားတွေလိုက်ကိုလိုက်နာရမယ့်အရာတခုပါထရိုင်ပေါ့ဈေးပေါတာဝယ်မိလို့ ကင်မရာကျကွဲတဲ့လူတွေလဲရှိပါတယ်ဆိုတာမမေ့စေချင်ဘူးဗျာကျွန်တေ်ာတို့က ဈေးကြီးတဲ့ဝါသနာတခုကိုလုပ်နေကြတာမဟုတ်လားဗျာ။)
Balance theexposure (Exposure ကို ကိုယ်ဘယ်လိုedit မလဲပေါ်မူတည်ပီးဂရုစိုက်ပါ)
Boost greensand blues(ကျွန်တော်က တော့ vivid အရမ်းကြိုက်တော့ greenတွေ ကောင်းကင်အရောင်အစိမ်းတွေကိုတင်လိုက်လေ့ရှိတယ်ဗျ ကိုယ့်အကြိုက်နဲ့ကိုယ်ပါဗျာ postprocessing က)
Use a narrowaperture ( F11တို့ f16တို့ f22 တို့လိုမျို း ကိုပြောချင်တာပါ )
Use a low ISO setting( ISO များလေ grain noise ထလေမို့ပြောချင်တာပါ)
Always shoot in RAW ဗျာ အဲ့တာလေးတော့လုံးဝသတိထားပါဗျို့ ။
မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ
wowwwwwww
This article offers a fascinating perspective on the subject. The depth of research and clarity in presentation make it a valuable read for anyone interested in this topic. It’s refreshing to see such well-articulated insights that not only inform but also provoke thoughtful discussion. I particularly appreciated the way the author connected various aspects to provide a comprehensive understanding. It’s clear that a lot of effort went into compiling this piece, and it certainly pays off. Looking forward to reading more from this author and hearing other readers’ thoughts. Keep up the excellent work!