ကျွန်တော်ပြောပြချင်တဲ့ Landscape အတွက်ကြိုတင်ပြင်ဆင်မှု
ကျွန်တော်ကိုသူငယ်ချင်းတွေဖေ့ဘွတ်က သူငယ်ချင်းတွေကမကြာမကြာ မတ်ဆေ့လှမ်းလှမ်းပို့ပီးမေးတယ် ကိုကောင်း ကျွန်တေ်ာဘယ်ကင်မရာဝယ်ရမလဲ ဆိုတဲ့မေးခွန်းကိုပဲပုံစံမျိုးစုံနဲ့ဗျာ။ ပီးတော့ သူတို့ကို recommend ပေးစေချင်ကြတယ် ဘယ်ကင်မရာ ဘယ်လန့်ကိုဝယ်ဖို့ဆိုတာပေါ့ ။ ကျွန်တေ်ာက ဘော်ဒီရှိပီးသားလူဆိုရင် ဒီအတိုင်းပဲပြောတယ် လန့်တွေအရင်စု ပီးမှဘော်ဒီချိန်း ဘော်ဒီက အသစ်အသစ်တွေဆက်ထွက်နေဦးမှာ လန့်က ထွက်တယ်ဒါပေမယ့်နှစ်တော်တော်ခြားတယ်လေ။ ပီးတော့ ကင်မရာကြီးပိုမြင့်လာပေမယ့် ပုံပိုကောင်းလာမယ်လို့အာမမခံဘူးဘာလို့တုန်းဆိုတော့ အာရုံစူးစိုက်လေ့လာပီးတော့ လေ့ကျင့်မုှ အားကောင်မှသာလျှင် technique တွေနားလည်လာပီးတော့ပုံတွေပိုကောင်းလာမှာပါ။ ပုံကောင်းတွေရဖို့ ဘာတွေကို နားလည်ရမလဲဆိုတော့ဗျာ ကိုယ့်ကင်မရာရဲ့ control တွေနားလည်ရမယ် ဥပမာဗျာ exposure control တွေ ( အပါချာ ရှက်တာစပိ ) ကိုပြောတာ။ focus options တွေကို နားလည်သဘောပေါက်ထားလေကောင်းလေးပဲ။ ဒါကတစ်ဝက်ပဲရှိသေးတယ် ကျန်တာတွေအများကြီးရှိသေးတယ်။ ဥပမာဗျာ WB တွေ resolution တွေ ပီးတော့ RAW လား Jpeg လားဆိုတာတွေ။ ဓာတ်ပုံသင်တန်းတွေတက်ထားမှ ပုံကောင်းတွေဖန်တီးနိုင်မယ်ဆိုတာလဲမဟုတ်ပါဘူး။ တကယ်က လေ့လာအားကောင်းကောင်းနဲ့ ဖန်တီးလိုစိတ်ရှိရင်လဲဖြစ်နိုင်ပါတယ်။ ကျွန်တေ်ာမောင်အော်စကာဒီနုတ်ရေးရတာက ဒီလိုပါ သူငယ်ချင်းတွေ ကင်မရာအသစ်ကိုင်တဲ့လူတွေ ကိုယ့်ကင်မရာကို ဘယ်လို full advantage ယူမလဲဆိုတာကိုပါ။ ဒါပေမယ့်ဒီနုတ်မှာတော့ Landscape သမားတွေအတွက် အသားပေးပီးကင်မရာအကြောင်းကိုရေးပါ့မယ်။
Landscape ရိုက်မယ် cityscape ရိုက်မယ် နီးနီးလေးဆိုဘာတွေရှိလဲ ဝေးဝေးဆိုဘာတွေရှိလဲမေးကြတယ်။ မြို့ထဲမှာလဲရိုက်စရာတွေအများကြီးပါ ။ မြို့ပြင် ဥပမာရန်ကုန်ဆိုရင် မြို့ပြင် ခဏထွက်လိုက်တာနဲ့ ရိုက်စရာတွေအများကြီးရှိပါတယ်။ အဖော်တွေနဲ့သွား ထရိုင်ပေါ့လေးထောင် ပီးတော့ viewfinder လေးကနေချောင်း ကွန်ပိုဇေးရှင်းလေချ ပီးရင်ရိုက်။ ကဲစကြစို့ဗျာ
The Golden Rule of Landscape Photography
ကျွန်တော်လိုတိုရှင်း ဥပေဒသလေးတွေ ဖော်ပြသွားမယ်ဗျာ အားလုံးအတွက်အသုံးတည့်မယ်လို့မျှော်လင့်ပါတယ်ဗျာ။ ဒါပေမယ့်တိတိကျကျတော့လိုက်နာမှဖြစ်မယ်နော် လက်ခံနိုင်တယ်ဆိုရင် ဒါမှပုံအမိုက်စားတွေရမှာကိုးးဗျ။ Landscape သမားတစ်ယောက်က ပျမ်းမျှအားဖြင့်တနေ့မှာ အချိန်သုံးချိန်ဖိုတိုရိုက်လို့ရတယ်ဗျာ မနက်ခင်း ရယ်နေ့လယ်ရယ် ပီးတော့ညနေရယ်ဗျာ။ ပထမ မနက်ခင်းက နေလုံးကြီးလုံးဝထွက်မလာခင် ရောင်နီသန်းတဲ့အချိန် အချိန်အားဖြင့် ၁၅ မိနစ်ကနေ မိနစ် ၃၀လောက်ထိရမယ်ဗျာ တိမ်တွေလှရင်လှသလို ပုံရမယ်။ ပီးတော့နေထွက်သွားမှဆိုရင် ၁နာရီလောက်အချိန်ရမယ် တိမ်ထူထပ်မှု အခြေအနေပေါ်မူတည်ပီးတော့ပေါ့ဗျာ။ နောက်တခုက နေ့လယ်လိုအချိန် များသောအားဖြင့်ကျွန်တော်ဆိုရင် ၁၂နာရီကနေ ၃ နာရီလောက်အတွင်းကိုသတ်မှတ်တယ်နေက ကိုယ့်ခေါင်းပေါ်ကနေတဖြေးဖြေး ကျသွားတာကိုး။ နောက်ဆုံးက တော့ ညနေဆည်းဆာချိန်ပဲ ။ သူလဲမနက်နေမထွက်ခင်လို ၁၅ မိနစ်လောက်ကနေ မိနစ်သုံးဆယ်ထိ နေမဝင်ခင် (စကားချပ် နေဝင်တာအရမ်းမြန်တယ်နော်သူငယ်ချင်းတွေနဲ့သွားရိုက်တုန်းကဆိုရင်နေလုံးကြီးက တရိပ်ရိပ်နဲ့ဝင်သွားတာမြန်ချက်ပဲ)နေဝင်ပီးသွားလို့ရှိရင်တော့ မိနစ်၃၀လောက်ပဲရမယ်။ ဘာလို့ကျွန်တေ်ာ အဲ့၁၅ မိနစ်တွေ မိနစ်၃၀ တွေပြောနေတာလဲဆိုတော့ နေ့လယ်ခင်းအချိန်မှအပ အဲ့အချိန်လေးတွေပဲ soft and warm light ကို ရတာကုးိကောင်းကင်မှာပေါ်လာတဲ့ကာလာကလေ။ ပီးတော့ နေရောင်တအားမပြင်းသေးလို့ အရိပ်ကျရင်တောင် soft shadow ပဲကျမယ်လေ။ ဒါတွေကမှအရသာလေ။
.တကယ့်ပရိုတွေလဲဒီအချိန် တွေကို အဓိကထားပီးရိုက်ကြတာပဲ။ ဖုန်းထဲမှာ photography planner လို app လေးသွင်းထားလိုက်ဒါဆို နေဝင်နေထွက်အချိန်တွေကြည့်လိုရမယ် ကြို plan ဆွဲလို့ရမယ်လေ။ ပီးတော့ ခင်ဗျာ းသေချာပေါက် ထရိုင်ပေါ့ကို သယ်ကိုသယ်ရတော့မယ် landscape ကို ဖိရိုက်တော့မယ်ဆိုရင်။ ဒီအချိန်နှစ်ခုက လုံး၀ အမိုက်စားလိုက်တင်နဲ့ ပုံတွေရချင်ရင်လိုက်နာရမယ် golden rule ပဲဗျ landscape သမားတွေအတွက်။ တခြားအချိန်ရိုက်လို့မရဘူးလို့မပြောပါ ။
Golden hour ဆိုတာလေး က ဒီလိုဗျ
ဥပဒေသ 1: Shoot during the golden hour
တကယ့် Landscape ပုံကောင်းတစ်ပုံက ကြိုတင်ပြင်ဆင်မှု ၅၀ ရာနှုန်းပါတယ်ဆိုတာမမေ့နဲ့ဗျ။ အချိန်လေးနဲနဲပေးပီး ရာသီဥတုလေးဖုန်းလေးနဲ့ check တာတွေ နေရာတွေကို google earth ကနေဖြစ်ဖြစ်ကြည့်တာတွေ photographer planner app တွေသုံးပီးတော့ sun set sun rise တွေလေ့လာတာတွေက အပန်းမကြီးပါဘူးဗျာ။ အဲ့လိုအသေးစိတ်လုပ်သွားရင် တကယ့်ပုံရိုက်ရင် အများကြီးအဆင်ပြေချောမွေ့လိမ့်မယ်ဗျ။ အဲ့လို check တဲ့ဟာထဲမှာ Golden hour ဘယ်အချိန်လဲ blue hour ဘယ်အချိန်လဲဆိုတာတွေပါလေ့လာသင့်တယ်ဗျ။ အဲ့ golden hour မှာအလင်းက လှလှပပလေးကို warm ဖြစ်နေတာမို့ နေဝင်ချိန်ရဲ့အလှဆုံးအချိန်ဆိုလဲမမှားပါဘူးဗျာ။ ကာလာ temperature ဆိုတာကလဲပုံရဲ့အရောင်ခံစားမှု ကို အများဆုံးဖော်ကျူးပေးနိုင်တာမဟုတ်လားဗျာ။ တခုသတိထားရမှာက လေ ရိုက်မယ့်နေရာကိုစောရောက်နေပီးတော့လေ ထရိုင်ပေါ့တွေကင်မရာတွေကိုနေရာသေသေချာချာချထားဖို့ကတကယ်ကိုအရေးကြီးတာဗျ။ ဒါမှ ကိုယ်ကြိုက်တဲ့အနေအထားဆက်တင်တွေကို ကြိုပြင်ဆင်ထားလို့ရမှာလေ ကိုယ်ကြိုက်တဲ့ကာလာလဲရရောခလုပ်နိပ်လိုက်ရုံပဲလေ။ wide လန့်တွေက တော့ လူတိုင်းအကြိုက်ပေါ့ဗျာ ဒါပေမယ့် wide ရှိမှ land scape ရိုက်လို့ရတာတော့မဟုတ်ဘူးဗျ fullframe တွေမှာဆို 50 mm crop မှာဆို 35mm ထက်နဲရင် wide လို့ယူဆတယ်လို့ဖတ်ဘူးတယ်ဗျ။ ဥပမာဗျာ 10-22 ဆိုရင် crop wide lens 16-35 ဆိုရင် fullframe wide ဆိုတာမျိုးပေါ့ဗျာ။ နောက်တခု က kit lens တွေ 18-55 mm တို့ 18-135 mm တို့ 18-200mm တို့လဲအသုံးချတက်ရင် landscape ကောင်းကောင်းရိုက်လို့ရတယ်ဗျ။ sharp အဖြစ်ဆုံး ပုံတွေရလာချင်ရင်တော့ fix focal length lens တွေသုံးဗျ 50mm , 40mm လိုမျိုးဟာတွေပေါ့ဗျာ။ ဘာလို့တုန်းဆိုတော့ fix focal length မဖြစ်ရင် Chromatic aberration ကများမယ်လို့အကြမ်းအားဖြင့်ယူဆလို့ရလို့ခင်ဗျ chromatic aberration ဆိုတာ ကျွန်တော်တို့ခေါင်းပေါ်ကသစ်ကိုင်းခြောက်ကြီးကို ရိုက်လိုက်တဲ့အခါ ကောင်းကင် အဖြူရောင်နဲ့ သစ်ကိုင်းကြားမှာပေါ်လာတက်တဲ့ high-contrast edges တွေကိုဆိုလိုချင်တာပါ။ အဲ့တော့ လန့်အကြောင်းကနောက်မှပြောမယ် ပြောချင်တာက ကြိုပြင်ဆင်သွားအလင်းရောင်အကောင်းဆုံးအချိန်က golden hour အဲ့အချိန်မှအမိအရသာရိုက်ဗျာ။
Golden Hour
ဥပဒေသ 2: Find foreground interest
Landscape သမားတော်တော်များများက ဒါကိုအမြဲသတိပေးလေ့ရှိတယ်ဗျ ပုံက empty ကြီးမဖြစ်နေအောင်လို့ဗျ။ ထားပါတော့ဗျာပင်လယ်ကမ်းနားမှာ ရိုက်တယ်ဆိုပါတော့ဗျာ ကျွန်တော်ကတော့ စင်ကာပူနားကပူလာအူဗင်ကိုသွားတုန်းကကောင်းကောင်း နားလည်သွားတယ် ။ ကျွန်တော့် foreground က ပလိန်းကြီးဖြစ်နေတော့ ပုံကြီးကပျင်းစရာကြီးဖြစ်နေတာ။ ပီးမှ တောထဲကသစ်တုံးတွေတုတ်ချောင်းအတိုအစတွေကို ယူပီးလုပ်လိုက်တော့မှ အဆင်ပြေသွားတာ။ ဒါပေမယ့်ဗျာ အဲ့လို ဖောဂရောင်းဆက်ဂျက်တခုခုထည့်တယ်ဆိုတာ ပုံမှာနေရာလွတ်နေလို့ထည့်တာထက်ပိုတယ် ပီးတော့ ဒါကလဲအရေးကြီးတဲ့အချက်တခုပဲ ကိုယ့်ရဲ့ foreground က interaction က ပုံတခုလုံးကို ကြည့်အောင်ဆွဲယူသွားတက်တယ်ဆိုတာသတိရပါ။ အဲ့ ဖောဂရောင်းနဲ့ တခြားအရာတွေနဲ့ဘယ်လိုဆက်သွယ်တယ်ဆိုတာကလဲဖိုတိုရဲ့အသက်ဖြစ်ချင်ဖြစ်နေတက်တယ်ဗျ။ ဥပမာဗျာ ပင်လယ်ကိုရိုက်တာဗျာ longexposure ဆွဲလိုက်တာ ရေတွေကပိုးသားပြင်ကြီးလိုဖြစ်သွားတယ် ဒါပေမယ့် အဲ့ပိုးသားပြင်ကြီးနဲ့ interact ဖြစ်နေတဲ့ ကျောက်တုံးတွေ သစ်တုံးတွေမပါရင် အရမ်း empty ဖြစ်နေမယ်လေဗျာ။
ဥပဒေသ 2: Find foreground interest
ဥပဒေသ 2: Find foreground interest
ဥပဒေသ 3: Use a steady tripod and remote release
ဓာတ်ပုံကို ကြည်လင်ပြတ်သားနေမှဖြစ်မယ် ကြည်လင်ပြတ်သားတာကိုမှလိုချင်တယ်ဆိုရင်တော့ သေချာပေါက် ထရိုင်ပေါ့လိုပီပဲဗျ။ ဒါမှလဲ minor error တွေ ပီးတော့ shake တွေရှောင်ရှားနိုင်မှာမို့လားဗျာ။ ဘာမှမပြောခင်အကြံပေးချင်တာက ကင်မရာလွယ်ကြိုးကိုဖြုတ်ထားသင့်တယ်ဗျ ဘာလို့တုန်းဆိုတော့ သူကလေတိုက်ရင်လှုပ်တယ်အဲ့သေးသေးလေးလှုပ်တာက ပုံမှာ shake တွေနဲ့ sharp ဖြစ်တော့မှာမဟုတ်ဘူးဗျ။ ပီးတော့ Remote release ကလဲ တကယ့်အခရာပဲဗျာ လိုကိုလိုတယ် ဝယ်ကိုဝယ်ရမယ့်စာရင်းထဲမှာပါတယ်ဗျ။ အကယ်ရျ် release မပါလာရင်တော့ကင်မရာကို 2 sec timer ပေးပီးရိုက်ရင်ရိုက်မဟုတ်ရင် 10 sec delay timer ပေးပီးတော့ရိုက်ပေါ့ဗျာ။ အကယ်ရျ် mirror lockup function ပါရင် သုံးဗျ။ တချို့ကင်မရာမော်ဒယ်တွေမှာတော့ mirror lockup feature က delay timer နဲ့ချိတ်ပီးသားမို့ ပိုအဆင်ပြေတယ်ဗျ။ ထရိုင်ပေါ့ဝယ်ရင် စဉ်းစားရမှာတွေအချက်လေးတွေရှိတယ် ဒီမှာတော့ကျွန်တေ်ာအကြမ်းအဖြင်းအားဖြင့်ပဲပြောမယ်။ ခိုင်သထက်ခိုင်တာဝယ်ပါ မြင့်သထက်မြင့်လို့ရတာဝယ်ပါ အဆစ်နဲနဲပါလေကောင်းလေ။ ပီးတော့ အပေါ်က head က ဘာ head လဲကိုကြည့်ပါ ပးီတော့ ကိုယ်ပိုင်ထားတဲ့ထရိုင်ပေါ့ရဲ့ အခံနိုင်ဆုံး အလေးချိန်ကိုကြည့်ထားပါ ပီးရင် ကိုယ့်ကင်မရာကို ကိုယ့်ရဲ့အလေးဆုံးဆိုတဲ့ဂီယာတွေတပ်ပီးချိန်ကြည့်ပါ အကယ်ရျ် ထရိုင်ပေါ့က လက်ခံနိုင်တာနဲ့နီးစပ်နေပီဆိုရင် ထရိုင်ပေါ့အသစ်ဝယ်ပါ မနှေမျောပါနဲ့။ လန့်ကြီးကျကွဲသွားတယ်တို့ ကင်မရာကြီးပိန်သွားတယ်တို့ ဖေတာကြီးကွဲသွားတယ်တို့ မဖြစ်ချင်ရင် ထရိုင်ပေါ့အသစ်သာဝယ်ပါ။ နောက်တခု Tripod မှာ တကယ့် ခိုင်ခိုင်ခန့်ခန့် မာမာချာချာကိုသာဝယ်ပါ။ ဒါလေးကလှလို့ ဒါလေးက အိတ်အကောင်းစားပေးလို့ဆိုတာတွေမလုပ်ပါနဲ့။ ပီးတော့ ထရိုင်ပေါ့ ရဲ့ mid pole မှာ ချိတ်ပါတာဝယ်ပါ အလေးချိတ်ထားရင် shake ကို ပိုပီးလျှော့ချနိုင်တယ်လေ။ ဒါကကျွန်တော်ရေးထားတဲ့ remote release အကြောင်းလေးပါ။
ဥပေဒသ 3: Use a steady tripod and remote release
ဥပဒေသ 3: Use a steady tripod and remote release
ဥပဒေသ 4: Focus ကိုသေသေချာချာစစ်ပါ။
ပုံတွေ sharp ဖြစ်ဖို့ လိုတဲ့အချက်တွေထဲမှာ ဒီဖိုးကပ်စစ်တာလဲပါတယ်ဗျ။ အခုခေတ် DSLR အတော်များများက liveview ပါလာတာမို့ပိုပီးအဆင်ပြေလာတယ်လေအရင်ခေတ်ကလို view finder ကနေ ချောင်းချိန်စရာမလိုတော့ဘူးဗျ။ ဒီ ဖိုးကပ်အပိုင်းမှာ DOF ( depth of field ) ကအရေးပါတယ်ဗျ။ ဘယ်လောက် အတိုင်းအတာထိ ဖိုးကပ်ဖြတ်ထားမှာလဲစသဖြင့်ပေါ့ ။ ဥပမာဗျာ နေဝင်တာကိုရိုက်ရင် ကွန်ပိုဇေးရှင်းလုပ်ချိန်မှာပါတဲ့ ဖိုးဂရောင်းကပိုအရေးကြီးတယ်လေဖိုးဂရောင်းပြတ်ဖို့အရေးကြီးတယ်ဗျ။ပီးတော့ ဒီဖိုးကပ်အပိုင်းရ့ လှို့ဝှက်ချက်က Hyperfocal distance လို့ခေါ်တဲ့ DOF ကိုဘယ်လောက်များများရမလဲဆိုတဲ့ အပိုင်းပဲဗျ ဘယ်လန့်ကနေ။ ဒီကိစ္စအတွက်ကတော့ရှင်းပါတယ်ဗျာ app တခုသွင်းထားလိုက် ပီးရင် ကိုယ်သုံးမယ့်လန့်အမျိုးအစားနဲ့ရှာပီး ကြည့်လိုက်ရုံပဲ ။ ဒီမှာမေးစရာက ရိုက်တိုင်းဖုန်းဖွင့်ပီးကြည့်နေရမှာလားဆိုတာပဲဗျ။ ဟုတ်ဘူးလေ ကျင့်သားရသွားပီဆိုရင် ဖုန်းအမြဲထုတ်ကြည့်စရာမလိုပါဘူးဗျာ။ ပီးတော့ liveview ဖွင့်ပီးတော့ zoom ဆွဲပီး ဖိုးကပ်ကို manual ဖြတ်တာလဲ အိုကေပဲဗျ။ အဲ့တာတော်တော်အဆင်ပြေတဲ့နည်းဗျ။
ဥပဒေသ 4: Focus ကိုသေသေချာချာစစ်ပါ။
ဥပဒေသ 5: Balance the exposure
ကျွန်တေ်ာ တို့မျက်လုံးတွေက ကင်မရာထက် dynamic range ပိုများတယ်ဗျ ပီးတော့ ကျွန်တော်တို့မျက်လုံးတွေက အလင်းအမှောင်ကွဲပြားခြင်းကိုပိုမြင်နိုင်တယ်လေ။ ကောင်းကင်ကိုကြည့်လိုက်ရင်တော့ ဘယ်တိမ်ကတော့ အဖြူစွတ်စွတ်ဘယ်တိမ်ကတော့မီးခိုးလေးပါသဟ ဆိုတာတွေမြင်ပီး တိမ်ထုကြီးကို 3D အနေနဲ့မြင်နေရတယ်မို့လားဗျ။ အဲ့တိမ်ကိုပဲ ကင်မရာက အဖြူစွတ်စွတ်ကြီးချည်းမြင်တာတွေလဲရှိတယ်လေ။ မျက်လုံးက အရိပ်ကျနေတယ်လို့မြင်ရင် ကင်မရာ မဲမဲမှောင်နေတယ်လို့ထင်ရင်ထင်မယ်လေ။ ကဲအဲ့မှာစပီနေဝင်ချိန်မှာ main light source ဖြစ်တဲ့ နေမင်းကြီးက ကောင်းကင်မှာရှိနေတော့ ကောင်းကင်ကပိုလင်းနေပီး ဖောဂရောင်းတွေက မှောင်နေတက်တယ်မို့လား ဒီတော့ ကင်မရာကို trick လုပ်ဖို့လိုလာပီ အဲ့တော့ဘာလုပ်ရမလဲ Filter တွေပေါ့ ဟုတ်တယ် ဒီနည်းနဲ့ ကောင်းကင်နဲ့ ဖောဂရောင်း exposure ကိုညှိပီးယူရမယ်လေ။ ဖေတာကိုသေသေချာချာအသုံးချပီးတော့ပေါ့ဗျာ။ ဘာဖြစ်တာအမျိုးအစားလဲဆိုတော့ Graduated neutral density filter လို့ခေါ်တဲ့ GND ပေါ့ဗျာ။ ဖေတာကို နေရာသေသေချာချာချတက်ဖို့တော့လိုမယ်နော် ။ စကားချပ် တရုတ်ဖေတာတွေ ဈေးပေါသက်သာတာတွေလဲ အပျော်တမ်းရိုက်တာဆို အသုံးဝင်ပါကြောင်း။ ဖေတာမရှိဘူးအကိုရေ ဆိုတဲ့သူတွေကျတော့ကျွန်တော်အကြံပေးချင်တာက exposure ၃ ခုရိုက်တဲ့နည်း နဲ့သာရိုက်ဗျာ ၃ပုံထွက်လိမ့်မယ် ။ ပီးမှ ဖိုတိုလျှော့နဲ့ လိုသလို ပြန်ပြုပြင်ပေါ့ဗျာ။ HDR ဖန်ရှင်ပါတဲ့ ကင်မရာတွေက တော့ အေးဆေးပေါ့ဗျာ။ အဲ့လိုမတူတဲ့ exposure တွေနဲ့ရိုက်လာပီး ၃ ပုံဖြစ်နေတယ်ဘယ်လိုပြန်ပေါင်းရမလဲဆိုရင် photo editing software တွေ Photomatix တို့ photoshop ရဲ့ photomerge တို့ သုံးပီးပြန်ပေါင်းလို့ရပါကြောင်း။
ဥပေဒသ 5: Balance the exposure
ဥပေဒသ 5: Balance the exposure
ဥပဒေသ 6: Boost greens and blues
ကိုယ့်ရဲ့ taste ဘာလဲဆိုတာကိုမူတည်ပီးတော့ ကင်မရာထဲမှာကြိုကြိုပီးတော့ ပြောင်းထားလို့ရတယ်လေ။ များသောအားဖြင့် saturation များများနဲ့ပုံလေးတွေက မိုက်တယ်မို့လား အဲ့တော့ user preset နဲ့သွားပြောင်းထားလို့ရတာပေါ့ပီးတော့ warm color တွေရချင်တယ်ဆိုရင် ကင်မရာထဲက WB shift ဆိုတာကိုသုံးကိုသုံးပါ။ တခုအထူးသတိပေးချင်တာကလေ ဘယ်အချိန်ပဲရိုက်ရိုက်RAW နဲ့သာရိုက်ပါ။ ဒါနဲ့ပတ်သတ်ပီးတော့ကျွန်တော် Raw မှာမြင်ရတဲ့ကာလာမှန်ဆိုပီးတော့ ရေးဘူးတယ်ဗျ။
ဥပေဒသ 6: Boost greens and blues
ဥပဒေသ 7: Use a narrow aperture
ပုံကိုသေသေချာချာပြတ်ပြတ်သားသားဖြစ်ချင်ရင် DOF များများရတဲ့ အပါချာ ကျဉ်းကျဉ်းကိုသုံးသင့်တယ်ဗျ။ တချို့က AV mode ကိုကြိုက်တယ် တချို့က Manual ကိုကြိုက်တယ် သန်ရာသန်ရာပေါ့ဗျာ။ ကျွန်တေ်ာကတော့ Manual ကိုပိုကြိုက်တယ်ဗျ။ အဲ့လိုပီးရင် histogramကိုအမြဲသတိထားကြည့်နေဗျ အပါချာပြောင်းလဲတာနဲ့အလင်းဝင်ရောက်မှုက များလာမယ်နဲသွားမယ်ဖြစ်တာကြောင့်မို့လို့ဗျ။ အရမ်းအကျဉ်းကြီးလဲမသုံးမိစေနဲ့ဗျ F22 တို့ လိုပေါ့ဗျာ။ ကင်မရာကကိုယ်ဘယ်လိုအလင်းရောင်လိုချင်လဲသိတာမဟုတ်ဘူး သိတာက လူ လူကသတိထားပီးဆက်တင်ကိုသေသေချာချာကိုင်တွယ်ရမယ်ဗျ။ အပါချာအကျဉ်းဆုံးသုံးရင်ဘာဖြစ်တက်လဲဆိုတော့ ပုံက လိုသလောက် sharp ဖြစ်မှာမဟုတ်ဘူးဗျ ဘာလို့တုန်းဆိုတော့ အပေါက်အကျဉ်းကျဉ်းလေးကို အလင်းတွေစုပြုံပီးဖြတ်ဝင်လာရတာမို့ အလင်းယိုင်တာတွေရှိမယ်ဗျ အပေါက်ကျဉ်းလေလေအလင်းယိုင်တာများလေလေ ပုံကမကြည်လေလေပဲဗျ။ အဲ့တာကို Diffraction လို့ခေါ်တယ်ဗျ။ အပေါက်ဆိုတာ အပါချာအပေါက်အကိုပြောတာနော်။ အဲ့တာမဖြစ်စေချင်ရင်ဗျာ များသောအားဖြင်တနည်းရှိတယ် အပါချာကို အကျဉ်းဆုံးရဲ့ 2 stops လောက် ကျယ်ပီးဖွင့်ပေးတာမျိုးဗျာ F22 ထိချလို့ရတဲ့လန့်ဆိုပါတော့ဗျာသူ့ရဲ 2 stop အထက်က F11 လေ အဲ့တော့ F 11 ထားပေါ့ဗျာ ကြားထဲမှာ f16 ရှိလိမ့်မယ်။ အပေါက်ကျဉ်းလေ အလင်းဝင်တာနဲလေမို့ Long exposure ဖြစ်လာနိုင်လေလေပဲ အဲ့တော့ ထရိုင်ပေါ့လိုကိုလိုမယ်။
ဥပေဒသ 7: Use a narrow aperture
ဥပဒေသ 8: Use a low ISO setting
Noise ထတာမကြိုက်ရင် ISO နိမ့်နိမ့်သာသုံးဗျာ။ ဒါမှလဲ ဗြုတ်တွေနဲပီးချောချာမောမောလေးရမှာကိုးဗျ။ မဟုတ်ရင်နေဝင်ချိန်ရိုက်တဲ့အခါကောင်းကင်ကြီးက ဗြုတ်တွေနဲ့ဖြစ်နေမယ်ဗျ။ အကယ်ရျ် ကင်မရာက ISO expension ပေးတယ်ဆိုရင် 50 ထိချလို့ရရင်ချသာချဗျာ မဟုတ်ရင် standard 100 ပေါ့ဗျာ။ ISO နဲတယ်အပါချာကလဲကျဉ်းမယ်ဆို သေချာပေါက် Longexposure ဖြစ်ပီလေ ထရိုင်ပေါ့လိုပီလေ။
သွားရိုက်မယ့်ရက်မတိုင်ခင်ဘာတွေလုပ်သင့်လဲဆိုတော့ကာ
Virtually Scout the Location ( google ခေါက်တာကိုပြောတာ)
ဓာတ်ပုံသွားမရိုက်ခင် ရုတ်တရက်ထသွားတာမဟုတ်ရင် သေသေချာချာပလန်လို့ရတယ်ဗျပီးတော့ နာမည်ကြီးနေရာတွေဆိုရင် google သွားလိုက်ဗျ။ ပီးတော့ 500px တို့ flicker တို့ကနေ လဲ ဘယ်လိုတွေရိုက်တယ်ဆိုတာလေ့လာလို့ရတယ်ဗျ။ မြန်မာပြည်ဆို ဖေ့ဘွတ်ဂရုတွေထဲသာဝင်ထားလိုက် မန္တလေးဆို ဦးပိန်ကိုမရိုးအောင်ရိုက်ပြသလို ရန်ကုန်ဆိုရင်ရွှေတိဂုံကိုမရိုးအောင်ရိုက်ပြလိမ့်မယ်။
Charge Up (အားအပြည့်ဖြည့်ထား )
နောက်တချက်က ရှိရှိသမျှကင်မရာဘတ်ထရီတွေယူသွားပါ power bank တွေအားသွင်းသွားပါ အားသွင်းကြိုးတွေယူသွားပါ။ ပီးတော့ SD card တွေ CF card တွေကို ရှင်းသွားပါ ။ကဒ်တွေက အမြဲလွတ်နေပီး ready ဖြစ်နေပါစေ။ ကင်မရာအတွက်တော့ ချာဂျင်သွင်းပီးတောတွေဘာတွေဟုတ်ပါပီ လူလဲအရေးကြီးသေးတယ်ဗျ။ ဘာလို့တုန်းဆိုတော့မနက် နေထွက်ဆိုရင် ညကစောစောအိပ်ထားမှမနက်စောစောထနိုင်မှာကိုး ခေါင်းကြည်မှလဲဖြစ်ဦးမှာကိုးဗျ။ နောက်တခုက ညဘက်တွေညနေဘက်တွေဆို နေ့လယ်နေ့ခင်းတရေးတမောအိပ်ထားလိုက်ဗျ။ အစားအစာကိုအဆီအဆိမ့်တွေမစားလေကောင်းလေပဲဗျ။ ဗိုက်ထဲမှာအစာမရှိရင်မောလွယ်တယ်အပင်ပန်းမခံနိုင်ဘူးဗျ။
Check the Weather Report
weather check ဖို့မမေ့ရန်
Weather ကတော့ ကျွန်တော်တို့ စလုံးကလူတွေအတွက်အရမ်းအရေးကြီးတယ်ဗျာ မထွက်ခင်အမြဲ check ရတယ် တော်ကြာ ရိုက်နေရင်းမှ ဝုန်းဒိုင်းဆိုပီးရွာချတက်လို့ဗျ။ ပီးတော့ ခန့်မှန်းချေ အပူချိန်တွေကြည့်ပီးတော့ အကျီၤ ပါးပါးလား ထူထူလားဆိုတာတွေဆုံးဖြတ်လို့ရတယ်ဗျအနဲဆုံးတော့ဗျာ ထီးဆောင်သင့်တယ်ဆိုတာသိရမယ်လေ။
Dress Accordingly
ကျွန်တော် Night Sky နုတ်မှာပြောခဲ့သလိုပဲ နွေးနိုင်သမျှနွေးအောင်ရယ် shoe စီးသွားဖို့ရတယ် အောက်ကခွာထူထူပါလေကောင်းလေလေပေါ့ဗျာခြေကုပ်မြဲတာပေါ့လေ။ထီးနဲ့ မိုးကာက optional ယူတော့ယူသွားသင့်တယ်ဗျ။
အနှစ်ချုပ်ပြောရရင်ဗျာ Landscape ပုံကောင်းတစ်ပုံရဖို့ဆိုတာ အခုလိုကြိုတင်ပြင်ဆင်မှုတွေအပြင် composition တွေ ကလဲအရေးပါသေးတယ် ။ ပီးတော့ ကံနဲ့လဲဆိုင်သေးတယ် ဘာလို့တုန်းဆိုတော့အိမ်ကထွက်တုန်းကတော့ကောင်းကင်ပြာပြာကြီးနဲ့ တိမ်ထူထူတွေနဲ့မို့ နေဝင်မိုက်ပဟဆိုပီးသွားတာဖြစ်မယ် ဟိုလဲရောက်ရောမိုးတွေကောက်အုံ့လာပီးတော့ အလင်းကောင်းကောင်းမရတော့တာမျိုးတွေလဲရှိမယ်။ နောက်တခုကပြောချင်တာက ကြိုတင်ပြင်ဆင်ထားမှာ ပြသနာသေးသေးလေးတွေရှောင်နိုင်မယ်လေ မန်မိုရီကဒ်မပါလာဘူးဟ ဘတ်ထရီကျန်ခဲ့ပဟတို့ လိုဟာလေးတွေပေါ့။ အဓိကကတော့ဗျာ အတွေ့အကြုံရင့်တဲ့ဓာတ်ဆရာတစ်ယောက်ဖြစ်လာဖို့ကအမှားများများလုပ်မိပီးအဲ့အမှားတွေကနေသင်ယူဖို့ပဲဗျ။ Best way to learn is by making mistakes ပေါ့ဗျာ။ ဒါပေမယ့် ကိုယ်ရိုက်ပီးလို့ရလာတဲ့ result လေးတွေမြင်လိုက်ရတတဲ့အခါ အမောပြောသွားတာကဘာနဲ့မှမတူပါဘူးဗျာ။
မင်္ဂလာပါကျွန်တော် ကောင်းကောင်းပါ ။