ကျွန်တော်ပြောပြချင်တဲ့ Creative Angle သို့မဟုတ် မြင်ကွင်းသစ်များအကြောင်း။
မင်္ဂလာပါ ကျွန်တော် ကောင်းကောင်းပါ။
ကျွန်တေ်ာ ဓာတ်ပုံတွေရိုက်တယ် ကျွန်တော့်ရဲ့ Facebook Page Oscar Photography မှာတင်တိုင်း တက်နိုင်သမျှဆက်တင်တွေထည့်ပေးတယ်။ ဒါပေမယ့် လူတွေက လာလာမေးကြတာက အကို ဒီရှု့ထောင့်ကိုဘယ်လိုစဉ်းစားလိုက်တာလဲ အကိုဘယ်လိုရိုက်လဲဆိုတာပါ။ ကျွန်တေ်ာ အမြဲတမ်း ပုံတခုကိုရိုက်တော့မယ်ဆိုရင် ဘေးပတ်ဝန်းကျင်အကုန်ကိုသေသေချာချာလေ့လာပြီးအကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ရတဲ့ Angle ကနေကင်မရာကိုထောင်ရိုက်ပါတယ်။ Think outside the box လေးဖြစ်ဖို့တော့လိုတယ်ဗျ ။ တချို့ရှိတယ်နာမည်ကြီးနေရာတွေကိုသွားရင်ကိုယ်မြင်ဖူးထားပြီးသားပုံတွေပဲထွက်လာပြီးပြန်လာတယ်။အဲ့တာမကောင်းဘူးဗျ။ အသစ် ကိုယ်ပိုင်တွေးခေါ်ဖန်တီးလိုက်တာကအသစ်ဖြစ်သင့်တယ်ဗျ။
ဘယ်လိုပဲပြောပြောဗျာ ကျွန်တော်ဘယ်လို ရှု့ထောင့်သစ်တွေရှာဖွေတယ်ဆိုတာလေးစလိုက်ရအောင်။
ကျွန်တော်တို့ ဓာတ်ပုံတွေရိုက်ကြရာမှာ အမြဲတမ်းဒီတိုင်းက ဒီအတိုင်းဓာတ်ပုံတွေရိုက်လာကြတာထက် ကြည့်တဲ့သူက ဝါး မိုက်လှချည်လားလို့ ပြောရလောက်တဲ့ပုံတွေကိုဖန်တီးနိုင်စွမ်းက ကျွန်တော်တို့အားလုံးမှာရှိပါတယ်။ ပုံမှန်လူပုံတည့်တည့်ရိုက်နေကျကနေ နဲနဲကွန့်ထွက်ပြီးတော့ လူပုံကို ဓာတ်ပုံရဲ့ထောင့်တခုခုကိုကပ်ပြီးရိုက်လိုက်တာဖြစ်စေ ဒါမှမဟုတ်ကိုယ်ရိုက်တဲ့ subject နဲ့ နောက်ခံ background နဲ့ ဘယ်လိုတွယ်ညှိနေတယ်ဆိုတာကို ဖော်ပြနိုင်ရင်ဖြစ်စေမိုက်ပြီလေ။ ဥပမာ ပန်းတွေအများကြီးပွင့်နေတဲ့ ပန်းခင်းကြီးရှေ့မှာ ပြုံးပြနေတဲ့ပုံကိုရိုက်ပြီးပြန်လာတာထက် မျက်လုံးစုံမှိတ်ပြီး ရှုရှိက်နေတဲ့ပုံက ကြည့်သူကိုပိုမိုဆွဲဆောင်နိုင်မှာပါ။
ကျွန်တော်တို့ ဓာတ်ပုံရိုက်နေကျ အနေအထား အကြမ်းအားဖြင့် ကင်မရာနေရာချထားမှုသုံးခုရှိတယ် ကျွန်တေ်ာက Landscape တွေအဓိကရိုက်တာဆိုပေမယ့်တခါတလေ စိတ်ကူးပေါက်ရင် မော်ဒယ်တွေဘာတွေလဲရိုက်တော့ အဲ့နေရာမှာ ဘယ်လိုကင်မရာကိုစဉ်းစားစဉ်းစား အကြမ်းအားဖြင့် ၃ ခုရှိတာကို တွေးမိတယ်။ တခါတလေ Landscape ရိုက်ရင်လဲ အဲ့ ၃ မျိုးကို လှည့်သုံးကြည့်ပြီးတော့ မှ ဘယ်ဟာအဆင်ပြေဆုံးလဲ ဘယ်ဟာအမိုက်ဆုံးလဲ ဆိုတာကိုရွေးရတယ်ဗျ။ ကျွန်တော်တခါမှ ဒီအမြင့်လောက်မှာကင်မရာထားမယ် ရိုက်မယ် ပြန်လာမယ်ဆိုတာမျိုးမလုပ်ဘူး ကင်မရာကို အနေအထားအမျိုးမျိုး အနှိမ့်အမြင့်အမျိုးမျိုး စမ်းသပ်ပြီးတော့ရိုက်ကြည့်တယ်ဒါမှ ကိုယ့်ပိုင်တဲ့ Lens ရဲ့ အားသာချက်တွေကိုဖမ်းဆုပ်မိမယ်လေ။ ဥပမာ wide lens ဆိုရင် မြေပြင်နဲ့ကပ်ပြီး foreground များများပါအောင်ရိုက်တာက ပိုအဆင်ပြေတာမျိုးပေါ့။ အကြမ်းအားဖြင့် ကျွန်တော်တို့ကင်မရာကိုနေရာချထားပြီဆိုရင် လက်ကိုအထက်ကိုမြှောက်ပြီးရိုက်ရတဲ့ အမြင့်ကရိုက်တာကတမျိုး ကျွန်တော်တို့ Landscape မှာတော့ Tripod ကို မျက်နှာထက်မြင့်အောင်ထားပြီးရိုက်ကြတာ။ နောက်ခုကကျတော့ Eye level ကျွန်တော်တော့်အတွေ့အကြုံအရတော့ ခရီးသွားဓာတ်ပုံ ၇၀ရာနှုန်းကျော်ကျေ်ာက eye level ကနေရိုက်လာတာပါ။အဲ့မှာ ပုံတစ်ပုံက ကြွသသင့်သလောက်မကြွတော့ပဲပြင်းဖို့ကောင်းလာတော့တယ်။ နောက်ဆုံးတခုကတော့ရှင်းပါတယ် ကျွန်တော်တို့ eye level အောက်ချရိုက်တာပါ မြေပြင်နဲ့ကပ်ရိုက်တာတို့ ဒူးဇစ်လောက်နေရာကနေရိုက်တာတို့ ခါးလောက်နေရာကနေရိုက်တာတို့အမျိုးမျိုးပေါ့။
ကျွန်တော်ဒီ ၃ခုကို အရင်ရှင်းပြမယ် ပြီးမှကျွန်တော်ဘယ်လိုတွေရိုက်တယ်ဘယ်လို angle တွေရှာတယ်ဆိုတာပြောပြမယ်။ ဘာလို့တုန်းဆိုတော့ ဒီ ၃ ခုကို အကြမ်းအားဖြင့်နားလည်သွားရင် အော်ဒီလိုပါလားဆိုပြီးပိုပြီးလွယ်သွားမှာမို့ပါ ။
အရင်ဆုံး High angle အမြင့်တွေကနေ ရိုက်တာကိုပြောပြမယ်လူပုံကိုအမြင့်ကရိုက်ရင် အရပ်ရှည်တဲ့လုပုသွားမယ် မျက်နှာက ပြည့်ပြည့်လေးဖြစ်သွားမယ်လူပုံရိုက်ရင်ပေါ့ ဒါပေမယ့် Landscape ရိုက်ရင်ကျတော့ကျွန်တော် အမြင့်ကနေ မိုးပြီးမြင်ရတာကို ပိုသဘောကျတယ် ။ဘာလို့လဲဆိုတော့ ကျွန်တေ်ာတို့က အမြဲတမ်း eye level ကနေမြင်နေရတဲ့ မြင်ကွင်းထက် အထက်ကနေမိုးပြီးမြင်ကွင်းရှာတာက ပတ်ဝန်းကျင်ရဲ့ ထူးခြားတာတွေကိုပိုမြင်ရစေတယ် ။ ဥပမာဗျာ ပင်လယ်ကမ်းခြေက ကျောက်တုံးလေးတွေ ကို eye level ရိုက်ရင် အော်ကမ်းခြေမှာကျောက်တုံးတွေ အများကြီးပဲလို့မြင်မယ် Low angle ကနေရိုက်ရင် ကျောက်တုံးပုံလေးတွေပဲမြင်ရမယ် ဒါပေမယ့် ကျွန်တော်တို့ eyelevel ထက်မြင့်တဲ့နေရာမှာ tripod ကို ဆင်ပြီးရိုက်ပြလိုက်ရင် ကျောက်တုံးလေးတွေနဲ့ ပင်လယ်နဲ့ဆက်စပ်ပုံတွေ ရေလှိုင်းတွေက ဘယ်လိုရိုက်ခတ်ပုံတွေက ကွက်ကွက်ကွင်းကွင်းပိုပေါ်တယ်မို့လား။ နောက်ပြီးတော့ လူပုံရိုက်ရင်လဲသိသာတယ်။ အပေါ်ကနေမိုးရိုက်လိုက်တာနဲ့ လူက ပိန်သွားသွယ်သွားတယ်လေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကင်မရာကို လူပေါ်မိုးပြီးရိုက်မယ်ဆိုရင် ကင်မရာလွယ်ကြိုးကိုတော့ လည်ပင်းမှာသေသေချာချာချိတ်ထားစေချင်တယ်ဒါမှ တခုခုလွတ်ကျတာတို့ဘာတို့ဖြစ်ရင်တောင်တော်သေးမှာ။
နောက်တခုက ကျတော့ eye level ကိုယ်မြင်ရတာနဲ့တန်းတန်းကိုရိုက်တာ။ ဒီမှာမှာက နှစ်ခုကွဲတယ် Landscape ဆိုရင် Eye level ဆိုတာက ကိုယ့်ရဲ့မျက်လုံးနဲ့တန်းတန်းလောက်မှာကင်မရာကို နေရာချတာကိုပြောတာ ဒါပေမယ့် လူပုံရိုက်တဲ့ portrait ဆိုရင် ရိုက်သူက အရိုက်ခံတဲ့ မော်ဒယ်ရဲ့ မျက်လုံးနဲ့တန်းတန်းကို ကင်မရာကိုနေရာချပေးတာကိုပြောတာ။ Landscape အတွက် eye level ကိုပြောရမယ်ဆိုရင်အရမ်းကိုစိတ်ကျေနပ်ဖို့ကောင်းတဲ့ ကင်မရာနေရာချထားမှု့တခုပါ ဘာလို့တုန်းဆိုတော့ မရိုက်ခင်ကတည်းက မျက်လုံးနဲ့ကြိုရိုက်ထားလို့ရလို့လေ။ အဲ့တော့ကင်မရာနဲ့ရိုက်တဲ့အချိန်ကျရင် ဒါလေးပါချင်တာ ဒါလေးဖယ်ချင်တာဆိုတာက အလိုလိုဖြစ်သွားရော။ မိုက်တာပေါ့ဗျာ။ Portrait မှာကျတော့မတူဘူးဗျ။ သူ့ subject ရဲ့ point of interest နဲ့ ကိုယ့်ကင်မရာနဲ့တည့်တည့်ဖြစ်တာကိုပြောချင်တာမျိုးဗျ။ ဥပမာဗျာ မော်ဒယ်ပုံလှလှလေးရိုက်လာတယ် ကြည့်သူမျက်လုံးနဲ့ မော်ဒယ်မျက်လုံးနဲ့တည့်တည့်ထိရင်အဆင်ပြေတယ်ဗျ။ မဟုတ်ပဲချော်နေရင်အဆင်သိပ်မပြေတော့ဘူး
နောက်ဆုံးတမျိုးကတော့ထွေထွေထူးပြောစရာမလိုတဲ့ အောက်ကနေပင့်ရိုက်တာမျိုးပါ။ ကျွန်တော်တို့ငယ်ငယ်တုန်းက ၂၀၀၄ ၂၀၀၅ လောက်က Hip hop အခွေတွေ ရဲ့ cover တွေစုဘူးတယ် ကင်မရာက များသောအားဖြင့် ဒူးလောက်က နေ wide တွေသုံးပြီးပင့်ရိုက်တော့အမိုက်စားတွေဖြစ်နေရော။ တခါတလေတော့သူတို့နှာခေါင်းကြီးတွေကိုအောက်ကမြင်ရတာတော့တမျိုးပဲပေါ့လေ။ ထားပါ။ Landscape ဆိုရင် tripod ကိုနှိမ်နှိမ့်လေးထားပြီးတော့ ရိုက်ရတာ မြင်ကွင်းကကျွန်တော်တို့မြင်နေကျမဟုတ်တဲ့မြင်ကွင်းမျိုးမို့လို့အရမ်းကို ထူးခြားနေတာပါ။ အောက်ကနေပင့်ရိုက်တာက အရာဝထ္ထုအတော်များများကိုပိုကြီးသွားစေတယ်။ တခါတလေ landscape မှာတောင် မြေပြင်မှာပလက်စတစ်တွေရှုပ်နေတယ်ဆိုကျွန်တော်ရှောင်ရိုက်ဖို့အောက်ကပင့်ရိုတဲ့နည်းကိုသုံးဖြစ်တယ်။ ခရီးတွေဘာတွေသွားတယ် eye level ကော above eye level မှာကောလူတွေအရမ်းရှုပ်နေတယ်ဆိုရင် ကျွန်တော်တို့ selfie ဆွဲရင်တော့ အောက်ကနေပင်ဆွဲပြီးလူတွေများပြီးရှုပ်နေတာကို ဖယ်ထုတ်လို့ရတယ်လေ။
ကဲအကြမ်းအဖြင်းကင်မရာ နေရာချထားတဲ့နည်း ၃ခုကိုသိပြီဆိုရင် ကျွန်တော် ဘယ်လိုရှာလဲဆိုတာကိုပြောပြမယ်။
ကျွန်တေ်ာနေရာတခုကိုရောက်တယ်ဆိုရင်အရင်ဆုံး ကျွန်တေ်ာ ပတ်ကြည့်တယ်မျက်လုံးမြင်မြင်သမျှကို composition ချ ကြည့်တယ် Frame တွေထဲထည့်ကြည့်တယ်။ ဘယ်လိုပဲ ရိုးရိုးရိုက်ရိုက် ဆန်းဆန်းရိုက်ရိုက် (ရိုးရိုးဆိုတာ ကင်မရာ filter မှန်ချပ်တွေမပါပဲရိုက်တာ ဆန်းဆန်းရိုက်တယ်ဆိုတာ Remote release တွေ Filter တွေ အစုံသုံးရိုက်တာကိုပြောတာ) ကျွန်တော်တို့ တက်သိထားတဲ့ ဓာတ်ပုံပညာနဲ့ ကိုယ်တွင်းရင်တွင်းက လာတဲ့ အနုပညာနဲ့ဆိုပြီးအပိုင်းနှစ်ခုရှိပါတယ်။ ကျွန်တော်တို့ ဓာတ်ပုံဆရာတွေက တက်ထားတဲ့ဓာတ်ပုံပညာနဲ့ ဖန်တီးတီထွင်ရိုက်ကူးရသလို အနုပညာနဲ့ရသကိုးပါး ထဲကတပါးပါးမြောက်အောင် ရိုက်ကူးတင်ဆက်ရပါတယ်။ တချို့တွေကျတော့ အတက်ပညာအရမ်းအားကောင်းပြီးအနုပညာအားနည်းတော့ အမြင်ဆန်းတဲ့ပုံတွေ ရိုက်ကူးနိုင်ပေမယ့် ခံစားချက်မပေးနိုင်ပဲ အော်ဒါကဒီပုံလားဆိုတာတွေနဲ့ပြီးသွားတာတွေရှိပါတယ်။ အနုပညာအားအရမ်းကောင်းပြီးအိုင်ဒီယာတွေတွေးနိုင်စဉ်းစားနိုင်ပေမယ့် ကင်မရာနည်းပညာရဲ့ရအကူအညီဘယ်လိုယူရမလဲဆိုတာမသိရင် လဲခေတ်ကလက်ခံမှာမဟုတ်ပြန်ဘူးဆိုတာကျွန်တော်သဘောပေါက်မိတယ်။ ကျွန်တော်တိုဓာတ်ပုံဆရာအငယ်တွေနဲ့အကြီးတွေကြားမှာရှိတက်တာလေးတချို့ပေါ့။ ကျွန်တေ်ာ ဓာတ်ပုံရိုက်ရင် ကိုယ်တက်သိထားနဲ့နည်းပညာအကူအညီရယ် ဘယ်လိုလေးဖန်တီးလိုက်မယ်ဆိုတဲ့စိတ်အစွယ်အပွားလေးရယ်ကိုပေါင်းစပ်ပါတယ်။ပုံကောင်းတစ်ပုံရဖို့က ပြင်းပြတဲ့စိတ် (Burning Desire) နဲ့ အားထုတ်မှု (Effort) ကသာ အဓိကပါ။ ကျွန်တေ်ာ ဓာတ်ပုံရိုက်နေရင်ရိုက်နေကျ မြင်ကွင်းကိုမကြိုက်ရင်တောင်ပေါ်ဆိုလဲတက်တာပဲရေထဲဆိုလဲဆင်းလိုက်တာပဲ ဒါပေမယ့်ကျွန်တော်ပင်ပန်းရကျိုးနပ်ပါတယ်။တချို့ပုံတွေဆိုအခုထိလူတွေတသသပြောနေကြတုန်းပဲ။ဘယ်လိုကိစ္စပဲဖြစ်ဖြစ်ကိုယ့်ပုံတွေ ကိုယ်မျှော်မှန်းထားသလောက်မကောင်းလာတဲ့အခြေအနေတခုကို ကျွန်တော်တို့ ဓာတ်ပုံသမားတော်တေ်ာများများကြုံရပါတယ်။ အဲ့လိုအချိန်မျိုးမှာဆိုရင် တစ်ခုခုကို ပုံချ အပြစ်ဖို့ရတာအရမ်းလွယ်ပါတယ် ကင်မရာကြီးမကောင်းလို့ လန့်စ်မကောင်းလို့ အချိန်မရလိုက်လို့ သေချာမရိုက်လိုက်ရတာ ကားက ခဏပဲရပ်တာစသဖြင့်ပေါ့။ ဒါပေမယ့်အခက်ဆုံးက ကိုယ့်ကိုယ်ကိုယ် အရင်းအတိုင်း ပြန်သုံးသပ်ကြည့်ဖို့ပါပဲ။ ငါလေ့လာဖြစ်ရဲ့လား ငါမစဉ်းစားပဲနဲ့ရိုက်မိတာလား စဉ်းစားတာကကောဘယ်လိုစဉ်းစားရိုက်လိုက်တာလဲဆိုတာမျိုးတွေပေါ့။
စီးပွားရေးလုပ်ရင်တောင်အရင်းတော့ထည့်ထားရတဲ့ Investment period ဆိုတာရှိတယ်လေ နောက်မှ profit ဆိုတာပြန်ရတာမလား ။ ကျွန်တေ်ာရေထဲဆင်းရိုက်ချိန်မှာ မဆင်းချင်ဘူးဆိုကုန်းပေါ်ကရိုက်တဲ့သူတွေရှိတယ်။ ကျွန်တေ်ာ ကုန်းပေါ်ကမရိုက်ပဲ ကိုယ့်ဟာကိုရင်းနှီးပြီးတော့စဉ်းစားတယ်သေချာတယ်ဒီနေရာမှာ ဒီလိုမြင်ကွင်းရှိမယ်ဆိုတာကို။ အဲ့မှာကျွန်တော်ပုံကောင်းရလာတယ်။
ဒီပုံလေးက ကျွန်တော် Tripod ကို ကန်တော်ကြီးထဲပေါင်လောက်နစ်တဲ့နေရာအထိဆင်းပြီးတော့ ရိုက်ခဲ့တာလေးပါ။ ထရိုင်ပေါ့ကိုသေသေချာချာထောင်။ပြီးတော့ကင်မရာကိုလဲ ရေပြင်နဲ့ကပ်ပြီးနေရာချလိုက်တယ် ရေထဲမှာပြနထင်နေတဲ့ တိမ်တွေ ပြီးတော့ရေထဲကကြာတွေကိုပြချင်လို့။ တကယ်လို့သာအဲ့ရှေ့ကကြာပန်းတွေပွင့်နေရင်အရမ်းကောင်းမှာလို့တခါတလေတွေးမိတယ်ဗျာ။
သဘာဝတရားက ကျွန်တော်တို့ကို အခမဲ့ ပညာသင်ပေးထားပါတယ် အဲ့တာက အရာရာက နုရာကနေတဖြည်းဖြည်းရင့်သန်လာတယ်ဆိုတာကိုပါ ။ ကိုယ်က အခုမှ အနုလေးအညှောင့်ပေါက်ကာစ သစ်ပင်ကြီးလိုဖြစ်ချင်တယ်ဆိုရင်တော့ဘယ်ဖြစ်မလဲလေ။ အတူတူပဲ၊ ကနေ့ တာဝေးအပြေး ချန်ပီယံတွေလည်း မွေးကတည်းက လမ်းထလျှောက်နိုင်ခဲ့ကြသူတွေမဟုတ်ပါဘူး။ ဝမ်းလျားထိုးခဲ့၊ လေးဘက်သွားခဲ့ ရသူချည်းပါပဲ။ ကျွန်တော်တို့ ဓာတ်ပုံရိုက်တယ်ဆိုတာလည်း မွေးကတည်းက ကင်မရာကိုင်ပြီးမွေးလာခဲ့သူတွေမဟုတ်ပါဘူး။ ကျွန်တေ်ာတို့လေ့လာမှု့တွေ အတက်ပညာနဲ့ အနုပညာသေသေချာချာအစပ်အဟပ်တည့်တည့်တွဲစပ်တက်ဖို့တွေလိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ပါ ပိုမိုက်တဲ့ကင်မရာရှု့ထောင့်တွေဖန်တီးမယ်လို့စိန်ခေါ်ပါ။ စိန်ခေါ်ရုံခေါ်နေပြီးတကယ်လက်တွေ့မှာ အားမထုတ်ရင် တော့ ပုံကောင်းတွေပိုင်ဆိုင်ရမှာမဟုတ်ပါဘူး။ ကိုယ့်စိတ်ကူးကိုယ်ပုံဖော်ပါ သူများတွေဘယ်လိုအခက်အခဲအပင်အပန်းခံရိုက်ကြတယ်ဆိုတာကို နမူနာယူပါ။
ဓာတ်ပုံပညာကိုလေ့လာမယ် တကယ်ကိုပုံအမိုက်စားကြီးတွေရချင်တယ်ဆိုရင်အဆင့် ၃ ဆင့်ရှိပါတယ် ။ ပထမအဆင့်ကစိတ်ပါဝင်စားမုှ့ဆိုတဲ့ interest ပါ ။ ဟုတ်တယ်လေ စိတ်ပါဝင်စားမှု့ရှိတော့မှ နောက်ကျန်တဲ့အဆင့်တွေကိုဆက်သွားလို့ရမှာ။ နောက်တခုက Knowledge ပါ ဘယ်လောက်ထိ ကင်မရာနဲ့ပတ်သတ်တာလေ့လာပြီးပြီလဲ လေ့လာထားပြီးပြီလဲက စကားပြောပါတယ်တကယ်ဓာတ်ပုံရိုက်နေချိန်မှာ။နောက်ဆုံးတခုက Belief ပါ။ I Can Do It ဆိုတဲ့စိတ်လေးမွေးထားပါ။ ဘယ်လိုပဲဖြစ်ဖြစ်ဗျာ တကယ်လဲစိတ်ဝင်စားမယ် သေချာလဲလေ့လာမယ် မဖြစ်ဖြစ်အောင်ရိုက်ချင်စိတ်ရှိပြီဆိုရင် တကယ့်ပုံအမိုက်စားတွေကဘယ်မှာဝေးတော့လို့လဲဗျာ။
မင်္ဂလာပါကျွန်တေ်ာကောင်းကောင်းပါ။ အားလုံးပုံအမိုက်စားတွေတူတူဖန်တီးကြရအောင်ဗျာ။