ကျွန်တော်နှင့် Frame By Frame
=============================================
ကျွန်တော် ၂၀၁၇လောက်က ရေးထားပြီးမတင်ဖြစ်တာလေးပါ ၂၀၁၇ တုန်းက ဆောင်နိုင်ကြီးရေတံခွန်ကိုကို ကျိုတ်ထီးရိုးသွားရင်းနဲ့ရောက်ဖြစ်တယ် အဲ့တုန်းက မိုးတွင်းမဟုတ်လို့ ရေတွေလဲအများကြီးမရှိပါဘူး လူတွေလဲနဲနဲပဲရှိတယ်။ အဲ့မှာ ကလေးတွေရေထဲခုန်ချနေတာလေးကိုကြည့်ရင်း ဒီပုံလေးကိုရိုက်ဖြစ်ပါတယ်။ ရိုက်ရင်းနဲ့လဲတွေးမိပါတယ်ငါတို့တွေက အမြဲပုံတစ်ပုံကို ပဲအသေပြင်ပြင်နေကြတာပုံတွေအများကြီးကိုပေါင်းပြီးပြင်မယ်ဆိုရင်ကောဆိုပြီးတော့ပါ။ ကြီးကြီးကျယ်ကျယ်ပြောရရင် Frame by Frame ပေါ့ဗျာ။ ကဲစလိုက်ကြရအောင်ဗျာ။
တကယ်ဆိုရင်ဒီရိုက်နည်းက လုံး၀ခက်ခက်ခဲခဲရိုက်ရတာမျိုးမဟုတ်ပါဘူး ကျွန်တော်တို့ ကင်မရာတစ်လုံးနဲ့ Photoshop ရှိရင်ကိုလုပ်လို့ရတာမျိုးပါ ။ ဘယ်လို နေရာရှု့ထောင့်ကနေ ရိုက်လိုက်မယ်ဆိုတာကပဲစကားပြောသွားတာပါ။ ဒီနေရာမှာ တခုသိထားဖို့က အလင်းကို ဆန့်ကျင်ပြီးရိုက်တာမျိုးထက် အလင်းကိုကျောဘက်မှာထားပြီးရိုက်တာမျိုးက ပိုအဆင်ပြေပါတယ်။ ဘာလို့ တုန်းဆိုတော့ နောက်ဖိုတိုလျော့နဲ့ပြန်ပေါင်းချိန်မျိုးမှာ တော်တော်သိသိသာသာကြီးအလုပ်နဲသွားမယ်။ စိတ်ချသေချာချင်တယ်ဆိုရင် Background အနေနဲ့ ပုံတစ်ပုံအလင်းအမှောင်မှန်မှန်နဲ့ရိုက်ထားပါ။ တကယ်ပြောတာအသုံးဝင်လာလိမ့်မယ်။
ဘာကင်မရာမျိုးဆိုရလဲ
ကျွန်တော် အခုဒီ ပုံကို ရိုက်ခဲ့တာက Canon 6D နဲ့ပါ 4.5fps ပဲရိုက်လို့ရတဲ့ကင်မရာပါ။အခုဆို entrylevel တွေထဲမှာတောင် အဲ့ထက်ပိုရိုက်လို့ရတာတွေအများကြီးပါ iphone တို့ android တို့မှာဆိုလဲ burst mode ဆိုတာပါလာပြီဖြစ်ပါတယ်။ ကင်မရာ ကအဓိကမဟုတ်ပါဘူး ဘယ်လိုရိုက်လိုက်မယ်လို့ကြိုစဉ်းစားတာကသာလျှင်အဓိကဖြစ်မှာပါ။
Tripod
ကျွန်တော်အဲ့တုန်းကရိုက်ခဲ့တာမှာ Tripod က Benro Befree carbon fiber tridpod ပါ တော်တော်ပေါ့ပေါ့ပါးပါး ကျစ်ကျစ်လစ်လစ်ရှိတဲ့အပြင်မှာ ရေတံခွန်လုံနေရာမျိုးက အောက်က အညီမဟုတ်တော့ ထရိုင်ပေါ့ထောက်ရတာတော်တော်ကိုးလိုးကန့်လန့်နိုင်ပါတယ် benro tripod ရဲ့အောက်ထုံးထောက်လေးတွေက လှည့်လိုက်ရင်သံချွန်လေးတွေထွက်လာပါတယ်အဲ့သံချွန်လေးတွေအားကိုနဲ့ကင်မရာကိုမလှုပ်အောင် ထားနိုင်ခဲ့ပါတယ်
lens
ကျွန်တော်အဲ့တုန်းက sigma 70-200f2.8 ကြီးနဲ့လှမ်းဆွဲရိုက်တာပါ တကယ်တမ်းဘယ်လန့်နဲ့ရိုက်မှရယ်မဟုတ်ပါဘူး ရိုက်လို့ရပါတယ် အခုဆို အင်တာနက်မှာလဲ ဖုန်းတွေနဲ့ရိုက်တာတွေတောင် အမိုက်စားတွေတွေ့နေရပါပြီ။
Cable release
ကျွန်တော်အဲ့တုန်းက cable release မပါသွားခဲ့ဘူး အဲ့တာကြောာင့်ကောင်လေးတွေခုန်ဆင်းလိုက်တိုင်းလိုက်နှိပ်ရတာ တကယ်အဆင်မပြေဘူး လက်ကြောင့်ကင်မရာတုန်မှာကိုကြောက်တာတမျိုး နောက်တခုက အောက်က ရေညှိတွေကြောင့်ကင်မရာလဲကျမှာစိုးရိမ်တာကတမျိုးနဲ့ပါ။အဲ့တာကြောင့် cable release ပါရင်ပိုကောင်းမယ် wireless ဆိုရင်ပိုကောင်းမယ်။
သတိထားသင့်တာတွေက
Shutter နဲ့ Aperture ပါ
Shutter speed လုံလောက်အောင်မမြန်ဘူးဆိုရင် ခုန်နေတဲ့လူကို လေထဲမှာရပ်သွားတဲ့ပုံရမှာမဟုတ်ပါဘူး အဲ့တာကိုကုစားဖို့က ISO ကိုလိုက်ကစားပေးဖိုလိုပါတယ်. ကျွန်တော်ကတော့ ပုံတွေကို Shutter speed 1/800sec , f5.6 , ISO400 တင်ပြီးရိုက်ပါတယ်တော်တော်အဆင်ပြေတဲ့ဆက်တင်တခုပါ နေ့လယ်တွေမှာရိုက်မယ်ဆိုရင်။
Aperture ကတော့ရှင်းပါတယ် တချို့က အရမ်းအကျယ်ကြီးဖွင့်ရိုက်မယ်ုဆိုရင်shutter speed ကိုတော့ မြန်လို့ရပါရဲ့ ကိုလိုချင်သလောက်မဖြစ်တော့တာမျိုးတွေ လိုသလောက် ဖိုးကပ်မဖြတ်တာမျိုးတွေဖြစ်တက်ပါတယ် continuous focus (AI servo) ကိုဖွင့်ရိုက်ပါတယ် ရေထဲခုန်ဆင်းတဲ့လူပုံကိုပြတ်ပြတ်သားသားလိုချင်လို့ပါ။
ကဲနောက်ဆုံးရိုက်ပြီးပါပြီတဲ့Photoshop ထဲမှာဘယ်လိုလုပ်မတုန်း???
အဆင့်လေးတွေနဲ့ပဲရေးလိုက်ပါမယ် မှတ်ရဖတ်ရလွယ်အောင်
၁. ရိုက်လာတဲ့ပုံတွေကို Photoshop မှာ အရင်ဖွင့်ပါ Background photoကိုထိပ်ဆုံးမှာဖွင့်ထားပါပီးရင်အောက်ဆုံးရောက်မယ့်ဟာပါ။
အရင်ဆုံး ပုံတွေအကုန်လုံးကို layer တွေအနေနဲ့ ဖွင့်လိုက်ပြီးတော့ တစ်ပုံချင်းဆီက ကိုယ်ကြိုက်တဲ့ frame တွေကိုပဲချန်ထားပြီးကျန်တာတွေဖျက်ပစ်လိုက်ပါ။
၂.ကျွန်တော်ကတော့ ဒီကလေး ရဲ့တကိုယ်စာကို selection မှတ်ပြီးတော့ဖြတ်ထုတ်လိုက်တယ် အဲ့လို ဖြတ်ထုတ်လိုက်တာ လိုက်တာတွေကို Layer mask ထည့်တယ်, layermask ဆိုတာအဆန်းကြီးမဟုတ်ပါဘူးကိုယ်ဖွင့်ထားတဲ့ layer ကို ကလစ်နှိပ်ပြီးတော့ add layer mask ဆိုရင်ရပါပြီ။ အဲ့လိုကျတော့မှာ Layer mask ကိုနှိပ် brush tool ကိုယူ မလိုတာလိုက်ပွတ်ပြီးဖျက်အဲလိုနဲ့ သပ်သပ်ရပ်ရပ်အားလုံးကိုဖျက်ထုတ်ပြီးသွားပြီဆိုရင် အားလုံးကိုပေါင်းလိုက်လို့ရပါတယ် သေသေချာချာချောချောမောမောတော့ဖျက်ထုတ်ပေါ့နော် မဟုရင်ကြည့်ရတာတမျိုးကြီးဖြစ်နေမယ်
၃. ပုံက အဆင်ပြေပြီဆိုရင် Layer ထဲကနေမှ Flatten image ကိုနှိပ်ပြီး ပုံလေးရမှာဖြစ်ပါတယ်အဲ့ကျတော့မှ LR ထဲထည့်မလားဘယ်ကိုလုပ်မလဲဆိုတာစဉ်းစားလို့ရမှာပါ။
တကယ်လိုအခုလိုတခုချင်းဖြတ်မထုတ်ချင်ဘူးဆိုရင် ပုံတွေကို Layer တွေအနေနဲ့ဖွင့်လိုက်ပြီး File>> Auto align နဲ့ ပုံတွေကိုထပ်လိုက်ပါပြီးမှ Layer တခုချင်းကိုလိုက်ပြီး ပြန်ဖျက်တဲ့နည်းပါ အဲ့တာကကျတော့ တခုကို ဖျက်နေတဲံအချိန်မှာ တခုကိုသေသေချာချာကြည့်မရတာအားမရလို့ အပေါ်ကနည်းကိုပဲပြောပြလိုက်ရပါတယ်
မင်္ဂလာပါ ကျွန်တော်ကောင်းကောင်းပါ။
အားလုံးပဲပုံအမိုက်စားတွေတူတူဖန်တီးကြမယ်ဗျာ။