ကျွန်တော်နှင့် Cable Release (shutter release cable)
တကယ်ဆိုရင် ကင်မရာကို ငြိမ်အောင်လုပ်ထားတဲ့နည်းတွေအများကြီးပါ။ ကင်မရာ နဲနဲလေးလုှုပ်တာနဲ့ ကျွန်တော်တို့ရိုက်လိုက်တဲ့ပုံပျက်စီးသွားနိုင်တယ်မို့လားဗျာ။ အဲ့လိုလှုပ်တာနဲ့ ကျွန်တော်တို့ ဖိုးကပ်ကမမိတော့ပဲနဲ့ ပုံရဲ့ sharpness က ပျက်စီးသွားနိုင်တယ်လေ။ တချို့ကတော့ ထရိုင်ပေါ့ ကို main stabilizer အနေနဲ့သုံးကြပါတယ် ဒါပေမယ့်ကင်မရာမှာ ၂စက္ကန့်ဖြစ်စေ ၁၀စက္ကန့်ဖြစ်စေ delay ထားရာတာကိုမကြိုက်ဘူးဆိုရင် တော့ Cable release လိုလာပါပီ။ကျွန်တော်ဒီနေ့ ပြောပြချင်တာက ဘယ်ကင်မရာဆိုဘယ်လို Cable release လိုတယ်ဆိုတာပါ။ ကင်မရာအမျိုးအစားများစွာရှိတာနဲ့အတူ release တွေနဲ့ connector (pin ခေါင်း) ကလဲတခုနဲ့တခုမတူညီကြပါဘူး ။ အဲ့မှာ စကားစပြောတာပဲ ကင်မရာတော့ဝယ်ပီးပီ ဘယ်လို ခေါင်းနဲ့ release ကိုဝယ်ရမယ်ဆိုတာတိုင်ပတ်တော့တာပဲ။အဲ့လိုဖြစ်လာတဲ့အတွက်ကျွန်တော်ဒီ note လေးကိုရေးဖြစ်ပါတယ်အားလုံးအတွက်ဗဟုသုတအနေနဲ့ပေါ့။
မော်ဒယ်ရိုက်နေတဲ့လူအတွက် ဒီ cable release ကလိုချင်မှလိုမယ် ဒါပေမယ့် Landscape ရိုက်တဲ့သူ အတွက်ဆိုရင်တော့လိုကိုလိုတယ်။ တကယ် serious ဖိုတိုဂရပ်ဖာတွေဗျာ ကင်မရာနဲနဲလေးမှနဲနဲလေးလှုပ်တာကိုတောင်လက်မခံနိုင်တဲ့သူတွေဆိုရင်တော့ ဒီဟာကဝယ်ထားသင့်တယ်။ အဓိကလိုတဲ့ကသူတွေက Landscape သမားတွေနဲ့ LE ဆွဲတဲ့သူတွေ ပီးတော့ ကြယ်မုဆိုးတွေဗျ။
Shutter release cables တွေက DSLR အများစုအတွက် ဈေးကွက်ထဲမှာရှိပါတယ်။ ရန်ကုန်မှာဆို Image, Techonoland နဲ့ Royal ပါ။Release တွေက အဓိကအားဖြင့် ၃မျိုးရှိပါတယ် Manual , Digital , Wireless ဆိုပီးတော့ပါ ။ Manual က ရှင်းပါတယ် ဒါမျိုးပါ ။ သူကတော့ လုံး0 manual ဖြစ်တာကသူ့အားနည်းချက်ဖြစ်ပီးတော့ ဈေးသက်သာတာကတော့ သူ့အားသာချက်ဖြစ်ပါတယ်။
manual remote release
နောက်တခုကတော့ Digital လို့ခေါ်တဲ့ အဲ့ release မှာတခါတည်း ဘယ်နှစ်ပုံရိုက်မယ် ဘယ်စက္ကန့်တခါရိုက်မယ် ဘယ်လောက်ကြာကြာရိုက်မယ်ဆိုတာကိုသတ်မှတ်ပေးလို့ရတဲ့ဟာပါ။ များသောအားဖြင့် ဒီလို Digital number လေးတွေပြနေတဲ့မျက်နှာပြင်လေးနဲ့လာပါတယ်။သူ့အားသာချက်က timer ပေးလို့ရတယ် Delay ထားလို့ရတယ် Interval ပေးထားလို့ရတယ်တစ်ပုံနဲ့တစ်ပုံကြားပီးတော့ Number of photo ကိုသတ်မှတ်ပေးလို့ရတယ် ပုံ၁၀၀ဆို၁၀၀ ရိုက်လိမ့်မယ်။
digital remote release
နောက်ဆုံးတမျိုးကတော့ wireless ပါ ။ ရဲ့ လုပ်ဆောင်ပုံက အပေါ်က wired digital release နဲ့တူပေမယ့် ကြိုးမပါတော့တာပဲကွာတာပါ။ သူ့ကြတော့တခုပိုလာတာက wireless receiver တခုပိုလာတာပါ ။ သူအလုပ်လုပ်ပုံက လက်ထဲက Transmitter ကနေတဆင့် ကင်မရာ Hot shoe( Flash တပ်တဲ့နေရာမှာတပ်ထားတဲ့ Receiver ဆီရောက်သွားပီးကင်မရာကစအလုပ်လုပ်တယ်။ သူကတော့အားလုံးထဲမှာဈေးအကြီးဆုံးဖြစ်ပါတယ်လုပ်ဆောင်ပုံကတော့ digitalနဲ့တူတူပါပဲ။
wireless remote release
အဲမေ့လို အခုနောက်အရမ်းခေတ်ကတိုးတက်လာတော့ ဖုန်းနဲ့ချိတ်ပီးတော့သုံးလို့ရတဲ့ Release တွေလဲပေါ်လာတယ်။
iO shutter release
App နှင့်တွဲဖက်အသုံးပြုပုံ
ဒါလေးကို IOshutter release လို့ခေါ်တယ်။ အွန်လိုင်းမှာဈေးက ဒေါ်လာ ၈ကျပ်။ ဒါပေမယ့် ဒါတွေအကုန်ဝယ်မထားမိဘူးဆိုဘယ်လိုလုပ်မလဲ ဒန်တန်တန် . . . ဝယ်ကလဲဝယ်မထားရသေးဘူးဆိုရင် ကျွန်တေ်ာ Petapixel က ကျွန်တေ်ာသဘောကျတဲ့ ဆောင်းပါးလေးတခုကို မှီညမ်းပါရစေ။
ဘာလို့တုန်းဆိုတော့လုပ်ရတာအရမ်းလွယ်ပါတယ်အဲ့တာ ကြောင့်ပါ။ ဘာကြောင့်အလုပ်ဖြစ်တာလဲဆိုတော့ဒါကြောင့်ပါ။
ကျွန်တော်တို့ ပုံမှန်သုံးနေကျနားကျပ်က 3.5mm ပါပြောရင်ကင်မရာအတွက်ကြီးနေလိမ့်မယ် ။အဲ့တော့ ဒီလို Adapter လေးရှာဝယ်ပါ ၂၀၀ကျပ်လားပဲရှိတယ် မြို့ထဲက လျှပ်စစ်ပစ္စည်းတွေရောင်းတဲ့အတန်းမှာမေးလို့ရတယ်။ ဒီ adapter လေးပါ
ဒါလေးရပီဆိုရင် အဆင်ပြေသွားပီလေ ။ ဒါမှမဟုတ် ဒါမျိုး 3.5mm to 2.5mm ဆိုလဲအဆင်ပြေတယ်။
2.5mm to 3.5mm changer
ဘီယာဘူးဖြစ်ဖြစ်ကိုကာကိုလာဘူးဖြစ်ဖြစ်တခုခုကနေဒီ ကလစ်လေးကိုယူပါ ။ လက်မရှအောင်ောတ့ဂရုစိုက်ပါ။ ပီးရင်အဲ့ ကလစ်လေးကို ဟို 3.5mm ဘက်မှာစွပ်လိုက်ပါ။ ဒီလိုပေါ့ ။
ကိုကာကိုလာဘူးကဖြစ်ဖြစ် ဘီယာဘူးကဖြစ်ဖြစ်ယူလိုက်ပါ
ဒီလို စွပ်လိုက်ပါ
ကဲမိတ်ဆွေဒါဆို သင် ဒါဆို Manual cable release တခုရပါပီ ။
ဒါကတော့ Connector Type တွေနဲ့ သူနဲ့သက်ဆိုင်တဲ့ကင်မရာမော်ဒယ်တွေပါ။
connector များနှင့်သူနဲ့သက်ဆိုင်သော model များ
နောက်ဆုံးအနေနဲ့တခါတလေဆိုရင်ကန်နွန်တို့ နိတ်ကွန်တို့က လက်ဆောင်ထည့်ပေးတဲ့ w လေးတွေလဲအရမ်းအသုံးဝင်ပါတယ်တခါတလေ timer မပေးရတဲ့အခါမျိုး Bulb mode မသုံးတဲ့အခါမျိုးမှာ။
Infrared remote CANON
ကျွန်တေ်ာတခုသတိမေ့နေတာကို သတိပေးတဲ့ ရိုက်ဖော်ရိုက်ဖက်ကြီး Marluz ကိုကျေးဇူးပါ အကယ်ရျ်ကင်မရာမှာ wifi function ပါလာပီးသားဆိုရင် ဖုန်းထဲမှာ app ဒေါင်းထားပီးတိုက်ရိုက်ထိန်းချုပ်လို့ရပါမယ်ဒါပေမယ့် wifi function အလုပ်လုပ်နေရတဲ့အတွက် ဘတ်ထရီကတော့ နဲနဲကုန်တာပိုမြန်မယ်။eos app ဆိုတာမှာ live view ကြည့်လို့ရတယ်
Shutter aperture iso အကုန် ရတယ်
mode ပြောင်းလို့ရတယ်
focus ဖြတ်လို့ရတယ်
ရိုက်လို့ရတယ် wifi ပါတဲ့ camera body ကအဆင်ပြေဆုံးပဲဗျာ။
မင်္ဂလာပါ ကျွန်တော်ကောင်းကောင်းပါ ။