ကျွန်တော် ဓာတ်ပုံစရိုက်ကာစတုန်း တရုတ်ကာလာ filter တွေကို အရမ်းသုံးတယ်။ အဲ့လိုသုံးတော့ဘာရလဲဆိုတော့ သမရိုးကျမြင်နေကျအမြင်မဟုတ်တော့ ပဲ သာမန်ထက်ထူးခြားတဲ့ ကာလာတွေ contrast တွေ ကာလာ tone တွေ ပီးတော့ စိတ်ခံစားမှုတွေပါရလာတယ် ကျွန်တော် ရိုက်ခဲ့မိတဲ့ ဓာတ်ပုံတွေဆီကနေ။ ဓာတ်ပုံရဲ့ အနေအထားကို ပိုပူစေချင်တာလား ပိုအေးစေချင်တာလားပေါ်မူတည်ပီးတော့ ဖေတာတွေထပ်သုံးလို့ရသေးတယ်လေ။ တရုတ်ဖေတာတွေက အရောင်းသုံးစွဲမှု့ Creative ဖြစ်စေတာတော့အမှန်ပဲဗျ။ တချို့ကပြောဘူးတယ် LR ( Light Room ) တို့ PS ( Photoshop) တို့မှာ ဖေတာ effect တွေပါတာပဲကိုဆိုတာမျိုး ဒါပေမယ့် Feel တူပါ့မလား ။ တခါတည်းကိုယ့်စိတ်ကြိုက် ဖေတာတွေထည့်ပီးတော့ ရိုက်လို့ထွက်လာတဲ့ပုံကို ကင်မရာနောက် က Display ကနေကြည့်ရတာနဲ့ ကွန်ပြုတာထဲမှာ တခုမကြိုက်တခု ထည့်ကြည့်နေရတာ နှစ်ခုက ။
အရင်ဖလင်ခေတ်တုန်းက တော့ Digital retouch တွေမရှိသေးတော့ Color filter တွေရဲ့ Effect တွေကို အားကိုးပီးတော့ ပုံတွေဖန်တီးခဲ့ရတယ်။ အလင်းအမှောင်ညှိဖို့ ကာလာ tone ပြောင်းဖို့စတာတွေပေါ့ ။ တရုတ်ကလာတဲ့ ခြောက်ချပ်တွဲ ဖေတာအိတ်လေး Royal မှာ 18000 လားမသိဘူး အဲ့တာလေးက တကယ်က တော်တေ်ာအသုံးဝင်တာဗျ ။ အရောင်ခြောက်ရောင်ပါတယ် ( Cyan , Yellow , Magenta , Red , Blue နဲ့ Green ) တွေဗျ။ သူတို့ခြောက်ချပ်ကိုမတူညီတဲ့တွဲစပ်မုှတွေကနေ ဆန်းပြားတဲ့ခံစားချက်တွေဖော်ထုတ်နိုင်တယ်ဗျ ။ ဖလင်ခေတ် ဖြူမဲခေတ်ကတော့ အဲ့ကာလာဖေတာတွေက ဆရာတွေပဲဗျ သူတို့ကြောင့် ပိုပီး Detail ကျတဲ့ Contrast တွေပေါ်လာတာမို့လားဗျ။ ကျွန်တော်က တော့ စိတ်ထဲရှိနေတဲ့ Mood ပေါ်မူတည်ပီးအဲ့ခြောက်ချပ်ကိုလိုသလိုတွဲစပ်တယ်ဗျ။
Filter Color | Possible Effects | Common Uses |
Blue | Reduces contrast; somewhat darkens reds and oranges while lightening blues and greens slightly | Rarely used for black-and-white photography; common for light balancing and creative purposes |
Green | Skin tone correction and facial enhancement; absorbs red and blue | Trees; close-up portraits under tungsten lighting |
Red | Boosts black and white contrast; absorbs blue and green | Dramatic cloudscapes |
Orange | Creates darkened skies; enhances contrast between yellows and reds | Often paired with a telephoto lens for distance shots; sunsets and ocean landscapes |
Yellow | Used for landscape contrast; provides a natural look; absorbs blue | Subjects at an intermediate distance; landscapes with large sections of blue sky |
Yellow – Green | Effective all-around filter; ability to enhance a wide range of subjects; makes reds darker and greens lighter | More commonly used with black-and-white film; indoor and outdoor portraits; foliage |
ဒီအချက်တွေက အရင်တုန်းက SLR (ဖလင်) ခေတ်တုန်းက အသုံးများခဲ့တဲ့အချက်လေးတွေပါ ။ စိတ်ရှည်လက်ရှည်နဲ့ ရှာထည့်ပေးလိုက်ပါတယ်။ အခုခေတ်တော့ ကင်မရာတွေမှာ WB ချိန်လို့ရတာတွေက DSLR တွေမှာပါလာတော့ ကာလာ Filter သုံးတာတွေနဲသွားပါတယ် ဘာလို့တုန်းဆိုတော့ ပုံရဲ့ ကလာ tone ကို လိုသလိုပြောင်းချိန်ညှိလို့ရသွားတာကိုး။ ကျွန်တော်ကတော့ အဲ့ ကာလာဖေတာလေးတွေနဲ့တော်တော်ကြာကြာရိုက်ဖူးတယ် ။ပျော်လဲပျော်တယ် ကျွန်တေ်ာ့စိတ်ကြိုက်ကာလာတွေဖန်တီးခွင့်ရတာကိုး။ တချို့လူတွေကပြောတယ် သဘာဝမဆန်တော့ဘူး ဆိုပီးတော့ ကျွန်တေ်ာကစရိုက်ကတည်းက သဘာဝဆန်အောင်ရိုက်မယ်လို့ပြောထားတာမှမဟုတ်တာပဲလေ။ ပီးတော့ ကျွန်တေ်ာကအရောင်တွေကိုခံစားရတာကြိုက်တယ် ။
ဘယ်သူမဆိုရိုက်လို့ရပါတယ် ။ တရုတ်ကာလာ ဖေတာတွေက အခုဆို ရောင်စုံမျိုးစုံရနိုင်ပါပီခြောက်ချပ်တင်မကတော့ပါဘူး ။ အဲ့ရောင်စုံအချပ်တွေကိုဖြတ်ပီး ပေါ်လာတဲ့ပုံလေးက သမရိုးကျမဟုတ်တော့ပါဘူး ဘာအချပ်ဘာအချပ်တွေသုံးမယ်ဆိုတဲ့ကိုယ်ပိုင်စဉ်းစားမုှလေးလဲပါလာပါပီ။ တရုတ်ဖေတာမို့အထင်မသေးပါနဲ့ သုံးတက်သွားရင်တော်တေ်ာအသုံးဝင်ပါတယ် ။ အားလုံးပဲ လွတ်လပ်စွာဖန်တီးနိုင်ကြပါစေ ။ မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ ။