ကျွန်တေ်ာတင်ခဲ့ဘူးတဲ့ စတေ့တပ်လေးတွေ
ဓာတ်ပုံဆရာ တစ်ယောက်နဲ့အတူ လှပတဲ့ နေဝင်ချိန် ရှုခင်းကို ငေးကြည့်နေမိချိန်မှာ သူက တခြားလူတွေလိုတော့ romantic ဖြစ်တဲ့ အတွေးတွေ တွေးနေမှာ မဟုတ်လောက်ပါဘူး။ သူက f/8 ကို 1/125 နဲ့ ရိုက်ရင် ကောင်းမလားလို့ တွေးနေတာ ဖြစ်ချင် ဖြစ်နေတတ်ပါတယ်။

ဓာတ်ပုံဆရာတွေဆိုတာ အနုပညာရှင်တွေ ဖြစ်ပြီး ဖန်တီးမှုကို အမြဲလိုလို တွေးနေတတ်ကြသူတွေပါ။ ဒါကြောင့် သင်နဲ့ နှစ်ယောက်အတူ တစ်စားပွဲတည်း ထိုင်နေကြချိန် သင့်ကို စိုက်ကြည့်နေရင် တစ်မျိုး မထင်ပါနဲ့လေ။ သူတို့ စဉ်းစားနေတာက သင့်ကို ဘယ်ရှုထောင့်က ရိုက်ရင် အလှဆုံးလဲ စဉ်းစားနေတာ ဖြစ်ဖို့များပါတယ်။

အမှတ်ရစရာ အချိန်လေးတွေကို ဓါတ်ပုံရိုက်ခဲ့တာမျိုး ဖြစ်ပါစေ…
ဓါတ်ပုံရိုက်ခဲ့တဲ့ အချိန်လေးတွေကို အမှတ်ရနေတာမျိုး မဖြစ်စေနဲ့။

Camera – check ©
Tripod – check ©
Backpack – check ©
Filters – check ©
battery – check ©

lens – check ©
lens hood – check ©
flash – check ©
batt for flash – check ©
cleaning set – check ©
memory cards – check ©
camera – check ©
cloth – check ©
slipper – check ©
etc … – check ©

 

ဓာတ်ပုံတွေထဲမှာ –

 

ဘယ်တော့မှပြန်မတွေ့နိုင်တဲ့လူတွေရှိတယ်

 

ဘယ်တော့မှပြန်မရနိုင်တဲ့ နုပျိုမှုတွေရှိတယ်

 

ဘယ်တော့မှပြန်မရောက်နိုင်တဲ့ နေရာတွေ ရှိတယ်

 

ဘယ်တော့မှပြန်မရနိုင်တဲ့ အတိတ်တွေရှိတယ်

အပြုံးအစစ်တွေရှိတယ်
အပြုံးအတုတွေရှိတယ်
ပျော်ရွင်ခြင်းတွေရှိတယ်
ဝမ်းနည်းမှူတွေရှိတယ်
ကြည်နူးမှုတွေရှိတယ်

 

ထပ်မမြင်နိုင်တဲ့အနုပညာတွေရှိမယ်
ထပ်မတွေ့နိုင်တဲ့ လှုုပ်ရှားမှူတွေရှိမယ်
ထပ် မရနိုင်တဲ့အတွေ့အကြုံရှိမယ်

ထပ် မမြင်နိုင်တဲ့မြင်ကွင်းတွေရှိမယ်
မရောက်ဖူးတဲ့နေရာတွေရှိမယ်

 

ခေတ်တခေတ်ကပုံတစ်ပုံကို ကိုယ်တိုင်ပါဝင်ပတ်သတ်ဘူးခဲ့ရင် ရွှေခေတ်လို့ပြောလို့ရတယ်ရောက်ဖူးတဲ့နေရာတွေက လဲ အရမ်းလှနေနိုင်တယ်

ဓာတ်ပုံဆိုတာ အတိတ်ကိုပြန်ကြည့်လို့ရတဲ့မှန်တစ်ချပ်ဆိုခင်ဗျားတို့ငြင်းဦးမှာလား???